Shwe EiJanuary 27, 20141min030
သင့်မျက်လုံးအတွက် Yoga ကွန်ပျူတာကြည့်တာလေးခဏရပ်ပြီး ဟောဒီကလေ့ကျင့်ခန်းလေးတွေနဲ့ ညောင်းညာကိုက်ခဲနေတဲ့ မျက်လုံးတွေကို သက်သာအောင် လုပ်ကြစို့ Nicole Kwan တခါတရံမှာ ကျွန်မတို့ ဟာ ကွန်ပျူတာစခရင်ကို နာရီပေါင်းများစွာကြာအောင် သတိလက်လွတ် စိုက်ကြည့်နေမိတတ်ပါတယ်။ သိထားရမှာက ရှင့်ရဲ့ နောက်ကြောတွေ ပုခုံးတွေလိုဘဲ ရှင့်မျက်လုံးဟာလဲ ညောင်းညာကိုက်ခဲတတ်ပါတယ်။ မျက်လုံးအတွက် လေ့ကျင့်ခန်းလုပ်တာဟာ တနေကုန်အညောင်းထိုင်ပြီး လေလည်လိုက်သလိုပါဘဲ လို့ Karin Wiedemann of Urban Yoga in Washington, DC ကပြောပါတယ်။ (စိတ်ထဲထင်သလိုဘာသာပြန်ခြင်းဖြစ်သည် 😛 ) အောက်ဖေါ်ပြပါ နည်းလမ်းတွေကို အသုံးပြုပြီး eye strain ဖြစ်တာသက်သာအောင် ဒါမှမဟုတ် eye strain မဖြစ်အောင် ကာကွယ်ကြတာပေါ့။ Eye Warming ၁) ထိုင်ခုံမှာထိုင်လိုက်ပါ၊ […]


ဇီဇီJanuary 27, 20141min055
(((ထမင်းဆိုင် ပြန်ဖွင့်မို့လေ။ အီးဇီးကွတ် ဝေ ဘီးဇီးကွတ် ကျောက် လေးဇီးကွတ် မမ အီကိုကွတ် တီဒုံ ပင်တိုင် စားဖိုမှူးကြီး မွသဲ ဒေသစုံ အစားအသောက်ချက်ပြုတ်မဲ့ ဦးဆာမိ တို့ ကူကြ ညီကြပါဦးးးးး နည်းနည်းအားပြီ ဆိုတော့ ဘယ်သူ့ အပူကပ်ရမလည်း စဉ်းစားနေပြီ။ ))) အဲဒီလို စတေးတပ်တင်ပြီး စားဖိုမှူးချုပ်တွေကို ပြန်ဒုက္ခပေးလိုက်တာ။ အနီးကပ်ဆုံး မွသဲ ဆီက ရပါတယ်။ ကေဇီက ထမင်းကြိုက်သမားမို့ ထမင်းမျိုးစုံကို အရမ်းကြိုက်တာ။ အဲဒါ ရ မျိုးပြည့်အောင်စဉ်းစားပြီး မွသဲကို ပြတော့ အမက အကုန်ချက်တတ်သတဲ့။ ဒီတော့ ဒီ ရ ရက်ဟာ ထမင်း အမျိုးမျိုး စားရမှာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ MONDAY ၁. ကြက်ဆီထမင်း […]


