“တိမ်တွေကြောင့်ပိုလှနေတဲ့ အောင်ပန်းမြို့ကလေး” အောင်ပန်းရောက်ရင် ကျနော် ရူ့ခင်းသာမှာဘဲ တည်းလေ့ရှိပါတယ်။ အောင်ပန်းနဲ့ ပင်းတယ ကလောလမ်းဆုံနားမှာရှိပါတယ်။ အဲဒီက ဝန်ထမ်းကလေးတွေသဘောကောင်းတာရယ် သန့်ပြန့်တာရယ် နောက်ဈေးနဲ့နီးတာရယ်ကြောင့်ပါ။ နောက်အဲဒီ ဟိုတယ်က အပေါ် ထပ်ကို ကျနော်ဓါတ်ပုံတက်ရိုက်တာကို စိတ်တိုင်းကျ ရိုက်ခွင့်ပြုထားလို့တည်းတာလည်းပါပါတယ်။ ကျနော်အောင်ပန်းကိုရောက်တဲ့ညနေမှာဘဲ မိုးသားတွေတက်နေတာကြောင့် တိမ်တွေက ညို့မှောင်မှောင်။ ဒါပေမယ့် အပြာရောင်လေးတွေက လဲ တစ်စွန်းတစ်စ စွန်းထင်းလို့နေပါတယ်။ တိမ်တောင်ထုတွေကလဲ အဖြူအပြာရောလို့ ကောင်းကင်မှာ ထောင်တက်နေပါတယ်။ သိပ်မကြာခင်လေးမှာဘဲ အလင်းစတွေရုပ်သိမ်းလို့ တိမ်တွေကလဲ တောင်တန်းနောက်ကိုပြေးဝင်ပါတော့တယ်။ နေဝင်ခါနီးမှာတော့ တိမ်အဖြူက အပေါ်က ပုစွန်ဆီရောင်အလင်းများက အနားသတ်နေပုံကတကယ်လှပ။ ကျနော်ကတော့ တိမ်တွေကိုနှစ်သက်သူဆိုတော့ အောင်ပန်းမြို့ကို […]
