တစ်လှူမှ သည် နှစ်လှူ အသိပေးခြင်း

ကထူးဆန္းJuly 19, 20121min045

မင်္ဂလာပါ ရွာ သူား တို့ခင်ဗျား။

ရွာသူား တို့ကို အသိပေးရမဲ့ အချိန် ရောက်လာလို့ ကျွန်တော်တို့ ရခိုင်သွေးချင်းများအတွက် လက်ဆောင် ရဲ့ နောက်ဆက်တွဲ အနေနဲ့ အမှန်တစ်ကယ်လိုအပ်နေတဲ့ ကချင်ပြည်နယ် မော်လူးခရိုင်မှ ပထမ မူလခေါင်တုန့်စည်ရွာ ၏ ကျေးရွာ မှုလတန်းဆောက်လုပ်မှု့တွင် သွပ် နှင့် တကွ လိုအပ်သည်များ အတွက် လှုကြမယ် ဆိုသည်နှင့် ပါတ်သက်၍ အသိပေးလိုပါတယ် ခင်ဗျာ။

ဒီရက်များ အတွင်းမှာ ကျွန်တော်တို့ ရွာသား ကိုထွန်းဝင်းလတ် နှင့် ဆက်သွယ်ခဲ့ပြီး ကိုထွန်းဝင်းလတ်ရဲ့ ဆက်သွယ်ပေးမှု့ နှင့် ၎င်း ကျောင်းကို ဦးစီးခေါင်းဆောင် ဆောင်ရွက်ပေးနေသော ဘုန်းဘုန်း ဦးကာလိန္ဒ နဲ့ပါ အောက်ပါ အတိုင်း ဆက်သွယ်မှု့ ရခဲ့ပါသည် ။

ဒီနေ့ ကျနော် စာသင်ကျောင်းလေးကို တာဝန်ယူဆောက်လုပ်ပေးနေတဲ့
ဆရာတော်ဆီရောက်ခဲ့ပါတယ်ခင်ဗျ..
ဆရာတော်လည်း ဝမ်းသာနေပါကြောင်း..
လိုအပ်တဲ့ သွပ်တွေကတော့ ရပေသွပ် ၁၃၅ချပ်၊ ၆ပေသွပ် ၁၀၅ချပ်၊ ၁ဝပေသွပ် ၂၅ချပ်
ခေါင်အုပ်ပြောင်သွပ်က ၁ဝချပ်၊ ၂လက်မ သွပ်မှိုက ၈ပိဿာ၊ ၂လက်မခွဲ သွပ်မှိုက
၃ပိဿာလိုမယ်လို့
မိန့်ကြားလိုက်ပါတယ်ခင်ဗျာ…ဆရာတော်ဆီကိုလည်း ဖုန်းဆက်စေချင်ပါတယ်…
ဆရာတော်ကလည်း သူ့ဆီဖုန်းဆက်ဖို့ရာ မှာလိုက်လို့ပါ..

မော်လှုး သည် မန္တလေး နှင့် လမ်းသင့်နေသည့် အတွက် မန္တလေး မှ လိုအပ် ပစ္စည်းများ ဝယ်ယှုပို့ဆောင်ပေးနိုင်ရန်အတွက် ရွာသားကြီး ကိုပေ နှင့် ရွာသူ မHnin Phyu တို့ထံ ကျွန်တော် အီးမဲ ပို့ခဲ့ပါသည် ။ မHnin Phyu ထံ ပို့သော အီးမဲ လိပ်စာ မှား၍ သော်၎င်း ၊ မ Hnin Phyu မဖတ်မိ၍ သော်၎င်း မHnin Phyu ထံမှ ပြန်စာ မရရှိခဲ့ ၍ ကိုပေ အား ဆက်လက် အကူ အညီတောင်းခံခဲ့ပါသည်။ ကိုပေ မှလည်း ချက်ခြင်း သိလိုသော ဈေးများ သွားစုံစမ်းပေးခဲ့ပါသည် ။

၎င်းအပြင် ကျွန်တော်တို့ အားကိုးရသော လေးပေါက်ကိုလည်း ထုံးစံအတိုင်း အပူကပ် ရပြန်ပါသည် ။ လေးပေါက်မှ ဘာမှ အားမနာ ပါနှင့် ဆိုကာ အားတက်တရော ကူညီပေးပါမည် ပြောခဲ့၍ ကျွန်တော်များစွာ ကျေးဇူးတင် ဝမ်းမြောက် စိတ်အေးခဲ့ရပါသည် ။

