:chee: ရွာထိပ်တွင်လော်ကြီးဖြင့်အော်နေသောအဘဖော၏အငြင်းပွဲတွင်မပါဝင်ဖြစ်သော ကျွန်မရဲ့ဝါဒ :chee: ကျွန်မရဲ့ရသစာပေတစ်ပုဒ်ကို အစမရရအောင်ဆွဲထုတ်ပြီးငြင်းခုံပွဲကြီးတစ်ရပ်ကျင်းပနေတဲ့အဘဖောထံကျွန်မ ဝင်မမန့်ဖြစ်သေးပါ။ အဘယ့်ကြောင့်ဆိုသော် အစကတော့ကျွန်မတို့ကျောင်းမှာကထိန်အတွက်တော်တော်လေးအလုပ်ရှုပ် နေပါသောကြောင့်။ သို့သော် ကျွန်မဝင်အငြင်းပွားစရာမလိုသည့်အတွက်ကြောင့် ဝင်မမန့်ဖြစ်ပါ။ ကျွန်မကအဘဖောကိုလေးစားသူအနေနဲ့သတ်မှတ်ပါတယ်လို့ စိတ်ဝယ်မခံစားမိသလိုအဘဖောက တစ်ယူသန်ကြီးဟုလည်းမမြင်ပါ။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ်မို့လို့ပါ။ အဘဖောက ကျွန်မပို့စ်မှာအတင်းဝင်ငြင်းပေမယ့် ကျွန်မကအဘပို့စ်မှာဝင်မငြင်းခြင်းဟာ အဘကိုအမြင်စောင်း၍မဟုတ်ပါ။ အဘရဲ့ကြီးပွားကြောင်းစာစုတွေဟာ ချမ်းသာချင်တဲ့သူတွေတကယ်လိုက်နာရင် တကယ့်ကိုအသုံးဝင်ပါတယ်။ သို့သော် ကျွန်မရဲ့ခံယူချက်ကကျတော့ တစ်မျိုးဖြစ်နေတာနဲ့ ကျွန်မဝတ္ထုတိုနဲ့စတဲ့ဆွေးနွေးပွဲကြီးမှာ ကျွန်မကငြင်းတဲ့ဘက်ကမပါဝင်ခြင်းပါ။ (အဘဖောကိုချစ်ခင်ရင်းနှီးလိုတဲ့စိတ်ရင်း အလျဉ်းရှိပါတယ်) ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ မနေ့ညကရွာထဲဝင်မိပေမယ့် သူများတွေမန့်ထားတာပဲဝင်ဖတ်ရင်း ဝတ္ထုတိုတစ်ပုဒ်သာအပြေးအလွှားတင်သွားနိုင်ပါ တယ်။ အဘနဲ့ကျွန်မစခဲ့တဲ့ကိစ္စမှာကျွန်မဝင်မန့်ဖို့ရာဝင်ကြည့်ပြန်တော့ မန့်ထားတာတွေတော်တော်တောင်များနေပါပြီ။ ကျွန်မအတွက်ကတော့ဆင်းရဲသားတွေဆင်းရဲတာကိုအပြစ်တင်သင့်၊မတင်သင့် ငြင်းဆန်ရန်လုံးဝမရှိ။ ထို့အတွက် အဘရဲ့အငြင်းစကားဝိုင်းတွင်ဝင်မမန့်ဖြစ်တော့ပါ။ ကျွန်မရဲ့ခံယူချက်နဲ့သဘောထားလေးကိုပဲထုတ်ဖော်ဆွေးနွေးပါရစေ။ အားလုံးကလည်းပြန်ဆွေးနွေးမယ်လို့မျှော်လင့်ပါတယ်ရှင်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျွန်မ၏စိတ်ရင်းအမှန်ကိုတစ်ချက်တင်ပြပါရစေ။ ကျွန်မသည်ငယ်စဉ်ကအတည်းက ကိုယ့်ထက်နိမ့်ကျတဲ့သူငယ်ချင်းများကိုပေးကမ်းကျွေးမွေးရတာဝါသနာထုံ သည်။ သူတို့ဘာကြောင့်ဆင်းရဲလဲဆိုတာကျွန်မအတွက်မလိုအပ်။ကျွန်မအတွက်ကတော့ မရှိဆင်းရဲသားတစ်ယောက ကိုပေးကမ်းချင်တဲ့ပရဟိတအငယ်စားလေးတွေအမြဲလိုလိုကိန်းအောင်းနေတတ်သည်။ ကျွန်မသည်ကိုယ့်ကိုယ်ကိုမို့အမွှန်းတင်သည်မဟုတ်။ကျွန်မရှေ့မှာသူများမကောင်းကြောင်းအတင်းအဖျင်းများ လာပြောလျှင်မကြိုက်တတ်။ကျွန်မကိုယ်တိုင်လည်း […]


