“အသွားမတူ အပြန်လည်းမတူခဲ့တဲ့ တူညီသောခရီးတစ်ခု” (ရှမ်းတောင်ရဲ့မြို့တော် တောင်ကြီးမြို့သို့)   ပြီးခဲ့တဲ့သင်္ကြန်အပြီးမှာတောင်ကြီးကို သွားဘို့အလုပ်ကိစ္စပေါ်လာပါတယ်။ အဲတော့ အိပ်စ်ပရက်ကားနဲ့ဘဲသွားခဲ့ပါတယ်။ ညရှစ်နာရီကျွဲဆည်ကန်ကထွက် ကားခက တစ်ယောက်  ၆၅၀ဝကျပ်.။ အမြန်လမ်းမကြီးအတိုင်းသွားတာပါ။ မိတ္ထီလာရောက်မှ လမ်းဟောင်းကိုပြန်တက်ပြီး ဘုရားငါးဆူဘက်ကနေတက်တာပါ။ လမ်းမှာ နှစ်ခါနားပါတယ်။ မိတ္ထီလာမှာတစ်ခါ ကလောမရောက်ခင်ရွာကလေးမှာတစ်ရွာ။ မနက်လေးနာရီဆိုတောင်ကြီးရောက်တာပါဘဲ။   မထင်မှတ်ဘဲ ဇူလိုင်လကုန်ခါနီးမှာ တောင်ကြီးကိုသွားဘို့ အလုပ်ကိစ္စပေါ်လာပါတယ်။ အဲဒါနဲ့ကားလက်မှတ်ဖြတ်ပြီး တောင်ကြီးကိုတက်ခဲ့ပါတယ်။ ထုံးစံအတိုင်း အိပ်စ်ပရက်စ်ကားကြီးနဲ့ဘဲသွားခဲ့တာပေါ့။ ခရီးထွက်တဲ့ည အိမ်က ည(7)နာရီထွက်လာပါတယ်။ အတူလိုက်မယ့်ကျနော့် ဆရာ အစက သူ့ဘာသာသူလာမယ်ဆိုပြီးမှ လာကြိုပါပြောတော့ သူ့ကို မြို့ထဲပြန်ဝင်ခေါ်ရပြန်ပါတယ်။ ကားမမှီမှာအတော်လေးကိုပူလိုက်ရပါတယ် အချိန်က  ကပ်နေတာကိုး။ံ       ကားကရှစ်နာရီဆိုပေ့မယ် […]


Mလုလင္August 4, 20122min060
ဒီရက်ပိုင်း ရွာနဲ့ အဆက်အသွယ် ပြတ်ပြတ် နေတာလဲ ကိုယ့်ကိုကိုယ် အားမရပါဘူး …။ အလုပ် ကလဲ ကုန်ထမ်း ရတာ ဆိုတော့ ပင်ပန်း တယ် …. ည ည ဆို အင်တာနက် မသုံးနိုင်ဘူး … တန်းအိပ်တော့တာ ..။ အားလပ်ရက် တိုင်း Short Trip ထွက်ပြီး တစ်လ ကို တစ် ပိုစ့် တော့ တင်မယ် လို့ ဆုံးဖြတ်ထားတဲ့ အတိုင်း … အခု လ အတွက် သာကေတ က မိချောင်းမွေးမြူရေး စခန်းကို သွားပြီး ဓာတ်ပုံ ရိုက်ခဲ့တာလေးတွေ ပြန် ဝေမျှ ပါ့မယ်။ ဒီရက်ပိုင်း သာကေတ မှာ […]