ဘုန်းဘုန်း ဦးကာလိန္ဒ တို့ လိုအပ်သော သွပ် သံ များဝယ်ယူပြီးပါက အလှုငွေ အနည်းငယ် ကျန်ရှိနေပါသောကြောင့် လိုအပ်သည်များ ထပ်မေးခဲ့သည့် အတွက် အောက်ပါတို့ကို ကျွန်တော်တို့ လှုဒါန်း မည်ဖြစ်ပါကြောင်း ရွာသူား များကို အသိပေးအပ်ပါသည် ။

(၁) ဖု်ိင်ဘာ(သို့) ပလပ်စတစ် ရေလောင်းအိမ်သာ အိုး .. ၃ လုံး
(၂) ၅ ထပ်သား ၊ ကျောက်သင်ပုန်းလုပ်ရန် ( 6 mm) 8 x 4 ft .. ၄ ချပ်
(၃) ပလပ်စတစ် ရေအိုး (သောက်ရေသန့် ဗုံး ၂ဝ လီတာဝင် ခေါင်းပါတာ ) ၅ လုံး နှင့် ရေခွက်များ
(၄) ပလပ်စတစ် ထိုင်ခုံ (ဆရာ များထိုင်ရန်နှင့် ရုံးခန်း အတွက် ) ၁ဝ ခုံ
(၅) စာရွက်စာတန်းထည့်ရန် ဘီဒို .. ၁ လုံး
(၆) ရ ပေ သွပ် .. ၁၃၅ ချပ်
(၇) ၆ ပေ သွပ် .. ၁၀၅ ချပ်
(၈) ၁ဝ ပေ သွပ် .. ၂၅ ချပ်
(၉) သွပ်သံ .. ၂ လက်မ .. ၈ ပိသာ
(၁၀) သွပ်သံ .. ၂လက်မခွဲ .. ၃ ပိသာ
(၁၁) ပြောင်သွပ် .. ၁ဝ ချပ်

ထို့ကြောင့် ကျွန်တော် တို့ ရခိုင်သွေးချင်းတို့အတွက်လက်ဆောင် စုစုပေါင်း ကောက်ခံရရှိငွေ ၄၂၆၁၈၀ဝ (လေးဆယ့်နှစ်သိန်း ခြောက်သောင်း တစ်ထောင့် ရှစ်ရာ ) မှ ရခိုင် အသင်း သို့ ၃၂၀၀၀၀ဝ ( သုံးဆယ့်နှစ်သိန်း ) လှုဒါန်းပြီး ပိုငွေ ၁၀၆၁၈၀ဝ (ဆယ်သိန်း ခြောက်သောင်း တစ်ထောင့် ရှစ်ရာ ) အား လေးပေါက်ထံသို့ ၁၇-၀၇-၂၀၁၂ တွင် ကမော္ဘဇ ဘဏ်မှ တစ်ဆင့် ပြန်လည် လွှဲပို့ခဲ့ပါသည် ။

အနှစ်ချုပ်ရပါသော် ယခု ကျွန်တော် တို့ ရွာ့ စုပေါင်း ကျောင်းအလှု အတွက် မန္တလေး သား လေးပေါက် နှင့် ကိုပေ တို့မှ အပင်ပန်းခံဆောင်ရွက်နေပြီဖြစ်ပါကြောင်း နှင့် မော်လူးတို့ တင်ပို့ပြီးပါက ရွာသား ကိုထွန်းဝင်းလတ်မှ ဆက်လက်တာဝန်ယူ ပို့ဆောင်ပေးမည်ဖြစ်ပါကြောင်း ရွာသူား တို့ ကြည်နုး သာဓု ခေါ်ကြ နိုင် ရန် ပြင်ထားဖို့ နိုးဆော် အသိပေးလိုက်ကြောင်းပါ ခင်ဗျာ ။

ကိုထွန်းဝင်းလတ်တို့၏ One Candle အဖွဲ့ကြောင့် သိခွင့် ရ လှု ဖြစ်လိုက်ရသည့် အတွက်လည်း ကိုထွန်းဝင်းလတ် နှင့် One Candle အဖွဲ့ သား ၊သူ များ အားလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည် ခင်ဗျာ။

45 comments

  • MaMa

    July 19, 2012 at 4:45 pm

    သာဓု သာဓု သာဓု ပါ ကိုထူးဆန်းရေ။
    အမှန်တကယ်လိုအပ်တဲ့နေရာတွေကို လှူရတာမို့လည်း ဝမ်းသာကျေနပ်မိပါတယ်။
    အလှူဖြစ်မြောက်အောင် ကြိုးစားကြသူအပေါင်းလည်း ကောင်းသောအကျိုးများ ရရှိခံစားကြရပါစေ။ [:)]

