“ဘဝပန်းချီ” ဘဝ ဆိုသဟာကြီးမှာ ပါဝင်ကပြခြင်းအတွက် ကိုယ်တိုင် ဇာတ်လမ်းရွေးချယ်ခွင့်မရှိ။   ဇာတိ မှ ဇရာ ဗျာဓိ  မရဏာ အဆုံး သီကုံးရေးအပ် သတ်မှတ်ပေးထားသော ဇာတ်လမ်းတွင်သာ ပါချင်လဲပါ မပါချင်လဲပါ က ချင်လည်းက မက ချင်လဲက ဘဝဇာတ်ဆရာ အလိုတော်အတိုင်းသာ။   အစုံစုံသော ဘဝထဲမှာ တောင်းရမ်းသူ  ပေးကမ်းသူ ရောင်းသူ ဝယ်သူ လည်သူ နားသူ စားသူ မျှော်သူ မတူသော အရောင်များဖြင့် ဖွဲ့စည်းအပ်သော ပန်းချီကားအလား အချို့အဆင်းလှ အချို့အဆင်းမလှ အချို့ ချမ်းသာ ထားစရာနေရာမရှိ အချို့ကား စားစရာပင်မရှိအောင်ဆင်းရဲ ကံထူး ကံမြတ် ကံထပ် ကံပွင့် ကံလွင့် ကံမွဲ ကံနည်း ကံဆိုး အမျိုးမျိုးသောကံ […]


ဇီဇီSeptember 26, 20154min025
ဒီနေ့ ဂန္ဓမာ ပန်းတွေ ရိုက်မယ် ဆိုပြီး သွားတဲ့ ရုံး အဖွဲ့နဲ့ လိုက် ယောင် ခြောက်ဆယ်လိုက်တာ။ . တစ်ပွင့်ချင်းစီမှာ ထွေထွေထူးထူးမလှလို့အခင်းလိုက်လေးတွေပဲ ဝေါပေပါ လုပ်လို့ရအောင်။   :mrgreenn:                                             သည်းခံပါ ပိတ်သတ်ကြီးးး ဒါထက်လှတာတွေ ကျနော်တို့ နိုင်ငံက ဈေးထဲမှာ ပေါပါတယ်။ ဟိဟိဟိ   :mrgreenn:  


Foreign ResidentSeptember 17, 201516min05
အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၅ ( LV North Premium Outlet & Fremont Street Experience) ။   ၁၁ – ဝ၅ – ၂၀၁၄ ။   Caesars Palace Hotel မှာ Bacchanal Buffet စားပြီးတဲ့နောက် ၊ မဟေသီ ရဲ့ စိတ်ကြိုက် Las Vegas North Premium Outlet ကို သွားရမပေါ့ဗျာ ။   ့ပြောရမယ်ဆိုရင် Caesars Palace Hotel ဟာ ၊ Las […]