  “ဧရာကမ်းနံဘေးက လွမ်းမောစရာလေးတွေ”     2010 ခုနှစ်ကစလို့ ကျနော်ဓါတ်ပုံတွေရိုက်ခဲ့ပါတယ်။ ဒါပေမယ့် 2012ရောက်တဲ့အထိ မရိုက်ဘူးတာတွေအများကြီးပါ။ ပိတောက်ပန်းမရိုက်ဖူးဘူး။ မန်းလေးတက္ကသို်လ်ကိုမရိုက်ဖူးဘူး။ သင်္ကြန်ရေပက်တာ မရိုက်ဖူး  ဘူး ဆိုသလို မရိုက်ဘူးတာတွေအများကြီးထဲမှာ ဧရာဝတီမြစ်ရေတက်ချိန်လဲမရိုက်ဘူးသေးပါဘူး။ တစ်ရက်တော့ကိုစိန်သော့နဲ့ ဖုန်းပြောရင်း  ဧရာဝတီကို ဆော်ဘို့နှက်ဘို့ပြောဖြစ်ပါတယ်။ ကိုစိန်သော့နဲ့ကျနော် သုံးလေးကြိမ်တွဲရိုက်ဘူးပါတယ်။ ကိုသော့ ရွွှေမင်းသား လုလင်နဲ့ကျနော် တောင်သမန်ကိုတစ်ခါ ကိုသော့လုလင် ကျနော် မင်းကွန်းတစ်ခါ ကိုသော့ ဖရဲမ ကိုထွန်းဝင်းလတ်နဲ့ ကျနော် ဒီးဒုတ်ရေတံခွန်တစ်ခါ သုံးခါ။ သူနဲ့ကျနော် စကားအင်း ကိုသွားရိုက်မယ်ဆိုပြီးမရိုက်ဖြစ်။   အာဇာနည်နေ့ညနေခင်းမှာတော့ သူလည်းအား ကျနော်လည်းအား။ ဒါနဲ့ဘဲ သူရယ်ကျနော်ရယ် သူ့မိတ်ဆွေတစ်ယောက်ရယ် တက်သိမ်းအင်းကိုဖြတ်။ ကန်ပါတ်လမ်းဘက်ချီတက်ခဲ့ပါတယ်။ ညနေ နေချိုချိန် ညနေငါးနာရီခွဲလောက်ရောက်အောင်မှန်းသွားခဲ့ကြပါတယ်။ ရှမ်းလေးကျွန်းရောက်တော့ ရေနည်းနည်းကျသွားပါပြီ။ […]


manawphyulayAugust 3, 20121min014
ဝါဆိုလပြည့်နေ့မှာ မှတ်မှတ်ရရ မိဘမဲ့ကလေးတွေနဲ့အတူ ရွာနည်းချုပ်စပ်မှာ ဆင်းရဲသားကလေးများကို ပညာရေးဖြန့်ဝေပေးနေတဲ့ကျောင်းတစ်ကျောင်းကို ရောက်ရှိခဲ့ပါတယ်။ ကျောင်းသားကျောင်းသူပေါင်း ၃၅ဝ ရှိပြီး မိဘမဲ့ကိုရင်လေးတွေကတော့ ၅၅ ပါးရှိပါတယ်။ မိဘမဲ့ကလေးတွေကတော့ အယောက် ၁၀ဝ ကျော်ပဲရှိပြီး စာသင်တဲ့သူတွေကတော့ ဘုန်းကြီးနှစ်ပါးရယ်.. ကျောင်းဆရာမတွေရယ် စုစုပေါင်း ၁ဝ ယောက်လောက်ရှိပြီး လက်ရှိတော့ သူငယ်တန်းမှ လေးတန်းထိ သင်ကြားပြသပေးနေတယ်လို့သိရပါတယ်။ အဖွဲ့တွေကတော့ ပျော်ရွှင်စွာ ကလေးတွေကို ပြဇာတ်ကပြဖြေဖျော်ပြီး မနက်စာ ထမင်းကျွေးတယ်။ နောက်လှူဖို့ပါလာတာတွေကို ရေစက်ချလှူဒါန်းပြီး ညနေ ၃ နာရီခွဲလောက်မှာ ပဲခူးက ကျိုက်ပွန်ဘုရားဖူးပြီး ပြန်လာခဲ့ကြပါတယ်။ လှူချင်တဲ့သူကိုလည်း ဘုန်းဘုန်းက ကလေးတွေအတွက် မိုးကာအကျီလေးတွေ အဓိကထားပြီး လှူဖို့ရယ် နောက် စားစရိတ်အတွက် ဆန်၊ ဆီ၊ ဆားအစုံပေါ့လေ အမြဲလိုအပ်နေပါတယ်လို့ ပြောပါတယ်။ လှူရမယ့်နေရာကတော့ […]