Shwe EiJanuary 24, 20141min036
၇ဝရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူတိုင်း မျက်လုံးနဲ့ပတ်သတ်တဲ့ပြသနာတော့ရှိကြတာပါဘဲ..သတိမထားမိတာကလွဲလို့ပေါ့လေ။ ကာကွယ်ခြင်း မကြာမကြာပြန်ဖြစ်လေ့ရှိတဲ့ မျက်စိဝေဒနာဟာ ကုသဖို့ခက်ခဲတဲ့ရောဂါအဆင့်ထိဖြစ်လာတတ်ပါတယ်။ By Markham Heild အမေရိကန်လူမျိုးတွေဟာ စမတ်ဖုန်း၊ လက်ပ်တော့ပ်၊ ဒါမှမဟုတ် တက်ဘလက် တခုခု အစရှိတဲ့ ကွန်ပျူတာစခရင်လိုပုံစံမျိုးကို တနေ့ ခြောက်နာရီမှကိုးနာရီလောက်ထိ စိုက်ကြည့်နေလေ့ရှိပါတယ်။ ရှင်တို့လဲ တူတူဘဲဖြစ်လိမ့်မယ်လို့ခန့်မှန်းပါရစေ။ အိုက်လိုသာဆိုရင်တော့ “Digital Eye Strain” ဆိုတဲ့ ဝေဒနာတမျိုးခံစားနေကြရတဲ့ ၇ဝရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူ လူတန်းစားထဲမှာ ရှင်လဲတစ်ယောက် အပါအဝင်ဖြစ်လို့ရပါပြီ။ “Digital Eye Strain” ဆိုတာ မကြာမကြာပြန်ဖြစ်လေ့ရှိတဲ့ မျက်စိဝေဒနာတစ်ခုအဖြစ်ကနေ ကုသဖို့ခက်ခဲတဲ့ မျက်စိဝေဒနာအဆင့်ကို ရောက်သွားနိုင်တဲ့ ရောဂါအခြေအနေတခုဖြစ်ကြောင်း The Vision Council လို့ခေါ်တဲ့ အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခု (Non Profit Organization ) ကသတင်းထုတ်ပြန်ထားပါတယ်။ The […]


ဇီဇီJanuary 24, 201418min07
မနေ့ညက ကဗျာဆရာလေး ကိုဟိန်း (Heinn FiveStrings) ဖဘ ဝေါ ပေါ်မှာတွေ့လို့ ခွင့်တောင်းပြီး ယူလာတာပါ။ ကိုဟိန်းဆိုတာ ဟိုတစ်ခါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကဗျာ ရေးတဲ့တစ်ယောက်လေ။ ခုလည်း သူ့စိတ်ကူးနဲ့သူ ကဗျာဆရာတွေရဲ့ ကဗျာလေးတွေ မိသားစု အကြောင်းကဗျာလေးတွေ စုနေတာကို သဘောကျလို့ ယူလာတာပါ။ ကဗျာဆရာ ပေါင်းစုံရဲ့ အကြောင်းအရာ တစ်ခုအပေါ် ခံစားချက်ပေါင်းစုံမို့ ရသစုံပါတယ်။ အားပေးပါဦးးး ————————— || မိသားစု || BY.. ရိုးမြေ ကျွန်တော် လေးတန်းနှစ်ရောက်တော့ ထမင်းနှစ်လုတ်စာက လေးလုတ်စာ ဖြစ်ခဲ့တယ် အမေဈေးရောင်းမကောင်းတဲ့ ရက်တွေမှာ အမေ့ဈေးဗန်းထဲက အကြော်တွေဟာ ကျွန်တော်တို့ရဲ့ ညစာ အဖေတစ်နာရီလောက် စောထရင် အဖေ့မှာ ကားခမရှိတော့ဘူး အဖေတစ်နာရီလောက် နောက်ကျတဲ့နေ့က ကျွန်တော်တို့တွေ […]


moonpoemJanuary 23, 20141min011
ဆမာကဒါ နိုင်ငံဧ။် သားပျိုသမီးပျိုများ အတွက် တစ်ပတ်စာ သင်ဧ။် ကံကြမ္မာ တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့သော်လည်း ယခုအခါ ချောဆီထည့်ရျ်တံခါးပြန်ဖွင့်လိုက်ပြီ ဖြစ်သော ဆမာကဒါ နိုင်ငံဧ။် ထင်ရှားသော စာရေးဆရာမ ဝိတိုရိယ မွန်းပိုအမ်ဧ။် လွတ်လပ်ပွင့်လင်းသော အရေးအသားများဖြင့် တစ်ပတ်စာဟောစာတမ်းကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။ တနင်္ဂနွေသားသမီးများ ကံကောင်းစေရန် ခြေလေးချောင်းသား ရှောင်ပါ။ သို ့အတွက် အိမ်ရှိကုတင် ခြေလေးချောင်းလုံးအား လွှဖြင့် ဖြတ်ပစ်ပါ။ တနင်္လာသားသမီးများ ယခုတစ်ပတ်အတွင်းအလွဲများတတ်သည်။ဥပမာအားဖြင့် သံပြားပစ်ပြိုင်ပွဲတွင် သံပြားအစား နံပြားမှားပစ်ခြင်းကြောင့် ရွှေတံဆိပ်နှင့် လွဲရခြင်း။ အင်္ဂါသားသမီးများ စက်ပစ္စည်းအကြီးစား ဝင်တတ်သည်။ဥပမာ-ကြံရည်ကြိတ်စက်၊လမ်းကြိတ်စက်။ ဗုဒ္ဓဟူးသားသမီးများ အတွင်းပစ္စည်း သတိထားပါ။ ဇာဘော်လီ၊ကလေးသေးခံ အခိုးခံရတတ်သည်။ ကြာသပတေးသားသမီးများ စိန်ဝင်ကိန်းမြင်သည်။ ဥပမာဆိုရသော် စိန်တလုံး သရက်သီး၊ စိန်ဘယက်လေကွဲဆေးစသည်တို့ ဖြစ်နိုင်သည်။ […]


