ဇီဇီApril 23, 20141min029
  စက်ရုပ်လို လူတွေ နေတဲ့နိုင်ငံ….. ပိုက်ဆံအကြောင်းပဲတွေးတဲ့ နိုင်ငံ….. ချစ်ခြင်း မေတ္တာမရှိတဲ့ နိုင်ငံ….. ရယ်မောခြင်း ရှားပါးသော နိုင်ငံ….. အနုပညာ အရည်အသွေး ညံ့ဖျင်းသော နိုင်ငံ….. အိပ်ချိန်နဲ့ စားချိန်က လွဲလို့ အလုပ်အကြောင်းပဲ စဉ်းစားနေရတဲ့ နိုင်ငံ….. ကိုယ် အကြိုက်ဆုံး ဆောင်းရာသီမရှိသော နိုင်ငံ….. ကိုယ့်ကို ချစ်တဲ့သူ နည်းပါးသော နိုင်ငံ….. World’s Most Emotionless Countries Top (5) ထဲမှာ ပါတဲ့ နိုင်ငံ….. ဒီနိုင်ငံမျိုးကို လွန်ခဲ့တဲ့ ရ နှစ်လောက် က ဘာလို့ နန့်နန့်တက် လာချင်ခဲ့လည်း စဉ်းစားလို့ကို မရဘူး။ . . . . . . […]


နွေဦးApril 23, 20141min019
ရွာထဲက ဂျီးဒေါ် တယောက် စာတစ်ပုဒ်အတွက် မက်စိကနေ တိုးတိုးတိတ်တိတ် ကလောင်နာမယ်ဘာကြောင့်ဘယ်လိုမှည့် တာလဲဆိုပြီး မေးနေတာကို ကြားတော့ နံမယ်တွေဘယ်လိုမှည့်ကြတယ်ဆိုတာ တွေးမိရင်း ဒါလေး ရေးဖြစ်တယ်.. အိမ်နားက အသိ ကို ကျင်တိတ် သူ့ခလေးတွေ နံမယ်ပေးထားတာတွေကို အမြဲ ခပ်ကြွားကြွားပြောလေ့ရှိတယ်..။ သူတို့အရပ် သူကြီးခဲ့တဲ့ဒေသက သားသမီးတွေမွေးတာကို နံမယ်မှည့်တာကသပ်သပ် အချင်းချင်းတွေပြောကြရင် “နံပါတ်ဘယ်လောက်ကောင်”.. “နံပါတ် ၅ခလေးတုန်းက” စတဲ့ နံပါတ်စဉ်နဲ့ပြောကြတာ…။   “ကျုပ်တို့အမျိုးတွေက ခလေးအများကြီးမွေးတတ်တော့ ခလေးတွေကို နံပါတ်တတ်ပြီးခေါ်တာ သိပ်တော့မဆန်းပါဘူး..ကျုပ်ကတော့ ခလေးတွေကို နံမယ်ပေးရင်း နံပါတ်ပါတတ်ထားတော့ မှတ်လို့လွယ်တာပေါ့..” “ကျင်တိတ်က ခလေးငါးယောက်ဘဲမွေးလို့ပေါ့ ခြောက်ယောက်သာဆို ခေါင်းစားပြီ”လို့ပြောတတ်တာ..။ “ဆိုပါဦး..ခင်ဗျားနံမယ်ပေးပုံလေး…” နွေဦး စပ်စုလိုက်တယ်..။ “ကျုပ်သားကြီး က ‘ကျင်ဝမ်း’လေဗျာ..’ကျင်’ က ကျုပ်တို့ မျိုးနွယ်လေ…သားကြီး […]


