July 29, 20131min020
ပြောရဦးမယ် ယောင်းမရေ။ ကျမဖြင့် တယောက်တည်း အိပ်ရာထဲမှာ လူးလှိမ့်ရင်း ခံစားခဲ့ရတာ များနေပြီမို့ပါ။ လူဆိုတာ ကိုယ့်ရဲ့ ခံစားချက်တွေကို တယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် ပေါ့သွားတယ် ဆိုတာပြောကြပေမယ့် ကျမတို့လို လူမျိုးတွေရဲ့ စကားကို ဘယ်သူတဦးတယောက်က အရေးတယူ နားထောင်ပေးပါ့မလဲလေ။ ပတ်ဝန်းကျင်က နားမထောင်ပေးတာကို ထားလိုက်ပါဦးတော့ အိမ်က မိသားစုဝင်တွေတောင်မှ ကိုယ့်စကားဆို အဖတ်လုပ်ပြီးတော့ အကောင်းမြင်ပေးတာမျိုးတွေမှ မရှိခဲ့တာပဲ။ အဲဒီအတွက် ယောင်းမကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျမတို့လို ဂျီမတွေရဲ့ ရင်ဖွင့်သံလေးကို မညီးမငြူ နားထောင်ပေး တတ်လွန်းလို့ပါရှင်ရယ်။ ကျမလေ အခုတလော အင်း… အခုတလောဆိုတာထက် ယောင်းမရယ် ရှင်သတိထားမိလားတော့ မသိဘူး။ ကျမနဲ့ တစ်နှစ်ကျော်ကြာအောင် ချစ်သူရည်းစားအဖြစ် ပေါင်းဖက်နေတဲ့ ကျမချစ်သူအကြောင်းကို ပြောပြချင်လွန်းလို့ပါ။ လွန်ခဲ့တဲ့ အပတ်ကပေါ့ရှင်။ […]


ဇီဇီJuly 29, 201310min025
      ပြီးတော့ လာကြည့်တဲ့ သူတွေကိုလည်း ပို့(စ) ကာတ် လေးတစ်ခုစီပေးပြီး ဗုဒ်ခိုင်းတာပါ။ ဘယ် လက်ရာ/အတွေးကို ကြိုက်တယ်။ ဘာကြောင့်ကြိုက်တယ်။ စိတ်အားတက်စေမဲ့ ကောမန့်လေး စသည်ဖြင့် ရေးခိုင်းတာပါ။ ကော်မန့်ပေးရတဲ့ လူတွေ ကလည်း အနုပညာ ဆန်ဆန်များပေးချင်ရင် ပေးလို့ရအောင် ရောင်စုံခဲတံ၊ စတစ်ကာ စသည်ဖြင့် ထိုင်ခုံလေးတွေမှာ တင်ပေးထားပါတယ်။ တော်တော်စည်ကားနေတယ်ပဲ ပြောရမှာပေါ့လေ။ ကလေးတွေရဲ့ ပကတိ အတွေး ပကတိ လက်ရာ အသုံးမဝင်တဲ့ ပစ္စည်းတွေကို ဘယ်လို အသုံးဝင် အောင် သုံးရမလည်းဆိုတဲ့ အတွေ့ အကြုံ စတာတွေ တိုးတက်လာနိုင်တဲ့ ပွဲမျိုးမို့ သူများတော့မသိ။ ကျနော်တော့ ကိုယ်တိုင် လည်း ထစ်ကနဲရှိ လွှတ်ပစ်မယ်ဆိုတဲ့ အကျင့်ကြီးဖျောက်ပြီး တတ်နိုင်ရာလေး […]