ယစ်ရွှေရည်တန်ခိုး အေ့ … ဟေ့လူ ဟာ … ဒီလောက်တောင်ပဲလား၊ မလန့်ပါနဲ့ဗျာ၊ ကျုပ်တရားမဟောဘူး။ ဂေါပကလူကြီး ကျ ု ပ်မှမဟုတ်တာ။ အိန္ဒြေရရနဲ့ ရီဝေရီဝေလေး မူးရတဲ့အရသာ တနည်းဆိုရရင် လူကြီးလူကောင်းသောက်နည်း ဟိုငနဲ ကျုပ်ကိုသင်ပေးထားပြီးပြီ။ ဒီလိုရှိတယ်၊ တစ်ခွက်တစ်ဖလားချပြီးပြီဆိုရင် လောကကြီးရဲ့အမှန်တရားတွေ အကုန်သိပြီ။ ဒီတော့ အလွန်အကျွံချဖို့ဆိုတာ လွယ်မှလွယ်၊ ဒါကို နိုင်နိုင်နင်းနင်း ဘယ်လိုကိုင်တွယ်မလဲ။ အေ့ … ကျ ု ပ်ပြောမယ်၊ ခင်ဗျား မချစ်တတ်ရင် မသောက်သင့်ဘူးဗျာ။ ဒီလိုပဲ၊ ခင်ဗျား မသောက်တတ်ရင် မချစ်သင့်ဘူး။ မချစ်ရဘူးဆိုပြန်တော့လည်း အရေးပါသူကြီးတွေ ဖြစ်မလာနိုင်တော့ဘူး။ လေတဖြ ူ း ဖြ ူ း ဖြစ်ဖို့ခက်ပြီ။ မသောက်တတ်ဘဲ ချစ်တော့လည်း အရှိတရားထောင်ထဲ […]


KyaemonJanuary 21, 201416min08
   ရွာသူရွာသားများ  ပျော်ရွှင်ကြည်နူးနိုင်ဘို့ ဆက်လက်ပြီး တင်ဆက်လိုက်တာပါ။         ================ ရန်ကုန်က၂၀၁၄ နှစ်သစ်ကူးပွဲ   ======  ရန်ကုန်က၂၀၁၄ နှစ်သစ်ကူးပွဲ မှာ ပရိသတ်ထဲကို ကြဲချလာတဲ့ စက္ကူပန်းရောင်စုံကြယ်ကလေးတွေ     Happy New Year 2014 – In Focus – The Atlantic http://www.theatlantic.com/infocus/2014/01/happy-new-year-2014/100654/ —— အာရေဗျ  ဒူဘိုင်နိုင်ငံက ပါ =======     ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့တော် Eiffel Tower ကပါ ========   ဩစတေလျ ဆစ်နီမြို့ Opera House ကဇတ်ရုံက ပါ   ======== […]


