ခင္ခOctober 16, 20121min026
အိမ်ထောင်သည် အမျိုးသမီးများ နှုတ်ဆိတ်နေခြင်း နှင့် ရလာဒ်။ မိန်းမတွေက မွေးရာပါ ပျစ်တောက်ပျစ်တောက်တွေ ဖြစ်တယ်။ ပစိပစပ်များတယ်။ ဒါပေမယ့် အချစ်မှာ၊ တစ်ချို့အခြေအနေမှာ နှုတ်ပိတ်နေတာက အကောင်းဆုံးဖြစ်တယ်။ “silence is golden” ဆိုသလို တစ်ခါ တလေမှာ နှုတ်ဆိတ်နေခြင်းက သင့်ကို အကောင်းတွေ သယ်လာပေးနိုင်ပါတယ်။ မကြာမှီ သတင်းကျွတ်လို့ ဝါကျွတ်ပြီမို့ အိမ်ထောင်ပြုမယ်လို့ ရည်ရွယ်သူများနဲ့ အိမ်ထောင်ပြုပြီး ဇနီးမောင်နှံများအတွက် ရှာဖွေ စုဆောင်း ထားတာလေးတွေ ထဲက ကောက်နုတ်ခါရေးပေးမယ်ဗျာ။ (၁) သူ မီးဖိုချောင် ဝင်တဲ့အခါ အမျိုးသမီးတွေသည် မီးဖိုချောင်က ကိုယ့်နယ်ပယ်လို့သတ်မှတ်ပြီး မီးဖိုချောင်ဝင်သူတိုင်းကို ကိုယ်အမိန့်ပေးလို့ ရတယ်လို့ မသတ်မှတ်ပါနဲ့။ သူစိတ်ပါလို့ မီးဖိုချောင်ဝင်တဲ့နေ့မှာ လိမ္မာပါးနပ်တဲ့သင်က ဟင်းရွက်ဆေးကူ၊အိုးခွက် ပန်းကန်ပေးရုံကလွဲရင် တစ်နေရာကို ရှောင်နေလိုက်ပါ။ […]


  ဒီနေ့ မဝေ မွေးနေ့မှန်းသိလိုက်ရပါတယ် အတော်နောက်ကျမှသိရတော့ မွေးနေ့လက်ဆောင်လဲ နောက်ကျသပေါ့ ကျနော် မဒမ်ပေါက် နဲ့ မဝေတို့အကြားမှာ ခင်မင်သော မိတ်ဆွေ အဖြစ်နဲ့ အမှတ်ရစရာတွေများကြီး မန်းလေးမှာ ကော်နက်ရှင်မကောင်းတဲ့အချိန် မဝေ ကျနော်ကို ကူညီတာတွေက မမေ့နို်င်စရာ ကျနော်ဓါတ်ပုံတင်မတင်တတ်ချိန် သင်ပေးတာကလဲ ချန်ထားလို့မရ ကဲ  ဒါတွေထားလိုက်တော့ အမြဲတမ်း ပျော်ရွှင်စရာကောင်းသောအဖြစ်တွေကိုသာဆုံတွေ့နိုင်ပါစေလို့ ကိုပေါက်နဲ့မဒမ်ပေါက်က ဆုတောင်းရင်း မွေးနေ့လက်ဆောင်ဓါတ်ပုံလေးပေးလိုက်ပါတယ်။   ခင်သော ကိုပေါက်(မန္တလေး)


