မန်းလေးဂေဇက်အလှူတော် နတ်လူသာဓုခေါ်စေသော်ဝ်…..

kotun winlattJuly 31, 20126min026

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးအုပ်စု၊

ခေါင်တုန့်စည်ကျေးရွာတွင် ဆောက်လုပ်ဆဲ ကိုယ့်အားကိုယ်ကိုး အခြေခံပညာ

မူလတန်းကျောင်း အတွက် အလှူပစ္စည်းများ ပေးအပ်ပွဲကို (၃၀.၇.၂၀၁၂)နေ့တွင်

မော်လူးဒေသ ကူးဆိပ်ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းကျင်းပပြုလုပ်ခဲ့ပါသည်။

ဆောက်လုပ်ဆဲ စာသင်ဆောင်လေးအတွက် မန္တလေးဂေဇက်(mandalay gazette) အွန်လိုင်းသုံးစွဲသူ အဖွဲဝင်များမှ

လှူဒါန်းသော သွပ်(၂၆၅) ချပ် ၊ ပြောင်သွပ်(၁၀)ချပ်၊ သွပ်မှို+ဝါရှာ(၁၁)ပိဿာ(ကာလတန်ဘိုး-၉၈၁၀၀ဝကျပ်)
တန်ဘိုးရှိသော ပစ္စည်းများနှင့် မော်လူးမှ one candle စေတနာရှင်လူငယ်များအဖွဲ့မှ ဝါဆိုသင်္ကန်းတစ်စုံ၊သင်ပုန်း(၄)ချပ်၊
သောက်ရေပုံး(၅)ပုံး၊သောက်ရေခွက်(၁၀)ခွက်၊ ရေစစ်၊ တံမြက်စည်း၊ အိမ်သာခွက် (၃)ခု၊
အိမ်သာဆေးဘရပ်စ်(ကာလတန်ဘိုး၅၆၀၀ဝ ကျပ်) အစရှိသော ပစ္စည်းများကို
ကျောင်းဖြစ်မြောက်ရေးကော်မတီ နာယက ကူးဆိပ်ကျောင်းဆရာတော်
ဦးကာလိန္ဒမှတဆင့် ခေါင်တုန့်စည်ရွာ ရပ်မိရပ်ဖများသို့ လွှဲပြောင်း
ပေးအပ်ခဲ့ပါသည်။
ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး one candle စေတနာရှင်လူငယ်များ
အဖွဲ့မှ ကိုထွန်းဝင်းလတ်က အလှူဖြစ်ပေါ်လာပုံအကြောင်းကို
ရှင်းလင်းပြောကြားခဲ့ပါသည်။ ခေါင်တုံစည်ရွာမှ
ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်အေးမှ
ဝမ်းမြောက်ကြောင်းစားပြန်လည်ပြောကြားပြီး အလှူရှင်များအတွက်
ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ပါသည်။ ထို့နောက်ဆရာတော်အား
ဝါဆိုသင်္ကန်းကပ်ပြီးနောက်ဆရာတော်မှလည်း ခေါင်တုန့်စည်ရွာလေး၏
ရာဇဝင်များနှင့် အလှူအတွက်ဝမ်းမြောက်ကြောင်းစကားမိန့်ကြားပြီးနောက်
ရေစက်ချ အမျှဝေကာ သာဓုခေါ်ဆိုခဲ့ကြပါသည်။
အလှူပစ္စည်းလွဲပြောင်းပေးအပ်ပွဲသို့ လာရောက်ကြသူများအား ဆရာတော်
ဦးကာလိန္ဒမှ ထမင်းဖြင့်ကျွေးမွေးဧည့်ခံခဲ့ပါသည်..။
ဆောက်လုပ်ဆဲ ခေါင်တုန့်စည်ရွာ စာသင်ဆောင်လေး အတွက် နောက်ထပ်လိုအပ်သော
ပစ္စည်းလေးများကိုလည်း မန္တလေးဂေဇက်မှာ ထပ်မံလှူဒါန်းဦးမည်ဖြစ်ကြောင်း
သိရှိရပါသည်။