ムラカミJanuary 21, 20146min023
ကျွန်းတောလမ်း နဲ့ နာနတ်တောလမ်း ထောင့် က ASAGIRI အစဂိရိ (ဒဿဂီရိ နှင့် အမျိုးမတော်ပါ) (တော်ကြာ အစားဂီရိ ဆိုပီး ခေါင်းဆယ်လုံးနဲ့ စားတဲ့ ဆိုင် မှတ်နေမစိုးလို့ …ငိငိ) ဆိုတဲ့ Japanese & European Food ရောင်းတဲ့ ဆိုင်ကလေး အတွက် ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေပါ ကျနော့်အတွက် ပထမဆုံးသော Tabletop Session ဖြစ်သလို အကူအညီပေးခဲ့တဲ့ … ဘော်ဒါဘော်ဂျွတ် ဒတ်သေဆြာ သူတော် ကိုလည်း အထူးကျေးဇူးတင်မိပါကြောင်း…     Ramen (ခေါက်ဆွဲပြုတ်များ)             European Foods များ       […]


manawphyulayJanuary 10, 20141min00
Executive Master in Advanced Management (EMAM) ဘာသာရပ်အကြောင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ Co-operative Business Center တွင် University of Liege, Belgium ၏ Dr.William Chong မှ ရှင်းလင်းဆွေးနွေးပေးပါမည်။ တက်ရောက်လိုသူများအနေဖြင့် iAcademic Management ဖုန်း ဝ၉၄၂၀၀၃၀၉၄၃၊ ဝ၉-၄၂၁၀၇၆၈၅၈၊ အမှတ် ၄၅၉၊ အခန်း ၃၀၂ – ဘီ၊ တတိယထပ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းသို့ ကြိုတင်စာရင်းပေးသွင်း၍ အခမဲ့တက်ရောက်နိုင်ပါသည်။


ဒီစာဖတ်နေတဲ့ အချိန်သုံးမိနစ် အတွင်းမှာ ယူအက်စ် လက်လီအရောင်းဆိုင်များမှနေ ပစ္စည်းအမျိုးအမယ်ပေါင်း ၁၅၀၀၊ ပမာဏအားဖြင့် အကြမ်းဖျဉ်း ဒေါ်လာနှစ်သိန်းဖိုး အခိုးခံနေရသည်။ သချာင်္ဂဏန်းချ တွက်လိုက်လျင် အလစ်သုတ်မှု နှစ်သောင်းငါးထောင် နာရီတိုင်း ဖြစ်ပွားနေပြီး နေ့စဉ်ဆိုပါက ငါးသိန်း ထက်မက ရှိပေမည်။ အဲလိုမြင်တတ်ရင် ကိုယ့်ဆိုင် အလစ်သုတ်ခံရခြင်းမှ ကာကွယ်ဖို့ လိုအပ်နေပုံအား ရှင်းလင်းစွာ သိနိုင်သည်၊ အထူးသဖြင့် ယခုလို နှစ်ကုန်ဈေးရောင်းရာသီ လူရှုပ်ချိန်တွင် ဖြစ်သည်။ အလစ်သုတ်မှု ပြသနာဟာ ရှုပ်ထွေးပွေလီတာမို့ ရာဇဝတ်မှုမြောက် ပြစ်မှုဖြစ်ပေမဲ့ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း နယူးယောက်အခြေစိုက် ConvergEx Group ဈေးကွက်ဗျူဟာ အရာရှိချုပ် နစ်ကိုလတ် မှဆိုသည်။ (၁) အသက်ကြီးလေ ပိုခိုးလေ လွန်ခဲ့သောငါးနှစ်အတွင်း လူဆယ်သန်း အလစ်သုတ်မှုဖြင့် အဖမ်းခံရသည်။ အရွယ်ရောက်ပြီးသူ […]


manawphyulayJanuary 10, 20141min02
ကျွန်မတို့အားလုံး အသက်ရှင်သန်ရေးအတွက် သန့်ရှင်းသော လေနှင့် ရေတို့ မရှိမဖြစ် လိုအပ်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ကျွန်မတို့အားလုံး စားသုံးသော အစားအစာများကို မြေပေါ်တွင် စိုက်ပျိုးမွေးမြူရသလို ရေအောက်မှာလည်း ဖမ်းယူရပါသည်။ ချည်ထည်၊ ပိုးထည်၊ သားရေနှင့် သိုးမွေး စသည့် အဝတ်အထည်များကို အပင်များနှင့် တိရစ္ဆာန်များမှ ရရှိပါသည်။ ဒါ့အပြင် အုတ်၊ ကျောက်၊ သဲ၊ သစ်၊ ဝါး၊ ဘိလပ်မြေ၊ သံထည် စသည့် အိမ်ဆောက်ပစ္စည်းများကိုလည်း မြေကြီးနှင့် သစ်တောများမှ ရရှိပါသည်။ ကျွန်မတို့အားလုံး အသက်မွေးဝမ်း ကျောင်းအတွက် အဓိက မြေပြင်နှင့် ရေပြင်ကို အားထားရပါသည်။ မြို့နေလူထုသည်လည်း သဘာဝကို မှီခိုရပါသည်။ ယခုနောက်ပိုင်း လူနေထူထပ်မှုည် အဆမတန် များပြားလာသဖြင့် မြို့များ၊ နယ်များ၊ […]