ခင္ခOctober 16, 20121min015
စေတနာအဟုုတ်နဲ့ အမှန်လုုပ်ပါ လူအချို့ဟာ အတော်များများ အလုုပ်လုုပ်တဲ့အခါ ဟန်ပြလုုပ်တာတွေ၊ ဟန်ဆောင်လုုပ်တာတွေကို လုုပ်ပြလေ့ ရှိတတ်ပါတယ်။ စေတနာ မပါဘဲ သူများအထင်ကြီးအောင်၊ သူများလေးစားအောင် လူရှေ့သူရှေ့ ဟန်ဆောင် လေ့ ရှိတတ်ပါတယ်။ ဒါဟာ အမှန်ပြယုဂ်မဟုုတ်ဘဲ ဟန်ဆောင်သရုပ်သာ ဖြစ်တဲ့အတွက် အချိန်တန်တော့ လည်း သူ့အလုိုလုို လဲသွားကြတော့တာ ဖြစ်ပါတယ်။ အမှန်တော့ ကုိုယ်လုုပ်တဲ့အလုုပ်ဟာ သူများအထင်ကြီးဖုို့၊ သူများချီးကျူးခံရဖုို့ အဓိကမကျပါဘူး။ ကုိုယ့်စေတနာ မှန်ဖုို့ပဲ အရေးကြီးလှတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုုပ်တွေမှာ စေတနာမှန်နဲ့သာ လုုပ်သွားကြမယ်ဆိုရင် ဘယ်သူ အထင်ကြီးကြီး မကြီးကြီး၊ ဘယ်သူလေးစားစား မစားစား ကုိုယ့်ကုိုယ်ကိုတော့ ကုိုယ်ကုိုယ်တုိုင် အထင်ကြီးလေးစားနုိုင်တာ ဖြစ်ပါတယ်။ ကုိုယ့်ကိုယ်စောင့်နတ်နဲ့ သူတော်ကောင်းတွေကတော့ သာဓုု ခေါ်နေ ကြမှာ ဖြစ်ပါတယ်။ အဓိကကတော့ စေတနာ […]


ムラカミOctober 16, 20121min015
ရန်ကုန်မြို့ ၊ အင်းယားကန်ဇောင်း တွင်ဖြစ်သည်။ ဘူးသီးကြော်ရောင်းသော အကြော်သည်ဦးလေးကြီးသည် သူ၏ ဆိုင်ကို တပည့်၂ယောက်နှင့် လွှဲထားခဲ့ပြီး မလှမ်းမကမ်းသို့ ထွက်လာခဲ့သည် ။ ထို့နောက် ဘေးဘီကို ကြည့်ကာ ခါးကြားမှ ဟန်းဖုန်းကိုထုတ်၍ ပြော ကိုဘလက် ..ဘယ်ကို လာခဲ့ရမလဲ …။ ဟုတ်ပါသည် သိုးမည်းဂိုဏ်းချုပ် လူသူတော် ဦးကြီးမိုက် ပင် ဖြစ်သည်။ ဆက်သွယ်ရေး တာဝန်ခံ ဂိုဏ်းထောက်ချုပ် ကိုဘလက်ဆီမှ အချိန်း အချက် ဖုန်းဝင်လာခြင်းဖြစ်၏။ သူတို့ ဂိုဏ်းသည် ရှေးယခင် စိန့်တိုင်းမှ ဝူတန်း ရသေ့ဂိုဏ်း မှ ဆင်းသက်လာကြောင်း ပြောစမှတ်ရှိပေသည်။ ဘာသာ ရေမြေ ယဉ်ကျေးမှု ကွာခြားသောကြောင့် ရသေ့မဝတ်ကြသော်လည်း လူသူတော် များ အဖြစ် နေထိုင်ကာ အရက်သေစာ […]