black chawNovember 15, 20121min033
သတင်းတွေ…သတင်းတွေ… မနက်မိုးလင်းတာနဲ့ မိုးရွာသလိုရွာချလာတဲ့သတင်းတွေ… အော်…အိမ်သူဇနီး ချစ်သည်းကြီးကို ရှောင်ချင်တယ်ဆိုရင်တောင် လွတ်နိုင်တယ်ဆိုပေမယ့်… သတင်းတွေကိုတော့ ရှောင်လို့ကို မလွတ်နိုင်ဘူးတဲ့ ကွယ်…။ ပိုက်ဆံတတ်နိုင်တဲ့လူတွေများကြတော့လည်း… သတင်းထူးရှိတိုင်း ချက်ခြင်းသိနိုင်ဖို့… သတင်းမက်ဆေ့ချ်တွေတောင် ဝယ်ထားကြဆိုလား ကြားရတာပါပဲ…။ ပိုက်ဆံမရှိလို့ သတင်းမက်ဆေ့ချ်မဖတ်ရဘူးဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့ဗျာ…။ သတင်းအချက်အလက်တွေကို လက်ကိုင်ဖုန်းများသို့ SMS စံနစ်ဖြင့် ဖြန့်ဝေနိုင်ရန်… ပြန်ကြားရေးဝန်ကြီးဌာနကစီစဉ်နေပါပြီတဲ့…။ မြန်မာလိုဖတ်ချင်တယ်ဆိုရင်တော့ မြန်မာဖေါင့်လေးတော့ ဖုန်းထဲထည့်ထားပေါ့ကွယ်…။ ပို့ပေးတဲ့ မက်ဆေ့ချ်ထဲက သတင်းမှန်တာမမှန်တာကတော့ ကံတရားပဲပေါ့…။ သက်ရှိလူတွေရဲ့ သတင်းတွေထဲမှာ သက်မဲ့လို့ဆိုကြတဲ့ သဘာဝတရားကြီးကလည်း ဘယ်ငြိမ်နေလိမ့်မလဲ ကိုကိုရယ်…။ သူကြီးတို့ ရုံးစိုက်ရာ အမေရိကားတောင် စန်ဒီ မုန်တိုင်းကြီးရဲ့ ကျည်ဆယ်ခြင်းအောက်မှာ… အလူးလူးအလိမ့်လိမ့် ဖြစ်ခဲ့ရပါရောလား…။ ဒီလောက်နဲ့တော့ မကျေနပ်သေးဘူးတဲ့ဗျာ…။ နယူးယောက်မြို့ကြီးတောင် ရေလွှမ်းမိုးခံခဲ့ရပြီး သန်းနဲ့ချီတဲ့လူနေအိမ်တွေ လျှပ်စစ်မီးပြတ်တောက်နေပါတယ်တဲ့…။ သဘာဝတရားကြီးက ဖွံ့ဖြိုးပြီးတွေ […]


သူရႆဝါNovember 14, 20121min010
ဟောဒီ စာမူကို ပြီးခဲ့တဲ့ တစ်ပတ်က “မောင်ဝါဝါနှင့် ဖုန်းပရိုမိုးရှင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ Net Guide Journal ကို ပေးတော့ သူတို့က ဒီစာမူကို မသုံးရဲပါဘူး ဆိုပြီး ကျွန်တော့်ကို ပြန်ပေးပါတယ်။ ကျွန်တော် အဲဒီပိုစ့်ကိုပဲ အခုခေါင်းစဉ် ပြန်ပြောင်းပြီး တင်လိုက်တာ ဖြစ်ပါတယ်။ ဖတ်ကြည့် ကြပါဦး။ မောင်ဝါဝါနှင့် “လင်ကြီးမူး” ဖုန်းပရိုမိုးရှင်း – သူရဿဝါ – မောင်ဝါဝါ ကျင်လည် နေသည့် မီဒီယာ လောကထဲ သတင်း တစ်ခု ပျံ့လွင့် လာသည်။ ဘာလဲ ဆိုတော့ ဖုန်း အလုံး တစ်ရာ အလကား ဝေပေးမည် ဟူသည့် သတင်း။ သူများတွေ ဖုန်းကို ဈေ းလျှော့ […]