Shwe EiJanuary 10, 20142min09
မင်္ဂလာနှစ်သစ်မှာ ရွာသူား အပေါင်းတို့ရှင်…. လစဉ်လတိုင်း ပညာရေးပရဟိတအလှူငွေတွေကို ဒါဇင်ပလပ်စ်ဆိုတဲ့ နာမည်နဲ့ ကျွန်မတို့ မန်းဂဇက်ရွာသူားများအဖွဲ့က ဦးစီးဦးဆောင်ပြုပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သီလရှင်စာသင်ကျောင်းတွေကို သွားရောက်လှူဒါန်းနေခဲ့တာ အခုဆိုရင် ၁၈ကြိမ်တိုင်ခဲ့ပါပြီ။ ဒီတခေါက်မှာတော့ လှူခဲ့သမျှကျောင်းတွေထဲက အချို့တဲ့ဆုံးလို့ ယူဆရတဲ့ ဒေါ်ဖွားသီလရှင်စာသင်ကျောင်းကို ဒုတိယအကြိမ်သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ အလှူရှင်အသစ်တွေကို ဖိတ်ခေါ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပေါ့လေ 🙂 ကျောင်းရဲ့တည်နေရာက ဒဂုံမြို့သစ်တောင်ပိုင်း ရှမ်းတဲကြီးရပ်ကွက်ပါ။ ကျောင်းထိုင်ဆရာလေးကို တော့ ဒီဖုန်းနံပတ်အတိုင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်…၀၉ ၄၂ဝ ၁၁၄၄ ၈၁ မြန်မာဂဇက် ရွာသူားအပေါင်း နှစ်သစ်မှာ တောင်းတအပ်တဲ့အလိုဆန္ဒတွေ တလုံးတဝထဲပြည့်စုံကျပါစေဗျာ 🙂


Mr. MarGaJanuary 10, 20141min022
မိသားစု တစ်ခု ဆိုတာ သူစိမ်းနှစ်ယောက်ကနေ အစပြုတာ။ မိသားစု တစ်ခုဖြစ်ဖို့ သာယာတဲ့မိသားစုဘဝတစ်ခုကို တည်ဆောက်ဖို့အတွက် နားလည်မှုတွေ၊ ဂရုစိုက်မှုတွေ၊ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ အချိန်တွေကို အခြေခံအုတ်မြစ်အဖြစ် သုံးခဲ့ရတယ်။ ကွန်ဆာဗေးတစ်လို့ပဲပြောပြော လစ်ဘရယ်ပဲ ဖြစ်ဖြစ် မိသားစု ဆိုတဲ့ အသိုက်အမြုံလေးတစ်ခုဖြစ်ဖို့အတွက်တော့ ထိုက်တန်တဲ့ တန်ဖိုးထားမှု၊ နားလည်မှုတွေ ပေးရတာပဲ။ မတူညီတဲ့ဘဝနှစ်ခုကို တသားတည်းဖြစ်အောင် ပေါင်းစည်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာကိုး အိမ်ထောင်တစ်ခု ခိုင်မြဲဖို့၊ သာယာဖို့မှာ အချစ်ထက် ယုံကြည်မှု၊ နားလည်မှုတွေဟာ ပိုအဓိကကျလိမ့်မယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက် နိုင်တယ် ဆိုနိုင်ပေမင့် ဟင်းတစ်ခွက်ဖြစ်ဖို့ ဆားကအဓိကနေရာမှာ မပါဘူး။ သံယောဇဉ် ဆိုတာကတော့ အရေးကြုံလာရင် ချစ်ခြင်းမေတ္တာထက် ပို အသုံးဝင်ပါတယ်လေ။ အဲ…..ပိုပြီးတော့လည်း တည်မြဲလိမ့်မယ်။ […]