kaiOctober 14, 20142min013
အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုသော် (၃)   အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုလျှင် မိမိနှင့် ရင်းနှီးပြီးသား လွယ်ကူသည့် စကားလုံးလေးများကို ထိထိမိမိ လှလှပပ သုံးတတ်အောင် လေ့လာထားသင့်ကြောင်း အတော်အသင့် တင်ပြခဲ့ပြီးပါပြီ။ ယခု မိမိနှင့် ရင်းနှီးပြီးသား စကားလုံးလေးများကို အခြေခံပြီး ၎င်းဝေါဟာရလေးများနှင့် ဆင်တူယိုးမှား အဓိပ္ပာယ်ရှိသည့် ” synonyms ” ခေါ် စကားလုံးလေးများကို လေ့လာသင့်ကြောင်း တင်ပြလိုပါသည်။ ” synonym ” ဟု လူသိများသည့် ဆင်တူယိုးမှား အဓိပ္ပာယ် ရှိသည့် ဝေါဟာရလေးများသည် စကားပြောဆိုရာ၌လည်းကောင်း ၊ စာရေးသားရာ၌လည်းကောင်း အထူး အဖိုးတန်လှပါသည်။ သုံးတတ်လျှင် လှလှပပ ခန့်ခန့်ညားညား ရေးနိုင် ပြောနိုင်သလို ၊ မသုံးတတ်လျှင် လည်း ဒုက္ခလှလှ တွေ့ရမည်မှာ […]


ေမာင္ရိုးOctober 13, 20143min020
 ပုံ – ၁  မိုးကြိုးပစ်ခံရသောရဲတိုက်           ဂမ္ဘီရ နဲ့ ဗေဒင်ဆိုတာ ဖျော်ဖြေတဲ့ နေရာကိုပို့ထားတဲ့ သဂျီးခိုင်အတွက် တဲရော့များကပြောတဲ့ သူ့ကံကြမ္မာကို ဖွင့်ချလိုက်ပါတယ် ။   သဂျီးခိုင်နှင့်တကွ ဖတ်မိ ………   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   သဂျီးခိုင် အတွက်ရည်ရွယ်ပြီး ကဒ်သုံးကဒ် ဆွဲပါတယ် ။ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ် အတွက်ရည်ရွယ်ပါတယ် ။   ပုံ ( ၁ ) က အတိတ်အတွက်ဖြစ်ပြီး ပုံ (၂ ) က လက်ရှိ ပစ္စပ္ပန် ပါ။ ပုံ ( ၃ […]


alinsettOctober 12, 20141min029
ရ ရက် သားသမီး ဗေဒင် ၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ ၂ဝ ရက်မှ ၊ နိုဝင်ဘာလ ၂ဝ ရက် ။ ———— ၁ ။ တနင်္ဂနွေနေ့ဖွား ။ အလုပ် ရွှေ့ပြောင်းလိုစိတ် ဖြစ်ပေါ်နေမည်။ အလုပ်၌ ရန်ပေါ်တတ်၍ သတိထားပါ။ ငွေဝင် လာဘ်ကောင်းနေမည်။ လင်ယောကျာ်းအတွက် သောကများနေမည် ။ မိတ်ဆွေကောင်းများ၏ ကူညီမှု ရမည်။ ယတြာ ။ ။ ဘုရား၌ ပန်းသီး ၅ လုံး ကပ်လှူ ဆုတောင်းပါ။ ———— ၂။ တနင်္လာနေ့ဖွား ။ ဇနီးသည်၏ အကျိုးပြုခြင်း များစွာ ရမည်။ ဘုရားဖူးခရီး ၊ မြတ်သောခရီး ထွက်ရကိန်း […]


