ဇီဇီMarch 1, 20131min045
တရုတ်နှစ်သစ်ကူး ပြီး ပေါ့။ ဒီရာသီက အလုပ်ပြောင်းအရွှေ့လုပ်ကြတဲ့ အချိန်ဖြစ်နေပြီ။ ဒီလို အလုပ်အပြောင်းအရွှေ့တွေက ကိုယ်နဲ့ မဆိုင်သလို နေခဲ့ရတာ အတော်ကြာပြီရယ်။ ကိုယ့် ဘိုးတော်ကြီးကို ချစ်တာရယ်၊ အလုပ်မှာ ပျော်တာရယ်၊ အင်တာဗျူးတွေ မဖြေချင်တာရယ်၊အလုပ်သစ်တစ်ခုပြောင်းရင် ရမဲ့ ဖိစီးမှုတွေကို မယူချင်တာရယ် နဲ့ ဒီတစ်လုပ်ထဲမှာ အပျင်းကြီးနေတာ။ ကိုယ့်သဘောဖြစ်နေတဲ့ နေရာလေးက မရွှေ့ချင်တာလည်း ပါတာပေါ့လေ။ မန်းလေးတုန်းကတော့ ဘာအလုပ်မှကို မလုပ်ဖူးတာ။ အလုပ်ဝင်မယ်လို့ စဉ်းစားပြီး အင်တာဗျူးဖြေရမဲ့နေ့မှာ အဲ့ လမ်းထိပ်က စမူဆာသုပ် ဆိုင်မှာ ထိုင်ရင်း အင်တာဗျူးဖြေရမှာ ကြောက်လို့ သေချာပေါက်ဆိုတဲ့ အလုပ်ကြီးကို စွန့်လွှတ်ပြီး ထပြန်လာတာ။ သတ္တိက အဲ့ဒီလို။   အလုပ်လက်မဲ့ဆိုတဲ့ နာမည်ကိုပဲ မျက်နှာပြောင်ပြောင်နဲ့ ယူပြီး နေဖူးတယ်။ အလုပ်ဆိုတာ ကိုယ်နဲ့ […]


ကထူးဆန္းFebruary 28, 20131min024
ဘေးထိုင် ဘိုင်ကျ ဘုပြော တယ် တော့ မပြောပါနဲ့ဗျာ .. ကထူးဆန်း ဘေးထိုင်တာလည်း မှန်ပါတယ်။ ကထူးဆန်း ဘိုင်ကျတာလည်း မမှားပါဘူး ။ ကထူးဆန်း ဘုတော့ မပြောတတ်လို့ ဘေးထိုင်ဘိုင်ကျ ဘုပြောတဲ့ အထဲ က တစ်ချက်ကြီးများတောင် ကင်းလွတ်နေတာမို့ အဲ့ဒီလို ပြောနဲ့ ပေါ့ဗျာ ။ မျက်စီရှေ့ ရောက်ရောက်လာတော့လဲ အဟဲ .. ဘု မပြောပါဘူး ။ ရိုရိုသေသေလေးဘဲပြောတာပါ ။ ကြည့်ပါလားဗျာ ။ ကျွန်တော်တို့ ဘဘကြီးတွေ က ရန်ကုန်မြို့ကြိးကို စကာင်္ပူ မှီအောင် လုပ်မယ်ဆိုပြီး လုပ်တာပေါ့ ဗျာ ။ မီးပွိုင့်တွေမှာ လူကူး မီး စိမ်း မီးနီတွေ တပ် တာပေါ့ […]


