Foreign ResidentMay 14, 201514min019
အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၂ ( Thousand Islands Cruise & Albany ) ။   ဝ၉ – ဝ၅ – ၂၀၁၄ ။   ဒီနေ့မနက် ရ နာရီလောက်မှာ အဘတို့တည်းတဲ့ ၊ Crowne Plaza Hotel, Toronto ကနေ ၊ Thousand Islands Cruise စီးဖို့ ၊ ကနေဒါ နှင့် အမေရိကန် နယ်ခြားမြစ် St. Lawrence River ကိုထွက်လာခဲ့ကြပါတယ် ။   ကျွန်း တစ်ထောင် သင်္ဘော […]


Ma MaMay 13, 20154min017
ပြီးခဲ့တဲ့ရက်ပိုင်းက ကလောရောက်တော့ အဲဒီကရာသီဥတုနဲ့ ပန်းတွေ အရောင်စုံ အမျိုးစုံ (မမြင်ဖူးတာတွေအများကြီး) တွေ့လို့ ရိုက်လာခဲ့တယ်။   အရင်ကဆို ပုံဆိုဒ်တွေကို ချုံ့ပြီးမှတင်ပေမယ့် ပန်းပုံလေးတွေဆိုတော့ လှတပတခံစားရအောင် မူရင်းအတိုင်းပဲ တင်လိုက်ပါတယ်။ 🙂   ခိုင်ဇာ ရဲ့ Fuchsia ပန်းကိုကြည့်ပြီး ………….   ပန်းက ၁၁ ကျပ်ပေးရတယ်လို့ မထင်လိုက်ပါနဲ့။ စိတ်ဓာတ်ကျနေတဲ့ပုံ ဇောက်ထိုးပွင့်နေလို့ ၁၁ကျပ် ကျတဲ့ပန်းလို့ ကို်ယ့်ဖာသာကိုယ်   နာမည်ပေးထားလိုက်တာ။ :k:       ဒါကတော့ ဂန္ဓမာပန်းလို့ ထင်တာပဲ။ သွေးသောက်ညီအမရဲ့ နည်းနဲ့ နာမည်ပေးရရင်တော့ ပန်းဝါ ပေ့ါ။  :chit:   နှင်းဆီနီနီ မလှဘူးလား။ ရန်ကုန်မှာမြင်ဖူးတဲ့ အပွင့်တွေထက် ၂ဆလောက်ကြီးတယ်။ 🙂 […]


SawAungMay 13, 20153min010
အလုပ်က ကင်မရာနဲ့ ဓာတ်ပုံရိုက်ရင်းကနေ ဓာတ်ပုံရောဂါ စရခဲ့တယ်ဆိုပါတော့။  တကယ်တော့ အလုပ်နဲ့လည်း တော်တော်လေးကို ဆက်စပ်မှုရှိတာကိုး။ အဲသည်အလုပ်က ထွက်ပြီး တစ်နှစ်ကြာကြာလောက်ထိ Freelance အနေလောက်ပဲ လုပ်နေခဲ့ရင်းကနေ  စင်ကာပူကို သွားကြည့်ဖို့ ဆုံးဖြတ်အပြီးမှာ ဆွေမျိုးတွေထဲက အဒေါ်တစ်ယောက်က တစ်မျိုးလုံးကို ပုဂံလိုက်ပို့ပေးမယ်ဆိုတာနဲ့ ပုဂံကို သွားဖြစ်ခဲ့တယ်။ ကျွန်တော်လည်း တစ်ခါမှ မရောက်ဖူးဘူးလေ။ ဓာတ်ပုံကလည်းရိုက်ချင်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က  Canon Kiss လေး ဝယ်ထားတာနဲ့ သုံးရက်လောက် ငှားပါဆိုပြီး မလာတော့တယ်။ သူငယ်ချင်းကလည်း အရမ်းခင်မင်တော့ စိတ်ရှိသလောက်သုံးပေါ့။ ပြောသာပြောရတယ် ငှားထားတဲ့ ကားက ဒရိုင်ဘာမကောင်းတော့ အေးဆေးမနေရဘဲ  ပြေးလွှားကတိုက်ကရိုက်ဘုရားဖူး ဖြစ်တော့တာပါပဲ။  ထမင်းဆိုင်ဆိုလည်း ချိုချောင်မကောင်းတဲ့ဆိုင်ကိုပို့။ ပုဂံဘက်ဆိုတာ ထမင်းဟင်းအရမ်းကောင်းတာ ကြားဖူးတာလေ။ စိတ်တွေတိုနဲ့ ဓာတ်ပုံရိုက်ခြင်းဟာ အနည်းငယ်သာ […]


