တမူထူးခြားတဲ့ ဆဒ္ဒန်ဂူ …

weiweiMarch 17, 20154min024

အခုနောက်ပိုင်း ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ကရင်ပြည်နယ် ဘားအံမြို့ရဲ့ အလှအပတွေကို ခံစားနိုင်တဲ့ ခရီးစဉ်တွေ စီစဉ်လာကြပါတယ်။ လမ်းခရီး သာယာပြီး နယ်မြေအေးချမ်းလာတဲ့အတွက် ညအိပ်စရာမလိုပဲ အချိန် ၂၄ နာရီနဲ့ ဘားအံမြို့အနှံ့ကို ရန်ကုန်ကနေ သွားလည်နိုင်ပြီဖြစ်ပါတယ်။

ဘားအံမြို့မှာ အထင်ကရနေရာတွေကတော့ ရွှေရင်မျှော်ဘုရား၊ ဇွဲကပင်ခန်းမရှေ့က ကန်တော်ကြီးရှုခင်း၊ ဘုရင့်ညီဂူနဲ့ ရေပူကန်၊ ကော့ဂွန်းဂူ၊ ကော့ကသောင်ဂူ၊ ဇွဲကပင်တောင်၊ ကျောက်ကလာပ်စေတီနဲ့ ဆဒ္ဒန်ဂူ စတဲ့ နေရာအားလုံးကို သွားရောက်လည်ပါတ်နိုင်ပါတယ်။

အားလုံးထဲမှာ အထူးခြားဆုံးနဲ့ ခရီးသွားတွေ စိတ်အဝင်စားဆုံးနေရာကတော့ ဆဒ္ဒန်ဂူဖြစ်ပါတယ်။ ဘားအံမြို့ထဲနဲ့ အနဲငယ်အလှမ်းဝေးပါတယ်။ ဘားအံ မော်လမြိုင်လမ်းဘက်ကနေ ဆဒ္ဒန်ဂူဘက်ကို မြေနီလမ်းအတိုင်း ရပ်ကွက်တွေထဲကနေ ဆက်ဝင်သွားရပြီး တစ်ချို့နေရာတွေမှာ လယ်ကွင်းတွေကနေ ဖြတ်သွားရပါတယ်။ ကျေးလက်သဘာဝရှုခင်းနဲ့ တောင်တန်းအလှအပများကို ကြည့်ရှုခံစားနိုင်ပါတယ်။

ဆဒ္ဒန်ဂူဆိုတဲ့အတိုင်း ကျောက်ဆင်ရုပ်ထု ၂ ခု ရှိတဲ့ မုခ်ဦးကနေ ဂူပေါက်ဝရောက်အောင် လှေကားထစ်တွေနဲ့ တက်သွားရတယ်။ အလွန်ကျယ်ပြန့်တဲ့ ဂူပေါက်ဝကနေ အထဲကို ဆက်ဝင်သွားနိုင်ပါတယ်။ ဂူအတွင်းမှာ ကျယ်ဝန်းပြီး စွတ်စိုထိုင်းမှိုင်းမှု အနဲငယ်ရှိပါတယ်။ လင်းနို့အနံ့အသက်နဲ့ အသံများကို ကြားနိုင်တယ်။ အလင်းရောင် လုံလောက်မှုမရှိလို့ ဓါတ်မီးယူသွားသင့်ပါတယ်။ ဂူတစ်ဖက်ခြမ်းအထိ ပေါက်အောင်သွားနိုင်ပြီး အဲဒီကနေမှ လှေကားထစ်အတိုင်းဆင်းသွားလိုက်ရင် လှေငယ်လေးတွေဆိုက်ကပ်ထားတဲ့ လှေဆိပ်ကိုရောက်ပါတယ်။ အလွန်လှပတဲ့ ရှုခင်းကို ရင်သပ်ရှုမောဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်။

