သောက်.. သမဒဂျီး။ ပြည်ပခရီး ပြန်လာသော သမဒဂျီး ကြိုဆိုနေသော လူအုပ်အားကြည့်၍ ပဏာယူ နေစဉ် မမျှော်လင့်သော အသံကြားလိုက်၍ အလွန်တင်းသွားသည်။ ဘယ်အကောင်တုံးကွ ပေါ်တင်ကြီး ဆဲတာ…။ ကြည့်လိုက်တော့ ဂဇက် သဒင်းထောက် ကြောင်ကြီး သူ့အား ရေတဖန်ခွက် ထိုးပေးရင်း အင်တာဗျူးလုပ်ရန် ကြိုးစားနေသည်။ တောက်စ်.. မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားပြီး နှစ်ကိုယ်ကြား အံကြိတ်ပြလိုက်သော်လဲ ဒင်းက အထူအပါး နားမလည်၊ သောက်သမဒ သောက်သမဒ ရေရွတ်ရင်း အတင်းရေလိုက် တိုက်နေပြန်သည်။ တောက်စ်.. သနားလို့ လက်ပေးကိုင်တာ နို့အပိုထည့်ခိုင်းတဲ့ ချိုဆိမ့်လဖက်ရည်နဲ့ တူနေပြီ။ ကြာလေဆိုးလေ ဖြစ်သောကြောင့် စောင့်ကြီးအောင့်ကြီး မော့သောက်ကာ ရေခွက် လွှင့်ပစ်လိုက်သည်။ အခုလို ပြည်ပခရီး ပျံလာစဉ် ခရီးရောက်မဆိုက် ဘာမိန့်စရာ […]
