ဓနုဖြူကိုရောက်ခဲ့ဘီ

Shwe EiFebruary 7, 20142min010

ဒါဇင်ပလပ်စ် အဖွဲ့ဧ။် ၁၉ ကြိမ်မြောက် (ဖေဖော်ဝါရီလ အလှူ)ကို ဒါဇင်ပလပ်စ် မန်ဘာများနှင့် စေတနာရှင်များက ယနေ့ ၂ -၂ -၁၄ တွင် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် လှေလမ်းကျေးရွာရှိ ဗုဒ္ဓရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်ပြီး ပညာရေး ထောက်ပံ့ငွေ ၅၃၀, ဝ၀၀/- ကျပ် နှင့် စာရေးကိရိယာ ၁၀၀,၀၀၀/-ကျပ်ဖိုး စုစုပေါင်း ၆၃၀,၀၀၀/-ကျပ်ဖိုးကို လှူဒါန်းခဲ့ပါတယ် ။

ဒါဇင်ပလပ်စ်နဲ့မန်းဂဇက်ရဲ့ စုပေါင်းအလှူငွေ

ဒါဇင်ပလပ်စ် မန်ဘာများကလည်း အဝတ်ထည်များ သယ်ဆောင်လှူဒါန်းခဲ့ပါတယ် ။

1004700_10152003255968371_1021124312_n

ဒါ့အပြင် ဒါဇင်ပလပ်စ်အဖွဲ့ဧ။် မန်ဘာဝင်များဖြစ်ကြသော ဦးစိုးမင်းနောင်+ ဒေါ်မို့မို့တို့မှလည်း သားဖြစ်သူ မောင်မင်းခန့်နောင်ဧ။် ၁၄နှစ်ပြည့် မွေးနေ့အလှူအဖြစ် ကျောင်းသား ကျောင်းသူ ၂၀ဝကျော်နှင့် ဆရာ/မများအား ထူး ရေခဲမုန့်များ ကျွေးမွေးပြီး ဒါနပြုခဲ့ပါတယ် ။

ရေခဲ့မုန့်ဒါန

ဒါဇင်ပလပ်စ်အဖွဲ့ဧ။် ထာဝရမန်ဘာရှင် ကိုရဲစည်မှလည်း ဆောက်လုပ်စဲကျောင်းဆောင်သစ် အတွက် သွပ် ၅၄ချပ် ပေးပို့လှူဒါန်းရေးကိစ္စကို တာဝန်ခံဆရာတော်နှင့် ညှိနှိုင်း၍လှူဒါန်းရန် လျှောက်တင်ခဲ့ပြီး ဘိလပ်မြေ ၅ အိတ်တန်ဖိုးကိုလည်း လှူဒါန်းခဲ့ပါတယ် ။

သာဓုဘာ...ကိုယဲ

ကိုယ်တိုင်သွားရောက်ခဲ့ကြသော ဒါဇင်ပလပ်စ် မန်ဘာများကလည်း ထပ်ဆင့်အလှူအဖြစ် ကလေးများအတွက် အဟာရဒါနအလှူ သာကူ တိုက်ကျွေးရန် အလှူငွေ ၇၅,၀၀ဝကျပ်ကို လှူဒါန်းခဲ့ပါတယ်။

ကားမတွန်းရခင်လေး..နားနားနေနေ

ဒါဇင်ပလပ်စ် အလှူများထဲက အဝေးဆုံးခရီး လည်းဖြစ်ပြီး လမ်းခရီးလည်း ကြမ်းတမ်းတဲ့အပြင် မထင်မှတ်ထားတဲ့ ကြံ့ကြာမှုတွေကြုံခဲ့ရပြီး သွားလာရ အခက်ခဲဖြစ်ခဲ့ပေမယ့် မန်ဘာများနှင့် စေတနာရှင်များရဲ့ စည်းလုံးမှုကြောင့် ၁၉ကြိမ်မြောက်အလှူကို အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါတယ်။ အဖက်ဖက်ကနေ ကူညီပံ့ပိုးပေးခဲ့သူများ အားလုံးကို ဒါဇင်ပလပ်စ်မှ ကျေးဇူးအများကြီးတင်မိပါတယ်

က..ကလေးငယ်ချစ်စဖွယ်

ဗုဒ္ဓရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန်ကျောင်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် လှေလမ်းကျောင်း ပဓာန နာယက ဆရာတော်ဘဒ္ဒန္တသုမင်္ဂလမှ ဦးဆောင်ပြီး စတင် ဖွင့်လှစ်ခဲ့ပါတယ် ။ ဒေသခံ ရွာနီး ရွာဝေးမှ ကလေးသူငယ်များက အ.မ.က၊ အ.လ.က၊အ.ထ.က ကျောင်းများသို့ သွားရောက်တက်ရောက်ရန် ခက်ခဲခြင်း ၊ အခြေခံ လူတန်းစား အများစု နေထိုင်ရာ ကျေးရွာများဖြစ်သဖြင့် စာသင်စရိတ်ခက်ခဲခြင်း ၊ဖွံ ့ဖြိုးမှု အားနည်းသော အခြေခံပတ်ဝန်းကျင်များမှ ပေါက်ဖွားလာသူ ကလေးများအား သင်ကြားလိုစိတ်ရှင်သန်စေရန်ပြုစု ပျိုးထောင်ပေးလိုခြင်း စသော ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ် ။

