လူထုအင်အားနဲ့အာဏာရှင်မူဘာရက်ကိုဖြုတ်ချလိုက်နိုင်ပြီ။ တူနီးရှားမှာလူမှုရေးတော်လှန်ရေးကြီးကစလိုက်တဲ့လူထုတော်လှန်ရေးမီးတောက်ကြီးဟာ၊ အခုဆိုထိမ်းမနိုင်သိမ်းမရနဲ့မီးဟုန်းဟုန်းတောက်လောင်ကုန်ပြီ။ အရှေ့အလယ်ပိုင်းအာရပ်တိုင်းပြည်နဲ့ကမ္ဘာအရပ်ရပ်ကအာဏာရှင်များ၊ ဗိုလ်သန်းရွှေတို့လိုဖက်ဆစ်၊စစ်အာဏာရှင်များအထူးသဖြင့်ပေါ့၊ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြပြီပေါ့။ တူနီးရှားနဲ့အီဂျစ်တို့မှာစစ်တပ်ရဲ့ထောက်ခံမှုမရမှန်းသိတာနဲ့တပြိုငိနက်တည်း၊ အာဏာရှင်များခွေးပြေးဝက်ပြေးထွက်ပြေးကြတယ်။ အီဂျစ်မှာ်မှာကအာဏာရှင်မူဘာရက်ကကောင်းကောင်းဖိနှိပ်ထားတာပိပြားနေတာဘဲ။ ဘယ်သူမှမထင်နိုင်စရာပါဘဲ။ လူထုအုံကြွမှုကတစတစကြီးလာတာ၊မူဘာရက်ရဲ့အသဲနှလုံးတွေကိုဆွဲကိုင်လှုပ်လိုက်တာဘဲ။ စောစောပိုင်းကတော့မူဘာရက်ကသူ့စစ်တပ်ကိုယုံတယ်လေ။ အကုန်ဗိုလ်ချုပ်တွေမှန်သမျှသူ့လူယုံတွေထဲ့ထားတော့သူ့အတွက်ကတော့ဗိုလ်သန်းရွှေလိုဘဲဇိမ်ပေါ့။ နောက်ပိုင်းမှာစစ်အရာရှိငယ်များနဲ့တပ်သားများကမူဘာရက်စစ်ပုလိပ်များကလူထုကိုမတရားလုပ်နေတာတွေ၊ မြင်တွေ့လာတော့မှလူထုဘက်ကစိတ်ရောက်လာကြတယ်။ဗိုလ်ချုပ်လူယုံတော်များတဖြေးဖြေးဘေးဖယ်ခံရတယ်။ တိုင်းပြည်ချစ်တဲ့စစ်ဗိုလ်ချုပ်များကလဲလက်အောက်ဗိုလ်နဲ့တပ်သားများကပြည်သူတွေဘက်ပါသွားပြီဆိုတော့၊ နောက်ဆုံအာဏာရှင်မူဘာရက်ကိုစစ်တပ်ကမထောက်ခံဘူးလို့အသိပေးလိုက်တယ်။ မူဘာရက်ဇာတ်သိမ်းသွားရရှာတယ်။လူထုအောင်ပွဲကတော့ကကြခုန်ကြနဲ့ချိမ့်ချိမ့်သဲဘဲ. ဗမာပြည်မှာဗိုလ်သန်းရွှေကမိသားတစုကောင်းသားရေးဘဲစိတ်ဝင်စားလာတယ်။ သူ့လူယုံများကိုအတင်းစစ်ယုနီဖေါင်းတွေချွတ်၊ဟိုပို့ဒီပို့နဲ့ဗေဒင်ဆရာပြောတဲ့အတိုင်းဗြောင်းဆံနေအောင်လုပ်လာတော့၊ စစ်တပ်ထဲမှာလဲမကြေနပ်ချက်တွေကကြီးထွားနေပြီ။ တပ်သားများကိုလဲကျွန်ကဲ့သို့မတရားခိုင်းလိုခိုင်း၊မိသားစုခလေးမိန်းမများကိုလဲအနိုင့်အထက်နဲ့ကျေးကျွန်များကဲ့သို့၊ ကြမ်းတိုက်၊ထင်းခွေ၊အဝတ်လျှော်တာနဲ့လဲမကြေနပ်နိုင်လို့၊အရာရှိကတော်ရဲ့အတွင်းခံတောင်ရိုက်နှက်ခိုင်းလာတယ်။ စစ်တပ်ထဲမှာမကြေနပ်ချက်တွေနဲ့ပေါက်ကွဲမှုမလွှမသွေဖြစ်လာမယ်။ လူထုအုံကြွမှုကလဲအခုအာရပ်အီဂျစ်တို့ကမီးတောက်အရှိန်နဲ့ဗမာပြည်မှာမနှေးနဲ့အမြန်ဖြစ်လာလိမ္မယ်။ လူထုကိုရိုက်နှက်ပြစ်ခတ်တာတွေတွေ့မြင်တာနဲ့ဖြစ်လာမဲ့နောက်ဆက်တွဲများကအီဂျစ်ကအဖြစ်နဲ့ထပ်တူဖြစ်လိမ္မယ်။ စ်စ်င်္တပ်ကကွဲဘို့ယဲ့ယဲ့ဘဲရှိတယ်။ပြည်သူကိုချစ်တဲ့စစ်သားများအရာရှိငယ်များခေါင်းထောင်ထောင်ထလာပြီးလူထုကိုအကာအကွယ်ပေးလို့၊ နောက်ဆုံးပြစ်ခတ်သောင်းကျန်းနေကြတဲ့ဒုစရိုက်စစ်ခွေးများလမ်းပေါ်ကပြောက်သွားကြမယ်။ လူထုကအကြောက်တရားပြယ်ပျောက်သွားကြမယ်။ ဗိုလ်သန်းရွှေပြေးရလိမ္မယ်။ဒါ့ကြောင့်တရုပ်ပြည်မှာအိမ်ဝယ်ထားပြီးပြီ။ အီဂျစ်ကမူဘာရက်အလှည့်ပြီးတော့အခုအာဏာရှင်ဗိုလ်သန်းရွှေပြုတ်မဲ့အချိန်ရောက်ပါပြီ။ လူထုတရပ်လုံးကိုအီဂျစ်ကအဖြစ်အပြက်များနဲ့ယှဉ်ပြီးရှင်းလင်းပြရင်းနဲ့၊ မကြာမှီဗမာများလဲလွတ်လပ်ရေးရနိုင်ဘို့အခြေအနေများဒီရေအလားတိုးလာပြီတိုတာ၊ ဝမ်းမြောက်စွာနဲ့တင်ပြလိုက်ပြန်ပါတယ်။


