kaiMay 31, 20121min027
ပြီးခဲ့တဲ့.. တပါတ်က.. ယူအက်စ်မှာ မီမိုရီရယ်နေ့မို့.. ရုံး၃ရက်ပိတ်တာ.. ဗင်းနစ်စ်ကမ်းခြေဖက်အလယ်သွားပါတယ်..။ သိပ်ဝေးဝေးတော့မဟုတ်.. အယ်လ်အေခရိုင်ထဲမှာပါပဲ..။ ကမ္ဘာတန်းအဆင့်နာမယ်ကြီးကမ်းခြေတခုပါ.. အဲဒီမှာ.. ပွဲဈေးတန်းရှိတယ်.။ အနုပညာပစ္စည်းရောင်းကြတယ်..။ ဆေးခြောက်ရောင်းတယ်.။ အမှတ်တရပစ္စည်းတွေရောင်းပါတယ်..။ ပွဲဈေးတန်းက.. သဲသောင်နဲ့ လူနေအိမ်..စားသောက်ဆိုင်တွေကြား.. ကွန်ခရစ်လမ်းလုပ်ထားတာပါ..။ ကပ်ရက်မှာ.. စက်ဘီးစီးဖို့.. လမ်းကြောင်းတခုလည်း ထားပါတယ်.. ကမ်းခြေသဲသောင်ပြင်ကျယ်မှာတော့. ဟိုတခါက..ရွာထဲပြောဖူးတဲ့.. graffitiလုပ်ဖို့..ရေးဖို့..အုပ်နံရံတွေ..ထားပေးတယ်..။ အဲဒီမှာ.. ဆွဲချင်တဲ့သူတွေ.. မှတ်ပုံတင်စာရင်းပေးပြီးဆွဲကြတာပေါ့.. အဲ.. ပြောချင်တာက.. ဗင်းနစ်စ်ကမ်းခြေ ဒရမ်စက်ဝိုင်း.. (Venice Beach Drum Circle)အကြောင်း.. အဲဒီမှာ..လွန်ထဲ့တဲ့..၁ဝနှစ်ကျော်ကတည်းက..သတိထားမိပြီး.. ရောက်တိုင်းသွားသွားကြည့်ဖြစ်တဲ့.. ဒရမ်စက်ဝိုင်းအကြောင်းပြောပြချင်တာပါ.. အဲဒါက..ဘယ်နိုင်ငံမှာရှိလို့..ဘယ်ကဘယ်လိုစသလည်းမသိ.. တွေ့ရတာကတော့.. တယောက်ယောက်က.. ဗုံလေး..ဒရမ်လေးတလုံးယူ.. ဘိတခုနဲ့..စပြီးဒုံဒုံလုပ်ရင်..နောက်က.. ရှိတဲ့သူတွေက.. မည်သူမဆို..ခွက်တွေ..တုတ်တွေနဲ့..စည်းချက်ညီတီးမှုတ်ကခုန်ကြတာပါ..။ ဗုံတွေ။..ဒရမ်တွေတီးသူတွေက.. စက်ဝိုင်းပုံစံဝိုင်းထားလေ့ရှိပြီး..အလယ်မှာ..ကချင်ခုန်ချင်သူက..ဝင်ကတာဖြစ်ပါတယ်.. စည်းချက်ကို.. အသံအကျယ်ဆုံးတီးထားနိုင်တဲ့.. ဒရမ်သမား..ဗုံသမားက..ဦးဆောင်သွားတယ်လို့ထင်ရတာပါပဲ..။ နာရီပေါင်းများစွာ..မရပ်မနား. ရထားလို.. ထွက်ချင်သူထွက်..ဝင်ချင်သူဝင်နဲ့.. တီးကြ..ကခုန်ကြတာလေ..။ […]


                    “ရွှေဥမင်………..