ခင္ခNovember 14, 20121min029
မမဗိုက်များ အတွက်ပါ။ အခုရေးသားမျှဝေမယ့်အကြောင်းအရာများသည် ဖတ်ဖူးခဲ့တဲ့ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မြင့်မောင်မောင် နှင့် ဆွေးနွေးမှု့များ၊ မေးမြန်းဖြေကြားမှု့များ ပြုလုပ်သည့်အကြောင်း အရာကို အခြေခံ၍ ထုတ်ဝေထားသော ဆေးပညာစာအုပ်များမှ ကောက်နုတ်တင်ပြပေးခြင်းဖြစ်ပါသည်။ ကိုယ်ဝင်ဆောင်မိခင်များ ဘယ်အချိန် ဗိုက်အပ်သင့်လဲ အများအားဖြင့် ဗိုက် (၇)လ ကျော်မှာအပ်ကြပါတယ်၊ အဲဒါနဲ့ပက်သက်ပြီး နည်းနည်းဆွေးနွေးပြောမယ် ပထမ ဆုံး သွေးစထိမ်သွားပြီ ရက်ကျော်သွားပြီဆိုတာနဲ့ မိခင်မှာ စိတ်လှုပ်ရှားမှု့၊ ဝမ်းသာမှု့၊ စိုးရိမ်မှုတွေ အများ ကြီး တစ်ပြိုင်တည်းပေါ်လာတယ်၊ နောက်ပြီး မူးတယ်၊ အနည်းငယ်ပျို့ချင်တယ်၊ တစ်ချို့ အမျိုးသမီး တွေ ဒီလိုဖြစ် တာ အရမ်းဆိုးတယ်၊ အော့တယ်၊ အန်တယ်၊ အစာလုံးဝလက်မခံဘူး၊တစ်ချို့ကျတော့ အဖတ်လက်မခံဘူး၊ ကိုယ်ဝန်စရှိပြီး ရက်ပိုင်း သို့မဟုတ် တစ်ပတ်၊နှစ်ပတ်၊ […]


မိုခ်ိဳNovember 14, 20121min032
ကျမ လည်း ဒရမ်မာ ရေးလိုက်၊ ကြောက်စရာတွေ ရေးလိုက် နဲ့ ရီစရာလေးတွေ မရေး ဖြစ်တာ ကြာ ပီ မို့ လို့ ဒီတခါတော့  ဟာသ ဖြစ်ခဲ့ ရ တဲ့ အမှတ် တရ တွေ ရေး လိုက် ပါတယ်။ ဟာသ (၁) ကျမ မောင် လေး ငယ်ငယ်တုန်း က လူကြီးတွေ စကား ပြောရင် အရမ်း ဝင်ပါချင် ပါတယ်။ လူကြီးတွေ ပြော သလို အင်္ဂလိပ် စကား တွေ လည်း ညှပ်ပြောချင်တဲ့ သူပါ။ သူ ၂ တန်း လောက် အရွယ် မှာ ကျောင်း က […]