SawAungMay 13, 20152min018
Isola Floral Shop နဲ့ ရေစက်က မပြတ်သေးပါဘူး။ ကျွန်တော်အလုပ်လုပ်တဲ့  မိန်းကလေး ဖန်စီအိကျီ င်္အတွက် ဝင့်ယမှုံလှိုင်ကို ငှားပါတယ်။ ရိုက်ကွင်းကတော့ Isola Floral Shop မှာပေါ့။ ရိုက်မယ့် ဓာတ်ပုံဆရာက ဆရာမင်းခန့်ကျော် (Excellent) ပါ။ ကျွန်တော်ကတော့ Photo Making သာသာပါ။ ကိုယ်ကြိုက်တာလေးလည်း လိုက်ရိုက်ရင်းပေါ့။ ဆရာမင်းခန့်ကျော်က ရိုက်နေပြီဆို ကျွန်တော်က သူတို့နဲ့လွတ်တဲ့ဘက်ကနေ ရသလောက် ဝင့်ယမှုံလှိုင်ရဲ့ ပုံရိပ်လေးတွေကို ယူမိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါလေးတွေက အခုတော့ အမှတ်တရလေးတွေပေါ့။ အဲသည်တုန်းက ဆရာမင်းခန့်ကျော်ဟာ ကျွန်တော့်ကို သူ့ဆီမှာ ဓာတ်ပုံပညာကို သင်ဖို့ အလုပ်က Brand Manager ကိုပြောပါတယ်။ အလုပ်က ကင်မရာသာယူခဲ့ဖို့ ကျွန်တော့်ကို  သင်တန်းကြေးမယူဘူးဆိုတဲ့အကြောင်းပေါ့။ သည်လိုနဲ့ […]


ပထမဆုံး အတွေ ့အကြုံ ပထမဆုံး မြို ့ပတ်ရထား စီးဖူးတာက အဘိုးနဲ ့ဗျ… မှတ်မှတ်ရရ ကျွန်တော် ၃ တန်းသာသာပဲရှိဦးမည်ထင်… အရင်အခေါ် ချောင်တွင်းကုန်းဘူတာ… အခု ပါရမီ ဘူတာကနေ မြို ့တပတ်စီးသဗျ… သိပ်ငယ်လွန်းတော့ စီးဖူးတယ်ဆိုတာပဲ မှတ်မိတယ်… ပုံရိပ်တွေကတော့ ဝေဝေဝါးဝါး…     ပြန်လည်စီးဖြစ်ပုံ ပထမဆုံး အခု ပြန်စီးဖူးတော့ မြို ့ထဲကနေဗျ… ဒီလိုရယ် အဲ့နေ ့က တကယ်တော့ ပျင်းပျင်းနဲ ့ ရုပ်ရှင်ကြည့်ဖို ့ထွက်လာတာ… ကံဆိုးချင်တော့ လက်မှတ်က ကြိုမဝယ်ထားမိဖူး… တင်တဲ့ကားက နိုင်ငံခြားကား တပတ်လည်း ရှိပီဆိုတော့ ကြိုဝယ်ဖို ့လိုလောက်မယ်မထင်ပါဖူးဆိုပီး ထွက်လာတာ… ဖြစ်ချင်တော့ လက်မှတ်ကုန်နေတယ်တဲ့ဗျာ… အဲ့ဒါနဲ ့ […]


