ပင်မလာအိုင်ဗွီဆိုသူ အမျိုးသမီးဟာ သူမထီထိုးစဉ် စတိုးအရောင်းစာရေးက ထီလက်မှတ်တန်ဖိုးကို မတော်တဆ မှားယွင်းပြီး ဆတိုးမြှင့် လိုက်မိတာကြောင့် ထီပေါက်သွားတဲ့အခါ မူလဆုကြေးထက် လေးဆ ပိုရသွားသည်။ ကင်တပ်ကီပြည်နယ် ဂျော့တောင်းမြို့မှာ သူမထီထိုးစဉ် လက်မှတ်တန်ဖိုး ၅ဒေါ်လာကနေ ၁ဝလာသို့ နှစ်ဆတက်သွားမဲ့ Megaplier ဆတိုးဂဏန်းကို မထည့်ခိုင်းခဲ့ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ဆိုပြီး ထီလက်မှတ်ကိုဝယ်ခဲ့သည်။ အိုင်ဗွီပေါက်တဲ့ ဒုတိယဆုရဲ့ ပုံမှန်ဆုကြေးတန်ဖိုးဟာ ဆတိုးဂဏန်းမပါရင် ဒေါ်လာ၂၅၀၀၀ဝ ဖြစ်ပေမဲ့ ဆတိုးဂဏန်းကြောင့် သူမအခွန်ဆောင်ပြီး ဒေါ်လာ၆၉၀၀၀ဝ ရရှိသွားသည်။ ပေါက်ဂဏန်းထွက်ပြီး နှစ်ရက်အကြာ သူမထီပေါက်တယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ ဒူးထောက်ပြီး ဘုရားသခင်ကို ချီးမွှမ်း ထောပနာပြုလိုက်မိတယ်လို့ သူမကပြောသည်။ ထီဆုကြေးငွေကို သူရဲ့သား ကောလိပ်ကျောင်းဖိုးရယ်၊ ပေးစရာရှိတဲ့ ငွေတောင်းခံလွှာတွေ ပေးဖို့နဲ့ တချို့တဝက်ကို ဘုရားကျောင်းကို လှူမယ်လို့ပြောသည်။ http://news.yahoo.com/s/yblog_thelookout/20110112/us_yblog_thelookout/clerks-error-wins-woman-1-million-in-lotto […]