26 comments

  • kotun winlatt

    July 31, 2012 at 7:57 am

    လေးပေါက်နဲ့ ကိုထူးဆန်းရေ..အလုပ်ရှုပ်နေမှာစိုးလို့ မေလ်းမပို့တော့ပဲ… ကျနော်ပုံတွေကို တင်လိုက်ပီနော်..
    စာကို ဒီထက်ပိုများများရေးချင်ပေမယ့်… စိတ်မချရတဲ့ ကွန်နက်ရှင်ကြောင့် ဒီလောက်ပဲ ရေးလိုက်ပါတယ်..
    နောက်ထပ်ပစ္စည်းတွေရောက်လာရင် လွဲအပ်ပွဲပုံလေးတွေကို ထပ်တင်ပေးပါ့မယ်….
    အလှူပစ္စည်းတွေအတွက် ခေါင်တုန့်စည်ရွာသားတွေက မျက်ရည်တွေပါ ကျကုန်တယ်ခင်ဗျ..သူတို့လို တောကျလွန်းတဲ့ ရွာလေးကို ဘယ်သူကမှ ဒီလောက်များများ မလှူကြဘူးလို့တဲ့ခင်ဗျ..
    အလှူဖြစ်မြောက်ဖို့ရာ ကြိုးပမ်းပေးခဲ့တဲ့ ကိုထူးဆန်း၊ အလှူပစ္စည်းဝယ်ယူပေးပို့ပေးတဲ့ လေးပေါက်နဲ့ ကိုပေ၊ အလှူငွေထည့်ဝင်ပေးကြပြီး ခေါင်တုန့်စည်ကျောင်းလေးအတွက် လှူဒါန်းကြဖို့ရာ သဘောတူညီပေးကြသော ဂေဇက်အဖွဲ့ဝင်များ အားလုံးကို ခေါင်တုန့်စည်ရွာသားများကိုယ်စား ကျနော်မှ ကျေးဇူးအထူး(အထူး)ပင် တင်ရှိပါကြောင်းခင်ဗျာ…
    ကွန်မန့်များကို နောက်မှ ကျနော်ရီပလိုင်းလုပ်ပါမည်.. ဒီနေ့ ကျနော်တို့ one candle အဖွဲ့ စာရေးကိရိယာအလှူ ခရီးရှိနေသည့်အတွက် သွားလိုက်ပါဦးမယ်ဗျို့…

    Reply

    • ရွာစားကျော်

      July 31, 2012 at 3:10 pm

      အလှူပစ္စည်းတွေအတွက် ခေါင်တုန့်စည်ရွာသားတွေက မျက်ရည်တွေပါ ကျကုန်တယ်ခင်ဗျ..သူတို့လို တောကျလွန်းတဲ့ ရွာလေးကို ဘယ်သူကမှ ဒီလောက်များများ မလှူကြဘူးလို့တဲ့ခင်ဗျ..

      ..
      သာဓု သာဓု သာဓုပါဗျာ.. comment လေဖတ်ပြီးမျက်ရည်တောင် ဝဲတယ်ဗျာ

      Reply

  • ဦးဦးပါလေရာ

    July 31, 2012 at 8:32 am

    မနက် ရွာဝင်ဝင်ချင်း တွေ့လိုက်ရတာ အလွန်မင်္ဂလာရှိတဲ့ ပိုစ့်လေးပါ ကိုထွန်းဝင်းလတ်ရေ..။
    ကျုပ်တို့ရွာသားတွေရဲ့ လူ့တာဝန် နိုင်ငံသားတာဝန် ကျေပွန်ခဲ့ကြတာမို့ ရွာသားတွေအတွက်လဲ ဂုဏ်ယူမိပါတယ်။
    ဒီမန်းဂေဇက်ဆိုက်ရဲ့ဂုဏ်သိက္ခာတိုးပွားမှုတရပ်အဖြစ်လဲ ဂုဏ်ယူပါတယ်။
    အချိန်ကုန်၊ ငွေကုန်၊ အပင်ပန်းခံပြီး လူသားလိုအပ်ချက်တွေ လိုက်ဖြည့်ဆည်းပေးခဲ့တဲ့ ကိုထွန်းဝင်းလတ်နဲ့အဖွဲ့ကိုလဲ ဂုဏ်ပြုပါကြောင်းဗျာ…

    Reply

  • ချစ်ရင်ထူး II

    July 31, 2012 at 8:36 am

    ဒါနဲ့ စကားမစပ် ကျွန်တော် တို့လျှူခဲ့တဲ့ အစုကြီး ဆေးရုံက ရာနှုန်းပြည့်ပြီးစီးသွားပြီး ပထမဆုံးဖွင့်မယ်လို့ ဆရာတော်ရဲ့ တရားထဲ တွေ့မိပါကြောင်း သူ့ရဲ့မွေးရပ်ဖြစ်တဲ့ သဲကုန်းက နောက်ဆုံးဖြစ်ကြောင်း ကြားသိရပါသည် ..

