ကျနော် http://www.yinthinnei.blogspot.com မှာတင်ထားတဲ့ သီတဂူဆရာတော် အင်းစိန်ထောင် မေတ္တာအခါတော်နေ့ ဒန်ပေါက်အလှူဖိုင်ကို ကြည့်မိပါတယ်။ အလှူမှတ်တမ်း ဆိုပေမဲ့ တည်းဖြတ်ထားတာတွေကတော့ ဝါဒဖြန့်ချီရေး ဆန်ဆန်ပဲ။ ထောင်သားတွေ စားတာ ပြတာကနဲပြီး ထောင်တွင်း အပြင်အဆင်တွေက ပိုများပါတယ်။ ကြည့်ရသူူတွေ အဖို့ကတော့ ထောင်ကြီးက သန့်ပြန့်လို့ ဟုတ်နေလိုက်တာ။ အဲဒီဖိုင်တင်သူများ သဘောရိုးနဲ့ များတောင် ဟုတ်ရဲ့လားမသိ။ ဘာပဲဖြစ်ဖြစ် အင်းစိန်ထောင် အတွင်းပိုင်းကို တစေ့တစောင်း မြင်ရတာမို့ ကျေးဇူးတင်ပါတယ်။ ဆရာတော်ကြီးရဲ့ မေတ္တာ ဂရုဏာနဲ့ ဝိုင်းဝန်း ပံ့ပိုးလှူဒါန်း ကူညီသူများ ကိုလည်း သာဓု ခေါ်ပါရစေ။ တဆက်ထဲ တားမနိုင်ဆီးမရ တွေးမိတာကတော့ ပြည်တွင်းရှိ ထောင်တွင်းအခြေအနေများပါ။ ဘယ်ထောင်မဆို အနည်းနဲ့ အများသာ ကွာမယ်၊ ငရဲကြီးနဲ့ ငရဲလေးပါပဲ။ ရောက်ခဲ့ဘူးသူများသာ […]