ပါတ်ဝန်းကျင်”   ကျနော်တို့စီးလာတဲ့ကားလေးက မြေနီလမ်းကုန်းဆင်းကြီးကိုဆင်းလာပါတယ်။ လှိူဏ်ဂူကို သွားတဲ့ဖြတ်လမ်းလို့သိရပါတယ်။ ရှေ့မှာတော့စောင်းတန်းတွေအသွယ်သွယ်ရှိနေတဲ့ ပင်းတယလိူဏ်ဂူတော်။ မြင်ရတာ လှပ မဆုံးနိုင်သော မြင်ကွင်း။ တောင်ခြေမှာတော့ စေတီအစု။ တောင်ခြေရောက်တဲ့အခါ မြေနီလမ်းလေးအတိုင်းထပ်တက်ရပါတယ်။ ကောက်ကွေ့သောမြေလမ်းကလေးမှာ စိမ်းစိုသောတောအုပ်လေးကြားက ကားလေးက တအိအိတက်သွားပါတယ်။ မကြာခင်မှာ အပေါ်ရောက်သွားတော့ မနေ့ကလေပြင်းဝင်သွားလို့ ပြိုပျက်နေတဲ့ဆိုင်လေးကို လူတွေက ပြုပြင်နေကြတာကို့တွေ့ရပါတယ်။ တောင်ခါးပန်းမှာတော့ ဒေသထွက်ပစ္စည်းနဲ့အမှတ်တရဆိုင်လေးတွေက တန်းစီ.။ လာတဲ့ဧည့်သည်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်ဇွတ်မခေါ်။ ဆို်င်ထဲကို ဝင်ကြည်ု့ဖို့ ဖိတ်ခေါ်ပုံက ငြင်ငြင်သာသာ။ မြို့ကဈေးဆိုင်တွေအတုယူလောက်စရာ။   အရှေ့ဖက်ကြည့်လိုက်တော့ စောင်းတန်းနဲ့မုဒ်ဦး။ စောင်းတန်းအတိုင်းတက်သွားလိုက်တော့ လေးပစ်နေ့တဲ့မင်းသားနဲ့ ပင့်ကူကြီး။ အရင်ကတော့ ဓါတ်ပုံတွေထဲမှာမြင်ဘူးရာက အခုတော့ကိုယ်မျက်စေ့ရှေ့ရောက်။ […]


      “ပင်းတယက ရွှေဥမင်သဘာဝလိူဏ်ဂူတော်သိုံ့”   အောင်ပန်းမြို့နဲ့ 24မိုင်လောက်သာဝေးတဲ့ ့ပင်းတယကို ပထမအကြိမ်တုံးကလဲမရောက်ခဲ့ပါဘူး။ ကိုယ်တည်းတဲ့တည်းခိုခန်းရှေ့မှာ ပင်းတယသွားတဲ့ကားတွေရပ်ပေမယ့် မိုးတွင်းဆိုတော့ မသွားဖြစ်ခဲ့ပါဘူး။ မိုးတွင်းမှာရေကျော်တဲ့နေရာလေးတစ်ခုရှိတယ်ပြောကြလို့ပါ။ ကျနော်က အလုပ်တစ်ဖက်နဲ့လာသူဆိုပြန်တော့ အချိန်လုပြီးသွားရတော့ လမ်းခရီးမှာကြ့န့်ကြာလို့ မဖြစ်ပါဘူး။   ဒီတစ်ခေါက် အဖော်လဲပါတော့ ပေါင်းသုံးယောက်။ ဗင်ကာ်းလေးငှားတော့ အသွားအပြန်သုံးသောင်းနဲ့တည့်သွားပါတယ်။ ဒါနဲ့ဘဲ မနက် 7နာရီလောက်မုန့်စားပြီထွက်ခဲ့ပါတယ်။ အောင်ပန်းမြို့မြောက်ဘက်လမ်းကနေထွက်လို့မြို့ကိုလဲလွန်ရော ထင်းရူးပင်ပေါက်တွေစတွေ့ရပါတယ်။ နောက်တော့ တဖြည်းဖြည်းလွင်ပြင်ဆန်လာပါတယ်။ ထွန်ယက်စလယ်ကွင်းတွေများပါတယ်။ အခုမှနွေအစကိုးဗျာ။ မိုးသာဆိုရင်စိုက်ပျုိုးထားတဲ့အပင်တွေစိမ်းစိုစိုနဲ့ပိုလို့လှမယ်ထင်မိပါတယ်။ လမ်းတစ်နေရာမှာတော့ လုပ်ငန်းခွင်ဆင်းနေကြတဲ့လယ်သမားတွေလယ်သူမတွေကိုတွေ့ရပါတယ်။ ကားအမြန်နုုန်းမြင့်တော့ ဓါတ်ပုံရိုက်ဘို့မလွယ်ကူပါဘူး။ လမ်းမှာညောင်ပင်ကြီးတွေလဲ တွေ့ခဲ့။ သာယာလှတဲ့ရေကန်ကြီးတစ်ကန်လဲတွေ့ရဲ့။ ဒါပေမယ့်ဓါတ်ပုံရိုက်ခွင့်မကြုံ။ ဒီလိုဘဲ လမ်းမှာတွေ့သမကိုရသလောက်ျလက်ဆော့ရင်း တောင်ကြိးကြီးနဲ့ဘုရားမြင်ရင်ရောက်ပြီလားမေးရတာအမော။ သွားနေရင်းက ကျနော်တို့ကလေးက မြေလမ်းနီနီ ကုန်းဆင်းကြီးဘက်ကို ဦးတည်လိုက်ပါတယ်။ တောင်အဆင်းလမ်းကြီး ကနေလှမ်းကြည့်လိုက်တော့ ကျနော့်မြင်ကွင်းရှေ့မှာ […]