ဆရာဦးဝင်းတင် ကွယ်လွန်သောအခါ……… အားလုံးသော  …….. ဂျာနယ်လစ်များ ဓာတ်ပုံဆရာများ စာရေးဆရာများ ပုံနှိပ်တိုက်များ စာအုပ်ထုတ်ဝေရေးများ ဝင်ငွေ သောင်းသောင်း ဖြဖြရကြလေသည်။ ထို့အပြင် ၂၃ရက်နေ့ ယုဒဿန်ခန်းမတွင် ကျင်းပမည့် ဈာပနအခမ်းအနားတွင် များစွာသော လူပရိတ်သတ်ကြီးတို့သည် အပြာရောင် ဝတ်စုံကို ဆင်မြန်းကျမည် ဖြစ်ရာ တီရှပ်ထုတ်သူများနှင့် ဆေးတံဆိပ်ရိုက်သူများ ထောကြပြန်သည်။ နေပူသော ရာသီဖြစ်သဖြင့် ရေသန့်များ ရောင်းကောင်းပါလိမ့်မည်။ တက်ရောက်လာသူများ ကွမ်းတဗြစ်ဗြစ် ဆေးလိပ်မီးတဖွားဖွား ဖြစ်နေပါလိမ့်မည်။ အထူးအခွင့်အရေးရသူများ ကဗျာရွတ်ခွင့် အမှတ်တရစကား ပြောခွင့်များ ရကြပေမည်။ တချို့တချို့သော ပုဂ္ဂိုလ်များသည် “ကျော်တို့ တိုင်းပြည်မှာ ဦးဝင်းတင်လို လူမျိုးတွေ၊ ဦးဝင်းတင်လို စိတ်ဓာတ်တွေ၊ ရဲရဲတောက် မျိုးဆက်သစ်တွေ ဖော်ထုတ်ဖို့ ကြိုးစားကျရမယ်” အစရှိသဖြင့် မစားရဝခမန်းများ အာဘောင်အာရင်း သန်သန် […]


ムラカミApril 22, 20141min034
  စာမရေးတာကြာလို့လားမသိဘူး .. စာရေးချင်မိငဲ့ …. ရေးကားရေးချင်ငဲ့ … ဘာရေးရမှန်းကိုမသိ …. အဲ … ဂလိုဆိုတော့ …. ဟဲ့မယ်ဂိ …ညည်းရေးဇာမစိ ဝူးလား လို့.. ခေါင်းမော့ မေးငေါ့ လတ္တံ့သော .. ဖေ့စဘုတ်တော် ပေါ်မှ .. မှတ်မှတ်ထင်ထင် များ ဖြစ်သည့် ရွာ့ဇဗျစ်သီး တဖြစ်လဲ.. သင်္ဘောနှစ် မှ အခြစ် ထင်သည့် ပုလင်းဖင် မှန်ဝိုင်းတပ် သင်္ဘောသီး ကတော် အားလည်းကောင်း ကျော့်ကို ပြူးအောင် ရိုက်ပေးပါ ဆိုတတ်သည့် … ထွာဘယ်မိတ်ကာ ကိုကိုစော အားလည်းကောင်း.. ကြာဇံမွေး ဆံထုံးချည် ..ပြုံးရီသည့်အခါ ပြီတီတီ ဖြစ်နေတတ်သည့် ထိုင်နေအကောင်းဟ ..ထသွားမှ ဝ-မှန်းသိသည့် .. […]


ဇီဇီApril 21, 201418min069
  မမ စားဖိုမှူးလိုတယ်ဆိုလို့။       ငင်!! ကြည့်လိုက်တော့ အသားဖြူဖြူ သန့်သန့် လူက ပြုံးပြုံးးနဲ့။ ငါ ခေါ်ထားတဲ့ အလုပ်က ကုလား (အဲ) အင်ဒီယန်း အစားအသောက် စားဖိုမှူးပါ။   ဘယ်နဲ့ သူက လူပုံ ပျော့ပျော့နဲ့ အလုပ်မှားလျှောက်တယ်ထင်တာနဲ့ပဲ…………   နေရာမှားနေတဲ့ကွဲ့!!!! မမလိုချင်တာ အင်ဒီးယန်းအစားအသောက်ချက်ဖို့ စားဖိုမှူးလိုတာပါကွယ်။ ရဲတိုက်လို ရုပ်မျိုးလေးကို ဦးစားပေးမယ် စဉ်းစားထားပါတယ်။  :mrgreenn:       မမဇီဇီ၊ ကျနော် အဲဒီ အစားအသောက်ကျွမ်းကျင်ပါတယ်။ ထောက်ခံစာ ၂ စောင်လည်းပါပါတယ်။       ကြည့်လိုက်တော့ အမတ်မင်း ဆီက ရယ်၊ ဟောင်ကောင်ကျောက် ဆီကရယ်။ […]


