“တောင်သမန်အင်းရဲ့အရှေ့ဖက်ခြမ်းက ………………ံ” ရတနာပုံတက္ကသိုလ်ရဲ့ရှေ့ကဖြတ်ပြီး အနောက်ဘက်လမ်းကလေးအတိုင်းလာခဲ့ကြပါတယ်။ လမ်းကလေးက သစ်ပင်တွေနဲ့အုပ်အုပ်ဆိုင်းဆိုင်း။ အချိုးအကွေ့လေး နှစ်ကွေ့လောက်ကွေ့ပြီးတဲ့အခါ စည်ကားလှတဲ့ဈေးဆိုင်တန်းတွေကိုမြင်ရ။ ကျနော်ဒီနေရာလေးကိုမရောက်တာလေးနှစ်လောက်ရှိပါပြီ။ အရင်က အကြော်ဆိုင်လေးတစ်ဆိုင်နှစ်ဆိုင်နဲ့ချောက်တီးချောက်ချက်။ အခုတော့ အလွန်အမင်းစည်ကား။ ဆိုင်ကပ်အပ်ဘို့ ဆိုင်ကလဲ အဆင်သင့်။ တစ်စီးမှာငါးရာထဲပါ။ ဆိုင်ကယ်အပ်ခကိုဘိုသော့ကပေးလိုက်ပါတယ်။ အနောက်ဘက်တံတားရှိရာကိုဆင်းလိုက်တဲ့အခါရေပြင်ကြီးကိုမြင်ရပါတယ်။ ဟိုအရင်က ကမ်းစပ်မှာထိုင်စားဘူးခဲ့တဲ့အကြော်ဆိုင်လေးတွေလဲရေမြုတ်လို့နေ။ တံတားပေါ်ရောက်ရောက်ခြင်း ရွှေရောင်လက်နေတဲ့ရေပြင်ကို တစ်ချက်ဆွဲလိုက်ပါတယ်။ တံတားပေါ်မှာလူအပြည့်။ ရေထဲမှာတော့ “ငှက်”လေးတွေက လူးလာခတ်။ ကျန်တဲ့အရပ်တွေမှာတော့ လှေလို့ခေါ်ပေမယ့် ဒီအရပ်မှာတော့ “ငှက်”လို့ခေါ်ပါတယ်။ သာမန်လှေတွေနဲ့မတူ လှေဝမ်းက ခပ်ကားကား။ လူတစ်ယောက်ထဲက လှေဝမ်းအလည်ခေါင်မှာရပ်လို့ တက်နှစ်ချောင်းနဲ့တစ်ပြိုင်တည်းလှော်ပါတယ်။ လှေသမှားကိုလဲ ငှက်သမားလို့ခေါ်ပါတယ်။ တံတားပေါ်လဲရောက်သွားရော ဘိုသော့နဲ့ကျနော် တစ်ကွဲတစ်ပြားစီ။ […]