    သာဓု(၃)ကြိမ်ခေါ်သွားပါသည် ..
    ချစ်ရင်ထူး

    Reply

  • Gipsy

    July 31, 2012 at 8:37 am

    နံနက်စောစော အလှုူသတင်း ဖတ်ရတာ မင်္ဂလာရှိလိုက်တာဗျာ …
    ” အလှူပစ္စည်းတွေအတွက် ခေါင်တုန့်စည်ရွာသားတွေက မျက်ရည်တွေပါ ကျကုန်တယ်ခင်ဗျ..သူတို့လို တောကျလွန်းတဲ့ ရွာလေးကို ဘယ်သူကမှ ဒီလောက်များများ မလှူကြဘူးလို့တဲ့ခင်ဗျ..”
    ဟောဒီလို ရွာသားတွေရဲ့ စကားသံကြားမိလို့ ပီတိလဲ ဖြစ်ရပါတယ် …
    အလှုူမပါဝင်ဖြစ်လိုက်ရတဲ့ ရွာသူားတွေအတွက် အမျှပေးဝေပါတယ်ခင်ဗျာ..
    အမျှ.. အမျှ…အမျှ ..
    သာဓု…သာဓု…သာဓု….။

    Reply

  • ဥဥ

    July 31, 2012 at 8:53 am

    မနက်စောစော မင်္ဂလာရှိတဲ့သတင်းလေးဖတ်ရတာ စိတ်ရွင်လန်းဝမ်းမြောက်မိပါတယ်ဗျာ
    သာဓု သာဓု သာဓု

    Reply

  • ကြောင်ဝတုတ်

    July 31, 2012 at 8:57 am

    ဒီနေရာမှာ ကျွန်တော်တစ်ခုပြောချင်ပါတယ်…

    ပထမဆုံးကျေးဇူးတင်ထိုက်သူကတော့ ကိုထွန်းဝင်းလတ်ပေါ့ဗျာ… ကျွန်တော်တို့ရွာသူရွာသားတွေကို အခုလိုစေတနာသဒ္ဒါတရားတွေ ဖြစ်ပေါ်လာအောင် ဓာတ်ပုံလေးတွေရွာထဲမှာတင်ပေးတဲ့သူမို့ အရင်ဆုံးကျေးဇူးတင်လိုက်ပါတယ်…

    ဒုတိယအနေနဲ့ စေတနာထက်သန်စွာ အလှူငွေဝိုင်းဝန်းပံ့ပိုးပေးကြသော ရွာသူရွာသာများအားလုံးနဲ့ ဒီအလှူလေးဖြစ်မြောက်အောင် ဦးဆောင်ဦးရွက်ပြုကြသောသူများအားလုံးကို ကျေးဇူးအထူးတင်လျက်….

    ကြောင်ဝတုတ်

    Reply

  • မောင်ပေ

    July 31, 2012 at 8:58 am

    တစ်ကယ်တန်း လက်တွေ့ကျ ပြောရရင်
    ကိုထွန်းဝင်းလတ် လို နိဗ္ဗာန်ဆော်မျိုးက အများကြီးအပင်ပန်းခံ အနစ်နာခံ အချိန်အကုန်ခံပြီး ကူညီလုပ်ဆောင်ပေးလို့
    စေတနာသဒ္ဒါရှင်တွေရဲ့ ဆန္ဒတွေ အကောင်အထည်ပေါ်လာရတာပါ။