aye.kkSeptember 13, 20151min08
သုံးရာသီအလိုက် ရာသီပေါ်စာတွေလုပ်ကျွေးလေ့ရှိတဲ့အမေ့ကို မလွမ်းဘဲမနေနိုင်တာ အမှန်ပါဘဲ။ ရှမ်းအရှေ့ဒေသမှာရွှေဖရုံသီးတွေလှိုင်လှိုင်ထွက်တာမို့ ဝယ်စားရတာဈေးအင်မတန်ချိုပါတယ်။ဈေးလည်းပေါ,ကျန်းမာရေးနဲ့လည်းညီညွတ်တာမို့ ဝယ်စားဖြစ်လေ့ရှိပါတယ်။ ရွှေဖရုံသီးမြင်ရင် လွမ်းမိတာကအမေ့ကိုပါဘဲ။ မနက်သွားရေစာအဖြစ် ရွှေဖရုံသီးမုန့်ကိုလုပ်ကျွေးလေ့ရှိသလို ငယ်စဉ်တောင်ကျေး၊ကလေးဘဝအရွယ်ကနေ၊ကြီးပျင်းလာတဲ့အချိန်ထိဆိုတာထက် အိမ်ထောင်မကျမှီအရွယ်တိုင်ထိပါဘဲ။ ဒါကြောင့်လည်းဖြစ်မယ်ထင်ပါတယ်။ ဘယ်သွားသွား၊ဘယ်လာလာ၊ဘာလုပ်လုပ် အမေ့ခြေရာ၊လက်ရာတွေကအမြဲလိုလိုအရိပ်ပမာ၊တွယ်တာလိုက်နေခဲ့တာပါ။ ရွှေဖရုံသီးတွေပေါ်ချိန် ဈေးကလည်းချိုတော့၊အိမ်ရှင်မတစ်ယောက်အနေနဲ ့မဝယ်ဖြစ်ဘဲမနေနိုင်တာပါ။ အာဟာရလည်းဖြစ်၊ဆေးဖက်လည်းဝင်၊ကျန်းမာရေးအရလည်း၊စားသုံးလို့သင့်လျော်တာမို့ ရွှေဖရုံသီးကိုအလုံးလိုက်ဘဲဝယ်ဖြစ်ပါတယ်။ အသားကိုဟင်းချက်၊မုန့်လုပ်စား၊ရွှေဖရုံစေ့ကိုလှော်စားရတာနှစ်သက်လို့ပါဘဲ။ အခွံကိုလည်းမပြစ်ထုတ်ရဘဲ၊ပုရွက်ဆိပ်တွေမလာနိုင်အောင် အသုံးပြုပါတယ်။ အလေအလွင့်မရှိလို့၊အိမ်ရှင်မဖြစ်တဲ့၊ကျွန်မအနေနဲ ့အင်မတန်နှစ်ခြိုက်သဘောကျမိတာက အမှန်ပါဘဲ။ အမေလုပ်ကျွေးတဲ့ရွှေဖရုံသီးမုန့်ကို၊အရမ်းနှစ်သက်မိပါတယ်။ အရမ်းကြိုက်ပါတယ်။ ရွှေဖရုံသီးအမှည့်၊ဈေးထဲကနေအမေဝယ်လာရင် ရေဆေးပြီးအလုံးလိုက်ပြုတ်ပါတယ်။ နှူးအိလာရင်အသားကိုဇကါနဲ့တိုက်ချပြီး ဆန်မုန့်နှစ်ရည်နဲ ့သမပါတယ်။ ဝက်သားကိုစင်းပြီး,ဂျင်း,ကြက်သွန်အဖြူ,အနီတို့နဲ ့မွှေးနေအောင်ဆီသပ်ထားပြီးသား (အပေါ့အငံ)ပါပြီးသားကိုထည့်ပါတယ်။ရေခဏစိမ်ထားတဲ့ရွှေပုဇွန်ခြောက်အကောင်ကြီးကြီးတွေ အနည်းငယ်ပွလာမှ၊မုန့်နှစ်ရည်ထဲထည့်ပြီး၊ငြုပ်ကောင်းမှုန့်မွှေးနေအောင်ခပ်ပြီး၊ယောက်ဇွန်းကြီးနဲ့ သမအောင်မွှေပါတယ်။ ကြက်သွန်နီကြော်ထားတာတွေကို မုန့်နှစ်ရည်အပေါ်မှာပြန်ပြီးဖြူးပါတယ်။ပေါင်းအိုးနဲ ့၄၅မိနစ်လောက်ပေါင်းပြီး အနံ ့မွှေးလာပြီဆိုမှ မီးဖိုပေါ်ကနေချပြီးအအေးခံထားပါတယ် ။ မုန့်ကိုလုပ်ထားပြီး၊နောက်နေ့နံနက်ရောက်ရင်တော့၊ရွေဖရုံသီးမုန့်ကို လေးထောင့်အနေအထားမထူမပါးလှီး၊ဒယ်အိုးထဲမှာဆီထည့်ပြီး၊ပြန်ကြော်ပါတယ်။ မွှေးမွှေးကြွပ်ကြွပ်လေးဖြစ်လာမှဆယ်ယူပြီး၊ပူပူနွေးနွေးမှာပဲ၊မျောက်တံဆိပ်ငြုပ်ဆီနဲ ့ကျွေးပါတယ်။ အမေကအမြဲလိုလိုလုပ်ကျွေးခဲ့တာမို့၊မုန့်လုပ်တာကိုအမြင်နဲ့လည်းမှတ်မိနေတာမို့ အမေ့ကိုလွမ်းမိရင်း၊ရွှေဖရုံသီးမုန့်လုပ်စားဖြစ်တာလေးပြောပြမိပါတယ်။။ အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ။။။။