SawAungMay 12, 20152min019
၂၀၁၂ခုနှစ်ကပေါ့ Graphic Designer အဖြစ်ရော Photo Making အဖြစ်ကော Product တွေရိုက်ပေးရာကနေ ရှုတင်တွေလိုက်သွားရင်း Isola floral Shop လေးကို ရောက်ခိုက် လက်ဆော့ခဲ့မိတယ်။ ကင်မရာကတော့ Nikon D7000 နဲ့ပါ။ လေးစားစွာဖြင့် အောင်မိုးသူ


ဇီဇီMay 12, 20155min030
အရောင်တွေထဲမှာ….. Fuchsia ဆိုတာ မရမ်းနီ ရောင် ကို ခေါ်တာပါ။ အဲ ဒီ နာမည်နဲ့ ပန်း ရှိတာကိုလည်း မသိပဲ မတော်တဆ သွားရိုက်ခဲ့မိတယ်။ ပြီးမှ လိုက်ရှာတော့ Fuchsia ပန်း ပါတဲ့။ အရောင်စပ်ပုံက အရမ်း လှတယ်လို့ ခံစားရတယ်။ တကယ် က ဒီ ပန်းကို ရှာဖွေတွေ့ရှိသူက ဂျာမန်လူမျိုး Leonhart Fuchs (1501–1566) ပါ။ နောက်တော့မှ ဒီ ပန်း ရဲ့ အရောင် မျိုး ကို Fuchsia Colour လို့ လိုက်ခေါ်တာပါတဲ့။ ဒီလိုမှန်းသိ အများကြီး ရိုက်လိုက်တယ်။ ခုတော့ ရလာတာ နည်းတာ။         […]


“ဘဝပေး မျက်နှာ”       လူတိုင်းလူတိုင်းမှာ မတူညီသော ဘဝ တွေရှိကြပါတယ်။ ဘဝ ခြင်း မတူ ရင် မျက်နှာပေးတွေလဲ မတူနိုင်ပါဘူး အခုဒီပုံထဲမှာတော့ ကလေးတွေ ရဲ့ ဘဝ  မတူ တဲ့ အတွက် သူတို့ရဲ့ ခံစားချက်အလိုက် မျက်နှာပေးတွေလဲပြောင်းသွားတာအမှန်ပါဘဲ။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 11-5-2015  


. ဒေါ်ဇီဇီ တို့ ရဲ့ ခြင်္သေ့တိုင်းပြည် မှာ နိပွန်ကလာပြီး ဖွင့်ထား တဲ့  ကော်ဖီဆိုင် တစ်ဆိုင် ရှိသတဲ့။ “Cat Cafe”  လို့ အမည်နာမ ပညတ်ထားသတဲ့။ . ကြောင်ချစ်သူများ အတွက်  ကြောင်တွေ ကို ကြည့်ရင်း  ကာဖီလေး သောက်ရင်း၊ မုန့်လေးစားရင်း လုပ်နေလို့ ရတာပေါ့။ . အဲဒီ က ဓာတ်ပုံများ ကြည့်ပြီး စိတ်ထဲ သကာင်္မကင်း ဖြစ်ပြီးရင်း ဖြစ်ရင်းဘဲ။ . ကြည့်ကြပါ။ . တွေ့ပါလိမ့်မယ်။ :-))))   ကလေး က ဒီမှာထဲ က အင်တာနက် ကနေ တွေ့ထားပြီး အဲဒီကို သွားဖို့ သူ့ပါပါး ကို Book […]


