ကျွန်းတောလမ်း နဲ့ နာနတ်တောလမ်း ထောင့် က ASAGIRI အစဂိရိ (ဒဿဂီရိ နှင့် အမျိုးမတော်ပါ)
(တော်ကြာ အစားဂီရိ ဆိုပီး ခေါင်းဆယ်လုံးနဲ့ စားတဲ့ ဆိုင် မှတ်နေမစိုးလို့ …ငိငိ)
ဆိုတဲ့ Japanese & European Food ရောင်းတဲ့ ဆိုင်ကလေး အတွက် ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေပါ
ကျနော့်အတွက် ပထမဆုံးသော Tabletop Session ဖြစ်သလို အကူအညီပေးခဲ့တဲ့ … ဘော်ဒါဘော်ဂျွတ် ဒတ်သေဆြာ
သူတော် ကိုလည်း အထူးကျေးဇူးတင်မိပါကြောင်း…
Ramen (ခေါက်ဆွဲပြုတ်များ)
Shio Ramen ပွဲကြီး ၅၀၀ဝ ပုံမှန် ၃၅၀၀
Shoyu Ramen ပွဲကြီး ၅၀၀ဝ ပုံမှန် ၃၅၀၀
Miso Ramen ပွဲကြီး ၅၅၀ဝ ပုံမှန် ၄၀၀၀
Tonkatsu Ramen ပွဲကြီး ၅၅၀ဝ ပုံမှန် ၄၀၀၀
European Foods များ
Grey Pork Chop 6500
Outstand (အမဲလျှာ) ၅၅၀၀
Sausage (Chicken, Pork, Fish) ၄၅၀၀
Hamburger (Pork, Chicken, Beef) ၃၅၀၀
Curry များ
Chicken Katsu Curry ပွဲကြီး ၆၅၀ဝ ပုံမှန် ၄၅၀၀
Chicken Curry ပွဲကြီး ၅၀၀ဝ ပုံမှန် ၃၅၀၀

Alcoholic Section (C0cktails များ)
Green Day ၃၅၀၀
Blue Margarita ၃၅၀၀
Screwdriver ၃၅၀၀

Mojito ၃၅၀၀

Da Bar



တော်သေးဘီ
P.S
(ဟင်းပွဲတွေနဲ့ သောက်စရာတွေ နာမည်နဲ့ ဈေးနှုန်း ပြန်မေးပြီး Update လုပ်ပါဦးမည် ဆိုတဲ့အကြောင်းရယ်ပါ)
နာမည် နှင့် ဈေးနှုန်း Update လုပ်ပြီးကြောင်း
2014/1/22 10:35 AM
Post Views: 0
23 comments
kai
January 21, 2014 at 2:39 pm
လမင်န်က..ခွက်နဲ့ယှဉ်ထိုးရင်နည်းနေသလိုခံစားရတယ်…
အသားကင်တပွဲက မီးကျွမ်းရာမပါလို့.. လိုနေသလိုခံစားရတယ်..။
ဟမ်းဘာဂါက ..ပိန်ရှုံ့နေသလိုခံစားရတယ်..။
ထမင်းစေ့ကပိန်သေးနေသလိုခံစားရတယ်..။
ပူစီနံရွက်က..ရေနစ်နေသလိုခံစားရတယ်..
အင်္ဂလန်အလံက…အမေရိကားနဲ့အဆက်အစပ်မရှိသလိုခံစားရတယ်..
ဘားက. ဘာတွေရှုပ်နေမှန်းမသိသလို…ခံစားရတယ်..
အင်း..
ဘာပဲဖြစ်ဖြစ်.. မိတ်ဆွေတွေညွှန်းပေးမယ်..
အလကားရရင်တော့..စားချင်..
