အခုနောက်ပိုင်း ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ကရင်ပြည်နယ် ဘားအံမြို့ရဲ့ အလှအပတွေကို ခံစားနိုင်တဲ့ ခရီးစဉ်တွေ စီစဉ်လာကြပါတယ်။ လမ်းခရီး သာယာပြီး နယ်မြေအေးချမ်းလာတဲ့အတွက် ညအိပ်စရာမလိုပဲ အချိန် ၂၄ နာရီနဲ့ ဘားအံမြို့အနှံ့ကို ရန်ကုန်ကနေ သွားလည်နိုင်ပြီဖြစ်ပါတယ်။ ဘားအံမြို့မှာ အထင်ကရနေရာတွေကတော့ ရွှေရင်မျှော်ဘုရား၊ ဇွဲကပင်ခန်းမရှေ့က ကန်တော်ကြီးရှုခင်း၊ ဘုရင့်ညီဂူနဲ့ ရေပူကန်၊ ကော့ဂွန်းဂူ၊ ကော့ကသောင်ဂူ၊ ဇွဲကပင်တောင်၊ ကျောက်ကလာပ်စေတီနဲ့ ဆဒ္ဒန်ဂူ စတဲ့ နေရာအားလုံးကို သွားရောက်လည်ပါတ်နိုင်ပါတယ်။ အားလုံးထဲမှာ အထူးခြားဆုံးနဲ့ ခရီးသွားတွေ စိတ်အဝင်စားဆုံးနေရာကတော့ ဆဒ္ဒန်ဂူဖြစ်ပါတယ်။ ဘားအံမြို့ထဲနဲ့ အနဲငယ်အလှမ်းဝေးပါတယ်။ ဘားအံ မော်လမြိုင်လမ်းဘက်ကနေ ဆဒ္ဒန်ဂူဘက်ကို မြေနီလမ်းအတိုင်း ရပ်ကွက်တွေထဲကနေ ဆက်ဝင်သွားရပြီး တစ်ချို့နေရာတွေမှာ လယ်ကွင်းတွေကနေ ဖြတ်သွားရပါတယ်။ ကျေးလက်သဘာဝရှုခင်းနဲ့ တောင်တန်းအလှအပများကို ကြည့်ရှုခံစားနိုင်ပါတယ်။ ဆဒ္ဒန်ဂူဆိုတဲ့အတိုင်း ကျောက်ဆင်ရုပ်ထု […]
