ရွှေ ကြည်July 21, 20121min039
15-7-2012 တနင်္ဂနွေနေ့ကရွှေကြည်အလှူတစ်ခုကိုအားဖြည့်ကူညီခဲ့ပါတယ်။ ဘာအလှူလဲဆိုတော့ Better Life Group ဆိုတဲ့စေတနာရှင်ပရဟိတအဖွဲ့လေးတစ်ခုရဲ့ ၅ ကြိမ်မြောက်ပညာရေးထောက်ပံ့တဲ့အလှူလေးပါ။ ဘယ်မှာလုပ်ခဲ့ သလဲဆိုရင်အောက်ရှမ်းတဲကြီး သီလရှင်သင်စာသင်ကျောင်းလေးတစ်ခုမှာပေါ့။ ဒဂုန်မြို့သစ်တောင်ပိုင်းအပိုင်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးမှာပါဝင်ပါတယ်။ အဖွဲ့မှာပါဝင်လှုပ်ရှားသူတွေတော်တော်များများဟာ အလုပ်တဖက်နဲ့မအားလပ်ကြသူတွေ ဖြစ်လေတော့ ၄ လမှာ တကြိမ်သာလှူတန်းဖြစ်ခဲ့တယ်။ ငွေကြေးအရလည်းစုဆောင်းဖို့အချိန် ယူတာလည်းပါတာပေါ့ရှင်။ ငွေကြေးမတတ်နိုင် အစိုးရကျောင်းလည်းမရှိရှာတဲ့ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း လေးတွေမှာလှူဖြစ်ခဲ့ကြပါတယ်။ ကလေးတွေစာတတ်မြောက်ရေးနဲ့သူတို့လေးတွေအသိဉာဏ်တိုးတက်စေဖို့ ရည်ရွယ်ပြီး လှုပ်ရှားခဲ့ကြတဲ့အဖွဲ့လေးတခုပါ။ အဖွဲဝင်ရယ်လို့သတ်မှတ်ထားတာမရှိပဲစိတ်ဝင်စားပါကလိုက်ပါလှူဒါန်းနိုင်ပါတယ်။ ပင်တိုင် လှုပ်ရှားသူအမာခံတွေကတော့အမြဲလိုပါဝင်မြဲပါ။ ဒီတစ်ခေါက်မှာတော့ အဖွဲ့အင်အား ၁၉ ယောက်ပါဝင်ခဲ့ပြီးရန်ကုန်နဲ့သိပ်မဝေးတဲ့လယ်ကွင်းတွေကြားက သီလရှင် သင်စာသင်ကျောင်းလေးကိုရောက်ခဲ့ကြပါတယ်။  အလုပ်နားရက်တနင်္ဂနွေနေ့ကိုပဲ အမြဲသွားလှူဖြစ်လေတော့ ကလေးတွေ ခမျာတော့ကျောင်းပိတ်ရက်ကျောင်းတက်ရရှာတယ်လေ။ ဒါပေမယ့်သူတို့ပျော်နေကြပုံပါပဲ။ ငွေကြေးတတ်နိုင်သူတွေ အတွက်ကျူရှင်တွေ အမျိုးမျိုးထားနိုင်ပေမယ့် တကယ့်ကိုနွမ်းပါးရှာသူတွေအတွက်တော့ကျောင်းဆိုတာတောင်အနိုင် နိုင်ရယ်ပါ။ ဆရာဝန်တွေအင်ဂျင်နီယာတွေမွေးထုတ်မပေးနိုင်ခဲ့တောင်မှ ဒီလိုဘကကျောင်းလေးတွေကြောင့် အသိပညာ အလိမ္မာလေးတွေအတော်အသင့် သင်ကြားခွင့်ရမယ်ဆိုရင်သူတို့ဘဝနည်းနည်းတော့လှပနိုင်မှာပါ။ […]