    Reply

  • snow white

    July 19, 2012 at 5:06 pm

    ကောင်းမွန်တဲ့စေတနာနဲ့ ဖြစ်မြောက်သွားတဲ့ဒီအလှူလေးအတွက်ဝမ်းသာပီတိဖြစ်မိပါတယ် ။။

    Reply

  • TTNU

    July 19, 2012 at 5:10 pm

    ကိုထူးဆန်းရေ..
    တကယ်စိတ်ချမ်းမြေ ့ပါတယ်ရှင်။
    ဦးဆောင်သူများအားလုံး ကိုထူးဆန်းတို့ ရခိုင်အလှူငွေပေးအပ်ရေး
    ပါဝင်ခဲ့သူအားလုံးကအစ၊ ယခု ကချင်ပြည်နယ် မော်လူးခရိုင်မှပထမမူလခေါင်တုန့်စည်ရွာ၏
    ကျေးရွာ မူလတန်းဆောက်လုပ်မှု့ အလှူအတွက်ဆက်လက်လှူပ်ရှားကြမည့်
    ကိုပေါက်၊မောင်ပေ၊ ကိုထွန်းဝင်းလတ် နှင့် One Candle အဖွဲ့ အားလုံး သံသရာခရီးအတွက်
    အားကြီးသောအထောက်အပံ့ ရပါစေသတည်း။

    Reply

  • ကိုရင်မောင်

    July 19, 2012 at 6:21 pm

    နောက်အလှူအတွက် ကြိုးစားပေးကြတဲ့
    ကိုထူးဆန်းနဲ့တကွ ကိုပေါက် ကိုပေ ကိုထွန်းဝင်းလတ် တို့ကိုကျေးဇူးတင်ပါတယ်…..
    သာဓုခေါ်လိုက်ပါတယ်ဗျာ……..

    Reply

  • မောင်ပေ

    July 19, 2012 at 7:12 pm

    ဟုတ်ကဲ့…
    လေးပေါက်နဲ ့ကျုပ် နဲ ့အမြန်ဆုံး
    လုပ်ဆောင်ပါမယ်…။
    လှူမယ့် ပစ္စည်းတွေ ရဲ ့ဓါတ်ပုံတွေ ကို လေးပေါက် က ရိုက်ပြပေးပါမယ် ခင်ဗျား။

    Reply

  • အလင်းဆက်

    July 19, 2012 at 7:25 pm

    အင်မတန်…ကောင်းမွန်သော…အလှူ..ပါပဲ.ဗျာ..။

    Reply

  • Gipsy

    July 19, 2012 at 9:14 pm

    ဝမ်းသာစရာပ ကိုထူးဆန်း …
    ဖြစ်မြောက်ရေး အကူညီပေးကြကုန်သော ကိုပေါက် ၊ ကိုပေ ၊ ကိုထွန်းဝင်းလတ်နဲ့
    ကိုထူးဆန်း တို့အား ကျေးဇူးတင်လျှက် သာဓု သုံးကြိမ် ခေါ်လိုက်ပါတယ်ဗျား…။

    Reply

  • အရီးခင်လတ်

    July 19, 2012 at 9:51 pm

    အင်မတန် ခေါင် လှတဲ့ နေရာလေး မှာ အကျိုးပြု ပေးနေတဲ့ ကိုထွန်းဝင်းလတ် နှင့် One Candle အဖွဲ့ အားလုံး ကလေးများ ကိုယ်စား ကျေးဇူးတင်ပါသည်။
    အလှူစဖြစ်အောင် မှောက်တစ်ခါ လှန် တလှည့် စဉ်းစား ၍ အကြံပြု ခဲ့ သော ကထူးဆန်း ကို ဆက်လက်၍ ကျေးဇူးတင်ပါသည်။
    ထို့နောက် ဆက်လက်ဆောင်ရွက် ပေးမည့် ကပေါက် နဲ့ ကပေ တို့ ကို ထပ်ဆင့် ကျေးဇူးတင်ပါသည်။
    သာဓု၊ သာဓု၊ သာဓု ပါရှင်။ 🙂

    Reply

  • 17-7-2012 နေ့မှာ ကိုထူးဆန်းလွှဲလိုက်တဲ့ အလှူငွေကမ္ဘောဇဘဏ်မှာရောက်လာပါတယ်။
    ပစ္စည်းမဝယ်ဖြစ်သေးတဲ့အတွက် ဘဏ်ထဲမှာသိမ်းထားလိုက်ပါတယ်။
    စနေ-တနင်္ဂနွေမှာပစ္စည်းလိုက်ဝယ်ပါမယ်။
    မနှင်းဖြူကိုလဲ အိမ်သိ ဖုန်းနံပါသိတဲ့အတွက် အလှူမှာတစ်တပ်တစ်အားပါဝင်နိုင်အောင်ပစ္စည်းဝယ်ပြိဆိုရင်
    အကြောင်းမှာဖြစ်ပါတယ်။
    ကိုထွန်းဝင်းလတ်ဆီဖုန်းဆက်တော့ လူကြီးမင်းနှင့်သာကြုံနေရပါသည်။.
    အဆင်ပြေအောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