ဇီဇီJuly 29, 20138min026
  ပြီးခဲ့တဲ့ တစ်ပတ်က ဆိုက်ထဲသွားရင်း တွေ့လာတဲ့ ပွဲလေးတစ်ခုပေါ့။ ကျနော့ ဆိုက်က များသောအားဖြင့် ရှော့ပင်းစင်တာတွေမှာ ရှိတာ။ အပြန်ကျရင် သွားချင်ရာသွားးး ဝယ်ချင်ရာဝယ်ရုံပဲ။ ထားပါတော့။ အဲဒါ သွားရင်းလာရင်း အဲ့ဒီ နေရာ စုစုလေးကို မြင်လိုက်တာ အလုပ်ထဲကို အာရုံက မရတော့ဘူးးး။ ပြီးပြီ ဆိုတာနဲ့ တန်းပြေးတာ။ ပြေးသာ ပြေးရ ဖုန်းတစ်ခုပဲ ပါတာ။ အဲတော့ ဖုန်းကင်မလာလေးနဲ့ပဲ ကြိုးစားရိုက်ခဲ့တာပါ။ ကြည့်လိုက်ပါဦးနော်။   ဟို အရင် အာတီဒုံ ပို့(စ) မှာပြောဖူးတယ်ထင်ပါတယ်။ ဒီက ကျောင်းတွေမှာ ပရောဂျက်လေးတွေရှိရင် နေရာ အနှံ့က အိမ်တွေကို အိတ် (ဒါမှမဟုတ်) ပုံးလေးတွေ ကို ကျောင်းသားလေးတွေက လာထားလေ့ရှိပါတယ်။ အိမ်မှာ လည်း […]


Shwe EiJuly 24, 20131min022
မင်္ဂလာပါရှင့်။ ဒါဇင်ပလပ်စ်နှစ်ပတ်လည်အလှူကိုတော့ ပြီးခဲ့တဲ့ ဂျူလိုင်လ ၁၄ ရက် တနင်္ဂနွေနေ့က မိုးကုတ်ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်းလှိုင်သာယာ၊ နဝဒေးလမ်း (၃)ရပ်ကွက်သို့ အလှူငွေကျပ် (၁၈၇၀၀ဝကျပ်တိတိ) သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ နှစ်ပတ်လည်အလှူကြမှ တိုက်တိုက်ဆိုင်ဆိုင် အလုပ်များနေကြတာကြောင့် ခါတိုင်းလို Light Truck တစ်စီးစာလောက် လူစုပြီး တပျော်တပါးသွားဖြစ်တာမျိုး မဟုတ်ဘဲ လူနဲနဲ နဲ့ပျင်းခြောက်ခြောက်သွားခဲ့ရပါတယ် 🙁 ကျောင်းပြန်ဖွင့်တဲ့ရာသီဖြစ်လို့ ကျောင်းသားမိဘတွေနဲ့ ဆရာတော်တွေ အစည်းအဝေးလုပ်နေကြတဲ့အချိန် ရောက်သွားကြပါတယ်။ ကျောင်းနဲ့ပတ်သတ်လို့ တာဝန်ခံဆရာတော်ကို မေးမြန်းဖြစ်သလောက် ပြန်လည် ဝေမျှလိုက်ပါတယ်။ 1993 ကတည်းက မူလတန်းကျောင်း(ဘက)အဖြစ် စတင်တည်ထောင်ပြီး ယခုထိလဲ မူလတန်းကျောင်းအဖြစ် ဆက်လက်သင်ကြားနေဆဲပါ။ စာသင်ချိန် နေ့လည် 12နာရီကနေ ညနေ5နာရီထိဖြစ်ပြီး စာသင်ခန်းမ တခုတည်းသာ ရှိတာကြောင့် အတန်းအလိုက် တပိုင်းစီကန့်ပြီး စာသင်ရပါတယ်။ ကျောင်းသူ […]


ムラカミJuly 19, 20133min014
    ဘာရယ်မဟုတ် ဟိုဆြာ ရေးတဲ့ အပျော့ဂိုဏ်း အမာဂိုဏ်း ပိုစ့်မှာ ဝင်အာချောင်ရင်း သဂျိုင်ခီးရဲ့ ဆွပေးနှိုက်ယူခြင်း ခံရတယ် ပေါ့ခညာ ..ဟုတ်ကဲ့ ..။ ပရော့ဂျက်လုပ်မဟဲ့ ဆိုပြီး လူကြီးတွေကို နေရာချထားပေးဖို့အတွက် သဂျီးတယောက် ဘယ်ချောင်ကမှန်းမသိတဲ့ matrix ကြီးတခုကို ကောက်ကတ် ဆွဲပါတော့တယ်။ အဲ့ဒီမှာပဲ သူက အချက်ကြီး ၂ချက်ကို ထုတ်ပြလာပါတယ်.. – Authoritarian – Libertarian   ပညာရှင်တွေတော့ ဘယ်လိုပြန်တယ် မသိဘူး ကန္နားစီးကတော့ – ဗဟို ထိန်းချုပ်မှု စနစ် နဲ့ – တာဝန်ခွဲဝေပေးမှု စနစ်လို့ပဲ ပြန်ချင်ပါတယ်။   နောက်ထပ် ဆွဲထုတ်ပြတဲ့ ၂ခုကတော့ – Economic Scale […]