မိုခ်ိဳAugust 2, 20122min018
မြန်မာ မှန် လျှင် ပုဂံ ရောက်ဖူး ရမယ်တဲ့….အဲဒီ စကား ရဲ့ အဓိပ္ပါယ် ကို ကိုယ်တိုင် ပုဂံရောက် တော့ မှ နားလည်ခံစား မိတယ်။ လက် ညှိုး ထိုး မလွဲ များ ပြား လွန်း လှ တဲ့ စေတီ ပုထိုးတွေ က ခုမှ စပြီး မြင်တွေ့ ဖူးတဲ့ သူတိုင်း အတွက် ရင်သက် ရှုမော အံ့ ဩစရာ……။အဲဒီ စကား အရ ဆိုရင် ကျမ ကတော့ အသက်၃၅ နှစ် ရောက်မှ မြန်မာ ဖြစ်တယ် ပြောရ မှာ ပါ။ မန်းဂေဇတ် ထဲမှာ လည်း ရွာသူား […]


kotun winlattAugust 1, 20124min09
one candle စေတနာရှင်လူငယ်များ အဖွဲ့ဝင်များ စုပေါင်း အမှတ်တရ…. စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသမှ one candle စေတနာရှင်လူငယ်များ အဖွဲ့သည် ၃၁.၇.၂၀၁၂ ရက်နေ့တွင် မော်လူးဒေသ စီးမော်အုပ်စု ညောင်ပင်သာကျေးရွာ မူလတန်းကျောင်းသို့ စာရေးကိရိယာများသွားရောက်လှူဒါန်းခဲ့ကြပါသည်။ ညောင်ပင်သာရွာမှ စေတနာရှင်များကလည်း ကျောင်းသူကျောင်းသားများအား အာဟာရဒါနများ တိုက်ကျွေးခဲ့ကြပါသည်။ ထို့နောက် ညောင်ပင်သာရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့ကြပြီး ဝါဆိုသင်္ကန်း ကပ်လှူခဲ့ကြပါသည်။ one candle စေတနာရှင်လူငယ်များ အဖွဲ့သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအပါအဝင် မူလတန်းကျောင်း ၁၅ကျောင်းသို့ စာရေးကိရိယာအလှူသွားရောက်ခဲ့ပြီး ဖြစ်ပါသည်။


kotun winlattJuly 31, 20126min026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးအုပ်စု၊ ခေါင်တုန့်စည်ကျေးရွာတွင် ဆောက်လုပ်ဆဲ ကိုယ့်အားကိုယ်ကိုး အခြေခံပညာ မူလတန်းကျောင်း အတွက် အလှူပစ္စည်းများ ပေးအပ်ပွဲကို (၃၀.၇.၂၀၁၂)နေ့တွင် မော်လူးဒေသ ကူးဆိပ်ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းကျင်းပပြုလုပ်ခဲ့ပါသည်။ ဆောက်လုပ်ဆဲ စာသင်ဆောင်လေးအတွက် မန္တလေးဂေဇက်(mandalay gazette) အွန်လိုင်းသုံးစွဲသူ အဖွဲဝင်များမှ လှူဒါန်းသော သွပ်(၂၆၅) ချပ် ၊ ပြောင်သွပ်(၁၀)ချပ်၊ သွပ်မှို+ဝါရှာ(၁၁)ပိဿာ(ကာလတန်ဘိုး-၉၈၁၀၀ဝကျပ်) တန်ဘိုးရှိသော ပစ္စည်းများနှင့် မော်လူးမှ one candle စေတနာရှင်လူငယ်များအဖွဲ့မှ ဝါဆိုသင်္ကန်းတစ်စုံ၊သင်ပုန်း(၄)ချပ်၊ သောက်ရေပုံး(၅)ပုံး၊သောက်ရေခွက်(၁၀)ခွက်၊ ရေစစ်၊ တံမြက်စည်း၊ အိမ်သာခွက် (၃)ခု၊ အိမ်သာဆေးဘရပ်စ်(ကာလတန်ဘိုး၅၆၀၀ဝ ကျပ်) အစရှိသော ပစ္စည်းများကို ကျောင်းဖြစ်မြောက်ရေးကော်မတီ နာယက ကူးဆိပ်ကျောင်းဆရာတော် ဦးကာလိန္ဒမှတဆင့် ခေါင်တုန့်စည်ရွာ ရပ်မိရပ်ဖများသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး one […]