ကျွန်တော်သည် မန်းဂဇတ်ရွာကလေးမှာ နေထိုင်ပါသည်။ ကျွန်တော်တို့၏ မန်းဂဇတ်ရွာကလေးသည် ကမာ္ဘမြေကြီး၏ တနေရာတွင် တည်ရှိနေပါသည်။ အများကဖြင့် ကျွန်တော်တို့ ရွာကို မြောက်အမေရိကတိုက်တွင် တည်ရှိသည်ဟု ပြောဆိုကြပါသည်။ ကျနော်တော့အထင်မှာမူ မြောက်အမေရိကတိုက်နှင့် အာရှတိုက်အကြား ဘာမြူဒါတြိဂံအနီး ( ဟိုတလောက အကုန်ပျောက်တော့မလို့) အပေါ်လေထု အမြင့်ပေ ၃၀၀၀၀ လောက်တွင် တည်ရှိနေသည်ဟု ထင်ပါသည်။ ကျနော်တို့ ရွာကလေးသည် ဂလိုဘယ်လိုက်ဇေးရှင်းဟူသော အယ်လ်ဇေးရှင်းထက် ကြီးတာဂျီးကြောင့် တဖြည်းဖြည်း ကျယ်ဝန်း သိုက်မြိုက်လာပါသည်။ ကျနော်တို့ရွာတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နိူင်ငံပေါင်းစုံမှ လူအများဖြင့် ဝင်ထွက်သွားလာ စည်ကားသိုက်မြိုက်လျှက် ရှိပါသည်။ ကျွန်တော်တို့ ရွာကကြီး (တဖြည်းဖြည်းကြီးလာလို့)ကို သမာသမတ်ကျကျ တစ်ဦးတည်း အာဏာရှင်ရှင်ဆန်ဆန် လစ်ဘရယ်စနစ်ဖြင့် ဖက်ဒရယ်မူအတိုင်း တိုးတက်ရာတိုးတက်ကြောင်း လေသိုင်းဖြင့် ဆွပေးနှိုက်ယူ ပညာရေးစနစ် အခြေခံကာ စီမံကွပ်ကဲ အုပ်ချုပ်သူမှာ သဂျီးဘွဲ့အမည်ခံ အဖဖယားသခိုင် ဆိုသူ မုတ်ဆိတ်မွှေးမည်းမည်း […]


မောင် ပေFebruary 26, 20131min02
မင်္ဂလာပါ ခင်ဗျာ……. အမှန်ကတော့ ၊ ကျုပ်ရေးနေတဲ့ ရီးရဲလစ်ဇင် ပို ့စ်လေးကို ဇါတ်သိမ်းပိုင်းရေးတင်ရမှာပါ ။ ဒါပေသည့် ဘော်လုံးပွဲတွေ ရှိနေတဲ့အခါကြ ၊ ကိုယ်တွေ ့မိတဲ့ ပွဲလေးကို ၊ မန်းဂေဇက်လာ ဘော်လုံးဝါသနာရှင်များကို ပြန်ဝေမျှ ချင်တာနဲ ့ ၊ ဘော်လုံးပို ့စ် ပဲ ရေးဖြစ်သွားပါတယ်။ သည်နေ ့26.2.2013 အင်္ဂ ါ ည သို ့မဟုတ် ဗုဒ္ဓဟူးမနက် မှာ ကန်ကြမှာ ဖြစ်ပါတယ် ပွဲစဉ်တွေနဲ ့အချိန်တွေကတော့ *** အက်ဖ်အေ *** 2.15 အဲဗာတန် – အိုဟမ် (ပကျော့ ၂-၂) *** စီးရီးအေ *** 1.30 ဘိုလော့နာ(၁၆) […]


ကထူးဆန္းFebruary 26, 20131min014
ဦးဦးစည်ပင် ကို သားသား ပြောချင်တာပြောလို့ ရမလား ဟင် .. ဦးဦးက ဘာမှ ပြန်မပြောတော့ သားသား ပြောတာ ဦးဦးစည်ပင် စိတ်ဆိုးရဘူးနော် .. ဦးဦးရေ ..သားသား ပြောချင်တာ ကြာပြီ .. ဖေကြီး က နောက်မှ နောက်မှ နဲ့ အချိန်တွေ ဆွဲနေလို့ .. အချိန်တော့ မမှတ်မိတော့ဘူးပေါ့ ဦးဦးရယ်.. ဒါပေမဲ့ သားသား မှတ်မိတာတော့ ကားလှလှ သစ်သစ် လေးတွေ ရန်ကုန် က လမ်းတွေပေါ်မှာ တွေ့လာရတဲ့ အချိန်နားမှာပေါ့ ဦးဦးရယ်.. xxxx xxxx ဪ ပြောဖို့ မေ့ နေလို့ ဦးဦးရဲ့ .. သားသားက ရွာမ ကျောင်းလမ်း နဲ့ […]