အပိုင်း (၁) – http://myanmargazette.net/204769 အပိုင်း (၂) – http://myanmargazette.net/204809 အပိုင်း (၃) – http://myanmargazette.net/204904 အပိုင်း (၄) – http://myanmargazette.net/204994 အပိုင်း (၅) – http://myanmargazette.net/205096 အပိုင်း (၆) – http://myanmargazette.net/205228     (၁၉) အရာရာသည် ကျွန်မ၏အတွေးထဲတွင် ဝေဝါးနေသည်။ ဆင်ခြင်နိုင်စွမ်းရှိသော ဦးနှောက်က မယုံနှင့်ဟု တားဆီးနေသော်လည်း ကာယကံရှင်မိန်းကလေး၏ ကိုယ်တိုင်ဖွင့်ဟချက်ဟူသော အသိက ယုံလိုက်ပါဟု တိုက်တွန်းနေပြန်သည်။ ဘီယာသောက်ကြရင်း တည်းခိုခန်းသို့ရောက်သွားကြသည်ဟူသော အဖြစ်သည် ကျွန်မအတွက်တော့ ယုံကြည်ရန်ခက်ခဲလွန်းလှသည်။ သို့သော် ကာယံကံရှင်ကိုယ်တိုင်က ဟုတ်ပါသည်ဆိုလာမှဖြင့် ကျွန်မ ကြိတ်မှိတ်ယုံရရုံသာ ရှိတော့သည်။ ကျွန်မတို့နှစ်ယောက်လုံး ရင်နာမိသည်။ စိတ်ဆိုးမိသည်။ ဒေါသထွက်မိသည်။ လက်ခုပ်ဟူသည် […]


ဇီဇီOctober 10, 20141min056
အဖိုး ပြောတာလေး သွား အမှတ်ရတယ်။ ကျနော် တို့ အမျိုးက ချစ်ခြင်း မုန်းခြင်း ပြသနာတွေ သိပ်များတာ။ ငယ်တုန်းကတည်းက ဘယ်သူမေးမေး ဖြေရတာ… မဖြေမချင်း ကလေးတွေကို ဇွတ်မေးကြတာရယ်။ “ဘယ်သူ နဲ့ ဘယ်သူ မှာ ဘယ်သူ့ ပိုချစ်တုန်း” ဆိုတာမျိုးး… ပြီးရင် … “နင် က ငါ့ ကို အကြီးမ လောက် မချစ်ပါဘူး၊ သိပါတယ်” ဆိုတာ တသွယ်… နောက်လာသေးတယ်… “သူ့ ကြီးကြီးကို ကြည့်ရင် ချစ်စနိုး၊ ဒီ အဒေါ်ကတော့ချဉ်ဖတ်မှန်း သိပါတယ်” တို့ အဲလိုမျိုး အချစ်ရေး ပြသနာတွေကို ငယ်ကတည်းက ရင်ဆိုင်ခဲ့ရတာပေါ့။   ကိုယ့် မေးလို့ကတော့ မေးတဲ့ သူ […]


ကထူးဆန္းOctober 9, 20141min029
သိရင်ဖြေကြည့်ပါ ။ အချိန်ကုန် ပြီး အကျိူ း မရှိတဲ့ပုံ လို့ထင်ရင်တော့ ခွေးလွှတ်ပါ ။ ရန်ကုန်မြို ့ နောက် နှစ်နှစ်လောက်ဆိုရင် ပြောင်းလဲ သွားနိုင်လောက်တဲ့ နေရာပါနေလို့ပါ . ကထူးဆန်း ၉-၁၀-၂၀၁၄


မစုဥာဏ္October 8, 20141min015
အမေရိကန်ပြည်ထောင်စုရဲ ့ ဆောင်းဦးကာလ ကို ရောက်လာတဲ့အခါ မူလက တပင်လုံးစိမ်းစိုနေတဲ့ သစ်ရွက်တွေက အဝါရောင်၊ အနီရောင်၊ ပန်းရောင် စသဖြင့် အရောင် အမျိုးမျိုးပြောင်းလို ့လာတယ်။ သဘာဝ ရောင်စုံပန်းချီကားချပ် တစ်ချပ် ကြည့်ရသလို လှနေတဲ့ အပင်တွေ ကို မြင်တော့ အမေ့ ကို သတိရ မိတယ်။ ရှမ်းပြည်မှာ သစ်ရွက်ဆိုရင် အစိမ်းရောင်လို ့ သာ မြင်ထားဖူးတဲ့ အမေက နယူးယောက်မှာ ဆောင်းဦးရောက်ရင် အရွက်တွေ အရောင်ပြောင်းတယ်လို ့ ကြားတော့ တအံ့တဩဖြစ်လို ့ နေခဲ့တယ်လေ။ အရွက်ရောင်စုံတွေကို မြင်ဖူးချင်ပေမယ့် ရှမ်းပြည်ကို ကြာကြာမခွဲနိုင်တဲ့ အမေက နယူးယောက် ရဲ ့ ဆောင်းဦးအလှကို စောင့်မကြည့်နိုင်ပဲ ပြန်သွားခဲ့ပါတယ်။ အသက် […]