jullies cezerOctober 15, 20121min06
(၁) တစ်ခါက အလွန်ဝေးလံခေါင်ဖျားသောရွာလေးတစ်ရွာတွင် မောင်လှနှင့်မောင်မြ သူငယ်ချင်းနှစ်ယောက်ရှိလေသည်။ တစ်နေ့တွင် မောင်လှမှာ ရန်ကုန်မြို့သို့အလုပ်သွားလုပ်သဖြင့် သူငယ်ချင်းနှစ်ယောက်မှာကွဲကွာသွားကြလေသည်။ နှစ်အနည်းငယ်ကြာသောအခါ မောင်လှမှာ အဆင်ပြေပြေဖြင့်ရွာသို့ပြန်လာပြီး သူငယ်ချင်းမောင်မြအားလာတွေ့လေသည်။ ပြီနောက်သူငယ်ချင်းအား ရန်ကုန်မြို့သို့အလည်ခေါ်ရာ လမ်းတွင် မောင်လှမှ မောင်မြအား “သူငယ်ချင်းမောင်မြ မင်းကို ငါမြို့ရောက်ရင် ဖာလူဒါဝယ်တိုက်မယ်သိလား အရမ်းအရသာရှိပြီးသောက်လို့ကောင်းတယ်ကွ” မောင်မြမှာ “ဟုတ်လားသူငယ်ချင်း စားရချည်သေးရဲ့” ဒီလိုနှင့်မြို့ရောက်သောအခါ မိုးများသည်းထန်စွာရွာသွန်းသဖြင့် မိုးအေးသောကြောင့်အအေးဆိုင်များမှာမဖွင့်ချေ။ မောင်လှ ခမျာ မောင်မြဆာနေမည်စိုးသဖြင့် အနီးနားတွင်အသင့်ရောင်းနေသော အမဲအူပြုတ်အားမောင်မြအားဝယ်ကျွေးလေသည်။ ထိုအခါ မောင်မြ မှ မောင်လှ အားပြောလိုက်သည်မှာကား….. ” မင်းတို့မြို့က ဖာလူဒါကလဲကွာ ငါတို့ရွာက အမဲအူပြုတ်အတိုင်းပဲ ” တဲ့ ။ (၂) တစ်ခါက ရွာတစ်ရွာတွင်မြေးအဖိုး နှစ်ယောက်ရှိလေသည် ။ မြေးဖြစ်သူမှာမြို့သို့ မကြာခဏ သွားရောက်အလုပ်လုပ်ကိုင်သဖြင့် […]


ကထူးဆန္းOctober 13, 20121min024
မြင်ကွင်း (၁) ကထူးဆန်း . ဒီမယ် ကျွန်မပြောမယ် ။ ကျွန်မက စည်းကမ်းလိုက်နာမှ ကြိုက်တာ ။ ကားကို သတ်မှတ် မိုင်နုန်း အတိုင်း မိုင် ၃ဝ ထက် ပိုမမောင်း နဲ့ ။ မှတ်ထားနော် ။ ဟာရီရာကားသစ်ကြီးမောင်းလာသော ယာဉ်မောင်း အသစ်ချပ်ချွှတ် ကထူးဆန်း ကားနောက်ခန်းမှ ထွက်ပေါ်လာသော ဒေါ်ပဒုမ္မာ အသံကြောင့် လန့်သွားသည် ။ မိုင်ခွက်ကို ကမန်းကတန်းပြန်ကြည့်လိုက်သည် ။ အရှိန်ပြဒိုင်ခွက် တွင် ကီလိုမီတာ ၈ဝ ပြနေသည် ။ သတ်မှတ် မိုင်နုန်းက မိုင် ၃၀။ ယခု ပြနေတာက ကီလိုမီတာ ၈ဝ ။ ဒါဆိုရင် နှေးတာလား မြန်တာလား ။ […]


                          လာပါဦး ……..   အဲလေ… ယောင်လို့ …… ဟိုဒင်း… စိတ်မရှိကြပါနဲ့ ဗျာတို့ …. ကျုပ်က အကြော်စုံလို ဗန်းထဲထည့်ရောင်းနေတာမဟုတ်ရပါဘူး….. ကွက်ရှင်ထုတ်နေတာပါ…. မေးကြည့်နေတာပါ….. ဘယ်သူ့ကိုမေးတာလဲ…ဟုတ်လား? ဘယ်သူရှိရမလဲဗျာ… ယောက်ျားလေးတွေကိုပေါ့….. မြန်မာပြည်က ယောက်ျားလေးတွေကိုပေါ့…. ဘာဖြစ်လို့လဲဆိုတော့  ကျုပ်လဲ အခုလို အဖိုးကြီးမဖြစ်ခင်က ယောက်ျားကြီးဖြစ်ဖူးပါတယ်.. အဲသည် ယောက်ျားကြီးမဖြစ်ခင်ကလဲ ယောက်ျားလေး ဖြစ်ဖူးလို့ အခုလိုဝါကျွတ်ချိန်နီးလာတိုင်း သူတကာက မထိတထိ ကလိတိတိမေးကြတာလေးတွေကို မချိသွားဖြဲနဲ့ ဆင်ဝှေ့ရန်ရှောင်ဖြေရင်း လူပျိုကြီးဘဝနဲ့ ဆယ်ဝါကျော်အောင်ဆိုခဲ့ရဖူးပါတယ်။ အဲတော့ ကိုယ်ချင်းစာတယ်ပေါ့….။ ဒါတောင်စကားအဖြစ်ပြောရတာ… ကိုယ်ချင်းစာတယ်ဆိုရအောင် ကိုယ့်အခြေအနေထက်ဆိုးတာ […]