    Reply

    • htoosan

      July 31, 2012 at 10:39 am

      ကြောင်ဝတုတ် နဲ့ ကိုပေ ပြောသလိုပါဘဲ ။ ကိုထွန်းဝင်းလတ်တို့ ကျေးဇူး နဲ့ ဆန္ဒ တွေ အကောင်အထည် ပေါ်လာကြရတာပါ ။ အသုံးတည့်သူတွေ ထံ တိုက်ရိုက် ရောက်တဲ့ အတွက် အလွန်ကျေးဇူးတင် ဂုဏ်ယူ ဝမ်းမြောက် ပီတိဖြစ်ပါတယ် ။
      အလှုငွေ အဓိက ကောက်ခံပေးခဲ့တဲ့ လေးပေါက် ၊ ကိုအမတ်မင်း၊ ကိုရွှေတိုက်စိုး၊ ဘဘဘလက်၊ ဦးဦးပါလေရာ ၊ ရွာစားကျော် နှင့် ပါဝင်ခဲ့သူများအားလုံး၊ အချိန်မဆိုင်းချက်ခြင်းဈေးနုန်းစုံစမ်းပေး ၊ဝယ်ယူပေးခဲ့တဲ့ လေးပေါက်၊ကိုပေ တို့ နှင့် တကွ ယုံယုံကြည်ကြည် လှုဒါန်းကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းထပ်လောင်းပြောခွင့်ပြုပါခင်ဗျာ။

      Reply

      • htoosan

        July 31, 2012 at 11:06 am

        :mrgreen: ထိုင်ခုံ နဲ့ စားပွဲတွေပါ ထပ်လှုလိုက်ရင် ပြည့်စုံတဲ့ ကျောင်းလေးဖြစ်သွားမှာပါ ။ အလှုခံတာ မဟုတ်ဘူး နော် ။ သဒ္ဒါပေါက်ရဲ့သားနဲ့ မသိလို့ မလှုလိုက်ရဘူး ကထူးဆန်းတို့ ကမပြောဘူး ဖြစ်မှာ စိုးလို့ အသိပေးတာ .. :mrgreen:
        အရာကြီး နဲ့ ကုလားကြီး အတူတူ ကိုများ … 😀

        Reply

  • aye.kk

    July 31, 2012 at 8:58 am

    ကိုထွန်းဝင်းလတ်ရေ…
    မင်္ဂလာနံနက်ခင်းမှာ…
    ကျက်သရေအပေါင်း…
    ခညောင်းပြည့်စုံသွားပါ၏…။
    ပညာရေးအတွက်…
    မွန်မြတ်လှပါသောကုသိုလ်ဒါနအလှူအား….
    ဓါတ်ပုံနှင့်စာအားဖတ်ရှူ ့မြင်တွေ ့ရသည့်အတွက်…
    လွန်စွာကျေးဇူးတင်ရှိမိသည့်အပြင်…
    ဂေဇက်ရွာသူားများနှင့်အတူတကွ…..
    ထပ်တူထပ်မျှ၊ဝမ်းသာကျေနပ်
    နှစ်ထောင်းအားရပီတိဖြာမိရပါကြောင်းပြောပြလိုက်ပါရစေရှင့်။။

    Reply

  • မမ အညာသူ

    July 31, 2012 at 9:12 am

    မင်္ဂလာရှိသောပုံလေးတွေပါ
    ခုလိုမနက်ခင်းလေးမှာဒီလိုပုံလေးတွေမြင်ရတာတကယ်ကိုကျေနပ်မိပါတယ်
    ခုလိုတင်ပြပေးတာကျေးဇူးအထူးတင်ပါတယ်ရှင်

    Reply

  • etone

    July 31, 2012 at 9:47 am

    အရမ်းကို ကျက်သရေရှိလိုက်တာ ….
    ရွာထဲဝင်ဝင်ချင်း ပို့စ်သတင်းလေးဖတ်လိုက်ရတာ … ကြက်သီးထမိလောက်တဲ့အတိ ဝမ်းသာပီတဖြစ်ရပါတယ် … ။ ရွာသူရွာသားတွေရဲ့ …အချင်းချင်း အပြန်လှန်ယုံကြည်မှုနဲ့ …. စေတနာအားကတော့ တကယ့်ကို အံ့မခန်းပါပဲ … ။ ကိုထွန်းဝင်းလတ်ရေ .. သာဓုလည်းခေါ်ပါတယ် … စိတ်အားထက်သန်မှုကိုလည်း ချီးကျူးမိပါတယ် … ။

