ကလေးဘဝကတည်းက သီတင်းကျွတ်ဆိုလျှင် မီးထွန်းရမယ် ၊ ပွဲဈေးသွားရမယ် ၊ လူကြီးမိဘများကို ကန်တော့ကာ မုန့်ဖိုးတောင်းရမယ်လို့ သတ်မှတ်ထားသော်လည်း … ကြီးလာတာနှင့်အမျှ သီတင်းကျွတ်ဧ။် အဓိပါ္ပယ်ဖွင့်ဆိုပုံနှင့် ခံယူချက်တို့ ကွဲပြားလာပါတယ် … ။ ကလေးတုန်းက မီးထွန်းတာကို အပျော်သက်သက်သာ ဖယောင်းတိုင်များ စိုက်ထူပြီး မီးညှိခဲ့သော်လည်း … ယခုတွင်တော့ ဆီမီးပူဇော်ခြင်းဟု နားလည်ခဲ့ပါတယ် ။ ပွဲဈေးသွားခြင်း ၊ အပျော်ပါးလျှောက်သွားခြင်းတို့ဟာလည်း အချိန်ကုန် အကျိုးမရှိဘူးဆိုတဲ့ အမြင်မျိုး ဖြစ်လာခဲ့တယ် … ။ ဒါပြင် သက်ကြီးဝါကြီး လူကြီးမိဘများကို ကန်တော့ခြင်းဟာလည်း ယခင်ကလို မုန့်ဖိုးလိုချင်လို့မဟုတ်တော့ပဲ … မိမိကိုယ်ကို နှိမ့်ချကာ အပြစ်များကို ကြေပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် ရှိခိုးတောင်းပန်ခြင်းဖြစ်ဟုပင် အမြင်ပြောင်းလဲခဲ့ပါတယ် … ။ သီတင်းကျွတ်မှာ […]
