အေးစက်တဲ့နှလုံးသားကို ပိုင်ဆိုုင်တဲ့ ……ငါ…အော် အချစ် ကို ဘယ်သူက မရယူချင်လဲ။ အချစ်ကို လက်ခံဖို့ ငါ့မှာ……. ရဲဝံ့စွာလက်ခံလိုက်တာဒဏ်ရာတွေ နာကျင်မှုတွေကျန်ခဲ့ရပါလား…. ဒီလိုနဲ့ ချစ်ခြင်းကို စိတ်ရှုပ်စရာအဖြစ်တွေးလာမိတယ်။ အချစ်ကို သတ်မှတ်ချက်တွေ ထားရင် ဝန်ထုတ်ဝန်ပိုးလိုခံစားရမယ်။ ခံစားချက်တွေကို လစ်လျူရှုမိမယ်။ ဒါပေမဲ့ နာကျင်မှုတော့ မရှိဘူး။ သတ်မှတ်ချက်မရှိတဲ့အချစ်ဆိုပြန်တော့လဲ နာကျင်ခံစားရမယ်။ ပေါ့ပါးတယ်ဆိုပေမဲ့ သတ်မှတ်ချက်မရှိတာလဲ သတ်မှတ်ချက်ရှိနေတယ်လို့ သင်မထင်ဘူးလား။ ဒီနားရောက်တော့ မျိုးကြီးရဲ့ သီချင်း ဆန့်ကျင်ဘက်လိုပေါ့။ `ငါ့အချစ်ကလွတ်လပ်ခြင်း မင်းအချစ်ကသိမ်းပိုက်ခြင်း တို့နှစ်ယောက်ရဲ့အချစ်တကယ်ကိုဆန့်ကျင်ဘက်´ ဆိုသလိုပေါ့။ အပေးအယူမျှဖို့အဓိကပါ။ ကိုယ်ကပဲ ယူမယ်ဆိုတော့လဲမရ၊ ပေးမယ်ဆိုတော့လဲမဟုတ်၊ အထိုက်သင့်လေးပေါ့။ ချစ်ခြင်းဆိုတာ တစ်ယောက်ကိုချစ်မိရင် သောက တစ်ခုကိုပိုင်ဆိုင်တယ်လို့ ပြောလို့ရမယ်။ ဒီအချစ်မီးတောက်ကြီးကို မပူလောင်စေပဲ သင်ရင်ထဲကမေတ္တာနဲ့ အေးမျှစေရင် ဒီအချစ်မီးဟာလည်း နွေးထွေးတဲ့အချစ်ဖြစ်လာမှာပေါ့ကွယ်။ တစ်ယောက်ယောက်ကိုချစ်တယ်ဆိုတာ […]