    Reply

  • shwe kyi

    July 31, 2012 at 9:58 am

    ခေါင်တုန့်စည်ရွာသားတွေက မျက်ရည်တွေပါကျကုန်တယ်တဲ့။
    ဝမ်းသာမျက်ရည်မို့ ပီတိဖြစ်ရင်းဂရုနာသက်မိပါတယ်။
    အလှူအတွက် ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ပါတယ်ရှင်။

    Reply

  • Khaing Khaing

    July 31, 2012 at 11:30 am

    အလှူအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးသူအားလုံးကိုယ်စား လေးစားသာဓုခေါ်မိပါသည် ……..

    Reply

  • အပိုအလုပ်ရှုပ်တာတွေအတွက်
    စကားတွေအချီအချပြောနေကြနေရတာထက်စာရင်
    ဒီလိုအလှူမျိုးမှာ ပိုမိုဆောင်ရွက်ပေးချင်စိတ် များသထက်ထက်များလာပါတယ်။
    ဒီလိုအလှူအတွက်ဆိုရင် မန်းလေးမြို့နဲ့ပါတ်သက်တာမှန်သမျှ ကျနော်က အကူအညီပေးဖို့
    အဆင်သင့်ပါဘဲ။

    Reply

    • Khaing Khaing

      July 31, 2012 at 2:40 pm

      လေးပေါက်တို့ကတော့ တကယ်ချီးကျူးလောက်ပါတယ် ….. တော်တော်ကို သွားနိုင်လာနိုင်တယ် … ရန်ကုန်မှာ မိုးရွာပေမယ့် မန်းလေးမှာ မိုးမရွာဘဲ နွေခေါင်ခေါင်လိုပူနေတာတောင် အလုပ်တဖက်နဲ့ နေ့မအား ညမအားလုပ်ပေးနိုင်တယ် …… ရှေးကုသိုလ်ကံက ကောင်းတာလည်း ပါမယ်ထင်ပါတယ် … သမီးဆို အခုခရီးလေး ခဏထွက်တာ ပြန်ရောက်တဲ့နေမှာ အိပ်လို့ကို မဝဘူး ………

      Reply

  • Ma Ei

    July 31, 2012 at 3:31 pm

    ပီတိဖြစ်မိပါတယ်…
    တစ်ကယ်လိုအပ်တဲ့ နေရာလေးဖြစ်နေပြီး
    ခေါင်းစဉ်ခွဲလေးနဲ့ လှူရတာကြောင့်
    အလှူငွေ အနည်းဆုံးဖြစ်နေတာကိုတော့
    စိတ်မကောင်း ဖြစ်မိပါတယ်…

    Reply

  • ပင်လယ် ပျော်

    July 31, 2012 at 4:07 pm

    ဦးဆောင်ပြီး ပြုလုုပ်ပေးကြသောသူများနှင့် ပူးပေါင်းပါဝင်ကြသောသူများကြောင့် လိုအပ်သူများပြည့်စုံရသလို သိ မြင် ကြား ရသူများလည်းမေတ္တာပွားရပါသည်….Mandalay Gazette ရဲ့ဂုဏ်သတင်းကလည်းမွှေးပျံကျော်ဇော လာပါသည်…..အားလုံးကိုလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်……..

    Reply

  • kotun winlatt

    July 31, 2012 at 5:01 pm

    လာရောက်ကြည့်ရှု့ပြီး ကွန်မန့်များပေးကြသော သူငယ်ချင်ေးတွအားလုံးကို ကျေးဇူးတင်ပါတယ်…
    မနေ့ကတော့ တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်…တိုက်ဆိုင်တာ တစ်ခုက ဆရာတော်ရွေးလိုက်တဲ့
    အလှူရက်ဟာ ကျနော့်ရဲ့ ၃၂ နှစ်ပြည့် မွေးနေ့ဖြစ်နေတာရယ်… နောက်တစ်ခုက အင်တာနက်အသုံးပြုပြီး
    ပရဟိတအလုပ်တွေ လုပ်နိုင်တဲ့အကြောင်းလေးတွေရယ်…..ကျနော်တို့တိုင်းပြည် အနာဂတ်ကောင်းအောင် ကလေးတွေ အရေးကြီးတဲ့ အကြောင်းတွေရယ်… မမြင်ဘူးကြပေမယ့် စေတနာထက်သန်စွာ လှူဒါန်းပေးကြတဲ့ ဂေဇက်ရွာအကြောင်းတွေရယ်ကို ပြောပြခွင့်ရတဲ့ အတွက်…အလွန်ကြည်နူးဝမ်းမြောက်ခဲ့ရတဲ့ အလှူပွဲလေးဖြစ်သလို ဘဝမှာ အမှတ်တရ မွေးနေ့လေးတစ်ခု
    ဖြစ်သွားခဲ့ရတာကို အမြဲ အမှတ်ရနေမှာပါခင်ဗျာ….
    အားလုံးကို ခင်မင်လေးစားလျှက်…
    T.W.L