တောက်စ်… (အရီးလတ် တောက်ခေါက်သံ မဟုတ်ပါ)။ ဂေဇက်ရွာ သူရဲကောင်း ကြောင်ကြီး၏ မချိတင်ကဲ ဝမ်းခေါင်းတွင်းမှ ထွက်ပေါ်လာသံဖြစ်သည်။ သူ့အား လဒငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်ရန် စီစဉ်နေကြောင်း ရပ်သိရွာသိ ဟိုးလေးတကျော် ဖြစ်ထားပြီးမှ ဥလောဘအဖွဲ့အား ပေးလိုက်သောကြောင့်ဖြစ်သည်။ မပေးချင်လဲ မပေးပါနဲ့လား၊ အခုတော့ ဆန်ကာတင် ငါးယောက်ထဲ ပါသလေး ဘာလေးနှင့် အခုတော့ အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်ရပြီ။ ကြောင်ကြီးခါးတွင် ပစ္စတိုမချိတ်ထား၍လော သို့တည်းမဟုတ် အဘအစား သမဒဂျီး ဟု လေစားသမှု ခေါ်ဆိုခြင်းကို အရာကျပြီး မှတ်ထင်မှား၍လော၊ ဘာလော ညာလော မာရှယ်လောလောက် မနိပ်တော့သည်မှာတော့ ဧကန်ဖြစ်ကြောင်း ယခုပင် မြက်ဝါးထင်ထင် တွေ့မြင်ရပြီ မဟုတ်ပါလော။ ထို့ကြောင့် ခြံထဲမြက်အပြောင် မရှင်းသူ လုံခြုံရေးမှူး မှိုဗူးကြီးအောင်ပုအား […]


ခင္ခOctober 12, 20121min021
နေတတ်အောင် ကြိုးစားကြည့်ခြင်း ********************** တစ်ချို့က တစ်ယောက်တည်းဆုိုရင် မနေတတ်ဘူး။ တစ်ချို့က အများနဲ့ဆုို မနေတတ်ဘူး။ တစ်ချို့က တစ်ယောက်တည်းနေလည်း ပြဿနာဖြစ်တယ်။ အများနဲ့နေလည်း ပြဿနာ ဖြစ်တယ်။ ဘယ်မှာ ဘယ်သူနဲ့ နေနေ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကုိုယ့်ကုိုယ်ကုို ပြုပြင်မှု၊ ကုိုယ့်စိတ်ကို ဆင်ခြင်မှု အားနည်းလုို့ပဲဖြစ်ပါတယ်။ တကယ်တော့ ဘဝမှာ အထီးကျန်ခြင်း၊ မကျန်ခြင်းဆုိုတာဟာ အမြဲပြောင်းလဲနေတဲ့ လောကဓံ သဘောပဲ ဖြစ်တဲ့အတွက် တစ်ယောက်တည်းရှိနေလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်သလုို၊ အများနဲ့ဆုိုလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ နေတတ်အောင် ကြိုးစားတယ်ဆုိုတာက အပြစ်မဖြစ်အောင် ထိန်းသိမ်းနေထုိုင်းခြင်းပဲ ဖြစ်ပါတယ်။ ကုိုယ့်စိတ်နဲ့ကုိုယ့်ကုို ကုိုယ့်အလုိုအတိုင်း မဖြစ်ခဲ့ရင်လည်း အကုုသုိုလ် မဖြစ်အောင် ကြိုးစားပြီး သတိနဲ့ နေထုိုင်ကြည့်ခြင်းမျိုးပဲ […]