1609691_10152003259358371_443908866_n

မူလတန်းကျောင်း စတင်ဖွင့်လှစ်သည့်ခုနှစ်တွင် ကျောင်းသား ကျောင်းသူပေါင်း ၆၄ဦးရှိပြီး ဆရာ/မ ၄ ဦးသာ ရှိခဲ့ပါတယ် ။ စေတနာရှင်များနှင့် ၊ ကျောင်းသား မိဘတချို့ဧ။် ပါဝင်လှူဒါန်းမှုကြောင့် ၂၀၀၆ ခုနှစ်တွင် မူလတန်းလွန်ကျောင်း အဖြစ် တိုးချဲ ့လာနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူများလည်း တစတစ တိုးပွာလာခဲ့ပါတယ် ။ ယခုဆိုလျှင် ကျောင်းသားကျောင်းသူ ၂၂၅ယောက် ၊ ဆရာ ၁၈ယောက်နှင့် စာပြဆရာတော် ၃ပါးတို့ဖြင့်ဆက်လက် လည်ပတ်လျှက် ရှိပါတယ် ။

နှစ်စဉ် ကျောင်းသား အရေတွက် တိုးလာခြင်း၊ သင်ထောက်ကူပစ္စည်း အခက်ခဲရှိလာခြင်း ၊သောက်သုံးရေနှင့် ရေ ရရှိမှု ခက်ခဲလာခြင်းတို့အပြင် ဆရာ/မများ လစာပေးရန် ခက်ခဲလာတဲ့အတွက် စေတနာရှင်များ လိုအပ်လျှက် ရှိပါတယ် ။

ပရဟိတ အဖွဲ့တစ်ခုကလည်း အဖက်ဖက်မှ ပံ့ပိုးပါမယ် ကျောင်းဆောင်သစ် ဆောက်လုပ်ပါဟု တိုက်တွန်းခဲ့သောကြောင့် ၊ ဘိလပ်မြေ၊ အုတ်သဲကျောက်များကို အကြွေးယူစနစ်ဖြင့် ယူပြီး ဆောက်လုပ်နေစဉ် ၊ ထိုပရဟိတ အဖွဲ့က ဆက်သွယ်ခြင်း မပြုတော့တာကြောင့် ၊ ကျောင်းဆောင်သစ်ဆောက်လုပ်မှု တဝက်တပျက်နှင့်သာ ရပ်ဆိုင်းထားရကြောင်းလည်း သိခဲ့ရပါတယ် ။

အကြွေးတင်နေတဲ့ ကျောင်းဆောင်သစ်

အကြွေးစနစ်ဖြင့်ယူပြီး ကျောင်းသစ်ဆောက်ရေးအတွက် လက်ရှိအသုံးပြုထားသော ပစ္စည်းများတန်ဖိုးကိုလည်း ဆရာတော်မှ တာဝန်ယူဆပ်ပေးနေရပြီး ၊ ကျောင်းဆောင်သစ် တစ်ခုလုံး ပြီးမြောက်ရန် ငွေကျပ် (၁၉၄) သိန်းခဲ့ လိုအပ်နေသေးကြောင်းလည်း သိခဲ့ရပါတယ် ။

ကုသိုလ်ပါဝင်နိုင်ကျစေရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်

တဝက်တပျက်နှင့် ရပ်တန့်ထားရတဲ့ ကျောင်းဆောက်လုပ်မှုကို ပါဝင်အားဖြည့်လိုပါလျှင် အောက်ပါလိပ်စာအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ် ။

ဗုဒ္ဓရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် လှေလမ်းကျေးရွာ
တာဝန်ခံ ဆရာတော် – သုစာဂ (ဖုန်း-09 36131649 ၊ 09 4500 10432) / ahshinsusaga@gmail.com

ပို့စ်ဖစ်မြောက်ရေးအတွက် အစ/အဆုံးစာရေးပေးသော တုန်စိန်အားကျေးဇူးတင်ပါသီ 🙂

လေးစားစွာဖြင့်
Shwe Ei

10 comments

  • မဟာရာဇာ အံစာတုံး

    February 7, 2014 at 1:22 pm

    သာဓု ပါဗျို့ ….။
    ဒါဇင်ပလပ်ရဲ့ လက်တွေကတော့ဖြင့်
    ပိုလို့ပိုလို့ ခိုင်မြဲလို့ လာခဲ့ပြီပဲ ..
    ဒါနဲ့ ..
    ဆရာတော်ကို ကပ်နေတာ ဟိုလူဂျီး မီဟုတ်လား …