ဦးကြောင်ကြီး မူးယောင်ပြီး ဒူးထောင်တီး ဗူးကောင်ဂျီး…… တုံချမ်းချမ်း…… တုံချမ်းချမ်း ဤသို့  အားပါးတရ သီဆိုနေစဉ် သူ့အကို တောကြောင်မှလာ၍ ဟေ့ကောင် ကြောင်ကြီး စင်ပေါ်ကဆင်း သဂျီးရပ်ခိုင်းနေတယ်၊ ဂဇက်ရွာဂေါက်ပြိုင်ပွဲတွင် သီဆိုနေခိုက် ဘလိုင်းဂျီး အကစ်ခံရခြင်းဖြစ်သည်။ သမီးဒေါ်လေးရှေ့တွင် ဖြစ်သဖြင့် မဟာအရှက် ကွဲလေဗျီ။ ဘာဆိုဘာမှ မမြင်တော့၊ သောက်စားထားသည့် ဆာကေးအရက်နှင့် ကိုဘေးနွားကင် အရှိန်ဖြင့် “ဘာသဂျီးလဲ ယီးလာကွ၊ လဗြွတ်ထင်တယ်ဟေ့” ပယ်ပယ်နယ်နယ် အော်ဟစ်ဆဲဆို မိတော့သည်။ တတ်နိုင်ဗူး၊ နောင်ခါလာနောင်ဈေး.. သမီးဒေါ်လေးရှေ့ သိက္ခာအကျ ခံဘူး။ ကြောင်ကြီးအား ဖိတ်ကြားသီဆိုခိုင်းသော ဂဇက်ရွာဂေါက်သမီးများနှင့် ဖက်ရွက်ကော်မတီဝင်များ မျက်နှာပျက် ကုန်သည်။ သဂျီးလက်ပါးစေ ကပ်ဖားရပ်ဖား ၆မျက်နှာ၊ ကရဲစည်၊ ကစည်သွပ်၊ ကပေ၊ ကပုတို့က မျက်နှာလို မျက်နှာရ […]


Mလုလင္February 26, 20131min022
“~~ ဒီနေ့ .. သောကြာနေ့ … သူ့စီ ဖုန်းဆက်ရမယ့်နေ့ … မနက်ဖြန် စနေ နေ့ … ဒန် တန့် တန် … ဒန်တန့်တန် ~~~” “~~~~~ မင်း နဲ့ ဒို့ နဲ့ ချစ်တာ .. တလောက လုံး သိချင် သိစမ်း .. ဒန် တန့်တန် … ဒန်တန့်တန် ~~~~~” ဒီနေ့ ညနေပိုင်း ချစ်သူလေး နဲ့ ချိန်းတွေ့ ပါမယ် … ဖူဆန် ပွဲ ဆိုပြီး လစ်ထွက် လာမယ့် ချစ်သူ လေးရေ …. ကျုပ်ခုရောက်နေပြီ …. ချိန်းထားတဲ့ အချိန်ထက် နာရီဝက်ကြီးများတောင် […]