Foreign Resident
January 22, 2014 at 9:33 am
kai says:
” ထမင်းစေ့ကပိန်သေးနေသလိုခံစားရတယ် ”
US က ဆန် / ထမင်း က ပုတို ( ခပ် ဝဝ ) တွေ စားတာ မဟုတ်လား ။
အာရှဖက်မှာက ရှည်ကော့သွယ် စားကြသဗျ ။
kai
January 23, 2014 at 12:06 pm
အမေရိကန်.. အာရှသားတွေအများစုက.. ထိုင်းဆန်(ဂျက်စမင်)ကိုအစားများကြတယ်ထင်တယ်..။
ဒုတိယကတော့.. ဘစမာတီလို့ထင်တယ်..
တက်ခ်ဆပ်ကထွက်တဲ့..ယူအက်စ်ဆန်စစ်စစ်က.. မြန်မာဧည့်မထလိုပိန်ရှည်ကို သိပ်စားတာမတွေ့ရဘူး..
အဖြူတွေကတော့ .. ကြည့်ရတာ..ဘရောင်းရိုက်စ်အစားများလာတယ်ထင်မိတယ်..
စပန်းနစ်တွေကတော့.. သူတို့ဖက်ကထွက်တဲ့ဆန်စားတယ်.မြင်တာပဲ…။ မြန်မာဆန်ခတ်ညံ့ညံ့ပုံစံ.. သိပ်အရောင်မလှ.. ။
စကားအတင်းစပ်..
သတင်းစာမှာပါတဲ့အတိုင်းးပဲ.. ပေါ်ဆန်းမွေးယူအက်စ်ကိုတင်သွင်းခွင့်ရသွားပြီဗျို့…
အားပေးဦးမှာ…
kyeemite
January 21, 2014 at 2:47 pm
သင့်ခရုပါ ဘဘရဟူဒီ…အဲနားမဖြတ်တာကြာလို့သတိမထားမိသေးဘူး…ဟုတ်တယ်ဗျ..
ဈေးနှုံးလေးတွေသိရရင် အတော်ကောင်းမယ်…
အဘရဟူဒီ
January 21, 2014 at 3:03 pm
ကျော်တော့ တပွဲရိုက်လို်က် ချစားလိုက် နောက်တပွဲရိုက်လိုက် ှနိုက်မြည်းလိုက်နဲ့. ဟိ.
TNA
January 21, 2014 at 3:52 pm
ဈေးနှုန်းပါသိရရင်ကောင်းမယ်။ ညီးကလဲအေ တယောက်ထဲမကုန်နိုင်မစိုးလို့ လှမ်းခေါ်လိုက်တာမဟုတ်
TNA
January 23, 2014 at 5:06 pm
တန်တယ် သွားလိုက်ပါမည့်အကြောင်း။ မယ်ဂိ့နာမည်ပြောရင် ဒစ်စကောင့်ရမည်လား
Ma Ma
January 21, 2014 at 5:37 pm
(ဟင်းပွဲတွေနဲ့ သောက်စရာတွေ နာမည်နဲ့ ဈေးနှုန်း ပြန်မေးပြီး Update လုပ်ပါဦးမည် ဆိုတဲ့အကြောင်းရယ်ပါ)
အဲဒါကို စိတ်ဝင်စားတယ်။ 🙂
ဘဆွေ
January 21, 2014 at 8:24 pm
mojito ပုံလေး က သောက်ကောင်းမယ့် ပုံပဲ..ဂလု..
