“မျက်စေ့အေး နားအေး” စိတ်ပင်ပန်း လူပင်ပန်းနေချိန်မှာ အေးငြိမ်းတဲ့မြင်ကွင်းကိုတွေ့ရတဲ့အခါ   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 3-11-2015


မြစပဲရိုးNovember 2, 20151min016
တစ်စုံတစ်ခု သော အနာဂါတ် အတွက် မျှော်လင့်ချက် တွေ ဝေ နေ တဲ့ နွမ်းပါးသူ မိသားစုလေး တွေ ရွှေပြည်ကြီး ထဲ မှာ အများကြီးပါ။ နွမ်းနွမ်းပါးပါး လေးမို့ “သနားစရာဟယ်” ဆိုပြီး ပေးကမ်း လဲ သူတို့ ဆွေစဉ်မျိုးဆက် လိုက် ထောက်ပံ့လို့ မှ မရတာလေ။ ဒီသားလေး ပညာတတ်ကြီး ဖြစ်လာပြီး တင့်တောင့်တင့်တယ် နေနိုင်ဖို့ ဒီ အဖေ အမေတွေ မှာ အိမ်မက် တွေ ရှိနေမှာပါ။ အဲဒီ သူများ နေရာမှာ ကိုယ်တိုင် ဝင်ကြည့်မိပါတယ်။ ချမ်းသာသူများလို သူတို့ လဲ နေချင်မှာပါဘဲ။ အလုပ်လုပ်ဖို့ အခွင့်အရေးရပြီး မလိုချင်ရင် သူတို့ တာဝန်ထား။ သူတို့ မှာ ပညာ […]


၁ဝ ။ ထမင်းတစ်နပ်……………… ” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း ၁၀)   ကျနော်တို့နေ့စဉ် အလုပ်လုပ် လုပ်နိုင်ဘို့ အားရှိအောင် ထမင်းစားရတာပေါ့။ ထမင်းစားကြတဲ့အခါ လျှာ ပေါက်စနလေးကို နာမယ်ခံပြီး ကျနော်တို့ရဲ့  စိတ်အရသာပြေအောင် ဟိုဟာ ဒီဟာ ရွေးချယ်စားကြပြန်ပါတယ်။ ဝမ်းတစ်ထွာဆိုတာလေးကိုလည်းပြည့်အောင်ဖြည့်ရင်းပေါ့။ ကြာတော့လည်း ဒီဝမ်းတစ်ထွာလေးဖြည့်ဘို့ ကို က အလုပ်တစ်ခုလိုဖြစ်လာပါတယ်။ တစ်နေ့တစ်နေ့ ထမင်းတစ်နပ်စားဘို့ ရှာရဖွေရတာ ထားလိုက်အုံး ဘာနဲ့စားမလဲဆိုတာကလည်း အလုပ်ကြီးတစ်ခုပါဘဲ။   ဟိုအရင်အကြိမ်တွေကျယ်ခေါင်ကို လာတုံးက ခဏလေးဆိုတော့စားရသောက်ရတာ သိပ်ပြဿနာမရှိခဲ့။ ထမင်းတစ်နပ်အတွက် ဦးနှောက်မစားခဲ့ရပါဘူး။ ဒီတစ်ခါကြာကြာနေတော့ အိမ်မှာလဲချက်ပြုတ်မစားချင်တော့ ဆိုင်ကဘဲဝယ်စားမယ်ဆိုပြီးတွေးထားလိုက်ပါတယ်။ ပထမဆုံးရောက်တဲ့နေ့မှာအရင်ကစားနေကျ ကျောက်ဝိုင်းနားကဆိုင်ကိုသွားလိုက်တာပေါ့။ ခုံပေါ်မှာဟင်းကသုံးလေးခွက်လောက်ဘဲရှိပါတယ်။ ထမင်းစားချိန်လွန်သွားပြီဆိုတော့ဟင်းကသိပ်မကျန်တော့ပါဘူး။ ထုံးစံအတိုင်း ထမင်းစားမယ်လုပ်တော့ တစ်ပွဲဘယ်လောက်လဲအရင်မေးလိုက်ပါတယ်။ တစ်ခါပြင်စားမှာဆိုတော့ ဟင်းထည့်ြုပီးမှဈေးပြောမယ်ဆိုပါတယ်။ သူပြင်ပေးတဲ့ထမင်းထဲကို […]