သူတို့တွေက … ဆေးရုံက နာ့စ်မလေးတွေနဲ့ တူတယ်။ ကိုယ်တိုင်လဲ ခွဲစိတ်ကုသလို့ မရဘူး မပါပြန်ရင်လည်း မဖြစ်ဘူး လူနာတွေနဲ့ လက်ပွန်းတတီး နေကြရတယ် ဒါပေမဲ့ လူနာရှင်တွေ အားကိုးမှုကို အပြည့်အဝ မဖော်ဆောင်နိူင်ရှာဘူး …။   သူတို့တွေက … မီးသတ်ကားတွေနဲ့ တူတယ်။ လောင်ပီဆိုမှ အပြေးအလွှားရောက်လာကြတယ် အုတ်အော်သောင်းနင်း ဘယ်တော့မှ ပြီးပြတ်အောင် မဖြတ်နိူင်ဘူး တခါတလေမှာ မီးငြိမ်းဖို့ အသွား ကိုယ်တိုင် ခြေချော် လက်ချော် ဖြစ်သေးရဲ့ …။   သူတို့တွေက … ဘဲအုပ်ကြီးနဲ့ တူတယ်။ အိပ်တန်းကနေ တစုတစည်းတည်း ဆင်းလာကြတယ် အစာရှာဖို့ တစုတစည်းတည်း သွားကြတယ် အိပ်တန်းပြန်တက်တော့လဲ တစုတစည်းတည်းဘဲ ကြားထဲက အချိန်တွေမှာတော့ ကိုယ့်အတ္တနဲ့ကို ထင်မြင်ရာ လုပ်ကြလေရဲ့ …။ ဘယ်တော့မှလဲ […]


Mလုလင္February 25, 20131min018
မေမေ! ဒါ သမီးပြောပြော နေတဲ့ . . ကိုစိုးမိုး ဆိုတာ ပေါ့။ အစ်ကို .. ဒါ ရွှေစင့် မေမေ လေ …      အန်တီက ရွှေစင် နဲ့ တော်တော် ဆင်ပါတယ်။ ရွှေစင် ဆိုတာ ကျွန်တော့ ရဲ့ ချစ်လှစွာသော ဖယောင်းတိုင် လေးပါ။ ဝါဝါဝင်းဝင်း .. အိအိစိုစို .. ရှမ်းတရုတ်မ လေးပေါ့။ သူ့ အမေ ကလဲ သူနဲ့ တပုံစံ တည်းပဲ . . . . ဒါပေမယ့် ဘာကြောင့်မှန်း မသိ . . မျက်နှာထားက တော်တော် တင်းပါတယ်။ သမီးတော် ရဲ့ အဝှာ […]


KyaemonFebruary 24, 201317min07
  ဓာတ်ပုံဆရာအကျော်အမော်တွေနဲ့ မီးပုံးပျံလိုက်စီးပြီး ပုဂံဘုရားတွေကို လိုက်ဖူးရအောင်၊   လင်းအားကြီး မြူတိမ်တွေဝိုးတဝါးမြူးကြွတဲ့အချိန်ကစပြီး၊ နေရောင်ခြည်တွေ ကွန့်မြူးဝေဖြာလို့ ကြည်လင်ပြတ်သား လာတဲ့အချိန်ထိပေါ့ဗျာ၊   ရှူမငြီးနိုင်တဲ့ ၃၆ဝ ဒီဂရီ မြင်ကွင်းကျယ် ရှူခင်းတွေအပြင်၊  ရှေးဟောင်းစေတီပုထိုးတွေကိုလဲဖူးမျှော်ခွင့်ရမှာပါ၊   ======   Balloon flight in Bagan, Myanmar • 360° Aerial Panorama This panorama can be opened in several different resolutions. High resolution panorama with the best quality is about 7 Mb large and it is […]


မောင် ပေFebruary 23, 20131min04
မင်္ဂလာပါ ခင်ဗျာ……. ကျွန်တော့်ပို ့စ်လာ ဘော်လုံးဝါသနာရှင်စာဖတ်သူအားလုံး မင်္ဂလာကျက်သရေအပေါင်းနဲ ့ပြည့်စုံကြပါစေ သည်နေ ့ည ပွဲစဉ်တွေနဲ ့အချိန်တွေကတော့……. *** ပရီးမီးယားလိဂ် *** 9.30 အာဆင်နယ်(၅) – အက်စတွန်ဗီလာ(၁၇) 9.30 နော့ဝစ်(၁၄) – အဲဗာတန်(၆) 9.30 ကျူပီအာ(၂၀) – မန်ယူ(၁) 9.30 ရီဒင်း(၁၈) – ဝီဂန်(၁၉) 9.30 ဝက်ဘရွန်း(၉) – ဆန်းဒါးလန်း(၁၃) *** ဘွန်ဒက်လီဂါ *** 9.00 အော့စ်ဘတ်(၁၇) – ဟော့ဖန်ဟိမ်း(၁၆) 9.00 ဘိုင်ယန်(၁) – ဝါဒါဘရီမင်(၁၁) 9.00 မိန် ့ဇ်(၇) – ဝုဘတ်(၁၅) 9.00 ဟန်နိုဗာ(၈) – ဟမ်းဘတ်(၆) 9.00 […]