နွေဦးNovember 14, 20121min012
နွေဦးတယောက် ခလေးတယောက်မွေးပြီး ရွာလယ်လမ်းပေါ်မှာ ကိုယ်လုံးတီးနဲ့ လွှတ်လိုက်တယ်လို့  ဆိုပြီး သူတကာ အပြစ်မပြောခင် ကိုယ့်ဖါသာ စဉ်းစားမိလို့ ဘယ်လို ဆင်ခြေပေးရကောင်းမလဲ တွေးမိသွားတယ်..။ တော်သေးတာပေါ့..။ကိုယ်ဆွေမျိုးသားခြင်း များနေတဲ့ ဒီလို ဂေဇက်ရွာထဲလွှတ်လိုက်မိလု့ိပေါ့ ။ တခြားရွာထဲများ သွားလွှတ်မိ လို့ကတော့ ဂျို နဲ့ သားရေနဲ့ အရိုးနဲ့ အသားနဲ့ ရစရာမရှိလောက်အောင် စုတ်ပြတ်သတ်သွားမှာ  ။ တွေးမိရင်းကြက်သီးတောင် ထမိပါရဲ့ ။ ကိုယ့်ခလေး ရွာထဲ တုံးလုံးလေး ဝင်သွားပေမဲ့ ရွာထဲကလူတွေက ဖေးဖေးမမ ကြည့်ကြ ပြောကြတာတွေ နွေဦး နောက်က တိတ်တိတ် စောင့်ကြည့်နေခဲ့ပါတယ် ။ တချျို့ကတော့ “ခလေးက ဖြူဖြူချောချောလေး ” ဆိုပြီး ဝိုင်းချီမွမ်းကြတယ် ။ တချို့ကြတော့လဲ “ဒီကောင်နွေဦး ခလေးသာမွေးလိုက်တယ် အင်္ကျီ ဘောင်းဘီလေးတွေတောင် မဆင်ပေးလိုက်ရကောင်းလား”ဆိုပြီး ဂရုဏာ တွေနဲ့ ပြောကြ ဆိုကြတယ် ။ ဒါတွေကိုလဲ နွေဦးက နောက်က တိတ်တိတ်လေး ပီတိတွေနဲ့ နားထောင်နေခဲ့ပါတယ် […]


ဘယ်သူမှန်လို့ ဘယ်သူမှားလည်း မသိတော့ဘူးဗျာ။ ကျနော်ကတော့ ဘက်မလိုက် စာနယ်ဇင်းသမားပီပီ ဟိုလူ့ကိုသာစေ ဒီလူ့ကိုနာစေ စိတ်ထားလုံးဝ (လုံးဝ) မရှိရကြောင်းပါ။ စာဖတ်သူ ဂုံသားရေရှိ လူဂျီးမင်းများ ကိုယ်တိုင် ဝေဖန်ဆုံးဖြတ်ကြဖို့ အယ်ဒီတာကိုယ်စား တင်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်အထူး တင်ရှိပါသည်။ ဒေါ်ကြေးမုံဂျီး တရုတ်ကူမြူနစ်ပါတီ ကေဒါအမှတ် ၇၈၆၄၂ဝ နှင့် အများသိစေရန် ကြေငြာခြင်း ကျွန်ုပ်၏မိတ်ဆွေ ဦးကြောင်ကြီး ကျားဆရာ ၁၂ / ကဆရ (နိုင်) ဝ၀ရ ယခု ခေတ္တ စင်ကာပူကျောင်းတိုက်၊ ပုဇွန်တောင်တွင် နေထိုင်သူ၏ လွှဲအပ်ချက်အရ အောက်ပါအတိုင်း ကြေငြာအပ်ပါသည်။ကျွန်ုပ်မိတ်ဆွေ ဦးကြောင်ကြီးနှင့် ဒေါ်ကြေးမုံဂျီးတို့သည် ၂၉-၂-၂၀၁၁တွင် တရုတ် ကူမြူနစ်ပါတီ ဌာနချုပ်၌ တရားဝင် ထိမ်းမြားခဲ့ပါသည်။ လက်ထပ်ပြီးနောက် အင်တာနက်ရွာ ဗလီဆရာ […]


တိမ္မည္းNovember 13, 20121min017
ကိုယ့်ကိုယ်ကို မေးဖြစ်တဲ့ မေးခွန်းလေးတွေ ရေးမိတာပါ….   အိမ်သာတက်ပီးတိုင်း လက်ဆေးမိသလား… အခန်းထဲကထွက်တုန်း မလိုအပ်တဲ့မီးတွေ ပိတ်မိသလား… ညတိုင်း မနက်တိုင်း ဘုရားရှိခိုးမိသလား… အမှိုက်ပုံးထဲ အမှိုက်အမြဲပစ်သလား… တပတ်စာ ပလန်လုပ်ဖြစ်လား…. ဒီလဘယ်လောက် သုံးမယ်လို ့ မှန်းဖြစ်လား…. ပိုက်ဆံစုဖြစ်လား… တနေ ့ တဆယ်ဖြစ်ဖြစ် တထောင်ဖြစ်ဖြစ်…. ပလန်လုပ်ထားသမျှပီးလား ဘယ်လောက်ပီးလဲ… ကိုယ်မလုပ်ချင်ဆုံးအလုပ်ကဘာလဲ….. ကိုယ်လုပ်ချင်တာ ဘာလဲ…. ဖြစ်သင့်တာက ဘာလဲ…. ဖြစ်ချင်တာက ဘာလဲ… ရှိသမျှ အလုပ်တွေကို တန်းစီပီး ဦးစားပေး အဆင့်ခွဲပီးပီလား… မိန်းမ ဘယ်တော့ယူမှာလဲ ယူပီးရင် ကလေးဘယ်တော့ယူမှာလဲ…. စာတွေ မှန်မှန် ကြည့်ဖြစ်လား…….. သင်တကယ် ကြိုးစားတာ အမှန်လား…. ငါ ကိုယ့်ကိုယ်ကို လိမ်မိလား………. ဂေးဇက်မှာ ငါငြင်းမိသမျှတွေ […]