    Reply

  • ရာဇဝင်လူဆိုး

    July 19, 2012 at 10:04 pm

    ကျနော် ဂေဇတ်ကိုသိတာ ၂ နှစ်ခွဲလောက် ။ DVB ကြည့်ရင်းသိတာပါ…။ ဒါနဲ့ မန်ဘာဝင် စာရေး။ ပြီးတော့ ကျနော် အဆက်ပြတ်သွားတာ ကြာပေါ ့..။အေြ့ခအနေတစ်ခုကြောင့်ပါ..ခုမှ ပွိုင့် ၃၀၀ဝ ကျော်ပဲရသေးတယ်.(တဂျီးရက်စက်တာ..ဝင်ဝင်ချင်း ၅၀၀ဝ မပေးသေးလို့ ) ။ အဲ..အဲဒီတုန်းက ဒါမျိုးအလူှအတန်းတွေ ပူးပေါင်းပြီးလုပ်ဖို့မပြောနဲ့ မန်ဘာချင်းတောင် အပြင်မှာတွေ့ဖို့ တော်တော်လေး အချိန်ယူနေရတယ်.။..။ ခုတော့ ဒီလိုအလူတွဖြစ်မြောက်လာတာ တကယ်ကို အားရကျေနပ်မိတယ်။ ကျနော်လဲ တစ်ပြားမှကို မလူလိုက်ရပါဘူး..။ ဒါပေမယ့် ငါတို့ ဂေဇတ်က လုပ်နိုင်ခဲ့ကြပြီဆိုတဲ့ အတွေးက ကျနော်ရင်ကို ပီတိနဲ့ ကျေနပ်နေမိတယ်..။ …..ဦးဆောင်ဦးရွက် စီစဉ်သူတွေကို လေးစားလျက်…..။

    Reply

  • ရာဇဝင်လူဆိုး

    July 19, 2012 at 10:11 pm

    ဒါနဲ့ … ကျနော်တတ်နိုင်တဲ့ ဘက်က အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သတ်ပြီး ပရဟိတ အတန်းတစ်ခု ဖွင့်ဖို့ စီစဉ်နေပါတယ်..။ ဗလာစာအုပ်တစ်အုပ်ပဲလိုပါတယ်။ ကျန်တာ ကျနော် အကုန်ခံပြီး စီစဉ်မည်ဖြစ်ပါကြောင်း….။

    Reply

    • ဦးဦးပါလေရာ

      July 21, 2012 at 5:00 pm

      သာဓုခေါ်စရာပါပဲဗျာ…
      အဲသလို ကိုယ်နိုင်သလောက် တာဝန်ထမ်းကြရင်း တိုင်းပြည်ကိုလက်တွေ့အကျိုးရှိစေတာပါ။

      Reply

  • Foreign Resident

    July 20, 2012 at 5:32 am

    ကိုထူးဆန်း ၊ ကိုပေါက် ၊ ကိုပေ နှင့် ကိုထွန်းဝင်းလတ် ၊
    တို့အား ကျေးဇူးတင်လျှက် သာဓု သုံးကြိမ် ခေါ်ပါတယ် ။

    Reply

  • kyeemite

    July 20, 2012 at 9:11 am

    စပေးလိုက်တဲ့ ကိုထူးဆန်းရော..အားတက်သရောကူညီကြတဲ့ မန်းလေးက ကိုပေါက်ပေတို့ကိုရော
    ကျေးဇူးတင်ပါတယ်…
    အမှန်တကယ်လိုအပ်တဲ့နေရာတွေကို လှူရတာမို့လည်း ဝမ်းသာကျေနပ်မိပါတယ်။

    Reply

  • Moe Z

    July 20, 2012 at 9:22 am

    လေးပေါက်၊ ကိုထူးဆန်း၊ ကိုပေ၊ ကိုထွန်းဝင်းလတ်နဲ့ ပူးပေါင်းပါဝင်ကြသူများအားလုံးကို သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်ရှင် …