လှေကလေးတစ်စီးကို လူ ၄ ယောက် စီးနိုင်ပါတယ်။ သစ်လုံးတစ်လုံးကို ထွင်းထားတဲ့ သစ်လုံးလှေလေးတွေဖြစ်ပါတယ်။ အသဲယားစရာ ခံစားချက်နဲ့အတူ ကန်တစ်ခုကိုဖြတ်ပြီး ကျောက်တောင်တစ်ခုအောက်ကို တဆင့်ဖြတ်ရတဲ့ အရသာက တခြားနေရာတွေနဲ့ မတူပဲ တမူထူးခြားနေပါတယ်။

ကျောက်တောင်ကထွက်ပြီးနောက် လယ်ကန်သင်းတွေကို မြောင်းဖောက်ထားတဲ့ ချောင်းလေးအတိုင်း ဆက်သွားရပါသေးတယ်။ မှည့်နေပြီဖြစ်တဲ့ စပါးပင်တွေကို အနီးကပ်တွေ့မြင်ခဲ့ရတယ်။

ရေနဲနေချိန်မို့လို့ လှေက ဂူအဝင်နေရာအထိ ပြန်လာလို့မရတဲ့အတွက် လမ်းလျှောက်ခဲ့ရပါတယ်။ လမ်းတစ်လျှောက် ရှုခင်းတွေကလဲ ထူးထူးခြားခြား လှပနေလို့ ဓါတ်ပုံရိုက်ရင်း လျှောက်လာလိုက်တာ ရောက်လို့ရောက်မှန်းတောင် မသိလိုက်အောင်ပါပဲ …

ဓါတ်ပုံတွေနဲ့ အတူတူ သွားလိုက်ကြရအောင် …

1
1

 

2
2

 

3
3

 

4
4

 

5
5

 

6
6

 

7
7

 

8
8

 

9
9

 

10
10

 

11
11

 

12
12

 

13
13

 

14
14

 

15
15

 

16
16

 

17
17
18
18

 

19
19

 

20
20

 

21
21

 

22
22

 

23
23

 

24
24

24 comments

  • Alinsett@Maung Thura

    March 17, 2015 at 9:22 am

    ဘုရင့်ညီဂူက ဘားအံမြို့ထဲမှာ မဟုတ်ဘူးလားလို့
    သထုံမှာလား ဘာလား
    မရောက်ဖူးသေးဘူး။

    ဆဒ္ဒန်ဂူလည်း မရောက်ဖူးသေးဘူး
    အခုလာမယ့် သင်္ကြန်တွင်း
    သံလွင်မြစ်ကမ်းနံဘေး ရွာကလေးက မိတ်ဆွေရဲ့
    ဖိတ်ခေါ်ချက်အရ
    ထပ်သွားဖြစ်မယ်. . .
    ဆဒ္ဒန်ဂူကို ရောက်အောင်သွားဦးမယ်တွေးထားတာ
    :k:

    ကရင်ပြည်နယ်ကို ချစ်တယ်
    သိပ်လှတဲ့ ကျောက်ဆောင်နံရံကြီးတွေနဲ့
    စိမ်းစိုနေတဲ့တောင်တန်းကြီးတွေ
    ပြီးတော့ ချစ်စရာ(ကြောက်စရာလည်း ကောင်းတဲ့) သံလွင်မြစ်ကြီး
    ဘာပဲဖြစ်ဖြစ်
    ကျနော်ချစ်သော မြို့တမြို့ပါ

    Reply

    • weiwei

      March 17, 2015 at 5:48 pm

      ဘုရင်​့ညီဂူက သထုံ ဘားအံ အလယ်​ှာ ရှိပါတယ်​။ သထုံက​နေ ၁၃ မိုင်​ပဲ ​ဝေးပါတယ်​။

      Reply

  • ဦးကျောက်ခဲ

    March 17, 2015 at 9:37 am

    အာပါး… လှချက်ဗျား…
    တနေ့နေ့တော့ မရောက်ရောက်အောင် သွားလည်ဦးမယ်…
    :k:

    Reply

  • HMM

    March 17, 2015 at 9:54 am

    Mikko ကြော်ငြာရိုက်တဲ့ နေရာလေလား

    Reply

  • kai

    March 17, 2015 at 9:55 am

    နံပါတ်၁၄ပုံလေးကြိုက်သဗျ..။
    ပြောသာပြောတာ.. ဝေမမလက်ရာတွေတော်တော်တိုးတက်နေတယ်ထင်တာပဲ..။ :k:

    Reply

  • Mr. MarGa

    March 17, 2015 at 10:04 am

    သွားချင်တဲ့အထဲမှာ ဆဒ္ဒန်ဂူနဲ့ ဘုရင့်ညီဂူပါတယ်။
    ဘာရယ်မဟုတ် ငယ်ကတည်းက ဖတ်မိနေလို့
    ခုလောလောဆယ် ပုံတွေကြည့်ပြီးတော့……………
    လှေစီးချင်လိုက်တာ……………………

    Reply

  • ခင်ဇော်

    March 17, 2015 at 10:10 am

    ယိုးဒယား ဘယ်သွားတော့မတုန်း!!!

    :mrgreen:

    Reply

  • Mike

    March 17, 2015 at 10:28 am

    .သွာလည်ချင်စရာပဲ…သဂျီးပြောသလိုပဲ..မဝေ ရိုက်ချက်တွေ မိုက်လာပီ
    .ပုံအားလုံးတော်တော်လှတယ်… :k:

    Reply

  • ဦးကြောင်ကြီး

    March 17, 2015 at 11:57 am

    အေတီဝမ်က ကေအန်ယူ သူလျှိုလား..

    Reply

  • weiwei

    March 17, 2015 at 12:08 pm

    ပုံ​တွေက အ​နောက်​ဆုံးက​နေ ​ပြောင်​းပြန်​ဖြစ်​သွားတယ်​။
    ​ဆောင်​းတွင်​းဘက်​မှာ ပိုလှမယ်​လို့ ထင်​ပါတယ်​။ အခုအချိန်​က ​ရေနဲ​နေတယ်​။

    Reply

  • ကရင်​ပြည်​နယ်​အလှအပ​တွေက​တော့ အံ့မခန်​းပါ ​နောက်​ပိုင်​း လမ်​း​တွေကလည်​း​ကောင်​းလာ​တော့ ခရီးသွား​တွေမျက်​စိကျမယ်​ဆို ကျစရာ​တွေချည်​့ပဲ။
    ​ဒေသခံ​တွေကလည်​း တခြားမြို့ကြီး​တွေမှာလို ကလိန်​ကကျစ်​မရှိဘူး​လေ။

    ကရင်​ပြည်​နယ်​အလှက​တော့ ဘယ်​​ရောက်​​ရောက်​ ဘယ်​ခါမှမ​မေ့နိုင်​

    Reply

    • Alinsett@Maung Thura

      March 17, 2015 at 3:19 pm

      •*¨နန်းတော်ရာသူ •*¨ says:
      ​ဒေသခံ​တွေကလည်​း တခြားမြို့ကြီး​တွေမှာလို ကလိန်​ကကျစ်​မရှိဘူး​လေ။

      ဟုတ်တယ်ဗျို့.. ။ဘယ်မြို့နဲ့မှ မတူတဲ့ ဒေသခံတွေ…
      စီးပွါးရေးကို လောဘတကြီး မသောင်းကျန်းဘူးလို့ ပြောရမယ်ထင်ပါ့…
      ကူညီနိုင်တာဆို ကိုယ်ကျိုးစွန့် ကူညီတတ်သေးတယ်..