Green RoseNovember 13, 20121min036
                   `Green Rose…. နင့်ကို ဆရာက လာခဲ့ဦးတဲ့ ´… လေ့ကျင့်ခန်းစာအုပ်လေး ကိုင်ပြီး ပြန်ဝင်လာတဲ့သူငယ်ချင်းက ပြောလို့ ဆရာ့ဆီသွားလိုက်တော့ ဆရာက ဘာမပြော ညာမပြောနဲ့  Green Rose ကိ ုဟိုဖက်လှည့်ဆိုပြီး ခြေသလုံးကို ၃ ချက်တိတိ ရိုက်ပါတယ်… ပြောစရာလည်း မလိုပါဘူး.. Green Rose ကိုယ်လုပ်ထားတဲ့ ကိစ္စ ကိုယ်သိတာပေါ့။  ပြီးတော့ Green Rose ရဲ့လေ့ကျင့်ခန်းစာအုပ်လေးကို ပြန်ပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းစာအုပ်လေး ကိုဖွင့်ကြည့်ပြီး Green Rose ပျော်လိုက်တာများ……            အဲဒီ့တုန်းက Green Rose က တတိယတန်း၊ နယ်မြို့လေးက ကျောင်းလေးတစ်ကျောင်းမှာ။           တရက် Green Rose တို့အိမ်စာတွေ […]


နိုင်ငံကြော် ရှေ့နေဂျီး ဦးကြောင် (B.A, L.L.B, R.L, L.L.M, မီညောင်, ခွီးဂရား) ဗဟိုတရားရုံး အသစ်ကြီးတွင် ရေရေလည်လည် ဇိမ်ကျနေသည်။ ရုံးသစ်ဖွင့်ပွဲ ကျင်းပထားသည်မှာ များမကြာသေး၍ ရုံးဥပစာမျက်နှာသာမက ရုံးခန်းအပြင်အဆင်၊ ရုံးသုံးပရိဘောဂများပါမကျန် အားလုံးသစ်လွင် တောက်ပနေ၏။ ရုံးထဲလည်း ကြည့်ပါအုံး.. တိုက်ပုံအမဲ၊ ကော်လာလည်ပတ်အဖြူ၊ ပိုးပုဆိုး တရွှမ်းရွမ်းနှင့် ရှေ့နေကြီးငယ်များ၊ ပျားပျမ်းခပ်မျှ ဟိုဒီပြေးလွှား အလုပ်များနေကြသည့် ရုံးအမှုထမ်းများ လှုပ်ရှားသက်ဝင်နေသည်မှာ လောကပါလတရား ထွန်းကားတော့မည့် အတိတ်နမိတ်ဖြစ်သည်။ “ဒေါ်မိုးစက်.. ပုဒ်မ၃၇ရ လိင်တူခြင်း မုဒိမ်းမှုနဲ့ အဖမ်းခံထားရတဲ့ မောင်ဘပုအမှု အခြေအနေ ဘယ်လိုရှိသလဲ။ ပေါ့ပေါ့ဆဆ မလုပ်နဲ့နော်၊ တရားလို စီတုံးဆိုတဲ့ သတ္တဝါကို သိပ်မသင်္ကာဘူး။ အလိုတူအလိုပါ ဖြစ်နိုင်တယ်။ ဘပုကြည့်ရတာ လူဂျီးလူဂေါင်း၊ ထိုင်းနိုင်ငံ […]