ခေါရ် တယောက် ဒီနေ့လည်း ဖွဘုတ်ပေါ် တက်ရင်း … ခါတိုင်းလို ဝေါလ် ပေါ်တက်လာသမျှ ဒတ်ပုံတွေ ဒွန့်ပုံတွေ …. Like မလုပ်တော့ဘဲ နည်းနည်းလူရှိန်အောင် ကီတချက် သွင်းရင်း နိူင်ငံရေး/လူမှုရေး/စီးပွားရေး စာမျက်နှာတွေ ဖတ်ဖြစ်တယ်။ ငြိမ်းချမ်းရေးမရတာ ဘာဖြစ်လို့လဲ ? (ဆလိုင်းမီးဒုတ် ) comment : အဝေမတည့်သေးလို့ပါ ဟယ် … မှန်ချက်က ပက်ပက်စက်စက်  🙂   မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့  မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဘာကွာသလဲ ( ကိုကိုနီ ကြီးပွားရေး တက္ကသိုလ် ) comment : ကုလားကြီး နဲ့ အရာကြီး ဟယ် … ထပ်မှန် နေပြန်ပါဘီ   🙂   မြန်မာနိူင်ငံရေးသမား အစစ်အမှန် ရေငုပ်သန်၏  ( […]


kaiJuly 7, 20131min08
ပလက်ဖောင်းပေါ်က အတွေးစများ   မြန်မာပြည်ပြန်ရောက်ပြီး သုံးရက်လောက်မှာ မိသားစု၊ ဆွေမျိုးနဲ့ မိတ်ဆွေများက လိုက်ပါပို့ဆောင်ပေးတဲ့ နေရာတွေကို သွားရင်း ပလက်ဖောင်းကိစ္စကို စပြီး သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ပလက်ဖောင်းပေါ်ကို ခြေမချရသေးတာကြောင့် အမြင်နဲ့ မရေးသင့်ဘူးထင်လို့ စာမရေးဖြစ်ခဲ့ပါဘူး။ ဒီနေ့တော့ အနားယူမယ်ဆိုပြီး ချိန်းဆိုထားမှုတွေ မလုပ်ထားတာကြောင့် အေးအေဆေးဆေး ပတ်ဝန်းကျင်ကို လေ့လာခွင့်ရသွားခဲ့ပါတယ်။   ပထမဆုံးအနေနဲ့ နေထိုင်ရာဝန်းကျင်ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်က ပလက်ဖောင်းပေါ်ကို စတင်ခြေချဖြစ်ပါတယ်။ အဲဒီမှာတင် အင်မတန်ထူးဆန်းတဲ့ ကိစ္စတွေကို တွေ့ရတော့တာပါပဲ။ လူသွားစင်္ကြန်ဆိုတဲ့ ပလက်ဖောင်းပေါ်မှာ ကားတွေက အစီအရီ တက်ရပ်ထားကြပါတယ်။ တချို့နေရာများ ဆိုရင် ကားသုံးစီးကပ်ပြီးရပ်ထားတာကြောင့် လူက လမ်းမကြီးပေါ် လမ်ဒဆင်းလျှောက်ရပါတယ်။   ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မီးစက်ကြီးများကလဲ ပလက်ဖောင်းနေရာကို အပြည့်အဝ […]