      ကျနော် ဝဲပျံတောင် ပေါ် တက်ချင်တယ်ဆိုတုန်းက…
      စိန္တာရွာက ကရင်ကြီးက (ဗမာစကားလုံးဝမတတ်)
      အခမဲ့ တောင်ပေါ်ထိ လိုက်ပို့သဗျ…
      ထမင်းကျွေးတာ..မုန့်ဝယ်ကျွေးတာတောင် မစားဘူးဗျ…
      သူကတောင် နောက်နေ့ညနေမှာ…ကျနော်တည်းတဲ့အိမ်အထိ ရောက်လာပြီး…
      မြို့က ဧည့်သည်အတွက်ဆိုပြီး ထန်းရည်တစ်မြူ လာပို့သွားသေး..
      အိမ်ရှင် ကရင်လင်မယားက…ကြက်ကြော်လုပ်ပေးထားတာနဲ့..အဲ့ထန်းရည်စစ်စစ်လေးနဲ့… အတူထိုင်သောက်ခဲ့ရတာ…
      ကိုယ်ပြောတာလည်း သူနားမလည် ..သူပြောတာလည်း ကိုယ်နားမလည်တဲ့ …ရိုးသားလှတဲ့ ကရင်ကြီးတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်…ထန်းရည်သောက်ခဲ့ဖူးသဗျ…

      ဆိုင်ကယ် ငှားတား ကားငှားတာကအစ…
      မသိတဲ့ တနယ်သားတွေကို ရိုက်စားမလုပ်ဘူးဗျ…
      နီးရင် နီးတယ်ပြောပြီး..တန်တဲ့ဈေးအပြင် ပိုမတောင်းဘူး ။
      မြို့ထဲ နာရီစင်ကနေ ဇွဲကပင်တောင်ကို ၁၅၀ဝ ပဲ တောင်းတယ်။
      စီးရတာ မိနစ်နှစ်ဆယ်လောက် (နောက်တစ်လမ်းက ၁၅ မိနစ်လောက်)
      ၁၅၀ဝ တန်တယ်..တန်တယ်လို့ကို စိတ်ထဲတွေးမိလောက်အောင် မောင်းရတဲ့ခရီးကို …
      တနယ်သားတွေ ရိုက်စားလုပ်မယ်ဆိုတဲ့ စိတ်တွေ မရှိကြဘူးဗျ။

      ဘားအံမြို့ပေါ်က ဆိုင်တွေမှာ ကွတ်တယို တပွဲ ၅၀ဝ ဆိုတာလည်း..ဗိုက်တင်းအောင် စားရသဗျ…
      ချမ်း ဘီယာ (ဗူးအတို)တစ်ဗူးကိုလည်း ရန်ကုန်မှာ ၆၀ဝ …ဘားအံမှာ ငါးရာထဲဗျ…
      အစစအရာရာ..ရိုးသားပြီး အေးဆေးကြတော့…
      ဘားအံမြို့ထဲ သွားလာရတာ…စိတ်ကြည်တယ်ဗျ…

      ကျောက်တောင်နံရံကြီးတွေကို ကွေ့ဝိုက် မြင်နေရတဲ့ သဘာဝအလှကလည်း ဖမ်းစားသဗျ….
      အပြန် သံလွင်မြစ်ကူးတံတား ဒီဘက်ထိ ရောက်ပြီး ..ခွဲခွါရချိန်မှာ..သံလွင်မြစ်နဲ့ ဇွဲကပင်တောင်ကြီးကို ကြည့်ပြီး..မခွဲချင်စိတ်နဲ့…လွမ်းမောမိရတာဗျ…

      ရန်ကုန်ရောက်ပြီးတာနဲ့..နောက်နေ့တွေဆို…အဲ့မြို့ကို ပြန်လွမ်းပြီး..ထပ်ခါထပ်ခါ သွားချင်မိသဗျ…

      ကျနော့်ကို လေးကြိမ်လုံးလုံး…တည်းခို စားသောက်စရိတ်လုံးဝ မယူတဲ့ ကရင်မိသားစု မိတ်ဆွေများကိုလည်း…. ပြောမပြတတ်အောင် ကျေးဇူးတင်မိတာ….