    Reply

  • MaMa

    July 31, 2012 at 6:35 pm

    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်သွားပါတယ်။
    အလှူဓာတ်ပုံလေးတွေကို တွေ့ရတော့ ကိုယ်တိုင်ကိုယ်ကျ သွားလှူလိုက်ရသလို ခံစားရတယ်။
    ရွာသူရွာသားတွေ ဝမ်းသာကြတယ်လို့ ရေးထားတာကိုတွေ့လိုက်ရတော့ ပိုပြီး ဝမ်းသာသွားရတယ်။ [:)]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    Reply

  • အရီးခင်လတ်

    July 31, 2012 at 7:27 pm

    ကျွန်မ လဲ ဝမ်းသာဝမ်းနဲ ခံစားရပါတယ်။
    သာဓု၊ သာဓု၊ သာဓုပါ။
    ကိုထွန်းဝင်းလတ် နဲ့ အဖွဲ့ ကို လဲ ကျေးဇူးတင်ပါတယ်။
    ဂေဇက် ကိုယ်စားပြု လုပ်ဆောင်ပေးသူ များ ကိုလဲ ကျေးဇူးတင်ပါတယ်။
    ပိုပြီး အောင်မြင် ကြပါစေ။ 🙂

    Reply

  • htet way

    August 1, 2012 at 12:25 pm

    ကိုထွန်းဝဝ်းလတ်ရေ
    ကျွန်တော်ဂျာနယ်မှာ သတင်းရေး ပေးချင်တယ် ဗျာ
    ကျွန်တော့်တို့ မန်းဂေဇက်ရဲ့ ဆောင်ရွက်ချက်ကို အများသိစေချင်တယ်
    ခင်ဗျား ခွင့်ပြု မယ်လို့ လည်း ထင်ပါတယ် ဓါတ်ပု့ လည်း သုံး မယ်ဗျာ..နော့

    Reply

  • mayjuly

    August 1, 2012 at 12:52 pm

    နောက်ထပ်နောက်ထပ် အလှူများကိုလည်း မျှော်လင့်နေမိပါတယ် …

    ဦးဆောင်နိုင်သူတွေ အားလုံးကို လည်း လေးစားဂုဏ်ယူပါတယ်ဗျာ …

    Reply

  • mamanoyar

    August 1, 2012 at 1:05 pm

    အလှူအတွက် သာဓုခေါ်ပါတယ်ရှင်
    မြင်ရတာ တကယ်ကို စိတ်ချမ်းမြေ့စရာကောင်းပါတယ်

    Reply

  • kotun winlatt

    August 1, 2012 at 5:00 pm

    ကိုထက်ဝေးရေ…
    ခွင့်ပြုပါတယ်ဗျာ….ယူနိုင်ပါတယ်….ဓာတ်ပုံတွေရော..
    ဂေဇက်အကြောင်းကို အားလုံးသိစေချင်တယ်ဗျ..
    တစ်ချို့ကပြောနေကြတာကို မခံချင်ဘူးးး
    အွန်လိုင်းးးးဖွန်လိုင်းဆိုပြီးးးးးး
    ဒါဟာ..မဟုတ်မှန်တဲ့အကြောင်း သက်သေပြလိုက်စမ်းပါဗျာ….။
    မေဂျူလိုင်နဲ့ မမနိုရာရေ..
    လာရောက်အားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ..
    ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းးးးးးးး

    Reply

Leave a Reply

Your email address will not be published.