ခင္ခJuly 21, 20121min05
လူသားတိုင်း အဖေ အမေ ဆိုတဲ့မိဘရှိကြပါတယ်၊ အိမ်ထောင်စုတစ်ခုမှာ မိဘစုံစွာနဲ့ သားသမီးတွေဘဝကိုဖြတ်သန်းကြတာရှိသလို အဖေနဲ့ဘဲကြီးပြင်းခဲ့ ရတာတွေ အမေနဲ့ဘဲကြီးပြင်းခဲ့ရတာတွေ အဖေရောအမေရောမရှိဘဲ ရုန်းကန်ရတာတွေရှိကြပေမယ့် မိမိကိုလူလောကကြီးရောက်ဖို့ အတွက်တော့ အဖေ၊အမေဆိုတဲ့ မိဘရှိကြပါတယ်၊ ဖခင်ဖြစ်တဲ့ အဖေတွေဟာ ယောက်ျားသားတွေဖြစ်တဲ့အတွက် မိသားစုစားဝတ်နေရေးကို အိမ်ပြင်ပတွင် တာဝန်ယူလုပ်ကိုင်ရှာဖွေကြရတာ သဘာဝအရ ရှိကြသည့်အတွက် သားသမီးတွေဟာ မိခင်ဖြစ်တဲ့အမေတွေနဲ့ အနေများကြရတာပါ၊ သို့သော် အဖေတွေ ဘာလုပ်တယ် ဘယ်လိုနေတယ် ဘယ်အတန်း အစားဆိုတဲ့ အဖေရဲ့လုပ်ရပ်တွေအားလုံးမဟုတ်တောင် ရာခိုင်နှုန်းအတော်များများသည် သား၊သမီးတွေအပေါ်မှာ အရိပ်သဖွယ်ရှိနေတတ်တယ် ဆိုတာ ပြောချင်တာပါ၊ အဖေတစ်ယောက်က အချိန်ပြည့်အရက်မူးနေပြီး အရပ်ထဲသောင်းကျန်းဆိုးပေနေတဲ့ သားသမီးတွေရဲ့ မျက်နှာလေးတွေဟာ ရွှင်ပြနေဖို့ နေနေသာသာ မျက်နှာခက်ထန်ခြင်း၊ အလိုမကျခြင်း၊ ရှက်စိတ်လွှမ်းခြင်း၊ အားတုံအားနာဖြစ်နေခြင်း၊ စိတ်အားငယ်ခြင်းတိုနဲ့ သာရှိနေတတ်ကြပါတယ်၊ ကိုယ်ညက မူးပြီးအရပ်ထဲဆဲဆိုသောင်းကြမ်းထားတဲ့အဖေရဲ့ သမီးတစ်ယောက် […]


KyaemonJuly 20, 201217min06
Flickr: Search randijaa’s photostream http://www.flickr.com/search/?w=61931570@N00&q=theisendammen Link လင့်ခကိုနှိပ်ပြီးစလိုက်ရှိုးကိုကြည့်ပါ Slideshow Search results for theisendammen http://www.flickr.com/search/show/?q=theisendammen&w=61931570%40N00&ss=2 ——   Thalion83 Theisendammen | Flickr – Photo Sharing! http://www.flickr.com/photos/kjellsor/4147190320/ Flickr: Thalion83’s stuff tagged with theisendammen http://www.flickr.com/photos/kjellsor/tags/theisendammen/ Link လင့်ခကိုနှိပ်ပြီးစလိုက်ရှိုးကိုကြည့်ပါ Slideshow theisendammen tag http://www.flickr.com/photos/kjellsor/tags/theisendammen/show/   Flickr: Search mortsan’s photostream http://www.flickr.com/search/?w=97522422@N00&q=theisendammen Mortson Link လင့်ခကိုနှိပ်ပြီးစလိုက်ရှိုးကိုကြည့်ပါ Search results for theisendammen http://www.flickr.com/search/show/?q=theisendammen&w=97522422%40N00&ss=2 Burgemo Link လင့်ခကိုနှိပ်ပြီးစလိုက်ရှိုးကိုကြည့်ပါ theisendammen tag […]