ဘားကိပ် လိုရင်ပြောနော…
padonmar
January 21, 2014 at 8:33 pm
Cocktail လေးတွေ လှတယ်အေ။
အစားရော အသောက်ရော ကိုယ်နဲ့ မတည့်။
MAUNG
January 22, 2014 at 6:48 am
တတ် တဲ့သူရိုက် တော့လဲ အကုန် မိုက်တယ်ဗျာ
Union Jack အလံ နဲ့ သံပုရာရေ ပုံပိုကြိုက်တယ်၊ တစ်ခါမှ သံပုရာရေ ထဲ ကို ပူစီနံ နဲ့ သခွါးသီး ထည့် မသောက်ဖူး ဘူး ။ ဒီ တစ်ခေါက် ရန်ကုန်ရောက်ရင် အဲဒီဆိုင် မှာသွားစား ကြည့်ဦးမယ်
ဦးကျောက်ခဲ
January 22, 2014 at 8:45 am
အမေဂျီးကားအလံလေးနဲ့ မာဂရီတာလေး ဂလုလိုက်ရ… အား ဟိ
😀
ရွှေတိုက်စိုး
January 22, 2014 at 11:02 am
လိပ်စာသေချာမသိလို. လိုက်ပို.ပေးပါလားကိုဂီ……. ခွိ…. ပြီးတော့ ဘယ်ဟာကောင်းမှန်းလဲမသိတော့ တစ်ခါတည်းကောင်းတာလေး ဝယ်သာကျွေးသွားလိုက်တော့.. စိတ်မဆိုးဘူးနော်…
ဒညင်းဝက်
January 22, 2014 at 12:56 pm
စားချင့်စဖွယ်..ပြင်ဆင်ကွယ်…
:kwi:
nozomi
January 22, 2014 at 5:16 pm
အစားကောင်းကြိုက်တဲ့ မဟေသီ အတွက် ဖတ်သွား မှတ်သွားပါ၏
Mr. MarGa
January 22, 2014 at 6:04 pm
ရွာသူားများအတွက် ဆိုပြီး ဒစ်စကောင့်ပေးရင်ကောင်းမယ် :mrgreenn:
KZ
January 23, 2014 at 2:39 pm
ပေါ့ချော့ ရယ် ဘာဂါရယ် ပဲ ကြိုက်တယ်။
ဒီ ပို့(စ) မှာ အစားအသောက်ကိုပဲ မြင်တယ်။
ဓာတ်ပုံ ပညာကို မမြင်နိုင်ဘူးးး ဟိဟိ
😀
Nang
January 23, 2014 at 2:49 pm
You was mistake . Reality (1) Miso Ramen (2)Shio Ramen (3) Shoyu Ramen . Baka!!!
sorrow
January 23, 2014 at 4:55 pm
baka ဆိုတာဘာရဲဟင်….အဟိဟိဟိ
kai
January 23, 2014 at 5:04 pm
ဘက.. ဘုန်းတော်ကြီးပညာသင်ကျောင်းတဲ့.. မှတ်ထား..။
အဘရဟူဒီ
January 24, 2014 at 1:30 am
ဟုတ်ကဲ့ ကျော်မှားရေးတာဗျ.
Nang ပြောတာမှန်လိမ့်မယ်.
မီဆို တွေ ရှိယို တွေ ရှောယု တွေ ကျော်မသိဘူးဗျ.
မေးလာတဲ့ list အတိုင်းချရေးတာပဲ. ကျနော်မေးတဲ့ ပုံlist နဲ့
ဒီမှာတင်တဲ့ list မတူလို့ကွာတာဖြစ်ပါလိမ့်မယ်
ဘယ့်နှယ့် ဘက ကပါလာတာတုန်း.
:harr:
Crystalline
January 24, 2014 at 3:43 pm
ဓာ့ပုံပညာနားမလည်ပါ.. ဟင်းပွဲတွေကစားချင်စရာ.. ဘားကလည်းရှုပ်ယှက်ခတ်နေတာပဲ :loll: အမဲလျာသွားစားပါမြီ.. pork chop သွားစားပါမြီ :)) အောက်က အရည်တွေတွေ့တော့ ကော့ကရိတ်ဖက်မှာသောက်ဖူးတဲ့အောဂျီးကိုသွားသတိယပါသည်.. အိုက်လိုမလှပေမယ့် အရသာကတော့ ရှယ်ပဲ :mrgreenn:
Ma Ei
January 24, 2014 at 4:11 pm
ဖန်ခွက်နှတ်ခမ်းမှာ ဆားပွင့်လေးတွေ ကပ်ထားတဲ့ Blue Margarita ကို
ငွေဆောင်ရေကူးကန် မှာ တူကလေးတွေမှာလို့ နဲနဲမြည်းကြည့်တာ ငံတာဘဲသိတော့တယ်…