အိမ်ပြန်တိုင်း မပျက်မကွက် သွားရတဲ့ နေရာ လေး တစ်ခု ရှိပါရဲ့။ အဲဒီ မှာ အမှတ်အသား နေရာ ခြေရာလေး တွေ အများကြီး။ ဂျပ်ဆင် နား က စင်္ကြန်လမ်းတွေ၊ အာစီ ထဲ က ဘောလီဘောပွဲ တွေ၊ သစ်ပုတ်ပင်ကြီး နား က အုတ်ခုံ တန်း တွေ၊ အီကို ရှေ့က မြက်ခင်း စိမ်းစိမ်း တွေ၊ အဓိပတိလမ်း က ကံ့ကော်ပင် တွေ၊ တက္ကသိုလ် စာကြည့်တိုက် ရဲ့ လှေခါးထစ် တွေ၊ ဘွဲ့နှင်းသဘင် တစ်ဝိုက်က ဖြတ်လျှောက်နေကျ လမ်းလေး တွေ၊ အင်းလျား ဘေးက အကြော်ဆိုင်တွေ၊ ဘယ်တော့ မှ မမေ့မဲ့ အမှတ်တရ […]


KyaemonMay 9, 20156min015
သင်္ကြန်ပြီးပြန်တော့ ဓာတ်ပုံတွေကိုလိုက်ရှာပြီးတင်ဆက် ဘို့အချိန်ရောက်ပြန်ပြီ၊ အရင်ဆုံးတင်လိုက်တဲ့ဓာတ်ပုံကဆန်းတယ်လန်းတယ်၊ ဟောစာတမ်းများအရ သင်္ကြန်ချိန်ခါ သာမယမှာ မြန်မာပြည် ကို နှစ်စဉ်ကြွမြန်းနေကျ ဦးမာဃ ကိုယ်တော်က ဒီတခါကျတော့ ယူနန်သို့ပြောင်လဲဆိုက်မြန်းခဲ့ပုံရတယ်၊ တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာလို ခေတ်ပေါ်ပင် ရွှေ့ပြောင်အလုပ်သမားတို့ရဲ့ကျင့်ထုံးကို ကိုယ်တော်မြတ်က နှလုံးပိုက်ထွေးနှစ်ခြိုက်သွားပုံရတယ်၊ ဝါရဇိန်လက်နက်ကြီးပါကိုင်ဆောင်ကာ အဆောင်အယောင် အပျံဝတ်ဆင်ပြီး ချွေရံသင်းပင်း အလုံးအရင်း ခြံရံလျက် ရွှေထီးပါမကျန်ပါပေတယ်၊ အနားက တပည့်ကျော် ဝိရသူနတ်သား လားမသိ၊ (ဟိုဘုန်းကြီးတော့မဟုတ်ပါ) ထိုင်းလူမျိုးစု (ရှမ်း) ကိုယ်ပိုင်အုပ်ချုပ်ရာ ယူနန်ပြည်နယ် ဂျင်ဟောင် မြို့က ရှမ်းအမျိုးသမီး တွေက အ”က” နဲ့ကြိုပြီး ရှမ်းအမျိုးသားတွေကလဲ အိုးစည် ဗုံမောင်း နဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်၊ ကောင်းကင်က အဆင်းမှာလဲ တခမ်းတနားနဲ့ ရှိုး အပြည့်နဲ့ဆင်းသက် နိုင်အောင်၊ ဖြူနီဝါပြာ တိမ်ရောင်စုံအလှခြယ်ဘို့ရာ […]


ムラカミMay 9, 20152min030
စံပယ် ဖြူတွေ ပွင့်ပြီ ဆိုမှတော့ စံပယ်ဖြူတွေ ပွင့်တာ ပေါ့ဗျာ…   ဘာမှ မဟုတ်ပါဘူး   မနက်စောစော အိမ်ရှေ့ထွက် လက်ကမျင်းထားတာပါ             တော်သေးဘီ   မိဂီ     ပဲခူးရိုးမ တနေရာ