သူ ခြေလှမ်းကျဲကျဲနဲ့ မှန်မှန်ဖြတ်လျှောက်သွားတဲ့ ကမ်းခြေတစ်လျှောက် မှာ နေဆာလှုံနေတဲ့ မိန်းမပျိုလေးတွေ ခေါင်းထောင်ကြည့် လှမ်းမျှော်ကြည့် ငေးမောကြည့်ရစ်ကြမှာကို သိနေလျှက်နဲ့ ဘာကိုမှ ဂရုမစိုက်ပဲ ရှေ့ကိုပဲကြည့်ပြီး ဆက်လျှောက်သွားဖြစ်သည်။ အဲဒါတောင်မှ ရှေ့ ခပ်လှမ်းလှမ်းက ရွှေဝါရောင်ဆံပင်နဲ့မိန်းမချောလေး ဖြတ်ကနဲလှမ်းကြည့်လိုက်တာကို မြင်ဖြစ်အောင်မြင်မိလိုက်သေးသည်။ သူမအနီး နှစ်လှမ်းအကွာလောက်အရောက်မှာတော့ သူမက ရုတ်တရက် ထ ရပ်ပြီး လှည့်အထွက် ပန်းရောင်ကာဗာနဲ့ဖုန်းကလေး ကျ ကျန်ရစ်သည်။ သူက ခြေလှမ်းကျဲကျဲဖြင့် သွားနေရင်းမှ ဖုန်းကလေးကို ကောက်ကာ တဆက်တည်း ရှေ့ကိုလှမ်း၍ သူမရဲ့လက်ကလေးကို လှမ်းဆွဲရပ်တန့်စေလိုက်သည်။ “နောက်ဆို ဒီလို ဖုန်းကလေးတွေကို ခဏခဏ တမင်လွှတ်မချနဲ့နော်..။ ဒါက အိုင်ဖုန်းမို့လို့…..။ ဟွာဝေးသာဆိုရင် မော်ဒယ်ချိန်းလိုက်ရပြီ…. ” နဲနဲလေးမှ ရှက်ကိုးရှက်ကန်းဖြစ်မသွားတဲ့သူမက ရယ်ကျဲကျဲ ညုတုတုလေးပြုံးရင်း […]