ဇီဇီApril 20, 20148min041
Gardens By the Bay ကိုတော့ ဒီ အောက် က ပို့(စ) ၂ ခုမှာ ရေးဖူးပါတယ်။။       Gardens By the Bay – အပိုင်း (၁)     Gardens By the Bay – အပိုင်း (၂)       အဲဒီမှာပဲ ကျူးလစ် ပန်းပွဲတော်ရှိတယ်ဆိုလို့ ရုံးက အမတွေနဲ့ သွားခဲ့ပါတယ်။ အမှန်တော့ မနှစ်ကတည်းက သွားချင်တာရယ်။ ဦးကျောက်တို့ အမတ်မင်းတို့နဲ့ ရောက်ပြီးမှ မသိလို့ ဝင်မကြည့်ပဲ အပြင်ပန်းကပဲ ပြန်လာမိတာ။ ဒီနှစ်တော့ နားစွင့်ပြီး စောင့်နေတာနဲ့ မှီခဲ့တယ်ပဲ ဆိုပါတော့။ […]


ရွှေ ကြည်April 19, 20141min033
မင်္ဂလာပါရှင့် မတွေ့ရတာလည်းကြာပြီ ပေါ်လိုက်ပျောက်လိုက်နဲ့ ဂနာမငြိမ်တဲ့ မိရွှေကြည်ရွာသူမကိုခွင့်လွှတ်ကြပါကုန် နှစ်သစ်မှာ ရွာသူ၊ ရွာသား အပေါင်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြပါစေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေ မေတ္တာပို့သပါတယ်။ မျက်စိတွေလည်းလည်နေတယ် နကိုကမှ မကျွမ်းမကျင်နဲ့ဆိုတော့ ပုံတင်တာမျက်စိလည်နေတယ်။ စမ်းတဝါးဝါး နဲ့ တင်လိုက်ပါတယ်။ ဟုတ်ကဲ့ မိရွှေကြည် အားကျမိပါတယ် တကယ်ကြီးပါ။ ဒီအသက်ဒီအရွယ်ရောက်ပြီဆိုတော့လည်း အားကျမိပါရဲ့ ။ မိရွှေကြည် ဒီအသက်အရွယ်ရောက်တဲ့အထိ ရှစ်ပါးသီလလုံအောင်ထိန်းနိုင်ခဲ့တာ (တော်တော်လေးကိုခက်ခက်ခဲခဲကြိုးစားလိုက်ရပါတယ်) ဘုရားစူး တကြိမ်တည်းပါ။ ဘုန်းကြီးကျောင်းကိုတော့ အမေနဲ့အတူ သီလလိုက်ယူတာကတော့ အကြိမ်ပေါင်းများစွာ တခါမှ သီလလုံအောင်မနေခဲ့ဖူးဘူး ရန်ကုန်မှာအလုပ်လုပ်ရင်း တရက်သော ဝါဆိုလပြည့်နေ့မှာမှ ရွှေတိဂုံဘုရားမှာ အိမ်အတူနေတဲ့သူငယ်ချင်းတွေနဲ့ သီလယူပြီး ဥပုဒ်စောင့်ခဲ့ပါတယ် တကယ်ကြီး တကြိမ်တည်းပါ။ အခုအထိလည်း မစောင့်ဖြစ်သေးပါ။ ဒါပေမယ့် ဒီရွာကြီးရဲ့ကျေးဇူးနဲ့ ခင်မင်ခွင့်ရခဲ့တဲ့ […]