alinsettOctober 23, 20153min013
ရှမ်းပြည်ထဲကို အလည်အပတ်ခရီးအဖြစ် ကျနော်လာခဲ့တာ မဟုတ်ပါ။ ကျနော့် အတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုကို မျှော်ကိုးပြီး လာခဲ့ခြင်း ဖြစ်တဲ့အပြင်…. အဲဒီ ဒေသခံ မိတ်ဆွေနှစ်ယောက်ကို ကူညီပေးချင်တာလေးတွေ ရှိလာလို့… ရှမ်းမြေကို ကျနော် ခြေချဖြစ်ခဲ့တာဆိုပါတော့… ။ ————————————————————- လည်ပတ်ချိန်ရယ်လို့ ထူးထူးထွေထွေ မရှိတဲ့ ဒီခရီးကို ကျနော် ပျော်ရွှင် ကျေနပ်မိပါတယ်။ ဘာလို့ ကျေနပ်သလဲ…ဆိုတော့… ရှမ်းမြေဟာ အတော်လေးကို ချစ်စရာကောင်းလို့ပါ။ မအားတဲ့ကြားက အချိန်လုပြီး ကျနော်ရောက်ဖူးအောင် အင်းလေးကန်ဆီလိုက်ပို့တဲ့ ဒေသခံမိတ်ဆွေ နှစ်ယောက်ကိုလည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းချန်ပါတယ်။ အင်းလေးကန်ထဲ… စက်လှေတစ်စီးနဲ့… သွားလာရခြင်းဟာ … ကျနော် … နတ်သမီးနဲ့ အတူပျော်ပါးရတဲ့ အိပ်မက်လို…အရသာထူးလှပါတယ်။ .တောင်တန်းတွေ ပတ်လည် ကာရံထားတဲ့ အလည်မှာ… အင်းလေးရေပြင်ဟာ […]


ေမာင္ရိုးOctober 22, 20151min08
ရွှေကျင်ဆိုတဲ.မြို.လေးကမြို.နယ်အဆင်.ဆိုပေမဲ.စစ်တောင်းမြစ်ရဲ.အရှေ.ဘက်ကမ်းမှာရှိတဲ.မြီု.ငယ်လေးပါဒီမြို.လေးရဲ. ချစ်စရာစရိုက်၊နေရာဒေသအနေအထား ၊လူမှုဝန်းကျင်နဲ. ပျော်ပွဲရွှင်ပွဲများ ပြီးတော့ မီးမျှောပွဲအကြောင်းလေး….. ဒါတွေကိုအေးအေးဆေးဆေးအချက်အလက်တွေပြန်စုပြီးမှရေးမယ်စိတ်ကူးခဲ.ပေမဲ. ရွှေကျင်မြို.ဝန်းကျင်ဓတ်ပုံတွေတွေ.တော. ထပ်မံအားဖြည်.တဲ.အနေနဲ.ရေးလိုက်ရတာပါ ။ ကျွန်တော်ကျင်လည်ခဲ.တဲ. လွန်ခဲ.တဲ.အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ကိုဘဲ ပြန်တူးဆွပါ့.မယ်။ ဓတ်ပုံတွေနဲ. ယှဉ်ကြည်.ရင် ခေတ်အနေအထား့ ကွာခြားသွားတာကိုတွေ.ရမှာပါ။ တချိန်ကတော.ရွှေကျင်မီးမျှောပွဲဆိုတာအလွန်စည် ကားသိုက်မြိုက်စွာကျင်းပခဲ.ကြတာပေါ.။အမှတ်မမှားဘူးဆိုရင် နှစ်စဉ်သီတင်းကျွတ်လပြည်.နေ.နဲ.လပြည်.ကျော် (၁)ရက်နေ.ကပွဲတော်ရက်ပါ။ ဒါပေမဲ.ပွဲတော်ရက်မတိုင်းခင် (၁၀)ရက်ကြိုလောက်ကတည်းက ဇတ်ပွဲတွေ ၊ စတိတ်ရှိုး ပွဲတွေ ၊ အနယ်နယ်အရပ်ရပ်ကလာရောင်းကြတဲ. (၁၂)ပွဲဈေးသည်တွေနဲ.လက်ဝှေ.ပွဲတွေ ကျင်းပကြရင်းစည်ကားနေပါပြီ။ ဪ …ဒါနဲ. မီးမျှောပွဲဆိုတာ ရွှေကျင်မြို.ရဲ.ဘုရားကြီးကိုပူဇော်ပွဲလုပ်ရင်း ရှင်ဥပဂုတ္တအရှင်မြတ်ကို အလှဆင်မွန်းမံထား တဲ.ဖေါင်တော်ပေါ်မှာတင်ပြီး ရွှေကျင်ချောင်းရဲ.အလယ်မှာ ပူဇော်ထားတာပါ ။ ပွဲတော်ရက်မှာ ကမ်းစပ်ကဖြစ်စေ ၊ ရေလယ် ကိုလှေနဲ.သွားပြီးဖြစ်စေ ၊ မီးကြာခွက်လေးတွေကို ရေထဲမှာမျှောကြတာပေါ. ။ ချောင်းရေပြင်တလျောက်မှာ ဆီမီးခွက်ရောင်စုံတွေနဲ. အရှင်မြတ်ရဲ. မီးရောင်စုံထွန်းညှိပူဇော်ထားတဲ.ဖေါင်တော်ကြီးက အလွန်ဘဲ […]