    Reply

  • etone

    July 20, 2012 at 11:37 am

    ပို့စ်ဖတ်ရင်းတောင် ကြည်နူးရပါတယ် ….. ။ သာဓုခေါ်ပါတယ် ကိုထူးဆန်းရေ ။

    Reply

  • Ma Ei

    July 20, 2012 at 11:41 am

    …ကချင်ပြည်နယ် မော်လူးခရိုင်၊ပထမ မူလခေါင်တုန့်စည်ရွာ
    ကျေးရွာ မူလတန်းကျောင်း အတွက် အလှူ…
    ခေါင်းစဉ်ခွဲလေးနဲ့ အလှူလှူဖြစ်သွားပြီပေါ့နော်…
    ကျေးဇူးတင် ဝမ်းမြောက် စကားဆိုပါရစေ…

    Reply

  • Novy

    July 20, 2012 at 11:59 am

    အလှူတွေကိုဦးဆောင်ပေးခဲ့တဲ့ ရွာသူားတွေ နဲ့
    mandalaygazette ကို ထူထောင်ပေးတဲ့ သူကြီးကျေးဇူးကြောင့်
    ကုသိုလ်တွေ အများကြီးရခဲ့ပါတယ်လို့
    သာဓု 3ကြိမ်လည်းခေါ်ဆိုသွားပါတယ်

    Reply

  • amatmin

    July 20, 2012 at 12:22 pm

    ကျေးဇူးတင် ကြည်နူးစွာ အားပေးနေပါကြောင်း ….

    Reply

  • ဒီနေ့မော်လူးကိုတင်ပေးမယ့်လှည်းခေါင်းနဲ့စကားပြောပြီးပါပြီ။
    တန်ဆာခကတော့ ပစ္စည်းကိုကြည့်ပြီးအသက်သာဆုံးဖြစ်အောင်လုပ်ပေးမယ်ပြောပါတယ်။
    နက်ဖြန် မောင်ပေနဲ့သွားပြီးပစ္စည်းဝယ်ပါမယ်။
    အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။
    တစ်ခုရှိတာက တန်ဆာခကို မန်းလေးက ရှင်းပေးရမှာလား ဟိုရောက်မှရှင်းရမှာလား
    ကိုထူးဆန်းနဲ့ဘယ်လိုပြောထားလဲ သိချင်ပါ၏။

    Reply

    • htoosan

      July 20, 2012 at 10:07 pm

      လေးပေါက်ရေ ကျွန်တော်တို့ တန်ဆာခပါ ရှင်းပေးလိုက်ရအောင်ပါခင်ဗျာ။ ကျွန်တော် လေးပေါက်ထံ အီးမေး ပို့ထားပါသည် ။

      Reply

  • mamanoyar

    July 20, 2012 at 2:05 pm

    အလှူအတွက် ဝမ်းမြောက်သာဓုခေါ်ပါတယ်ရှင်

    Reply

  • shwe kyi

    July 20, 2012 at 3:02 pm

    အလှူဖြစ်မြောက်အောင်ဆောင်ရွက်ပေးကြသောရွာသူားအားလုံးကိုကျေးဇူးတင်ပါတယ်။
    သာဓုလည်းခေါ်ပါတယ်ရှင်။

    Reply

  • ကြည်ဆောင်း

    July 20, 2012 at 4:08 pm

    ပထမ မူလခေါင်တုန့်စည်ရွာ ၏ ကျေးရွာ ကလူတွေလဲပျော်နေကြမှာဘဲလို့တွေးမိယုံနဲ့
    ကြည်နူးမိတယ် …

    Reply

  • anybody

    July 20, 2012 at 8:36 pm

    ဒီပို့စ်အောက်မှာပဲ ဝင်ပြီး အကူညီတောင်းလိုက်ပါဦးမယ် ကျေးဇူးပြုပြီး Admin ကြီးခင်ဗျ ကျတော်ပို့်စ်အတွက် စာရေးသည့်အခါဝယ် ရေသောစားများမိမိကိုယ်ကိုယ်မမြင်ရပါဘူး message body မှာပါ ဘယ်လိုလုပ်ပြီးရေးရင်အဆင်ပြေနိုင်လည်းဗျာ ကျေးဇူးပြုပြီး ပြောပေးပါနော် သတင်းတွေ သိုးနေတော့မှာမို့ပါ ကိုယ်ရေးတဲ့စာ မမြင်ရတော့ရေးမရလို့ပါ သိသူများ ရွာသူရွာသားများလည်း ဖေးမကူညီပါဦးဗျာ… ဒါန့်ဒါန့်ဒန် cherrylandlay@gmail.com သို့လည်း ပေးပို့ပြောပေးလို့ရပါတယ်