ဇီဇီApril 17, 20148min058
  ကျနော် ကွန်ပလိမ်းစာတို့ ဆုံးမစာတို့ ရေးလေ့မရှိပါဘူးနော့။ သူများကိုလည်း ပြုပြင်ဖို့ ကြိုးစားတတ်တဲ့သူထဲလည်း မပါပါဘူးးး အားအားယားယားလည်း ဆရာမလုပ်ပါဘူးပါဘူးးးး ကိုယ်တိုင်က လိမ္မာတယ်လို့ မ မှတ်ယူတာ တစ်ကြောင်းးး၊ ဘာမှ တတ်တဲ့သူ မဟုတ်ဘူး ဆိုတာ သိလို့တစ်ကြောင်းးး ဘယ်သူ ဘာဖြစ်ဖြစ် ကိုယ့် တကိုယ်စာ နေကောင်းနေရင် ဘာမှ စိတ်မဝင်စားတာက တစ်ကြောင်းးး ဘာမှ ဆို ဖြေရှင်းလို့ ရတယ်ဆိုတဲ့ အယူအဆ ကိုင်စွဲထားတာ က တစ်ကြောင်းးး၊ ကိုယ်လုပ်ချင်ရာကိုယ်လုပ် ကိုယ်ဖြစ်ကိုယ်ခံကြ ဆိုတဲ့ အတွေးရိုင်းရိုင်းရှိတာက တစ်ကြောင်းးး၊ နောက်ပြီး ဇောနဲ့ ပြောရင် နောက်က ဒေါသ၊ ဒေါသ နောက်ကမှ စကား ကြမ်းကြမ်းက ပါလာတတ်လို့ တစ်ကြောင်းးးး အကြောင်းကြောင်းတွေကြောင့် နေသာသလောက်ကို […]


kaiApril 12, 20141min011
ပုရိသနှင့်ဣတ္ထိယ လောကတွင်အဖို၊အမဟူ၍လိင်အရခွဲခြင်း၂မျိုးရှိသည်။ တိရိစ္ဆာန်များတွင်တော့ တီကောင်ကဲ့သို့လိင်အင်္ဂါ၂မျိုးတွဲနေသောသတ္တဝါတချို့ရှိသည်ဖတ်ဖူးပါသည်။ သတ္တဝါတခုတွင် ကျားမလိင်တွဲရှိနေပါလျှင် တိုးတက်ရာ၊စိတ်လှုပ်ရှားစရာ အားပြိုင်ညှိခြင်းရှိမည်မဟုတ်ပေ၊ လူသားတွင်  မိန်းမအင်္ဂါ၊ ယောကျင်္ားအင်္ဂါမပါသူကို “နပုန်းပဏ္ဍုတ်”ခေါ်၍ ၂မျိုးလုံးပါသူကို “ဥဘတောဗျည်း”ဟုခေါ်လေသည်။ ကျားနှင့်မ ၂မျိုးသာရှိသည်တွင် လူ့သမိုင်းယဉ်ကျေးမှုတလျှောက်ကျားနှင့်မကိုခွဲခြားဆက်ဆံခြင်း ဖိနှိပ်ချုပ်ချယ်ခြင်းခေတ်များရှိခဲ့ဖူးသည်။ ရှိနေဆဲဟုလည်းဆိုနိုင်သည်။ ရောမခေတ်တွင် စစ်ထွက်ယောကျာ်းများသည် မိန်းမများကိုခွဲခြားဆက်ဆံကြသည်ဟု ဖတ်ဖူးသည်။ ကလေးမွေးပေးနိုင်သောသတ္တဝါတရပ်အထိပင်စံထားသူများလည်းရှိပေသည်။ ထို့ကြောင့် ယောကျာ်းအချင်းချင်း လိင်ဆက်ဆံခြင်းထွန်းကားဟန်ရှိကာ ကျွန်မင်းစပါတာကတ်နှင့်စစ်မင်းအလက်ဇန္ဒားတို့၏ဘဝမှတ်တမ်းများက ဤအချက်ကို မီးမောင်းထိုးပြသည်ဟုဆိုချင်သည်။ ထိုခေတ်၏”ဂေး”ဟူသည် ယခုခေတ်နှင့်တွေးမြင်စဉ်းစားပုံ လုံးဝခြားနားမည်ဟုယုံကြည်မိပါ၏။ ထိုမှသည်.. ဒုတိယကမ္ဘာစစ်ကြီးက စစ်ထဲသွားနေသောယောကျာ်းတို့၏အလုပ်နေရာများကို မိန်းမတို့လုပ်ဖြစ်သွားရန်အတွက်တွန်းပို့ခဲ့သည်။ စစ်ကြီးပြီးခေတ်တွင်တော့ စစ်ကြောင့်လျှော့သွားကျသွားသော ကျားများနေရာအတွက် အစားထိုးဖြည့်ရန်  ကျားကလေးငယ်အများစုသာ မွေးထုတ်ပေးရသော မိခင်များအဖြစ်ရောက်စေခဲ့သည်။ မိခင်များကြောင့်ပင် အမျိုးသားတို့ဤဒွန္နယာ၌ဖြစ်တည်ရှိကြသည်မဟုတ်ပါလော။ ဘာသာရေး ကမ္ဘာ့ဘာသာကြီး၄ရပ်၏ ဥသျှောင်များတွင် ပုရိသများကိုသိပ်သည်းလျှက်တွေ့ရပေသည်။ ဘာသာကြီးတို့တည်ထောင်ရာ အစမူလနှစ်များတွင် စစ်နှင့်သူ၏ပဋိပက္ခများဖြင့်သာ ကစားရပေရာ  အင်အားသုံးနိုင်သည့် […]


