ဟာသများ

jullies cezerOctober 15, 20121min06

(၁)
တစ်ခါက အလွန်ဝေးလံခေါင်ဖျားသောရွာလေးတစ်ရွာတွင် မောင်လှနှင့်မောင်မြ သူငယ်ချင်းနှစ်ယောက်ရှိလေသည်။ တစ်နေ့တွင် မောင်လှမှာ ရန်ကုန်မြို့သို့အလုပ်သွားလုပ်သဖြင့် သူငယ်ချင်းနှစ်ယောက်မှာကွဲကွာသွားကြလေသည်။
နှစ်အနည်းငယ်ကြာသောအခါ မောင်လှမှာ အဆင်ပြေပြေဖြင့်ရွာသို့ပြန်လာပြီး သူငယ်ချင်းမောင်မြအားလာတွေ့လေသည်။ ပြီနောက်သူငယ်ချင်းအား ရန်ကုန်မြို့သို့အလည်ခေါ်ရာ လမ်းတွင် မောင်လှမှ မောင်မြအား “သူငယ်ချင်းမောင်မြ မင်းကို ငါမြို့ရောက်ရင် ဖာလူဒါဝယ်တိုက်မယ်သိလား အရမ်းအရသာရှိပြီးသောက်လို့ကောင်းတယ်ကွ”
မောင်မြမှာ “ဟုတ်လားသူငယ်ချင်း စားရချည်သေးရဲ့” ဒီလိုနှင့်မြို့ရောက်သောအခါ မိုးများသည်းထန်စွာရွာသွန်းသဖြင့် မိုးအေးသောကြောင့်အအေးဆိုင်များမှာမဖွင့်ချေ။
မောင်လှ ခမျာ မောင်မြဆာနေမည်စိုးသဖြင့် အနီးနားတွင်အသင့်ရောင်းနေသော အမဲအူပြုတ်အားမောင်မြအားဝယ်ကျွေးလေသည်။
ထိုအခါ မောင်မြ မှ မောင်လှ အားပြောလိုက်သည်မှာကား…..
” မင်းတို့မြို့က ဖာလူဒါကလဲကွာ ငါတို့ရွာက အမဲအူပြုတ်အတိုင်းပဲ ” တဲ့ ။

(၂)
တစ်ခါက ရွာတစ်ရွာတွင်မြေးအဖိုး နှစ်ယောက်ရှိလေသည် ။ မြေးဖြစ်သူမှာမြို့သို့ မကြာခဏ သွားရောက်အလုပ်လုပ်ကိုင်သဖြင့် မြို့ရည်လည်နေပြီဖြစ်သည် ။ တစ်ရက်တွင် မြေးဖြစ်သူမှာအဖိုးအား မြို့သို့ဘုရားဖူးသွားရန် အလည်ခေါ်လာရာ လမ်းတွင် အမောပြေ အအေးသောက်ရန် အအေးဆိုင်အတွင်းသို့ဝင်ခဲ့လေသည် ။
မြေးဖြစ်သူမှာ စာပွဲထိုးကောင်လေးအား ” ညီလေး အစ်ကိုတို့အတွက် ဖာလူဒါနှစ်ခွက်ပေးကွာ ” ထိုအခါ အဖိုးဖြစ်သူမှာ ပျာပျာသလဲဖြင့် “လူလေး နေအုံး အဖိုးက သတ်သတ်လွတ်နော် ”

(၃)
တစ်ခါက လူတစ်ယောက်သည် မြို့ပေါ်သို့ ကိစ္စရှိသဖြင့်လာရာ လမ်းတွင်အအေးဝင်သောက်လေသည်။ ဘာမှာရမှန်းမသိဖြစ်နေစဉ် အခြားဝိုင်းမှဖာလူဒါမှာရာ သူလည်းလိုက်မှာလေသည်။ ဖာလူဒါကိုတစ်ခါမှမစားဖူးသဖြင့် အရသာအားကြိုက်နှစ်သက်သွားပြီးနောက်တစ်ခါမြို့ရောက်ရင်ထပ်ဝယ်သောက်ရမယ်ဟုစိတ်ထဲတွင်မှတ်ထားလိုက်သည်။ လအနည်းငယ်ကြာသောအခါမြို့သို့ထပ်မံရောက်ရှိလာရာ အအေးဆိုင်သို့ဝင်ခဲ့လေသည်။ မှာခါနီးတွင် ဖာလူဒါအားရုတ်တရက်နာမည်မေ့သွားတော့သည် ။
စာပွဲထိုးကောင်လေးမှာ “အစ်ကို ဘာမှာမလဲ” ဟုမေးရာ “ရုတ်တရက်ပြောလိုက်သည်မှာကား “အေးညီလေး အစ်ကို့ကိုကြက်လူဒါတစ်ခွက်ပေးကွာ”

(၄)
အောက်ပါအစားအစာများအားကြိုက်နှစ်သက်ရာရွေးစားပြီး သတင်းဦးသတင်းထူးများအားဖတ်သွားနိုင်ပါတယ် ။
အမုန်းဆွဲမဲ့အံဖတ်ကြီး – မုန့်ဟင်းခါး
သွေးတိုးမောင် – အုန်းနိုု့ခေါက်ဆွဲ
လာဖေး – ဝက်သားဒုတ်ထိုး
ညမွှေးပန်း – ဆန်းဝှစ်
ကျောက်ခဲ – ရေပေါ်ပဲလှော်
သတင်းဦးသတင်းထူးသိချင်ရင် ပေါက်ပန်းဈေးဂျာနယ်ဖတ်ပါ ။

ပထမဦးဆုံးတင်တဲ့ပို့လေးဖြစ်ပါတယ်။

အားလုံးကိုခင်တဲ့

julliescezer

6 comments

  • ကိုခင်ခ

    October 15, 2012 at 3:57 pm

    အပိုဒ် ( ၄ ) ပိုဒ် ခွဲပြီးရေးထားလို့ တစ်ချက်လေးမက လေးချက်တော့ ပြုံးတယ်ဗျာ။
    ဆက်လက်ရေးဗျာ အားပေးမှာပါ။

    Reply

  • jullies cezer

    October 15, 2012 at 4:06 pm

    အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ကိုခင်ခ ဆက်လက်ကြိုးစားမှာပါ……..

    Reply

  • Fall Guy

    October 15, 2012 at 5:49 pm

    အမုန်းဆွဲမဲ့အံဖတ်ကြီး – မုန့်ဟင်းခါး
    အဲ့ဒါ ဒုက္ခဘဲ
    ပြုံးရခက်သွားတယ်……

    Reply

  • မောင်ပေ

    October 15, 2012 at 9:35 pm

    ဖာလူဒါ
    ဆာယူပါ
    ကြာပူတာ
    လာကူကွာ
    ရွာသူလာ
    ငါကြူမှာ

    Reply

  • P chogyi

    October 16, 2012 at 9:29 am

    ဟာသများအစား ဖာလူဒါများလို့ပြောင်းသင့်တယ်။
    ဖာလူဒါလည်းတော်တော်ကြိုက်ပုံရတယ်။

    Reply

  • kyeemite

    October 16, 2012 at 4:28 pm

    ပေါ့ပေါ့ပါးပါဖတ်ပြုံးသွားပါဂျောင်း….

    Reply

Leave a Reply

Your email address will not be published.