    Reply

  • htoosan

    July 20, 2012 at 10:28 pm

    anybody ရေ .. ပိုစ်တင်တာက ရေးတဲ့စာ မမြင်ရဘူးဆိုတာတော့ ဘယ်လိုဖြစ်လဲမပြောတတ်ပေမဲ့ ကျွန်တော်တို့ ပိုစ်အသစ်တင်ရင် log in ဝင် Dashboard ထဲရောက်သွားမယ် ။
    ဲပြီး အပေါ်ဘားတန်းက +New ကိုထောက် ပြီး post ခေါ် ။
    ပြီး ဇော်ဂျီ ဖောင့် နဲ့ရိုက်တာဘဲ ။ တစ်ခါမှ မပေါ်တာ မဖြစ်ဖူးဘူး ။ ရေးပြီး save draft လုပ် preview ပြန်ကြည့် ကျေနပ်မှ publish လုပ်တာပါ ။

    Reply

    • shwe kyi

      July 21, 2012 at 10:51 am

      ကိုထူးဆန်းရေရွှေကြည်လည်းအဲလိုဖြစ်နေတယ် selection ပေးမှမြင်ရတယ်။ ပထမပို့စ်မှာစာထပ်သွားတာအဲဒါကြောင့်။ ကော်နက်ရှင်ကြောင့်ဖြစ်မယ်ထင်တယ် ပေါ်လာတဲ့ page ကလည်းတမျိုးကြီးပဲ။ publish တောင်မနည်းရှာယူရတယ်။ အဲဒါအမှန်လို့ထင်နေတာနောက်တခါဝင်ကြည့်မှမတူဘူးရယ်။ 🙂 (HTML နဲ့ဆိုမြင်ရပါတယ်)

      Reply

  • AKKO

    July 21, 2012 at 9:25 am

    ကိုထူးဆန်းနဲ့ ဦးဦးပါလေရာတို့ရဲ့ အစပြုမှုကနေ ကုသိုလ်ဆင့်ပွားရလိုက်တာကြောင့် သာဓုအကြိမ်ကြိမ်ခေါ်မိပါတယ် ။
    ကျွန်တော်တို့ ရွာသူားတွေရဲ့ စည်းလုံးမှုရဲ့ ရလဒ်တစ်ခုပါပဲ ။

    Reply

  • ko win

    July 21, 2012 at 3:35 pm

    ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။

    Reply

  • ဦးဦးပါလေရာ

    July 21, 2012 at 5:13 pm

    ကွန်မင့်တွေကုန်သလောက်ရှိပြီမှတ်တာကြောင့်
    နဲနဲဝင်ပြောပါရစေ-

    ပထမပြောချင်တာက – ပထမအလှူမှာ အဓိက လှုပ်ရှား ခဲ့ကြတဲ့ ကိုထူးဆန်း၊ ရွှေတိုက်စိုး၊ အမတ်မင်း နဲ့ ကိုပေါက်(မန္တလေး)
    ဒုတိယအလှူမှာ အဓိကလှုပ်ရှားခဲ့ကြတဲ့ ကိုထူးဆန်း၊ ကိုပေါက်(မန္တလေး)၊ နဲ့ ကိုပေ တို့ရဲ့
    အိပ်စိုက်လူစိုက် စေတနာထားဆောင်ရွက်ခဲ့ကြမှု့များအတွက် ကျေးဇူးတင်ဂုဏ်ပြုပါတယ်။

    ဒုတိယပြောချင်တာက- ရွာသားတဦးအဖြစ်နဲ့ ဒီအလှူအပေါ်မှာ
    ဝမ်းသာတယ် ဂုဏ်ယူတယ်
    ကြည်နူးတယ် ကျေနပ်တယ်

    ဒါပေမယ့်-
    အားတော့ မရသေးဘူးဗျာ…..
    တနေ့….
    ဖြစ်နိုင်တဲ့ တနေ့နေ့မှာ..
    ကိုယ်တိုင်ကိုယ်ကျ လက်နဲ့ကိုင်ပြီးလှူရ(ကူရ)တဲ့ အလှူမျိုးတခုခုမှာပါဝင်ဘို့
    ကိုယ့်အသက်ကလေးဆွဲဆန့်ပြီး စောင့်နေဦးမှာ ဖြစ်ပါကြောင်း…..။

    (နောက်ဆုံးစာကြောင်းလေး အရီးလတ်မမြင်ပါစေနဲ့… 😀 )