ဇီဇီApril 11, 20141min032
လူပါးတုန်း ရေးချင်တာလေး ရေးအူးမှ။ :kwi:   ရုံးက မဟာရန်သူအချစ်တော်ကြီး အကြောင်းပေါ့။ မင်းသားကြီးမဟုတ်ဘူးနော်။ ပီအမ် (ပရော့ဂျက် မန်နေဂျာ) ကိုပြောတာ။ ဘုရားစူး မန်နေဂျာပေါ့ ဟိ။ မနေ့က ၄၂ နှစ်ပြည့်ပြီ လူပျိုကြီး ချိန်ပါ။ ခွိခွိ။ ရုံး က အလွဲတွေ တော်တော်များများက သူနဲ့ တူတူလွဲတာရယ်။   ကေဇီ ရုံးကို စရောက်တော့ ဒီ ရာထူးမရသေးဘူးးး QS (Quantity Surveyor) ရာထူးနဲ့ ရာထူးက သူ့ထက် ဂျူနီယာကျတယ်ပေါ့။ ကေဇီမတိုင်ခင်က သူက မင်းသားကြီးရဲ့ လက်ရုံးးး၊ ခိုင်း အကောင်းဆုံး၊ မျက်နှာအရဆုံး၊ ဦးစား အပေးခံရဆုံးးးး ဆိုပါတော့။   ကိုယ့်ထက် အရင် ရက်ပိုင်းလေး ရောက်တဲ့ အင်/ယာ […]


ဟေ့.. လျှာဂျီးကို အစော်ဂါးနဲ့ကွ… ရွာထိပ်မှ ကကြောင်ကြီး အော်ဟစ်နေသံဖြစ်သည်။ ကြေးမုံဂျီးရယ် စဉ်းစဉ်း စားစားလည်း လုပ်ပါကွာ။ မင်းအတွက်ငါ့ဘွ တခုလုံး ပေးဆပ်ခဲ့တာဒွေ ရှင့်ဂိုဝ မုန်းဒယ်ဆိုဒဲ့ စဂါးတခွန်းထဲနဲ့ ပီးလိုက်ရမှာလား။ မင်းအတွက် ခဏတာ ရေဗွက်လေး.. ကိုယ့်တွက် ဘွတသက်စာဗာမေ… အဲဒီသီချင်းစာသား ငါ့အတွက် နမိတ်များ ဖြစ်နေဂဲ့ရော့ သလားကွယ်။ အို.. ကျမဒါဒွေ အသိဗူး.. ရှင် သွားမလား မသွားဗူးလား… အော်လိုက်မှာနော်.. “ဟောသည်မှာ.. ပဲဗြုတ်စ်…။” ရှေ့စာလုံးက ကြေးမုံဂျီး အော်သံဖြစ်ပီး နောက်စာလုံးမှာ ကကြောင်၏ သံယောင်လိုက်သံ ဖြစ်သည်။ ကြေးမုံဂျီး အစဂဒေါ့ ကြောင်ကြီးမှ ကြောင်ကြီး.. ငါးပိဆိုလျင် ဖုတ်ပီးသား၊ ပေါက်စီဆိုလျင် အချဉ်ရေတွဲလျက်.. ကြေးအိုး ငုံးဥပါမပါ မေးစရာ မလို.. […]


