အဲဒီတော့ လက်ဝယ် သက်တမ်းရှိသေးတဲ့ Passport ကိုင်ဆောင်ထားသူတွေက သတင်းစာမှာ ဖော်ပြထားတဲ့ Phone နံပါတ်ကို ဆက်သွယ် မေးမြန်ကြတော့ စာမေးပွဲ ဖြေဆိုချိန်မှာ ရိုးရိုး passport ပဲ ဖြစ်ဖြစ် e passport ပဲ ဖြစ်ဖြစ်သက်တမ်းရှိနေသေးရင် ဖြေဆိုနိုင်ပါတယ်လို ့ပြောပါတယ်။ စာအုပ် သက်တမ်းမရှိတော့တဲ့ သူတွေ နဲ ့ စာအုပ် မလျှောက်ရသေးတဲ့ သူတွေဟာ ဖြေဆိုခွင့် မရတော့ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုကို တရားဝင် ထုတ်ပြန်ရာမှာ တိကျတဲ့ အချက် အလက်တွေ ဆောင်ရန် ရှောင်ရန်နဲ ့ လိုအပ်တာတွေကို ဖော်ပြခဲ့သင့်ပေမဲ့ အခြေအနေ ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေခြင်းဟာ ပြည်သူတွေကို အရမ်း […]