ခင္ခJuly 20, 20121min08
တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း မှာ တပ်မတော်(စစ်တပ်)ဆိုတာရှိကြပါတယ်။ အဲဒီတပ်မတော်ထဲဝင်ရောက် တာဝန်ထမ်းဆောင်ကြတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား စသည့် စစ်သည်တွေအားလုံးဟာ တိုင်းပြည်အတွက်အရေးကြုံလာတဲ့အခါ မိမိအသက်ကို ပဓာနမထားကြဘဲ အသက်ကိုစွန့်လွှတ်စွန်စား တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေဖြစ်ကြမှာပါ၊ အဲဒီလို မိမိအသက်ကို ပဓာနမထားဘဲ တိုင်းပြည်အတွက်စွန့်လွှတ်စွန့်စားသည် စစ်သည် သူရဲကောင်းတွေကို တိုင်းပြည်ကအသိမှတ်ပြုချီးကျူးကြတာကိုလည်း သတင်းတွေ၊ မီဒီယာတွေနဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွေမှာ တွေ့မြင်ကြပါလိမ့်မယ် ထင်ပါတယ်။ အခုဟာက ဖော်ပြခဲ့တဲ့ စစ်သည်တွေတော့မဟုတ်ပါဘူး မိမိအသက်ကိုပဓာနမထားကြသူတွေကတော့ မန္တလေးမှာ ယာဉ်စည်းကမ်းမလိုက်နာဘဲ ဆိုင်ကယ်စီးရင် ဆိ်ုင်ကယ်စီးဦးထုပ်မဆောင်းဘဲ သွားလာကြသူများဖြစ်ပါတယ်၊ များသောအားဖြင့် လူငယ်လူရွယ်တွေများသလို တစ်ခါတရံလူကြီးပိုင်းတွေပါ တွေ့ရတတ်ပါတယ်၊ ကျွန်တော်တော့ ဘယ်လိုမှစဉ်းစားမရဘူး၊ မတော်တဆဆိုတာ ကြိုတင်ဖုန်းဆက် အကြောင်းကြားပြီးမှ တွေ့ရတဲ့ကိစ္စမဟုတ်ဘူးလေ၊ မနေ့က ကိစ္စရှိလိုညနေခင်းလောက် မြို့ထဲကားနဲ့ရောက်လာရင်လှမ်းတွေ့လိုက်ရတဲ့ မြင်ကွင်းက  ၇၃လမ်း […]


၁။ ဟိုးအမြင့်ကြီး ရောက်ဖူးတယ်။ ၁၉၆၃ခုနှစ်မှာ ပြင်သစ်က ကမာ္ဘ့အဦးဆုံး အာကာသကြောင် Felicette အား အာကာသသို့ လွှတ်တင်ခဲ့သည်။ သူမ၏ ကိုယ်အစိတ်အပိုင်း လှုပ်ရှားဆောင်ရွက်မှုများသာမက ခံနိုင်ရည်စွမ်း ရှိမှုပါ မှတ်ကျောက်တင်ပြသည်။ (ကြေးမုံဂျီးအမျိုး တရုတ်ကြီးက မနေ့တနေ့ကမှ အာကာသထဲရောက်တာ..။) ၂။ တနေ့အချိန်၂/၃ စက်တော်ခေါ်တယ်။ သချာင်္တွက်ကြည့်ရင်တော့ ၉နှစ်သားကြောင်ရဲ့ ၆နှစ်တာအချိန်ဟာ အိပ်မောကျခြင်းဖြင့် ကုန်လွန်သည်။ ကြောင်နှစ်သက်တဲ့ နေရာတခု သတ်သတ်မှတ်မှတ်ရှိပြီး အဲဒီနေရာမှာ အိပ်တတ်တာမို့ သင့်ဘော်ဒါကြီးနေရာကို သန့်သန့်ရှင်းရှင်းနဲ့ လုံခြုံဘေးကင်းအောင်ထားပါ။ အမြင့်ကကျလို့ ဒဏ်ရာရတာရှားပေမဲ့ ခပ်နိမ့်နိမ့်အပေါ်ပိုင်းလို နေရာမျိုးကနေ လိမ့်ကျတတ်တယ်။ အိပ်ပျော်တုန်း ဖြစ်တဲ့အခါ လှလှပပကြောင်ကျ မကျတာတွေလည်းရှိတယ်။ (အောင်မလေးဗျ…ဘုန်း…အင့် ခွီး ဂရား..။) ၃။ လူတွေလိုပဲ အသဲနဲ့ပါ။ သူတို့မှာ လူဦးနှောက်နဲ့ တူညီချက်တွေ […]