ဇီဇီOctober 6, 20143min044
ယောက်ခမွသဲ အနော့ကို ဒီ တစ်ပတ် ခွေးလွှတ်ပါ။ ဟီးးး :mrgreenn: သဲ က ငပိမစားဘူးရယ်။   ကျနော်က တစ်ရက် တစ်ရက် ငရုတ်သီးရယ်၊ ငပိရယ် မပါရင် ထမင်းစားမဝင်ဘူးဗျ။ ငပိ ငခြောက် ပုဇွန်ခြောက်ကို လူကြုံတိုင်း မှာမှာစားရတာ။  :mrgreenn:   မြန်မာ ပါးစပ် ဆိုတော့ ဘာမှ မပါလည်း ဆီဆမ်း ဆားဖြူးနဲ့ အဲဒါလေးတွေ ဟိုလိုကြော် ဒီလိုကြော်က ထမင်းသိပ်စားဝင်တာရယ်။ အဲဒီတော့ အိမ်မှာ ပုလင်းလေးတွေနဲ့ ထားရတဲ့ လွယ်ကူမြန်ဆန် အဖုထွက် ဟင်းရံလေးတွေကို ရေးပါ့မယ်။ ညှော်နံ့အတွက် ပြသနာမရှိဘူး ဆိုရင် ကြော်ထားပြီး လိုက်ဖက်ရာ ချဉ်ရည်ဟင်းနဲ့ စားရင်ကို စားကောင်းနေတာပါပဲ။ ငိငိငိ။ :mrgreenn: အဲလိုတွေ […]


kaungngelayOctober 5, 20141min08
စာပေတန်ဖိုးအား လွန်စွာကျေးဇူးတင်ရပါသည်။ ထို့ထက်ပိုမိုတင်စားလိုသော်လည်း စကားလုံးကား ရှာမရပါ။ နည်းပညာရှင်များတွင် အတော်များများသည် တော်ကြ၏။ သို့သော် မိမိတစ်ဦးတည်းသာ တတ်သိနားလည်သဘောပေါက်၏။ လုပ်ငန်းကျွမ်းကျင်၏။ တွေးခေါ်မှုကောင်း၏။ နာမည်ကြီး၏။ သို့သော် သူတစ်ပါးနားလည်အောင် မရှင်းပြတတ်။ ရှင်းပြရာတွင်လည်း တပည့်များ၊ အောက်ခြေဝန်ထမ်းများအား ထိရောက်အောင် မရှင်းပြတတ်။ အချို့သောနည်းပညာသမားများမှာ ရှင်းပြနိုင်သည်။ သင်ပြနိုင်သည်။ လမ်းညွှန်နိုင်သည်။ သို့သော် စာရေးရန် အင်မတန်ပြင်းကြ၏။ ရေးဖို့ အချိန်မရကြတာလည်း ပါနိုင်သည်။ အချိုသောနည်းပညာသမားများမှာ အထက်ပါ အမျိုးအစား နှစ်မျိုးလုံးတွင်လည်း ပါဝင်သည့်အပြင်၊ သူတစ်ပါနားလည်အောင်၊ နားဝင်အောင် ရေးသားမှတ်တမ်း တင်ပြုစုတတ်ကြပါသည်။ တနည်းဆိုရသော် နည်းပညာကလောင်ရှင်များဟု တင်စား ဖြစ်မည်ထင်ပါသည်။ ကျွန်တော့်မှာ စာရေးချင်သော်လည်း၊ ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပက်သက်သော Health and Safety အကြောင်းဖတ်မှတ် စုဆောင်းနေရပါသည်။ […]


Zaw AungOctober 5, 20141min012
ဒီနေ့ (4.10.14) ကျောက်မြောင်းက ကျနော့်ညီအိမ်ကို ဒါးကိုင် လူ ၃ ယောက် အနုကြမ်း ဝင်စီးပါတယ် ညထဲက ပိုက်လုံးက တွယ်တက်ပြီး ဝရန်တာမှာ တံခါးဖွင့်မယ့် အချိန်ကို စောင့်နေတာ ကံကောင်းချင်တော့ တညလုံး ဝရန်တာ တံခါး မဖွင့်မိဘဲ မနက် ၇:၃ဝ မှာ ဆိုင်ဖွင့်ဖို့ ထွက်သွားကြပါတယ် အိမ်ဖေါ် ကောင်မလေး ၂ ယောက်ပဲကျန်ခဲ့ပါတယ် ၈ နာရီလောက်မှာ အဝတ်လှမ်းဖို့ ဝရန်တာ တံခါး ဖွင့်လိုက်တာနဲ့ ဒါးနဲ့ထောက်ပြီး အိမ်ထဲဝင် မွှေနှောက်ပါတယ် နေ့လည် ၂ နာရီလောက်မှာ ညီရဲ့ သား။ သမီး။ တူ နဲ့ ပန်းထိမ်ဆရာတယောက် အိမ်ပြန်လာပါတယ် ပထမဆုံး ဝင်သွားတဲ့ ၂ ယောက်ကို ဒါးထောက်ပြီး […]