etoneJune 16, 20131min019
အစိုးရ ရုံးပိတ်ရက်တွေနဲ့ တနင်္ဂနွေရုံးပိတ်ရက်တိုင်းမှာ အခါအားလျှော်စွာ နေ့ချင်းပြန်ခရီးထွက်ခြင်း ၊ဈေးဝယ်ထွက်ခြင်း ၊ ရုပ်ရှင်ကြည့်ခြင်း ၊အပြင်ထွက်ပြီး မိသားစု ထမင်းလက်ဆုံ ထွက်စားခြင်း၊ ဆွေမျိုးတွေဆီ မိသားစုလိုက် အလည်သွာခြင်းတွေလုပ်ပြီး ၊ တပတ်လုံး အလုပ်ကိုယ်စီနှင့် မျက်နှာမြင်ဖို့တောင် ခက်ခဲတဲ့ ကျွန်မတို့မိသားစုရဲ ့ အားလပ်ရက်ကို ၊ နွေးထွေးစွာနဲ့ အတူဖြတ်သန်းကြပါတယ် ။ အပြင်မထွက်ဖြစ်တဲ့ ရက်တွေမှာတော့ အိမ်မှာမုန့်လုပ်စားပြီး ၊ ရုပ်ရှင်ကြည့်လို့ အချိန်ဖြုန်းခဲ့ကြပါတယ် ။ ဒီနေ့ ၁၆-၆-၁၃ မှာတော့ ၊ ကျွန်မအစ်ကိုနဲ့ ယောင်းမ ခရီးထွက်သွားတာကြောင့် ခါတိုင်းလို မိသားစုလူမဆုံဖြစ်တဲ့အခါ ၊ အိမ်မှာပဲ တစ်ခုခုလုပ်စားတော့မယ် တွေးတုန်း ၊ အပြင်ထွက်ရအောင် သမီးရေလို့ အမေကစကားစလာပါတယ် ။ အသိလူနာသတင်းသွားမေးမှာ အင်းစိန်ဆေးရုံမှာ လိုက်ခဲ့ပါ […]


Shwe EiJune 14, 20131min027
မင်္ဂလာဘာ ရွာသူား အပေါင်းတို့ရှင်။ မန်းဂဇက် ရွာကြီးက မွေးဖွါးပေးလိုက်တဲ့ ဒါဇင်ပလပ်စ် ပညာရေးကူညီမှုအဖွဲ့လေး လစဉ် အလှူရှင် (၄၀) ကျော်နဲ့အတူ ခြေလှမ်းမှန်မှန် ချီတက်လာတာ အခုဆိုရင် (၁၁) ကြိမ်မြောက် အလှူတော် အောင်မြင်သွားပြီးဖြစ်ပါတယ်။ ကျမတို့ အဖွဲ့လေးရဲ့ အဓိက ရည်ရွယ်ချက်က ငယ်ရွယ်တဲ့ မိဘမဲ့ (သို့မဟုတ်) မိသားစုက မပြည့်စုံလို့ ကျောင်းထားမပေးနိုင်တဲ့ ခလေးတွေကို ပညာသင် စောင့်ရှောက်ပေးတဲ့ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက် တွေကို လှူဒါန်းဖို့ရည်ရွယ်ပါတယ်။ တတ်နိုင်သရွေ့ပေါ့လေ။ လစဉ်ကျမတို့ အလှူငွေ ၂သိန်းခွဲဝန်းကျင်ထဲကနေ စာရေးကိရိယာ ဝယ်ခြင်းနဲ့ ငွေသားလှူခြင်းတို့ကို မျှအောင် စီမံပြီး လှူလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက် ၂၀၁၃ တနင်္ဂနွေ နေ့မှာ ကျမတို့ သံလျင်က […]


johnnydeerJune 5, 20131min028
ဒေါ်အောင်ဆန်းစုကြည် က ရိုဟင်ဂျာမွေးဖွားနှုန်း အပေါ် ကန့်သတ်တဲ့ဒေသန္တရ ဥပဒေ ကို လူ့အခွင့် အရေး ချိုးဖေါက် မှုတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။ ဒါ မှန်သော သစ္စာစကား ကို ပြောဆိုခြင်းပါ။ အဲ့တော့ ဝိုင်းအော်ကြတယ်…အိမ်ရှေ့အထိ ဆန္ဒပြဖို့ ကြိုးစားခဲ့ကြတယ်…အစိုးရလုပ်ရပ်မှန်တယ်… ဒေါ်အောင်ဆန်းစုကြည် သာ သမ္မတ ဖြစ်လာရင်တော့ တို့နိုင်ငံမှာ ဗုဒ္ဒဘာသာတော့ ပျောက်ပြီ…ဆိုတဲ့အထိ ပြောလာကြတယ်…NLD ကို ဘယ်လိုမှ အားကိုးလို့မရတော့ဘူး…ဒေါ်အောင်ဆန်းစုကြည် လဲ အလကားပဲ…ဆိုတဲ့ အတွေးဝင်လာတဲ့အထိ စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲနိုင်ခဲ့တယ်…သူတို့ရဲ့ ရည်ရွယ်ချက် အထိုက်အလျောက်တော့ အောင်မြင်ခဲ့ပါတယ် လို့ပြောလို့ရပါတယ်…. အမှန်တော့ ဘရိန်းဝပ်ချ် အလုပ်ခံရခြင်းသက်သက်ပါပဲ… ဘရိန်းဝပ်ချ် သဘောကိုက အလုပ်ခံရတဲ့သူက သူ အလုပ်ခံထားရမှန်းမသိအောင် စဉ်းစားတွေးခေါ်မှုကို လမ်းကြောင်းပြောင်းပေးထားခံရခြင်းတစ်မျိုးနဲ့ သွပ်သွင်းခံထားရခြင်းပါပဲ….အရင်တုန်းကလဲ ဒီလိုပါပဲ…အဖမ်းခံရတဲ့ နိုင်ငံရေးသမားတွေကို […]