alinsettOctober 21, 20151min018
                        ကျနော် ငယ်ငယ်(အသက် ၁ဝ နှစ်လောက်)တုန်းက ရခိုင်ရိုးမတောင်တန်းကြီးပေါ်ကို ဖြတ်သန်းဖူးတယ်။ အခု အသက် ၂၈ နှစ် ပြည့်ပြီးချိန်မှာတော့ … ရှမ်းရိုမ တောင်တန်းကြီးတွေပေါ်ကို ရောက်ခဲ့ပြန်ပြီ။ ကျနော်ငယ်ငယ်က ဖြတ်သန်းဖူးတဲ့ ရခိုင်ရိုမတောင်တန်းကြီးနဲ့… အခု ရှမ်းရိုးမတောင်တန်းကြီးဟာ… တောင်တွေရဲ့ သဘောသဘာဝအရ… အကွေ့အဝိုက် အမြင့်အနိမ့်တွေ ထူးခြားပြီး ကွာခြားမနေပါဘူး ။ သစ်ပင်ကြီးတွေရဲ့ ထိပ်ဖျားကို ကိုယ်က အမြင့်ကြီးကနေ ငုံ့ကြည့်ရတာလည်း… ဘယ်ရိုးမပေါ်ဖြတ်ဖြတ်…အတူတူပဲ… ။ .တောင်ပေါ် ပတ်လမ်းကျဉ်းကျဉ်းကလေးမှာ ကွေ့ကာဝိုက်ကာ သွားနေတဲ့ ကားပေါ်မှာ … ကိုယ့်ရဲ့ တစ်ဖက်မှာ… တောင်နံရံကြီး.. […]


poochOctober 16, 201511min024
ဒီနှစ်ထဲတော့ အခါတွင်းပိတ်ရက်ကိုကိုယ်လိုက်နေကြတောင်တက်အဖွဲ့ကခရီးစဉ်မရှိတော့ ဝါသနာတူရာစုပြီး ကိုယ့်ဖာသာကိုယ် အစီစဉ်ဆွဲကြတာမှာချိုင်းနားကမဲပေါက်သွားပါတယ်။ ပြည်တွင်းမှာတက်ခဲ့တဲ့ တောင်ထဲအမြင့်ဆုံးကပေတသောင်းကျော်စွန်းစွန်းပဲရှိသေးတာမို့ သူများတကာတွေ ခါကာဘိုရာဇီလိုအမြင့်ဆုံးပေ ၁၉၀၀ဝ နီးနီးတွေ တက်တာအားကျလို့ ပေ ၁၇၇၀ဝ ရှိတဲ့ ဟာဘာရေခဲတောင် ( Haba Snow Mountain )ကိုရွေးပါတယ် ။ ကိုယ့်ခံနိုင်ရည်ကိုကိုယ်စမ်းသပ်ချင်တာလည်းပါပါတယ်။ ဒီရေခဲတောင်က မြန်မာကလူတွေ မြန်မာပြည်အမြင့်ဆုံးခါကာဘိုရာဇီမတက်ခင် လာလေ့ကျင့်လေ့ရှိကြပါတယ်။ ဆိုတော့ လွယ်လှတယ်တော့ မဟုတ်ပါဘူး။ ပြောရရင် ဘယ်တောင်ပဲတက်တက်လျှော့တွက်လို့ မရသလို Risk ကတော့ သူ့နည်းသူဟန်နဲ့သူအပြည့်ရှိပြီးသားပါ။ ကျမတို့ ခရီးစဉ်ကိုကားလမ်းကိုရွေးပါတယ် ။ လေယာဉ်နဲ့ဆိုလတ်မှတ်ခကအဲ့အချိန်မှာဈေးတက်နေတဲ့အပြင် ဗီဇာကကိုယ်သွားချင်တဲ့ပိတ်ရက်နဲ့ ကွက်တိရဖို့ သိပ်မသေချာတော့လို့ပါ။ ကားလမ်းကသေချာသလားဆိုတော့လည်းမန်းလေးမူစယ်လမ်းတကြောမှာကိုယ်သွားပါမယ်ဆိုမှ တိုက်ပွဲသံတညံညံနဲ့ပါ။ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းလည်းထွက်တယ်။ ကြက်ခြေနီတွေလည်းအပစ်ခံရတယ်။ ဆိုတော့ သွားဖို့ တွန့်သွားကြပါတယ်။ နည်းနည်းလည်းငြိမ်ရောသွားမယ်ဆိုပြီးစိတ်ဒုန်းဒုန်းချလိုက်ကြပါတယ်။ နောက်ဆုံးမသကာသူပုန်လက်ရောက်တော့လည်းအတွေ့ကြုံသစ်ပေါ့ ဆိုပြီးပေါက်ကရပြောပြီးကိုမိုက်ကြတာပါ။ အိမ်ကအမေတွေ […]


Foreign ResidentOctober 14, 201516min09
အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၆ ( Grand Canyon Helicopter Tour & Amusement Rides ) ။   ၁၂ – ဝ၅ – ၂၀၁၄ ။   ဒီနေ့ မနက်ပိုင်းကတော့ အမေရိက ရဲ့ နာမည်ကျော် ၊ Grand Canyon ကို Helicopter နှင့် သွားကြည့်ရမယ့် ခရီးစဉ်ပါ ။   အဘတို့က Maverick ကုမ္ပဏီ ရဲ့ ရဟတ်ယာဉ် ခရီးစဉ် နှင့် သွားမှာပါ ။ ၁ ဦးကို ဒေါ်လှ […]