ဇီဇီApril 7, 20145min050
ကေဇီ အခြောက် ယူမလားးးးးး ဟင်? ဝေ၊ သများ အခြောက်မယူချင်ဘူးးး သများ အခြောက်မကြိုက်ဘူးးး ယူပါ ကေဇီရဲ့။ ကေဇီ အတွက် စပယ်ရှယ် စီစဉ်ထားတဲ့အခြောက်တွေ။ ငင်! ရက်စက်လှချည်လား ဝေရယ်။ ကေဇီမှာ ဘဲရှိတယ်လို့ ပြောပြီးပြီလေ၊ ဘီယာနဲ့ ပေါင်းတင် (အဲ) ပေါင်းတည်ထားတယ်လေ။ အခြောက်တွေမလိုချင်ဘူးးး ဟူးးး ဟူးးးးးး ရ ရက်စာ တစ်ရက် အခြောက်တစ်မျိုး နွေရာသီစာ လေ။ ဟင်? ဘာရယ် နွေရာသီစာ? အင်းလေ။ ငါးခြောက် အမျိုးမျိုးကို သင်္ကြန်တွင်း တပတ်စာ ရေးပေးထားတာလေ၊ ထမင်းဆိုင် အတွက်… ဪ။ဟူးးးးးး! အဲဂလိုပြောပါလား ဝေရယ်။ သများက ကိုယ့် အတွေးနဲ့ကိုယ် လန့်တတ်လို့။  :mrgreenn: ဤကားးးး ကေဇီနဲ့ […]


နွေဦးApril 5, 20141min06
စိတ်ဖိစီးမှု ဆိုတာ စွမ်းဆောင်နိုင်မှုတွေကို ဖျက်ဆီးပြစ်ပြီး ဒီပူပင်ကြောင့်ကြစိတ်တွေကြောင့် ဘဝရဲ့ အရေးပါမှုတွေကို ဆုံးရှုံးစေပါတယ် ။ဒါ့ကြောင့် စိုးရိမ်ပူပန်စိတ်တွေ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် ဒီစိတ်တွေကို ဘယ်လိုဖြေဖျောက်နိုင်မလဲဆိုတဲ့နည်းတွေကို ရှာဖွေဖို့လိုပါတယ်။ဒါက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ မကောင်းတဲ့ စိုးရိမ်ကြောင့်ကြမှု စိတ်ဖိစီးမှု စိတ်သောကရောက်မှု ပူဆွေးသောက ဗျာပါရနဲ့ စိတ်မလျှော့နိုင်တာတွေက တကယ့် ပြဿနာတွေအဖြစ်နဲ့ ဒီနေ့ခေတ်မှာ လူတိုင်း ရင်ဆိုင်နေကြရပါတယ် ။ ခုတော့ ဒါတွေကို တစစီခွဲပြီး လေ့လာရင်း ပူပင်ကြောင့်ကြစိတ်တွေ စိတ်ဖိစီးမှုတွေကို တထစ်ခြင်းဖြေလျှော့နိုင် အောင် လုပ်ကြည့်မှာပါ ။ မခံစားနိုင်တဲ့ ဖိအားပေးမှုကြောင် စိတ်ဖိစီးမှု ဖြစ်တတ်ပါတယ် ။ ပုဂ္ဂလိက ခံစားချက်တွေ စိတ်ဖိစီးမှုတွေက အလုပ်ထဲမှာ လုပ်နေကျ မဟုတ်တဲ့ အလုပ်ကိုလုပ်ရတာတွေ နေထိုင်နေတဲ့ ကိုယ့်ပတ်ဝန်းကျင် သဘာဝပြောင်းလဲလာတာတွေ […]