Mr. MarGaMay 15, 20131min053
ခေါင်းစဉ်ကို ဖတ်ပြီး ဦးမာဃ ဘာတွေများ ကို့လို့ကန့်လန့် တွေးပြန်ပါလိမ့်လို့ တွေးမိနေကြမယ် ထင်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူးဗျာ မျက်စိရှေ့မှာ ရောက်လာတတ်တဲ့၊ ပုံမှန်လိုလို တွေ့နေတတ်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို သူလိုကိုယ်လိုပဲ ကြည့်ရှုရင်း မြင်မိတဲ့ တွေ့မိတဲ့ အတွေးလေးတွေကို ချ ပြ မလို့ပါ။ ဒီဇာတ်လမ်းတွဲတွေက တကူးတက ကြည့်နေတာတော့ တကယ် မဟုတ်ရပါဘူးရယ်။ ဦးမာဃ အဲလောက်လဲ စွဲစွဲမြဲမြဲ မရှိတတ်ပါဘူး အများစု ပြောသလိုပဲ ဒီ ဇာတ်လမ်းတွဲတွေကလဲ ကောင်းတာလဲရှိ ဆိုးတာလဲရှိ ပေါ့လေ။ တစ်ခါတစ်ခါ ကျပြန်ရင်လဲ ဦးမာဃတို့ ယဉ်ကျေးမှုနဲ့ မကိုက်တာတွေလဲ ပါလာတတ်သေးသကိုး ဒါပေသိ သူတို့ ယဉ်ကျေးမှုကို ရိုက်ကူးပြသတာ ဆိုတော့လဲအပြစ်တော့ ဆိုလို့မရဘူးပေါ့လေ။ ဘာတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့တတွေကိုတော့ […]


ပြောရရင်တော့ ထုံးစံ အတိုင်းလေပွတာပေါ့ ။ အင်းလေးဇုန်မှာ ဟိုတယ် တွေ ကို တွန်းအားပေး တည်ဆောက်ခိုင်းနေပါတယ် ။ ဆောက်တဲ့ သူလည်း ဆောက် ။ ဆောက်ချင်ယောင်ဆောင်တဲ့ သူလည်း ဆောင် ။ ပိုင်ရာနိုင်ရာတွေကလည်း အဖြစ်လောက် ပစ္စည်းလေးစုပြ ။ ခြံစည်းရိုးလေး ခတ်ပြ အမျိုးမျိုးပေါ့ ။ အဲ့ဒါက အခုအသစ်ဖော်တဲ့ ဟိုတယ်ဇုန် မှာ မဟုတ် ။ ကိုယ်ပိုင်ဝယ်ထားကြတဲ့ မိုင်းသောက်တို့ ။ အင်ကြင်းကုန်းတို့ သလဲဦးတို့ စသဖြင့် ရွာလေးမှာပါ။ အသစ်ဖော်နေတဲ့ ဟိုတယ်ဇုန်မှာလည်း အကွက်တွေ ဖော်ပြီး မဲနိုုက်လို့ ရောင်းချပြီးသွားပါပြီ။တစ်ဧက သိန်း ၇၅ဝ ကနေ ၉၅ဝ ဈေး အထိ စုစုပေါင်း မြေ ဧက […]