ဇန်နဝါရီလ ၄ရက်။ စောအဲခေါင် (ကေအိုင်စီ) အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် အခြေချနေထိုင်သည့် ကရင်ဒုက္ခသည် ဆယ်ကျော်သက်လူငယ် မောင်မယ်နှစ်ဦးသည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်နေ့က ကားဂိုဒေါင်တခုအတွင်း မထင်မှတ်ဘဲ သေဆုံးသွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ကားဂိုဒေါင်အတွင်း အောက်ဆီဂျင်ရရှိခြင်းမရှိဘဲ ကားအင်ဂျင်စက်နိုးရာမှ ထွက်ရှိလာသည့် ကာဗွန်မိုနော့ ဆိုက်ဓါတ်ငွေ့ကို ရှူရှိုက်မိသဖြင့် ထိုသို့ သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး အခြားသံသယဖြစ်စရာ မည်သည့်အကြောင်းမျှ မတွေ့ရှိရ ကြောင်းလည်း ဒေသတွင်း တာဝန်ရှိသူများက အတည်ပြု ပြောဆိုခဲ့သည်။ သေဆုံးသွားသူ လူငယ်နှစ်ဦးမှာ စောအယ်ကလူတော ၁၈နှစ်နှင့် နော်အယ်မူးဒါး ၁ရနှစ်တို့ဖြစ်ပြီး ၎င်းတို့သည် ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းမှ အမေရိကန်ပြည်ထောင်စုသို့ မိသားစုနှင့်အတူ လာရောက်အခြေချ နေထိုင်ခဲ့ကြသူများ ဖြစ် သည်။ အခင်းဖြစ်ပွားသည့်နေရာမှာ သေဆုံးသွားခဲ့သူ စောအယ်ကလူတော၏ နေအိမ်ရှိ […]