ကထူးဆန္းJuly 19, 20121min045
မင်္ဂလာပါ ရွာ သူား တို့ခင်ဗျား။ ရွာသူား တို့ကို အသိပေးရမဲ့ အချိန် ရောက်လာလို့ ကျွန်တော်တို့ ရခိုင်သွေးချင်းများအတွက် လက်ဆောင် ရဲ့ နောက်ဆက်တွဲ အနေနဲ့ အမှန်တစ်ကယ်လိုအပ်နေတဲ့ ကချင်ပြည်နယ် မော်လူးခရိုင်မှ ပထမ မူလခေါင်တုန့်စည်ရွာ ၏ ကျေးရွာ မှုလတန်းဆောက်လုပ်မှု့တွင် သွပ် နှင့် တကွ လိုအပ်သည်များ အတွက် လှုကြမယ် ဆိုသည်နှင့် ပါတ်သက်၍ အသိပေးလိုပါတယ် ခင်ဗျာ။ ဒီရက်များ အတွင်းမှာ ကျွန်တော်တို့ ရွာသား ကိုထွန်းဝင်းလတ် နှင့် ဆက်သွယ်ခဲ့ပြီး ကိုထွန်းဝင်းလတ်ရဲ့ ဆက်သွယ်ပေးမှု့ နှင့် ၎င်း ကျောင်းကို ဦးစီးခေါင်းဆောင် ဆောင်ရွက်ပေးနေသော ဘုန်းဘုန်း ဦးကာလိန္ဒ နဲ့ပါ အောက်ပါ အတိုင်း ဆက်သွယ်မှု့ ရခဲ့ပါသည် ။ […]


same kyawJuly 19, 20121min021
ဒီနှစ် ဆို အာဇာနည်နေ့ က၆၅နှစ်မြောက် ပေါ့။ဒီနှစ်တော့ ဒုသမ္မတ ကိုယ်တိုင်အာဇာနည်နေ့ကို တက်ရောက် အလေးပြုတာတွေ့တယ်။ ကောင်းတဲ့တိုးတက်မှု့ဘဲ ဒီလ ၂၆ရက်ဆို အမေရိကန်တို့မြန်မာကိုပိတ်ဆို့မှု့ Burmese freedom and democracy act of 2003 က၉နှစ် ပြည့်သွားဘီး။ ဒါကို အမေရိကန်လွတ်တော်က နောက်ထပ် ၃နှစ် ၂၀၁၅ထိ တိုးဘို့ လွတ်တော်ကို အဆို ၂ခါ တင်သွင်းတယ်။ ခုလဲ အမေရိကန်က ပိတ်ဆို့မှု့ရုတ်သိမ်းတာ သူတိုု့နိုင်ငံက ကုမ္ပဏီတွေ ကို မြန်မာပြည်မှာ ရင်းနှီမြုပ်နှံဘို့ သူတို့နိုင်ငံအကျိုးအတွက်ဘဲ။မြန်မာပြည်က ကုန်ဝယ်ဘို့ ငွေကြေးမပါ။ ဒါဆို ဘာထူးမှာလဲ ။ဒီကိစ္စကို ခုလွတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို ပထမဆုံးအကြိမ် နောက်ထပ်ပိတ်ဆို့မှုထပ်မတိုးဘို့ တာဝန်ပေးလိုက်တယ်လို့ သိရတယ်။ ဒါသတင်းကောင်းဘဲ။ဒီလိုဘဲဖြစ်သင့်တယ်။ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ […]


manawphyulayJuly 18, 20122min041
( ဗမာ့လွတ်လပ်ရေးအတွက် x x x တပ်မတော်ဖွဲ့ဖို့ x x x ဂျပန်ပြည်မှာကွယ် x x x တကယ်ပဲ အသက်နဲ့လဲလို့ x x x ဆင်းရဲဒုက္ခခံကာ x x x ကြံစည်တယ် x x x သူရဲကောင်းတဲ့ x x x ဗိုလ်အောင်ဆန်းနဲ့ x x x အာဇာနည်တွေရယ် x x x ) ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကကွယ် x x x ဗိုလ်အောင်ဆန်းလို x x x သူရဲကောင်းတွေ မွေးရမယ် x x […]