mgwaloneJuly 30, 20121min09
ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်ထဲမှာ မေးကြဖြေကြတာတွေ ကြားလိုက်၊ ဖတ်လိုက်ရပါတယ်။ ရန်ကုန်-မန ္တလေး အမြန်လမ်းမကြီးမှာ အမြန်လမ်းမကြီးတစ်ခုရဲ ့ အင်္ဂါရပ်တွေနဲ့ မညီညွတ်သေးတဲ့အကြောင်းနဲ့ လိုအပ်ချက်များကို ဘယ်လို ပြုပြင်မယ်ဆိုတာတွေကို မေးတာပါ။ မေးတဲ့မေးခွန်းကို ဖြေတဲ့သူက အမှန်တကယ် မဖြေသွားပါဘူး။ သူဖြေချင်တာကိုပဲ ဖြေသွားတာပါ။ တိုက်တိုက်ဆိုင် မောင်ဝလုံး မန ္တလေးကနေ ရန်ကုန်ကို အမြန်လမ်းမကြီးပေါ်ကနေ သွားဖြစ်ပါတယ်။ လိုင်းကား နဲ့ မဟုတ်ပဲ သူငယ်ချင်းတစ်ယောက်ရဲ ့ ကိုယ်ပိုင်ကားနဲ့ပါ။ တစ်ယောက်တလဲ မောင်းကြရင်း လမ်းမှာ တွေ ့သမျှ မြင်သမျှ လက်ဆော့ခဲ့တာတွေကို ပြန်လည် တင်ပြလိုက်ပါတယ်။ ပုံ (၁) ကတော့ မန ္တလေးက ထွက်လာပြီး အမြန်လမ်းနဲ့ တံတားဦး-ပလိပ်လမ်းဆုံနေရာ အဝိုင်းနားမှာပါ။ မြင်း […]


          21 အရှေ့တလွှားမြင်ကွင်း ဆွမ်းဦးပုညရှင်အနီးမှ အပေါ်စီး ကြည့် မြင်ကွင်းအစုံ       စစ်ကိုင်းတောင်လို့ပြောလိုက်တာနဲ့ ဆွမ်းဦးပုညရှင်ကိုပြေးမြင်မိတာအမှန်ပါဘဲ။ ဒီဆွမ်းဦးပုညရှင်ရင်ပြင်တော်ပေါ်ကနေ အရှေ့ဘက်မှာမြစ်ပြင် ရွှေတောင်ဦးမော် မြောက်ဘက်ကိုကြည့်ရင်ရှင်ဖြူရှင်လှနဲ့ဥမင်ကိုးဆယ်။ တောင်ဘက်ကိုကြည့်မယ်ဆိုရင် အင်းဝဘက်ကမ်း အနောက်ဘက်ကိုကြည့်မယ်ဆိုရင် ကောင်းမူ့တော် သီတဂူ ဆင်များရှင် ငါးထပ်ကြီး အစရှိတဲ့ဘုရားများအပြင် စစ်ကိုင်းတံတား(ခ)အင်းဝတံတားဟောင်းနဲ့ဧရာဝတီ တံတား အသစ်ကြီးကိုနှစ်စင်းယှဉ်လျက်တွေ့နိုင်ပါသေးတယ်။ ရှေးကတည်းက စာဆိုရှိခဲ့တာတော့ ဆွမ်းဦးပုညရှင်ကို ဘယ်သူတစ်ဦးတစ်ယောက်မှ ဆွမ်းဦးအောင်ကပ်လို့မရ။ မနက်ဘယ်လောက်စောစော ဆွမ်းကပ်ပြီးသားဖြစ်နေတယ်လို့ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ကြားဘူးခဲ့ရ။ ဝါဆိုလပြည့်နေ့တိုင်းမှာဘုရားပွဲကျင်းပလေ့ရှိပါတယ်။   ဟိုအရင်ကဆိုရင်တော့ စစ်ကိုင်းတောင်ကို ခြေလျင်တက်ကြရပါတယ်။ မန္တလေးကထိန်နဲ့စစ်ကိုင်းတောင်ခွဲခြားလို့မရတဲ့အချိန်များမှာတော့ တန်ဆောင်မုန်းလပြည့်မတိုင်ခင် အဖိတ်နေ့ညများမှာ ဒီဆွမ်းဦးပုညရှင်အရှေ့ဖက်ရင်ပြင်ကနေ လရောင်အောက်က ဧရာဝတီမြစ်ညရူ့ခင်းကိုခံစား တတ်ကြပါတယ်။ မြစ်မင်းက တငြိမ့်ငြိမ့် သူ့ကျောပေါမှာ မီးဖောင်လေးတွေမျောလျက်။ […]