                                        44 အပြန်လမ်းမှာမြင်ရတဲ့ မြင်းမထိကျောက်တောင် “အပြင်သို့အထွက်….မြင်းမထိမှ”   ကျနော် ဟိုရောက်ဒီရောက်ပေါက်ကရတွေးနေတုံး ကျောထဲမှာစိမ့်ကနဲ့ဖြစ်သွားပါတယ်။ ဖြစ်မှာပေါ့ အပေါ်က ကျလာတဲ့ကျောက်စက်ရေက အောက်မှာရှိတဲ့ ကျောက်ဆောင်ကိုထိပြီး ကျနော့်ကိုလာမှန်တော့အေးစိမ့်သွားတာပေါ့။ အဲဒါနဲ့ဓါတ်ပုံဆက်ရိုက်လာတော့ အလည်ခေါင်မှာကျောင်တိုင်ကြီးတစ်ခု။ ဆင်ချည်တိုင်ဆိုလားဘဲ။ ကျောက်ဆင် ကျောက်စိန်ကလပ်ကျောက်မောင်း ကျောက်ခရုသင်း နတ်သမီးနို့သီးသုံးလုံးဆိုပြီး စာလေးတွေ ကပ်ထားတာကိုတွေ့ရပါတယ်။ အဲဒါလေးတွေတွေ့ပြန်တော့ ဓါတ်ပုံတွေ တဖျပ်ဖျပ်ရိုက်။ အရေးထဲဓါတ်ခဲအားကုန်တော့ နောက်တစ်ခဲလဲ။ အလုပ်တွေရှုပ်နေလိုက်တာ တစ်ယောက်ထဲဆိုတဲ့အသိတောင်မေ့သွားပြန်ပါတယ်။. နောက်တော့ အတက်လမ်းလေးကို ထပ်တွေ့ပြန်ပါတယ်။ လှေခါးလေးအတိုင်းဆက်သွားတော့ သမိုင်းဝင်စေတီအသေးလေးတစ်ဆူကို […]


                          “မြင်းမထိအဝင်…………………..”   မြင်းမထိရောက်အောင်အတော်လေးမောင်းရပါတယ်။ သွားကြတာနှစ်ယောက်ပါ ကျနော်ဆရာသားရယ် ကျနော်ရယ်ပါ။ ဘုရားဝင်းထဲရောက်တော့ ရေသောက်ဘို့ရယ် အဆာပြေစားဘို့ရယ် ဆိုင်ရှာရပါတယ်။ ဘုရားအဝင်ဝမှာ ဆိုင်ကလေးတွေတွေ့တော့ ဝင်ထိုင်.။ စကားဝဲဝဲနဲ့တိုင်းရင်းသူလေးတွေရဲ့ဆိုင်ကလေးတွေပါ။ အအေးနှစ်ပုလင်း ရေနှစ်ဘူးမှာ။ အထဲဝင်မယ်ပြောတော့ မီးပျက်နေပါသတဲ့။ ဒုတ်မီးပါမှ ရမယ်ပြောပါတယ်။ နောက်သူကမှာသေးတယ် “အထဲဝင်ရင်ခေါင်းငုံ့ဝင် ခေါင်းအာလူးဖုသွားမယ်နော်”တဲ့/ သူ့ဘာသာသူပြောရင်းသဘောကျပြိးရီနေပါတယ်။   သူဆီမှာဒုတ်မီးရှိလားမေးတော့ မရှိတဲ့။ အဲဒီမှာကျနော်တို့လို ဘုရားဘူးလာတဲ့ ပအို်ဝ်တိုင်းရင်းသားကြီးတွေက သူတို့ရဲ့ လက်နှိပ်ဓါတ်မီးကိုယူသွားပြောပါတယ်။ ရောက်တုန်းရောက်ခိုက်အေးဆေးဘုရားဖူး စောင့်ပေးမယ် လို့ပြောပါတယ်။ ကျနော်တို့မြို့မှာသာဆို ဒီလိုငှားလို့ဘယ်ရမလဲ။ ဒါနဲ့ဘုရားထဲဝင်တော့ ဖိနပ်ကိုအဝင်ဝက ပန်းဆိုင်လေးမှာထားခဲ့ပါတယ်။ ကျနော်တို့ဝင်မယ်လုပ်တော့ ဘုရားလူကြီးတစ်ဦးကလှမ်းခေါ်ပြီး […]