ကျနော်တို့ ရွာထဲမှာဗျာ… စက်တင်ဘာတုန်းက တော်တော်များများ သေကြတယ်လေ။ ဘာပဲဖြစ်ဖြစ် ရှာဖွေပြီး ကောင်းသမျှလေးတွေ ညွှန်းလိုက်ပါတယ်ဗျာ။ ~~~~~~~~~~~~~ ၁)” မြန်မာနိုင်ငံရန်ကုန်မြို့လယ်က သမိုင်းအကြောင်းအပြည့်နဲ့အထင်ကရ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း” – အာဂ http://myanmargazette.net/203997 “အာဂရဲ့.. အင်တာဗျူးပညာနဲ့..သတင်း ရေးနည်းက.. ကမ္ဘာ့အဆင့်မှီနေတယ်…” ဆိုတဲ့ သူကြီးရဲ့ မှတ်ချက်ချမှု ရခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ရန်ကုန်မြို့လယ်က Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း ရဲ့ သမိုင်းကြောင်းကို အမေးအဖြေသဘောမျိုး မပေါ်စေပဲ ရေးသွားနိုင်တာမို့ စာကြမ်းပိုးတို့ အကြိုက်တွေ့မိပါတယ်။ . . . ၂) အကျူ ိးတူ = ??? – ဘဲဥ http://myanmargazette.net/204141 ပျောက်နေတာ ကြာပြီဖြစ်တဲ့ ဘဲဥရဲ့ […]


ဇီဇီOctober 4, 20142min055
ကိုယ့် နှလုံးသားးး ဒီ ငရုတ်သီးလေး စားမိသလို ရင်ထဲ ပူပြီး တကယ်စပ်တယ် ဒါပေမဲ့တော့ ရှောင်ဖို့ခက်။   :sar: ဂုတလော နေရထိုင်ရ ခံစားရတာ ပူစပ်ပူလောင်ဖြစ်နေလို့။ :s: ဟိ။ ဒါ ကို Red Hot Chilli Pepper Spice ခံစားချက်လို့ ခေါ်တယ်။ ခွိခွိ 😳 ဒါသများ စိုက်ခင်းဟုတ်ဘူးးး ဟိုတခါ ပြပွဲကဟာ။                                             […]


moonpoemOctober 1, 20141min014
ကိုကိုMPTရေ ရှင်ဟာ ကျွန်မအပေါ်မှာ နွေးထွေးမူှမရှိဘူး။စိမ်းကားတယ်လို့ ထင်ခဲ့လို့ ကိုကို ooredooနဲ့ ကိုကို telenor အပေါ်မှာ ကျွန်မ စိတ်တွေ တိမ်းညွတ်ခဲ့တာ ကျွန်မ ဝန်ခံပါတယ်။သူတို့က အပြင်ပန်း သိပ်smartကျတာတွေနဲ့ စွဲဆောင်ခဲ့တာကိုး။ ကျွန်မအထင်ကြီးတာ မလွန်ပါဘူး ကိုကိုmpt။ရှင်က နေ့နေ့ ညညခေါ်မကြား အော်မကြား၊ အေးတိအေးစက် ဆက်ဆံရေးတွေနဲ့ ကျွန်မရှင့်ကို စိတ်ကုန်မိတာ ဆန်းသလားလို့ ပြောစမ်းပါ။ ကိုကို Ooredoo နဲ့ ကိုကို Telenor ကို ကျွန်မအပါအဝင် တော်တော်များများ သည်းသည်းလှူပ်ခဲ့ကြတာ မှန်ပေမယ့် သူတို့က ရှင်စိမ်းကားတာထက် ပိုတဲ့ အသည်းမာတဲ့ ရက်စက်တဲ့ နှလုံးသား ပ်ိုင်ရှင်တွေဆိုတာ ကျွန်မ အခု နားလည်ခဲ့ပါပြီ။ အခုလည်း ရှင့်ကို ကျွန်မ သဘောကျ လွန်းလို့ […]