KyaemonFebruary 23, 201333min09
  Emailတခုဆီကရပြီး၊ရွာသူရွာသားအတွက် ထပ်မံတိုးချဲ့လိုက်တာပါ၊ ======= ရုရှားနိုင်ငံသား ဓာတ်ပုံဆရာဆရာမ ၉ ဦးပါဝင်တဲ့အဖွဲ့ AirPanoရဲ့လက်ရာတွေပါ၊   ၎င်းအဖွဲ့ကကောင်းကင်ကနေမြင်ကွင်းကျယ် ၃၆ဝ ဒီဂရီ ပတ်ချာလည်/ဝိုင်းဝိုင်းလည်အောင်   ကင်မရာနဲ့ရိုက်ကြတာ၊   မြင်တဲ့အတိုင်း ဓာတ်ပုံတွေဟာ သပ်ပါယ်စရာကောင်းတာပါ၊    တမူထူးခြားပြီးဂုဏ်ကြက်သရေဆောင်ကြတဲ့အပြင်   ခန့်ညားထယ်ဝါလှတာပါ၊            အောက်နားမှာ ကွန်မန့်ကိုကူးထားတာပါ၊                       ဓာတ်ပုံဆရာတွေStanislav Sedov and Dmitriy Moiseenko Photography by Stanislav Sedov and Dmitriy Moiseenko        ရွှေတိဂုံအကြောင်းကိုတော်တော်လေ့လာပြီးမှရေးထားတာ၊ အနည်းငယ်လွဲမှားတာရှိကောင်းရှိနိုင်သော်လည်း၊အများအားဖြင့်အမှန်တွေပါ၊ Shwedagon Pagoda, […]


++++++++++++++++++++++++++++++++++++++++++++++++   ဘယ်သူ့မှတော့ မပြောကြနဲ့နော် …။ ဒါ အမှန်အကန် လျှို့ဝှက်ချက် ခင်ဗျာတို့ …။ ခင်ဗျားတို့ကို ချစ်လွန်လွန်းလို့ တိုးတိုးလေး ကပ်ပြောလိုက်တာလို့ မှတ်ပါ။ ကျုပ်ရဲ့ မှတ်တမ်းထဲမှာ ရေးထားတဲ့ အတိုင်းပဲ ပြောပြလိုက်ပါမယ်။   ++++++++++++++++++++++++++++++++++++++++++++++++   ကျွန်ုပ် မောင်အံ သည် တောင်သူ ဆင်းရဲသားတစ်ယောက် ဖြစ်သည်။ တစ်နေ့ တောင်ယာ လုပ်ရင်း မြေကြီးကို ပေါက်ပြားဖြင့် ပေါက်နေသည်။ ထိုအခါ ကျွန်ုပ် စိတ်တွင်းတွင် “ရတနာ သေတ္တာကြီး တွေ့လိုက်ရင်ဖြင့်” ဟူ၍ ကြံစည် စိတ်ကူးမိလေ၏။ ထိုအခါ တိုက်ဆိုင်လွန်းစွာပင် မာကြောသည့် အရာတစ်ခုအား ပေါက်ပြားဖြင့် ပေါက်လိုက်မိလေ၏။ ထိုအခါ ကျွန်ုပ်လည်း ထိုအရာအား သိလိုလှသဖြင့် လူသူ […]