ムラカミOctober 12, 20121min014
နှလုံးသားထဲ ကြွက်ဝင်နေတယ် မကြည်ပြာ … မခြစ်မိလို့ သေသွားတဲ့လူမရှိဘူး ခြစ်မိလို့ အစင်းထင်သွားတဲ့လူပဲရှိတယ် ..ကဲကဲ … ကိုရဲ သွားမယ်… အဲ့သည့်လိုပြောပြီးသကာလ ဘောက်ဆတ်ဆတ် ထထွက်သွား သူကတော့ ပိုစ့် မော်ဒန် သိုင်းလောကရဲ့ သိုင်းအကျော်အမော် တစ်ယောက်ဖြစ်သူ သံမဏိကျောက်သင်ပုန်း ကိုရဲပေပါ ဖြစ်သည်(စည် နဲ့ ပေပါ ဘာကွာတာလိုက်လို့..အာဟိ..) သူ့အကြောင်း မိတ်ဆက်ပေအံ့ သူသည် သာမန်အားဖြင့် သဘက်ကလေး ပုခုံးပေါ်တင်ကာ အနေအေးလှသော်လည်း သူစိတ်တိုလျင် အလွန်ကြောက်ဖွယ်ကောင်းလှသည် ။ သူ၏ လက်နှက်မှာ အောစု တံဆိပ်တပ် သံမဏိ ကျောက်သင်ပုန်းပင်ဖြစ်သည်။ မုန်တိုင်းဆင်သကဲ့သို့ ကျောက်သင်ပုန်းသံ တဝှီးဝှီးပေးပြီး တိုက်ခိုက်တတ်သူဖြစ်သည်။ သူ၏ သိုင်းပညာမှာ ပြင်းထန်သလို ယနေ့ခေတ်တွင် တတ်မြောက်သူ အလွန်ရှားပါး သွားပြီဖြစ်သည့် ရှေးပဝေဏသီ က […]


မြန်မာနိုင်ငံဒေါ်ဂျီးတွင် တက္ကသိုလ်ဝင်ခွင့် အမှတ်များ ထုတ်ပြန်လိုက်ရာ ရေကြောင်းတက္ကသိုလ် ဝင်ခွင့်သည် အခြားထိပ်တန်း အင်စတီကျူဂျီး များနှင့်တန်းတူ ထိပ်ဆုံးမှဖြစ်သည်။ သို့သော် မြန်မာပြည် တက္ကသိုလ် ဝင်ခွင့် သတ်မှတ်ချက်မှာ ၂၁ရာစု စံနှုန်းဖြင့်ဆိုသော် ခေတ်နောက်ကျ နေပေသည်။ အဆင့်မြင့် ပညာရေးဆိုသည်မှာ အတန်းပညာသာမက လူမှုဆက်ဆံရေး၊ တီထွင်ကြံဆမှု၊ ခေါင်းဆောင်နိုင်စွမ်း၊ အတွေးအခေါ် အမျှော်အမြင်ရှိမှု စသည်တို့ ပါဝင်ရ၏။ တနည်းဆိုရသော် မှတ်ညဏ် ဖြတ်ထိုးညဏ် အိုင်ကြူသာမက ဘဝရှင်သန် ရပ်တည်စွမ်း အီးကြူနှင့်လည်း သက်ဆိုင်သည်။ ဒါတွေကို ပညာရေးဌာန ဝံဂျီး ဝံဂလေး လူဂျီးမင်းများ လိုက်မမှီပေ၊ သူတို့၏ ညဏ်တထွာတမိုက် စပါးလုံးတထောက် အသိလေးဖြင့် လမ်းဟောင်းဆက် ကြိတ်နေကြသည်။ ဤသည်ကို မကြည့်မမြင် မခံစားနိုင်သဖြင့် နိုင်ငံကျားပျံ ဒေါက်တာ မဏိဇောတ […]