panpanJuly 18, 20121min018
အခွင့်အရေးတွေ တပိုက်ကြီး အခွင့်အရေး…အခွင့်အရေးနဲ့၊ အခွင့်အရေးဆိုတဲ့အသံတွေ တစာစာကြားနေရသည်။ ဘယ်ကလို့ထင်ပါသလဲ။ ကျိပေါက်တို့ပတ်ဝန်းကျင် ဘယ်နေရာကဖြစ်ဖြစ်ကြားရသည်မဟုတ်လား။ ကျိပေါက်ဆီကိုလည်း အဲ့လိုပဲပတ်ဝန်းကျင်က အခွင့်အရေးဆိုတဲ့အသံတွေ နားမဆံ့အောင်ကြားနေရပါသည်။ တီဗွီကြည့်လျှင်အကြားရဆုံး။လူကြည့်များတဲ့နေရာကိုး။ “ကော်ဖီသောက်ရင်း ကံစမ်းနိုင်ပြီ၊ ၅သိန်းတန်ဂျီအက်အမ်ဖုန်းကဒ် ရရှိနိုင်မည့်အခွင့်အရေး”၊ “သက်တမ်း၆လနှင့်အထက်တိုးလျှင် တစ်လအပိုရမည့်အခွင့်အရေး”၊ “၃လစာပေးချေရုံဖြင့် အဆင့်မြင့်ကွန်ဒိုတိုက်ခန်း အပိုင်ရမည့်အခွင့်အရေး” စသည်ဖြင့်အစုံ။ တီဗွီတင်ပဲလားဆိုတော့ မဟုတ်သေး၊ ဂျာနယ် မဂ်ဂဇင်းတွေမှာလည်း ထို့နည်း၎င်း (မဂ်ဂဇင်းလို့ပဲ ရေးလိုက်ပါတယ်၊ အောက်ကဂငယ်အသေးကိုရိုက်ဖို့ရာ ကီးဘုတ်မှာပြဿနာနည်းနည်းရှိလို့ပါ)။ “ကံထူးပါက သရုပ်ဆောင်မယ်ဒေါ်လ် ပန်ပန်ချစ်လေးနှင့် ထိုင်းနိုင်ငံဘန်ကောက်သို့ အလည်သွားနိုင်မည့်အခွင့်အရေး”၊ “ပြည်တွင်းမှာပဲ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ကြီးကိုရယူနိုင်မယ့် အခွင့်အရေး”။ ပြောရင်ပြီးမှာမဟုတ်။ လက်ကမ်းကြော်ငြာမှာတောင် အခွင့်အရေးတွေတပုံတပင်နဲ့။ “ဆံပင်ဖြောင့်လျှင် အခမဲ့တစ်ကြိမ်ပေါင်းတင်နိုင်မည့် အခွင့်အရေး”၊ “သင်တန်းပြီးဆုံးပါက အလုပ်ပါရမည့်အခွင့်အရေး”။ အလို၊ အခွင့်အရေးတွေတပုံတပင်နှင့် ကျိပေါက်တို့ပတ်ဝန်းကျင်လောကကြီးပေပဲ။ ကျိပေါက်တို့မှာ ဘာအခွင့်အရေးမှမရှိဘူးမထင်နှင့်၊ အခွင့်အရေးချို့တဲ့သူများမဟုတ်ကြ။ […]


manawphyulayJuly 17, 20121min010
မြန်မာနိုင်ငံသည် ပွင့်လင်းလာ၍ ကောင်းမွန်သော တိုးတက်မှုများဆီသို့ ဦးတည်နေပြီဖြစ်ရာ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာတွင်လည်း တိုးတက်လျက်ရှိပါသည်။ ခိုင်သစ္စာကုမ္ပဏီသည် Mobile Phone Industry တွင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်အတွက် အမှီအခိုကင်းသည့် အကျိုးဆောင်ကိုယ်စားလှယ်များအဖြစ် ရပ်တည်နိုင်ရန် လိုအပ်သော အရည်အချင်းများဖြည့်ပေးမည့် သင်တန်းတစ်ခုကို အခမဲ့ပေးလိုပါသည်။ သင်တန်းစတင်မည့်ရက် = ၂၃၊ ၇၊ ၂၀၁၂ သင်တန်းကာလ = ၁ဝ ရက် အတွေ့အကြုံရှိ၍ ကျွမ်းကျင်သော နိုင်ငံခြားပညာရှင်များမှ ပို့ချပေးပါမည်။ သင်တန်းနေရာ = Myanmar Engineering Society သင်တန်းတက်ရန် လိုအပ်သည့် အရည်အချင်းများ – လူမှုဆက်ဆံရေး ကောင်းမွန်ပြေပြစ်သူ – စိတ်အား ထက်သန်၍ သင်ယူလိုစိတ်ရှိသူ – အင်္ဂလိပ်စကားပြောဆိုမှု ကျွမ်းကျင်ပါက ဦးစားပေး စဉ်းစားပါမည်။ […]