      😆

      Reply

  • Ma Ei

    March 17, 2015 at 12:32 pm

    ပုံလေးတွေ အရမ်းလှတယ်…
    ဂူအောက်ထဲ လှေစီးရမှာ ကြောက်ပေမယ့်…
    လယ်ကွင်းကြား ရိုးတစ်လျှောက်ကို လှေကလေးစီးချင်တယ်…
    ကော့ကသောင်ဂူ နဲ့ ဆဒ္ဒန်ဂူ မရောက်ဖူးသေးဘူး…
    ဒီတစ်ခေါက် ကော့ဂွန်းဂူ ကိုရောက်ခဲ့တယ်…
    အတော်လှတဲ့ နေရာပါ…

    Reply

  • Wow

    March 17, 2015 at 12:41 pm

    လှလိုက်တာ ဝေရယ်…..
    ဆဒ္ဒန်ဂူပြောပါတယ်… :mrgreen:

    Reply

  • black chaw

    March 17, 2015 at 4:45 pm

    ကိုယ်တိုင်ရောက်ခဲ့ပေမယ့်…
    အခု ဓါတ်ပုံတွေ က ဖီလင်အသစ်တစ်ခု ရစေပါတယ်…။
    တစ်ခု သတိထားမိခဲ့တာက
    ဆဒ္ဒန် ဂူသို့ ဆိုတဲ့ လမ်းညွှန် လုပ်မထားတာပါပဲ…။
    ကျွန်တော်တို့ ဘားအံကနေ အဲဒီ ဆဒ္ဒန်ဂူကို ရောက်နိုးရောက်နိုးနဲ့
    သတိထားပြီးသွားလိုက်တာ မော်လမြိုင်နားရောက်သွားလို့
    ပြန်လှည့်ရပါရောလားဗျာ…။
    အပေါ်က အပျိုကြီး ဝေါင်း ပြောသလိုပါပဲ…။
    လှလိုက်တာ လို့ပဲ ပြောပါရစေတော့…။
    ဓါတ်ပုံတွေကြည့်ပြီး အားကျသွားပါတယ်ဗျာ…။

    Reply

  • ကထူးဆန်း

    March 17, 2015 at 5:10 pm

    safety first ….. no life jacket.
    စီးပွား သွားရှာမှ …

    Reply

    • weiwei

      March 17, 2015 at 5:50 pm

      ဟုတ်​ပ ကထူးဆန်​း။ ကျွန်​မနဲ့ အကြံတူ​နြေပြီ။

      Reply

      • Ma Ma

        March 18, 2015 at 7:32 am

        ဘားအံမြို့အနှံ့ကို ၂၄ နာရီနဲ့ သွားလည်လို့ရတယ်ဆိုတဲ့ အင်ဖော်မေးရှင်းကို စိတ်ဝင်စားတယ်။

        သစ်လုံးထွင်းလှေကလေးနဲ့ ချောင်းရိုးလေးအတိုင်း လှေစီးရတာ သဘောကျတယ်။

        ပုံတွေကိုကြည့်ပြီး ကိုထူးဆန်းနဲ့ ဝေဝေတို့ပြောသလို life jacket လိုတယ်လို့ မထင်မိဘူး။
        မြစ်ဝကျွန်းပေါ်သူ ရေထဲကလာတဲ့ အမြင်မို့လားတော့ မသိဘူး။

        Reply

  • Kaung Kin Pyar

    March 18, 2015 at 4:32 pm

    မဝေ ကို မနာလိုဖူးးးးးးးးးး
    ဒီနေရာကိုလဲ သွားဖြစ်အောင် သွားအူးမယ်……
    :mrgreen:

    Reply

  • pooch

    March 18, 2015 at 4:49 pm

    ရေကူးချင်တယ် ရေတွေ မြင်တော့
    ရေကူးတဲ့သူ မရှိဘူးလား မဝေ ရေက အရမ်းနက်လား
    ပေးမကူးဘူး ထင်တယ်နော်
    ငယ်ငယ်က တခေါက်လားပဲ ရောက်ဖူးတယ် သိပ်မမှတ်မိတော့ဘူး

    Reply

  • မြစပဲရိုး

    March 19, 2015 at 4:59 am

    ဆဒ္ဒန်ဂူ ကိုတော့ ကြားဖူးတယ်။
    အခုမှ ဘဲ ပုံ ကို မြင်ဖူးတော့တယ်
    လှလိုက်တာ ဝေရယ်။
    မျှပေးလို့ ကျေးဇူးပါ။

    မြန်မာပြည် ထဲ တိုးရစ် တွေ လည်စရာ နေရာ မှ အများကြီးဘဲ။
    အသိ အင်္ဂလိပ် တစ်ယောက် က စကာင်္ပူ သွားလည် ပြီး စိတ်ပျက်လက်ပျက် ပြောဖူး တယ်။
    အားလုံး အတုချည်းဘဲ တဲ့။ သန့်ရှင်းလွန်း သတဲ့။
    သဘာဝတရား ကို ခံစား လို့ မရ တဲ့ နေရာ တဲ့။
    မြန်မာပြည် ကိုလဲ သွားကြည့်ချင်တယ် တဲ့။
    ဒါကြောင့် မြန်မာပြည် မှာ ဖြစ်နိုင်သ၍ သဘာဝ အတိုင်း ဘဲ ရှိနေစေချင်တာ။
    အနောက်တိုင်း လူ တွေ က သူတို့ ပိုက်ဆံတွေ ကို ခရီးသွားခြင်း မှာ ဖြုန်းတာများတာ။
    မြန်မာပြည် အကြောင်း တစ်နေ့က ဘီဘီစီ ခရီးသွား အစီအစဉ်မှာ ပါတယ်။
    ဦးပိန်တံတား သမိုင်းတောင် ပြောသွားသေး။
    ဒါပေမဲ့ မြန်မာပြည် မှာ လမ်းပန်းဆက်သွယ်ရေး ဒါထက်ပိုကောင်းဖို့ လိုတယ်လို့ တော့ မှတ်ချက်ပေးသွားတယ်။

    Reply

  • manawphyulay

    March 19, 2015 at 12:55 pm

    ဘုရင်ညီဂူတော့ ရောက်ဖူးပါတယ်။ ဆဒ္ဒန်ဂူတော့ တစ်ခါမှ မရောက်သေးပါဘူး။ လှေနဲ့သွားတာဆိုတော့ ရေကြောက်သူတွေအတွက် အဆင်ပြေပါ့မလားမသိဘူးနော်။ တောတောင်သဘာဝတော့ အတော်စိမ်းလန်းစိုပြေပြီး သွားချင်စရာနေရာလေးတစ်ခုပဲ။ ရောက်ဖူးချင်လိုက်တာ။ အစားအသောက်ကော စားဖို့ ရောင်းချတဲ့ဆိုင်တွေ ရှိလားဟင်… ဈေးနှုန်းတွေကော ကြီးလား။

    Reply

  • အောင် မိုးသူ

    April 29, 2015 at 11:42 am

    ဘုရင့်ညီဂူတော့ရောက်ဖူးတယ်။ ရေပူစမ်းလည်းရှိတယ်လေ။ ဆဒ္ဒန်ဂူတော့ သွားဖို့တာစူနေတာကြာပြီ ဒါပေမယ့် မရောက်ဖြစ်သေးဘူး။

    Reply

  • Myat Pearl Phyu

    January 14, 2016 at 4:06 pm

    ဒီမှာလည်း ဓါ့ပုံတွေ မြင်ရဝူးးး

    Reply

Leave a Reply

Your email address will not be published.