mgwaloneMay 27, 20121min08
နေပြည်တော် ဆာဖရီ ဥယျာဉ်ပါ။ အကောင်အရေအတွက် နည်းပါတယ်။ ရှိတာလေးတော့ ကြည့်ခဲ့ရပါတယ်။ ပိတ်ရက်မရှိ နံနက် (၀၈၀၀) နာရီကနေ ညနေ (၀၅၃၀) အထိ ဖွင့်တယ်လို့ သိရပါတယ်။ ဝင်ကြေးက (၁၀) နှစ်အထက် တစ်ဦးကို ၂၀၀ဝ ကျပ်ပါ။ ပုံမှာပါတဲ့ အတိုင်း မော်တော်ကားနဲ့ လည်ရပါတယ်။ ဝင်ကြေးမှာ ကားအတွက် ပါပြီးသားပါ။ ထပ်မပေးရပါဘူး။ လူအရေအတွက်ကို လိုက်လို့ ကားအကြီး အသေး ရှိပါတယ်။ အချို ့နေရာတွေမှာ ရပ်ကြည့် ဆင်းကြည့်လို့ ရပါတယ်။ ဆာဖရီ ဥယျာဉ်လို့ ဆိုပေမဲ့ သစ်ပင်ကတော့ မရှိသလောက်ပဲ။ အပင်ကြီး လုံးဝမရှိပါဘူး။ သစ်တော ပြတိုက်လုပ်ဖို့ သစ်ငုပ်တိုပုံဒီဇိုင်နဲ့ ပြခန်းအဆောက်အဦးတွေ ဆောက်ထားတယ်။ မဖွင့်သေးပါ။ သူများနိုင်ငံကလောက် မကောင်းပေမဲ့ […]


3 ကျောက်ဆောင်တန်းအဆုံးနဲ့ အဝေးမှာမြင်နေရတဲ့တောင်တန်း           4လှပသော တိမ်ပြာကောင်းကင်အောက်က လွင်ပြင် မြင်ရတာ စိတ်တွေကြည်လင်သွားပါတယ်   5 တိ်မ်ဖြုပြာအောက်ကလွင်ပြင်         “မြင်းမထိသို့အသွား………………………………….”   ဟိုတစ်ခါတောင်ပိုင်းရှမ်းပြည်ကိုရောက်တဲ့အခါ လွိုင်ကော်ကို ဆက်သွားဖြစ်ပါတယ်။ အဲဒီတုန်းက ကလောကနေလမ်းခွဲမှာ ဆိုင်းဘုတ်လေးတစ်ခုထောင်ထားပါတယ်။ “မြင်းမထိသဘာဝလှိုဏ်ဂူ တော်သို့ ………………..လေးမိုင်” ကျနော် လွိုင်ကော်ကို သွားတဲ့အခါ လမ်းခွဲကနေဝင်လို့ သိပ်မကြာခင်မှာ မြင်းမထိလှိုဏ်ဂူတော်နားကနေ ကားဖြတ်သွားရပါတယ်။ ဒါပေမယ့် အဲဒီတစ်ခေါက်က ဖူးခွင့်မကြုံလိုက်ပါဘူး။   အခု2012 မှာ နောက်တကြိမ်ရောက်တော့ မြင်းမထိကိုရောက်အောင်သွားမယ်ဆုံးဖြတ်ထားပါတယ်။ အဲဒါနဲ့ကလောကို ဆိုင်ကယ်ငှားသွားတဲ့နေ့မှာတော့ မြင်းမထိကို ခရီးဆက်ခဲ့ကြပါတယ်။ တကယ်တော့ လွိုင်ကော်လမ်းအစကတော့ လွင်ပြင်နဲ့တောင်ကုန်းရောနေတဲ့အနေအထားပါဘဲ.။ အရင်တစ်ခေါက်ကတော့ စက်တင်ဘာလထဲမှာဆိုတော့ […]