    Reply

    • အရီးခင်လတ်

      July 22, 2012 at 5:02 am

      မျက်မှန်ကြီးတပ်ထားမှတော့ မမြင်ဘဲ နေပါ့မလား ကိုကြီးပါရယ်။ 😆

      Reply

  • ဒီနေ့ပထမအကြိမ်အဖြစ် သွပ်ပြားနဲ့ သံတွေဝယ်ပြီး မော်လူးလှည်းခေါင်းထံအပ်ပေးလို်က်ပါပြီ
    မောင်ပေနဲ့ကျနော်သွားဝယ်လိုက်တာပါ။
    ကုန်ဘိုးကတော့ 888,150ကျပ်ပါ။
    တန်ဆာခကတော့ နက်ဖြန်စာရင်းရှင်းမှသိရပါမယ်။
    အလှူအတွက်ဖြစ်လို့တန်ဆာခလျှော့ယူပေးဘို့ပြောထားပေးပါတယ်။
    ပြီးရင်လက်ထဲကျန်တဲ့ငွေနဲ့ဘာဝယ်လို့ရမယ်ဆိုတာပြန်ပြောပေးပါမယ်နော်။

    Reply

  • htoosan

    July 21, 2012 at 9:09 pm

    ကျေးဇူးတင်ပါသည် လေးပေါက်နဲ့ ဆြာပေရေ ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 22, 2012 at 9:00 pm

    (၁) ဖု်ိင်ဘာ(သို့) ပလပ်စတစ် ရေလောင်းအိမ်သာ အိုး .. ၃ လုံး
    (၂) ၅ ထပ်သား ၊ ကျောက်သင်ပုန်းလုပ်ရန် ( 6 mm) 8 x 4 ft .. ၄ ချပ်
    (၃) ပလပ်စတစ် ရေအိုး (သောက်ရေသန့် ဗုံး ၂ဝ လီတာဝင် ခေါင်းပါတာ ) ၅ လုံး နှင့် ရေခွက်များ
    (၄) ပလပ်စတစ် ထိုင်ခုံ (ဆရာ များထိုင်ရန်နှင့် ရုံးခန်း အတွက် ) ၁ဝ ခုံ
    (၅) စာရွက်စာတန်းထည့်ရန် ဘီဒို .. ၁ လုံး
    (၆) ရ ပေ သွပ် .. ၁၃၅ ချပ်
    (၇) ၆ ပေ သွပ် .. ၁၀၅ ချပ်
    (၈) ၁ဝ ပေ သွပ် .. ၂၅ ချပ်
    (၉) သွပ်သံ .. ၂ လက်မ .. ၈ ပိသာ
    (၁၀) သွပ်သံ .. ၂လက်မခွဲ .. ၃ ပိသာ
    (၁၁) ပြောင်သွပ် .. ၁ဝ ချပ်

    ကျုပ်အထင်ကတော့ ယူနစ်အိုင်တန်ပရိုက် တစ်ခုခြင်းဈေးနှုံးလို့ခေါ်မလား
    အဲ့သည်နှုံးလေးပါ ထည့်ပေးလိုက်ရင် သီးသန့်အလှူရှင်တွေ ထွက်လာမလားဘဲ
    ( ကျုပ်မလည်း ဟောင်ဖွာဟောင်ဖွာသာလုပ်နေတာ တစ်ခါမှ မလှူဖြစ်သေးဘူး )

    Reply

    • ကြောင်ကြီး

      July 23, 2012 at 7:37 am

      ပန်းတနော်ဆေးရုံ အလှူတုန်းက နင် နှစ်ထောင့်ငါးရာ တိတိလှူဒယ်လေကွာ။ အလှူစာရင်းမှာ ပြန်ကြည့်ပါလား။ နင်မပေးဘဲနဲ့ ဘယ်သူက ကြားချောင်အိပ်စိုက် ဝင်ထည့်သွားမှာလဲ။ ပြောတော့ပြောနိုင်ဘူးပေါ့လေ..ရွာထဲမှာ အရင်ဘဝက နင့်အမေဖြစ်ခဲ့သူ ရှိဂျင်လည်း ရှိဗေမပေါ့…။ 🙄

      Reply

    • ဦးဦးပါလေရာ

      July 23, 2012 at 8:32 am

      ((( ပြောတော့ပြောနိုင်ဘူးပေါ့လေ..ရွာထဲမှာ အရင်ဘဝက နင့်အမေဖြစ်ခဲ့သူ ရှိဂျင်လည်း ရှိဗေမပေါ့…)))