    Reply

  • kyeemite

    February 7, 2014 at 1:29 pm

    သာဓုပါဗျာ သာဓု သာဓု

    Reply

  • ဦးကျောက်ခဲ

    February 7, 2014 at 1:46 pm

    ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်သေးလို့ ထုံးစံအတိုင်း…
    သာဓု… ၃ကြိမ် ခေါ်သွားပါကြောင်း…
    🙂

    Reply

  • Wow

    February 7, 2014 at 1:59 pm

    ဟီးးးး ကားပြင်တာ ထိုင်စောင့်နေတဲ့ ဂလုဖိုတိုပဲရှိတယ်… သေချာစုပီး မရိုက်ခဲ့ရဘူး… 🙂

    Reply

  • KZ

    February 7, 2014 at 3:05 pm

    ကောင်းလေစွ။
    ကောင်းလေစွ။
    ကောင်းလေစွ။

    အလှူကိုပြောတာ။
    ကားတွန်းရတာတို့ ဖုံတင်တာတို့ကို ပြောတာဟုတ်ဘူးနော်

    😀

    Reply

  • Foreign Resident

    February 8, 2014 at 3:33 am

    ထေရဝါဒ ဗုဒ္ဓ ဘာသာဝင် တစ်ယောက် အနေနှင့် ၊
    လောကုတ္တရာ အမြင်နှင့် ပြောရရင် ၊
    နေ့စဉ် သော်၎င်း ၊ အပါတ်စဉ် သော်၎င်း ၊ လစဉ် သော်၎င်း ၊
    အမြဲတမ်း ပုံမှန် ပြုလုပ်နေတဲ့ ကုသိုလ်ဟာ ( အာသန္တရ ကုသိုလ် ထင်တာဘဲ ) ၊
    အကျိုးပေး ကုသိုလ် အရှိန် အဟုန် အရမ်းကြီးမားတယ်လို့ဆိုတယ် ။

    လောကီ အမြင်နှင့် ပြောရရင်တော့ ၊ ပညာရေး ကို လှူဒါန်းတာဟာ ၊
    အဘတို့ နိုင်ငံ ရဲ့ ရေရှည် အကျိုးစီးပွားအတွက် ၊
    အမှန်တကယ် အလိုအပ်ဆုံး နှင့် ၊ အလှူသင့်ဆုံး နေရာကို လှူဒါန်းတာပါဘဲ ။

    မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင် တစ်ယောက် ဖြစ်ရတဲ့အခါ ၊
    သိပ်ပြီး ချမ်းသာ နေစရာ ၊ သိပ်ပြီး အာဏာရှိ နေစရာ မလိုဘဲ ၊
    အခုလို အမှန်တကယ်လဲ လိုအပ်နေတဲ့နေရာတွေကို ၊
    စိတ်တူ ကိုယ်တူ ၊ ကလျာဏ မိတ္တ မိတ်ဆွေတွေနှင့် ၊
    အတူတကွ ပုံမှန် ကုသိုလ် ပြုခွင့်ရနေတဲ့ ဘဝ ဟာလည်း ၊
    ( အဘ အမြင်တော့ နေတတ်ရင် ကျေနပ်စရာ အဆင့်ထက်ပိုတဲ့ ) ၊
    တကယ့် ဒုလ္လဘ ရခဲတဲ့ ၊ အရ တော်တဲ့ ဘဝ တစ်ခုပါဘဲ ။

    အဘ အမှန်တကယ် အားကျ သာဓု ခေါ်သွားပါတယ် ။
    သာဓု ၊ သာဓု ၊ သာဓု ပါ ။

    Reply

  • TNA

    February 8, 2014 at 4:15 pm

    သာဓု သာဓု သာဓုပါ အမြဲမေ့လို့ အဝေးကပဲသာဓုခေါ်ခေါ်သွားရတယ်

    Reply

  • Paing Lay

    February 8, 2014 at 4:17 pm

    တကယ်ကို ပါရမီ ထိုက်တဲ့ဒါနပါဗျာ Sar Du….Sar Du……Sar Du 🙂

    Reply

  • Shwe Ei

    February 10, 2014 at 4:48 pm

    လတစ်လရဲ့ ပထမဆုံး တနင်္ဂနွေတိုင်းမှာ ပုံမှန်အားဖြင့် အလှူခရီးစဉ်ရှိတတ်တာမို့ မည်သူမဆို အတူတကွလိုက်ပါနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည် 🙂

    Reply

Leave a Reply

Your email address will not be published.