ေမာင္ရိုးOctober 12, 20121min021
တစ်နေ့သ၌ …..ဂဇက်ရွာ၏ အထူးစုံစမ်းစစ်ဆေးရေး ရုံးခန်းတွင်းရှိကုလားထိုင်ပေါ်တွင် ငိုက်မြည်းနေရင်း ကျွန်ုပ် ဆားပုလင်းဆာမိ မှာအထူးပင်ဇိမ်ကျ၍နေပေရာ   ရာသီကပူ …ကြွေးကထူ ၊ ချစ်သူကမုန်း ဖဲကရှုံး ….ယူကြုံးမရ …အီးထွက်ကျ ..ဆိုသလိုပင် ကိုယ့်ဘဝကိုယ် အားမရခြင်းဖြင် ့ အပျင်းကြီးနေလေ တော့သည် ။ ရွာကြီးကား…အထူးငြိမ်သက်လျှက်ရှိသည် ။ ကျွန်ုပ်၏အတွေ ့အကြုံအရ ငြိမ်သက်ပြီးပါက လှိုင်းတံဘိုးထန်မည်မှာမလွှဲ …။ လောလောလတ်လတ် ရွာထဲတွင်သောင်းကျန်းခဲ့လေသော ကျွန်ုပ်နှင် ့ လွန်စွာရုပ်ခြင်းဆင်၍ နံမည်ပါတူသော ဂိုဏ်းချုပ်ဆာမိအား နှိမ်နင်းခဲ့ရသေးသည် ။ ကျွန်ုပ်၏ အတွေးများမဆုံးသေး  ရုံးစာရေး မောင်အံဇာမှာ အပြေးလာရောက်၍ စုံထောက်မင်းကြီး မစ္စတာမိုက်ကယ်ဂျော်နီအောင်ပုမှ အရေးတကြီး ခေါ်နေပြီဟု သတင်းပို့လေ၏ ။ သို့နှင် ့ ထောက်ဖေါ် ထောက်ဘက် မိတ်ဆွေများဖြစ်လေကုန်သော  ဘိလတ်ပြန် […]


ムラカミOctober 11, 20121min017
ဒီမယ် ခင်ကုမုဒြာလွင် ကိုယ့်အခြစ်ဟာ တဖြည်းဖြည်းထွားလာတဲ့ ဆမ်မဆောင်း ဖုန်း လို ကြာလေ ကြီးမားကျယ်ပျံ့လာလေလေပါပဲ။ မင်းကိုမျှော်ရတာ ကိုယ့်လည်ပင်းတောင် အသစ်ထွက်တဲ့ ပန်းသီး ဖုန်းလို ရှည်လာပါရောလား ..။ ကိုယ်မင်းကို ဘလက်ဘယ်ရီ လို တသက်တကယ် အတည်ကြံတာပါ။ ကိုယ့်အခြစ်က ရှာ့ပ် က ထုတ်တဲ့ ဖုန်းတွေလို ရေစိမ်ခံပါတယ်ကွယ်။ ဟွဝေ လို ခနနေ ပျက်ပြယ်သွားမယ့် မေတ္တာမျိုး မဟုတ်ရပါဘူးကွယ့်။ မင်းဘေးမှာ အိပ်တီစီ လို သိပ်ပြီတီတီ ပြောတတ်တဲ့ ကောင်မျိုးတွေ ရှိလာမှာ စိုးတယ်ကွယ်။ သည်တော့လည်း မော်တော်ရိုလာလို ပျော်ပျော်ကိုယ်ဟာ ဘယ်နေနိုင်တော့မလိမ့်တုန်း….။ ကိုယ့်အချစ်က အယ်လ်တီအီး တက္ကနော်လော်ဂျီ လို ဝေးဝေးကနေလည်း လိုင်းဆွဲအား ကောင်းပါတယ်ကွယ် ..။ အန်အက်ဖ်စီ လို အနီးအနားကပ်မှ […]