      😀 😀

      မထူးတော့ဘူးကိုအောင်ပု
      ဒီဘဝမှာလဲ မွေးစားအမေတော်လိုက်တော့… 😀

      Reply

  • ကိုထွန်းဝင်းလတ်နဲ့ မနက်စောစောစကားပြောဖြစ်တော့

    5ထပ်သား ရယ်ရေလောင်းအိမ်သာအိုးရယ် ရေအိုးရယ် ဘီဒိုရယ်က တော့ ဟိုမှာဘဲဝယ်မယ်ပြောတယ်။
    ဟိုမှာဝယ်တာနဲ့ဒီကနေတင်ပေးတာ ပိုသက်သာတဲ့နည်းလမ်းကိုသုံးမယ်လေ။
    ဓါတ်ပုံကတော့ ဒီကရိုက်ဘို့အဆင်မပြေ
    ကိုလတ်ကြီးဘဲ ရိုက်တင်ပေးပါလိမ့်မယ်။

    Reply

  • htoosan

    July 22, 2012 at 10:46 pm

    ဘပုရေ .. ကျွန်တော်တို့လက်ကျန် ပို်က်ဆံနဲ့ ဝယ်မှာ မို့လို့ အဲ့ဒီ့ ပစ္စည်း တွေနဲ့ပါတ်သက်ပြီး ထပ်အလှုမခံတော့ပါဘူးခင်ဗျ။ အားလုံးပြီးမှ စာရင်း ရှင်းတန်း တင်ပါ့မယ် ။ ကျောင်းသားလေးတွေ အတွက့် ထပ်လိုမဲ့ ပစ္စည်း .. ဥပမာ ..စာရေးစာပွဲခုံ ၊ ခုံရှည် တို့ ကျမှသာ ဘယ်လောက်ကျမယ် ဆိုတာ တင်ပေးပါ့မယ် ။ အောက် ခင်းဖို့ ဘိလပ်မြေ စသဖြင့် ပေါ့ ။ ကျွန်တော်တို့ကို တွက်ပေးပါ လူချင်သူများ ရှိပါက ထပ်လှုနိုင်အောင်ပါဆိုပြီး မေးထားပါတယ် ခင်ဗျ ။
    လေးပေါက်ရေ ကျေးဇူးတင်ပါတယ်ခင်ဗျ ။

    Reply

  • ကြောင်လေး

    July 23, 2012 at 10:06 am

    အလှူတစ်ခုကို ရည်ရွယ်တာကနေ နှစ်ခုကိုလှူဖြစ်လိုက်တဲ့အတွက် အထူးဝမ်းသာပီတိဖြစ်မိပါတယ်။
    လှူပြီးသောအလှူကို ပြန်ပြီး ကျေနပ်ကြည်နူးနေရတဲ့ အပရ စေတနာတွေပိုးတိုးပွားလာပါတယ်။ ဒါဟာရွာရဲ့ စတုတ္ထမြောက် အလှူ လို့ပြောလို့ရပါတယ်။ ဒုတိယအလှူမှာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့ပေမဲ့၊ နောင်အလှူတွေမှာလည်းတတ်နိုင်သလောက် ပါဝင်ဦးမှာပါ၊
    အခြေအနေ အရပ်ရပ်ကြောင့် ရွာထဲမှာပျောက်နေမှာဖြစ်ပေမဲ့ အမြဲဖတ်နေပြီး အလှူ တွေ့လျှင်ပါဝင်ဆင်နွှဲမည်ဖြစ်ပါကြောင်း။

    Reply

  • may flowers

    July 23, 2012 at 1:27 pm

    ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ပါတယ် ကိုထူးဆန်းရေ။

    Reply

  • ကျနော်ထံတွင်လက်ကျန်ငွေ 88800ကျပ်ကျန်ရှိပါသည်။
    သွတ်ပြား 275ချပ်နှင့် သွတ်မိူ ဝယ်ကုန်ကျစာရိတ်=888,000ကျပ်
    တန်ဆာခ 85000ကျပ်
    စုစုပေါင်းကုန်ကျငွေ…………………………………973000ကျပ်
    ဘဏ်မှလွှဲငွေ 1061800ကျပ်
    လက်ကျန်ငွေ 88800ကျပ်ရှိပါသည်။
    ဘာဝယ်မည်ဆိုတာကို ကိုထွန်းဝင်းလတ်နှင့်ကိုထူးဆန်း တိုင်ပင်ပြီးလျှင်ပြောပေးပါ။

    Reply

    • အရင့်ရောင်

      July 23, 2012 at 6:27 pm

      လိုအပ်သလိုသာ ကြည့်ပြီးဆောင်ရွတ်တော်မူပါလော့…………

      Reply

  • ကြောင်ဝတုတ်

    July 24, 2012 at 9:03 am

    အခုလို စိတ်အားလူအားဖြင့်ကူညီပေးကြသော ဦးထူးဆန်း၊ ကိုထွန်းဝင်းလတ်နှင့် ပါဝင်ကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    Reply

Leave a Reply

Your email address will not be published.