mgwaloneMay 26, 20121min011
သန်လျင်လို့ ခေါ်တဲ့ တညင်ကို ရောက်ပေမဲ့ ရေလည်ကျောက်တန်းကို မရောက်တာတော့ ကြာပါပြီ။ ဒီတစ်ခေါက် ခရီးကြုံ ရောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်လောက်က ရောက်ခဲ့တာဆိုတော့ ဝါးတားတား ပဲ မှတ်မိတော့တာ။ ကျန်တာတွေ ပြောင်းမပြောင်းမသိပေမဲ့ သေချာပေါက် ပြောင်းတာတစ်ခုတော့ တွေ့ခဲ့ပါတယ်။ အဲဒါကတော့ အမှိုက်တွေ ပိုပေါလာတာပါပဲ။ ပလတ်စတစ်အသုံးချမှု ပိုများလာတာနဲ့အတူ အမှိုက်တွေလဲ ပိုများလာတာပါပဲ။ ရေလည်က ဘုရားကို သွားဖို့ စက်လှေနဲ့ ကူးရပါတယ်။ တစ်ဦးကို (၂၀၀) ကျပ်ပါ။ စင်းလုံးငှားရင်တော့ ၃၀၀၀၊ စက်လှေအကြီးဆိုရင် ၅၀၀ဝ ပါ။ ဘုရားဖူးလာသူများက ငါးစာကြွေးကြတယ်။ ဘုရားပေါ်မှာ ရောင်းပေမဲ့ ကမ်းပေါ်က ငါးစားရောင်းသူတွေက ဟိုမှာမရှိဘူးဆိုပြီး ပြောရောင်းကြတယ်။ ငါးစာတွေကို ပလတ်စတစ်တွေနဲ့ ထုတ်ပြီး ရောင်းကြတယ်။ […]


              “စိမ်းလန်း အေးချမ်းသော ထင်းရူးတောများကြားမှ ကလော………….ံ”   ကျနော်အောင်ပန်းကို ပထမတစ်ခေါက် 2011စက်တင်ဘာမှာရောက်တုန်းက ကလောကိုခဏရောက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဆိုင်ကယ် ကယ်ရီငှားသွားခဲ့တာပါ။ ကလောမြို့မှာအလုပ်ကိစ္စလုပ်စရာရှိတာလုပ်တာရယ် နဲ့အသွားအပြန် မှလေးနာရီလောက်ဘဲကြာခဲ့ပါတယ်.။ ဒီတစ်ခေါက်အောင်ပန်းကို ဒုတိယအကြိမ်ရောက်ပြန်တော့ ကလောမှာ ညအိပ်မယ်စိတ်ကူးပါတယ်။ ဒါပေမယ့် အောင်ပန်းမှာက လုပ်စရာများများ ကလောမှာက နည်းနည်း။ သွားလိုက်ပြန်လိုက်နဲ့အဆင်မပြေလောက်ပါဘူး။ နောက်တည်းခိုးခန်းခ ဈေးကလဲအောင်ပန်းကသက်သာပါတယ်။ ဒါနဲ့ဘဲအောင်ပန်းမှာညအိပ် ပြီး ခြောက်မိုင်လောက်ဘဲဝေးတဲ့ကလောကို သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီတစ်ခါတော့ ဆိုင်ကယ်တစ်စီးပုတ်ပြတ်ငှားသွားမယ်လို့ တွက်ပါတယ်။. သွားမှာက ကျနော်နဲ့အဖော်တစ်ယောက် ဆိုင်ကယ်ငှားရင်း နှစ်စီးငှားရမယ်။ နောက်မန်းလေးသားဆိုပြန်တော့ သူများနောက်က ထိုင်မလိုက်ချင်။ အောင်ပန်းလမ်းဆုံကကယ်ရီတွေကိုမေးလို်က်တော့ မနက်ကိုးနာရီကနေ ညနေလေးနာရီ ခြောက်ထောင် ။ ဓါတ်ဆီ ကိုယ်ဘာသာကိုယ်ထည့်။ […]