ကျွန်တော့်ပို ့စ်လာ စာဖတ်သူအားလုံး မင်္ဂလာပါ ခင်ဗျား ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များကို ကန်ခဲ့ကြရာမှာ အခုဆိုရင် ပွဲစဉ်၅ ကို ရောက်ပါပြီ ဒါပြီးရင် အုပ်စုအဆင့်ပွဲစဉ်၆ ပဲကျန်ပါတော့တယ် သည်နေ ့နဲ ့မနက်ဖန် ပွဲစဉ်တွေမှာ ၊ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်ဖို ့အတွက် အမှတ်မလုံလောက်သေးတဲ့ အသင်းများနဲ ့၊ နောက်တစ်ဆင့်တက်ဖို ့မဖြစ်နိုင်တော့ သော်လည်း ၊ ယူရိုပါလိဂ် ကို ဆင်းကန်ဖို ့အတွက် အဆင့် ၃ နေရာကို လုကြရတော့မယ့် အသင်းများ အသည်းအသန်ဖြစ်လာပြီမို ့ ၊ ပွဲအားလုံးနီးပါးဟာ စိတ်ဝင်စားစရာပါပဲ ။ မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင်တွေရဲ ့အသည်းကျော် မန်ချက် ကတော့ ပြီးခဲ့တဲ့ ၄ ပွဲကန်အပြီး တစ်သင်းထဲသော ပွဲတိုင်းနိုင် ပါ […]