warsojulySeptember 11, 20151min011
မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်ပါရစေ… ကျွန်တော်မတောက်တခေါက်ရိုက်ခဲ့ဖူးတဲ့ အင်းဆက်ပိုးကောင်ပုံလေးတွေထဲက..လိပ်ပြာလေးတွေပါ… Japan နိုင်ငံ Gunma Perfectureထဲက Gunma Insects World မှာရိုက်ခဲ့တာပါ… Green Houseနဲ့လိပ်ပြာတွေအတော်စုံစုံလင်လင်မွေးထားပါတယ်… အနည်းငယ်ကြီးလာရင်Green Houseအပြင်(Gunma Insects Worldအထဲမှာပဲ)လွှတ်ထားပုံရပါတယ်(ခြံထဲမှာ..လိပ်ပြာဖမ်းဖို့Eventတွေ..ကလေးတွေအပျော်လိုက်ဖမ်းတာတွေရှိလို့ပါ) အတော်လေး ယဉ်ပါးပြီး အကပ်ခံအရိုက်ခံလို့ ဒီလောက်ရခဲ့တာပါ အပြင်မှာလဲ တစ်ခါနှစ်ခါ ရိုက်ဖူးပေမယ့် ပန်းမှာနားနေတာတော့မရခဲ့ပါဘူး… အပေါ်ကလိပ်ပြာနဲ့မျိုးအတူတူပါပဲ ဒေါင်လိုက်နားနေတဲ့ပုံလေးရလိုက်တာပါ     ဒီအကောင်လေးကတော့မျိုးစိတ်ရှာမတွေ့လို့ပါ ကျွန်တော့်မှာရှိတဲ့စာအုပ်ထဲရှာကြည့်တာတော့မတွေ့သေး သိပ်ပြီးရှားပါးတဲ့အမျိုးတော့မဟုတ်လောက်ဘူးဗျ… အပြင်မှာမြင်ဖူးတဲ့အကောင်မျိုးလို့ထင်တာပဲဗျာ…   အဲကောင်လေးတွေရိုက်ရတာ စိတ်အတော်ရှည်ရပြီး နဖူးကချွေး ခြေမရောက်ပါတယ်(Green Houseအထဲကရာသီဥတုကပူပြီးစွတ်စိုတဲ့ရာသီဥတုမျိုးမို့ပါ ဟီး :P) တော်သေးပြီ…                           […]


ဇီဇီSeptember 8, 20151min029
ဘယ်သူမှ ကိုယ့်ကို အဲလိုမပြေါပါဘူးးး ဟီးဟီးးး ကိုယ် စားချင်တာ ကိုယ်ပြေါတာ။ :mrgreenn: ဟိုးနေ့ညက မြန်မာ နံပြါး ရလာလို ့ ခဲထားပြီး မနက်ကျ လက်ဖက်ရည်လေးနဲ့ ပဲပြုတ်လေး နွှေးပြီး ဆီ နဲ့ စား နဲ့ တွဲစားလိုက်တယ်။ မစားရတာ ကြာလို့ လားမသိ။ ကောင်းချက်။ :mrgreenn:                


ဇီဇီAugust 26, 20151min042
နေ့ခင်း အိပ်ချင်ပြေ ဂျင်း လက်ဖက်ပုံစားလေးစားကြပါဦးး။ အသုပ်တွေကို အချိုးမေးတဲ့သူကြီးကို စိတ်နာလို အသုပ်မတင်တော့ဘူးး ဒါဗျဲ။ :mrgreenn: ဒါ ပုဂံက ဝယ်လာတဲ့ လက်ဖက်အုပ်လေးလေ။ ဆွမ်းအုပ်လေးနဲ့ နောက်မှ ရိုက်အူးမယ်။ ဟိ။            


Foreign ResidentAugust 26, 201517min08
အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၄ ( Las Vegas, Strip & Bacchanal Buffet ) ။   ၁၁ – ဝ၅ – ၂၀၁၄ ။   အဘတို့က Optional Tour Extension အနေနှင့် ၊ Las Vegas မှာ ၃ ည အိပ် / ၄ ရက်နေ ဝယ်ထားပေမယ့် ၊ ၁ဝ ရက်နေ့ည ၉ နာရီလောက်မှရောက် ၊ ၁၁ နှင့် ၁၂ လျှောက်လည် ၊ ၁၃ […]