htet wayJuly 16, 20121min015
ညီမလေးရေ အကို ထိုင်နေတဲ့ ပန်းခြံ က ဂရေ့ ဂါးရင်း လက်ဘက်ရည် ဆိုင်ထဲကို ရှေ့နေလေး တစ်ယောက်နဲ့ ခောတ်ဆန်ဆန် အမျိုး သမီးတစ်ယောက် ဝင်လာတယ်။ ရှေ့နေလေးက အကို့ မိတ်ဆွေဆိုတော့ အကိုထိုင်နေတဲ့ ခုံမှာ လာထိုင်တယ်ကွယ်။ ကောင်မလေးကတော့ ခပ်တည်တည်ပဲ ထိုင်လို့ လက်ဖက်ရည် မှာနေလေရဲ့ ။ပြီးတော့ ရှေ့နေလေးကို ဆရာရယ် ဒီကိစ္စ အဆင်ပြေပါ့မလား ကျမ သားလေးကို မခွဲချင်တော့ ဘူးတဲ့ ။ အကိုလည်း ဘာမှန်းမသိပါဘူး။ နောက်တော့ ကောင်မလေး က ကား ထွက်မှာမို့ ဆိုင် ထဲက ပြန် ထွက်သွားတယ်။ ညီမလေးရေ ကောင်မလေးက မာဆက်မှာ လုပ်တာတဲ့ ကွယ်။ ရုပ်ကလေးကချောချော လေးပါ။မာဆက်ကို လာတဲ့ […]


manawphyulayJuly 16, 20121min02
ဝါဏိဇ္ဇဘွဲ့ရအသင်း(မြန်မာနိုင်ငံ)မှ ဝါဏိဇ္ဇဘွဲ့ရများနှင့် အများပြည်သူတို့ စီးပွားရေးပညာရပ်နှင့် အခြားလူမှုရေး၊ ပညာရေးဆွေးနွေးပွဲများ၊ စာပေယဉ်ကျေးမှုအထွေထွေ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပညာရပ်ဆိုင်ရာနှင့် ဟောပြောပွဲများသာမက အထွေထွေ ဗဟုသုတရေးရာ ဟောပြောပွဲများကိုလည်း အခါအားလျော်စွာ ကျင်းပပြုလုပ်လျက်ရှိရာ လာမည့် ဇူလိုင်လ (၂၂) ရက် တနင်္ဂနွေနေ့ နံနက် (၉းဝ၀) နာရီတွင် စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်း၊ စာရေးဆရာ မောင်ဝံသနှင့် ဦးကိုကိုကြီး(၈၈) မျိုးဆက်တို့က “နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံသားများ၏ အခန်းကဏ္ဍ” (The Role of The Citizen In State Building) ခေါင်းစဉ်ဖြင့် ရွှေဂုံတိုင် တော်ဝင်နှင်းဆီ၊ သီရိခန်းမ၌ ဟောပြောဆွေးနွေးပွဲ (Panel Discussion) ပြုလုပ်မည်ဖြစ်ရာ အသင်းသားများသာမက ပြင်ပမှ စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နားထောင်နိုင်ကြောင်း […]


ဂ်စ္စူJuly 15, 20121min055
ဒူပေတာပေ. ♣         ဟုတ်ကဲ့….။ကျနော်ပြောတဲ့ ဒူပေတာပေ ဆိုတဲ့ အခေါ်အဝေါ်နဲ ့ ပတ်သတ်လို ့ ကျနော့်ဘာသာ အနတ် ပြန်ကြည့်တာ အကြမ်းခံခြင်း၊ အသုံးခံခြင်း၊ ကြာရှည်ခံနိုင်ရည်ရှိခြင်း၊ သန်မာခြင်း၊ စတဲ့ အဓိပ္ပါယ်တွေနဲ ့ ပြည့်လို ့နေပါတယ်။ ဝတ္ထုပစ္စည်းတစ်ခုနဲ ့ ဥပမာပေးပြပါဆိုရင် – တန်ဖိုးညီ Touch Screen အမျိုးစား ဖုန်းနှစ်လုံးကို မြေပြင်ညီ ကြမ်းခင်းသို ့ ပစ်ချလိုက်တဲ့အခါ ဖုန်းနှစ်လုံးစလုံး ကွဲအက်၊ ပွန်းပဲ့ သွားတာခြင်း အတူတူ အကောင်းတိုင်း ဆက်သုံးလို ့ရနေမဲ့ ဖုန်းက ဒူပေတာပေ ခံတဲ့ ဖုန်းဟု ဆိုရမှာဖြစ်ပါတယ်။ အဲဒီ ဒူပေတာပေဆိုတဲ့ အသုံးနှုန်း ဘယ်အချိန်ကတည်းက စတင်ခေါ်ဝေါ်ခဲ့မှန်းမသိပေမဲ့ ကျနော့်ပတ်ဝန်းကျင်ကလူတွေ အလျင်းသင့်သလို ခိုင်းနှိုင်း […]