နွေဦးNovember 12, 20122min039
နေ့တိုင်းမဖြစ်မနေ သုံးနေကြပေမဲ့ ဘယ်လိုသုံးရမယ် ဘယ်လိုသုံးသင့်တယ် ဆိုပြီး ဘယ်သူ့ကိုမှမမေးဘဲ သုံးနေတဲ့ အရာတခုရှိနေတာလေ ။ အဆင်ပြေသလို ကြုံသလို သုံးနေကြပြီးအဆင်ပြေနေကြတာပါ ။ ပြောရမယ်ဆိုရင်တော့ ကိုယ်တိုင်လည်း အဆင်ပြေသလို သုံးတယ် နောင်လာနောက်သားတွေလဲ အလျှင်းသင့်သလို အခက်အခဲမရှိ ဘယ်သူသိတာမှတ်လို့ ဆိုပြီး စနစ်ပျောက် သုံးလာကြတာ ကြာခဲ့ပြီမဟုတ်လား ။ ဟုတ်တယ်လေ.. ဘယ်လူကြီးသူမတွေကမှ အိမ်သာ သုံးရင် ဘယ်လိုသုံးရမယ် ဆိုတာ သတ်မှတ်ချက်တွေ စည်းကမ်းတွေနဲ့ ထိမ်းသိမ်းခဲ့တာ မရှိခဲ့ဘူးလေ.. ။ ဘယ်စာရေးဆရာတယောက်မှ အိမ်သာ ဘယ်လို သုံးရမယ် ဆိုတဲ့ စာ တတန် ပေတဖွဲ့ မှတ်မှတ်ရရ မတွေ့ခဲ့ဖူးဘူး ။   ကျောင်းသားအရွယ် မူလတန်း အလယ်တန်း အထက်တန်းကျောင်း တွေ တက်ပြီး […]


KyaemonNovember 12, 201285min09
       ဆက်လက်ပြီး ကမ်ဘာကျော်စာရေးဆရာWilliam Shakespeare ရှိတ်စပီယား မွေးဖွားရာဇာတိStratford Upon Avonသို့သွားလေ့လာရအောင်၊  Shakespeareရဲ့ချက်မြှုပ်ရာနေအိမ် ——- Shakespeareရဲ့ချက်မြှုပ်ရာနေအိမ်   Shakespeareရဲ့ချက်မြှုပ်ရာနေအိမ် Shakespeare’s Birthplace | Flickr – Photo Sharing! http://www.flickr.com/photos/janspencer/7760012882/in/set-72157631019520416/ Shakespeare’s Birthplace The half-timbered house where William Shakespeare was born in 1564 is Stratford’s most cherished historic place. It is the most frequently visited of all the tourist places. Descendants of the […]


Mr. MarGaNovember 11, 20121min034
ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း ၃၅၀ဝ ခန့် ရှိတဲ့အထဲကမှ ၁၀ဝ ခန့်ကသာ လူတွေကို အဓိက ဒုက္ခပေးတာဖြစ်ပါတယ်။ (အားလုံးသာဆို ဘယ်လိုနေမယ်မသိဘူးနော် တစ်ရာထဲမို့ တော်သေးတာပေါ့) ခြင်တွေ ဟာ ဂေဟစနစ်မှာ အဓိကကျတဲ့ နေရာမှာရှိတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ပန်းတွေကို ဝတ်မှုန်ကူးပေးရုံသာမက ငါးတွေ၊ ငှက်တွေနဲ့ အခြား အင်းဆက်တွေအတွက် အစာလည်း ဖြစ်ပါသေးတယ်။ ခြင်တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း တစ်ရာခန့်ကတည်းက ရှိခဲ့တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ ကျန်တဲ့ မျိုးစိတ်ပေါင်း မြောက်များစွာနဲ့ ထွေးရောယှက်တင် ရှိနေခဲ့တဲ့အတွက် သူတို့တွေဆီကနေ အခြားသတ္တဝါတွေရဲ့ အကြောင်းကို သိရှိနိုင်ပါသေးတယ်။ (ဟိုတစ်လောကတောင် ခြင်တစ်ကောင်ရဲ့ သွေးထဲက ဒိုင်နိုဆော DNA တွေ့တယ်လို့ ကြားလိုက်သေးတယ်) ခြင်တွေဟာ လူသားတွေအတွက်တော့ […]