Yin Nyine NwayJuly 20, 20101min01
၁။ ဖြေဖို့မလိုဘူး တစ်ခါက ဆရာတစ်ယောက်ဟာ သူ့ကျောင်းသားဘယ်လောက်ညာဏ်ကောင် းတယ်ဆိုတာ သိချင်လို့ ပညာစမ်းပြီးမေးခွန်းတွေထုတ်ပါတယ်။ “ မင်းကို မေးခွန်း ၂ ခုမေးမယ်။ ပထမ မေးခွန်းကို ဖြေနိုင်ရင် ဒုတိယမေးခွန်းကို ဖြေစရာမလိုတော့ဘူး ။” ကဲ ပထမမေးခွန်းကတော့ “ မင်းခေါင်းမှာ ဆံပင်ဘယ်နှစ်ေချောင်းရှိလဲ ” ကျောင်းသားက ချက်ချင်းပဲ “သန်းတစ်ရာနှစ်ဆယ်ပင်” ကျောင်းသားအဖြေကိုကြားတော့ ဆရာက အရမ်းအံ့ဩသွားပြီး “မင်းဘယ်လိုသိလဲ ”လို့ မေးတော့ ကျောင်းသားကပြန်ဖြေလိုက်သည်က “ဆရာပဲပြောထားတယ်လေ ပထမမေးခွန်းကိုဖြေနိုင်ရင် ဒုတိယမေးခွန်းဖြေဖို့မလို။ ” ၂။ လေးယောက်မြောက် တရားရုံးတစ်ခုမှာ လင်မယားနှစ်ယောက်ဟာ ကွာရှင်းပြတ်စဲဖို့ ပြုလုပ်နေကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက်ရှိတဲ့အတွက် ယောကျားင်္လုပ်သူက သူနှစ်ယောက်ယူမယ်၊ မိန်းမလုပ်သူကလည်းသူနှစ်ယောက်ယူမယ်ဆိုပြီး အငြင်းအခုံဖြစ်နေကြပါတယ်။ သူတို့ဟာ ဒီလိုနဲ့ အချိန်အတော်ကြာ ငြင်းခုံနေကြတာကြောင့် […]


etoneJuly 20, 20101min00
အကြမ်းဖက်သမား မည်သည့်နိုင်ငံတွင် အရက်သမား ပိုများသနည်း ဆိုသည်ကို ဂေါ်ဘာချော့နှင့် ရေဂင်တို့ အလောင်းအစား လုပ်ကြသည် ၊ မော်စကိုသို့ ရေဂင်ရောက်လာသည် ၊ ၎င်းလက်ထဲသို့ နာမည်ကျော် ” ကာလတ်ရှနီကော့” အော်တိုမက်တစ် ရိုင်ဖယ်တစ်လက် ထည့်ပေးလိုက်ပြီး ” မြို့ထဲလျှောက်ကြည့်ပါ . .အရက်သမားတွေ့ရင် ပစ်သာပစ်လိုက်ပါ” ဟုု ဂေါ်ဘာချော့က ပြောသည်။ ရေဂင်သည် မော်စကိုမြို့လယ်ရှိ ရင်ပြင်နီသို့ထွက်လာသည်။ လီနင်အုန်ဂူရှေ့တွင် “ရေချိန်လွန်” နေသူ လူတန်းကြီးကိုတွေ့သည် ။ ကျည်ကပ် တစ်ကပ်ပြီးတစ်ကပ် ကုန်အောင် ရေဂင်ဆွဲချလိုက်သည် ။ ထို့နောက် ဂေါ်ဘာချော့ထံ ပြန်လာပြီး ” ခင်ဗျားတို့ဆီမှာ တွေ့သမျှလူတွေတိုင်း အရက်သမားတွေချည်းပါလား . . ကျုပ်တို့ဆီကို လာကြည့်စမ်းပါ” “စိတ်ချ . . […]


etoneJuly 20, 20101min01
တယောဆရာ လူနာကို ခွဲစိတ်ရန်အတွက် အားလုံးအသင့် ဖြစ်နေပြီဖြစ်သည် . . . . လူနာက ခွဲစိတ်ဆရာဝန်ကို မေးသည်။ “ ဒေါက်တာ . . ကျွန်တော့ အူအတက်ဖြတ်ပြီးရင် တယောထိုးနိုင်မလား ခင်ဗျာ . . ” “ ထိုးနိုင်ပါတယ်” “ ဟန်ကျတာပဲ . . ကျွန်တော် တယော တစ်ခါမှမထိုးဖူးဘူး ။ အခု ထိုးနိုင်တော့မယ်တဲ့” ————- တံဆိပ်ခေါင်းစုတယ် “ ကျွန်မ သိပ်ပြီး အထီးကျန်နိုင်တာပဲရှင်” ဟု မေရီက မိမိနှင့် တွဲကနေသူ လူငယ်ကို ပြောသည်။ “ လန်ဒန်ကို ကျွန်မယောက်ျား ၂ လတိတိ ခရီးထွက်သွားတယ်ရှင်” “ ဟန်ကျတာပဲ […]


Yin Nyine NwayJuly 20, 20101min00
ဉာဏ်ကြီးရှင် လေးနှစ်သားကိုတိုး နှင့် ခြောက်နှစ်သားကိုဖြိုးတို့ မျောက်ညီနောင် သူတို့ အဘွားအိမ်သို့ အလည် ရောက်နေသည်။ ညအိပ် ချိန်တွင် မျောက်ညီနောင်အား အဘွားမှ ဘုရားရှိခိုး ခိုင်းဧ။်၊ ဘုရားရှိခိုးပြီးသောအခါ ကိုတိုး ။ ။ စက်ဘီးတစ်စီးနဲ့ ဂိမ်းစက် တစ်လုံး ရ ရိုရပါလိုဧ။် ဘုရား (ကျယ်လောင်စွာဆုတောင်းလေသည် )။ ကိုဖြိုး။ ။ ဟေ့ကောင် ဘာလို့ အကျယ်ကြီးဆုတောင်းနေတာတုန်းကွ ၊ ဘုရား က နား မလေး ပါဘူး။ ကိုတိုး။ ။ အင်း ဘုရား က တော့ နားမလေးပါဘူး ၊ ဒါပေမယ့် အဘွားကတော့ နားလေးတယ်ဟ ။ နောက်မသွားတော့ဘူးနော် ချစ်စခင်စ ကြင်နာစ ဇနီးမောင်နှံ နှစ်ယောက်ကနေ […]


Yin Nyine NwayJuly 20, 20101min00
မေးထဲ ရောက် လာ တဲ့ ဟာသ လေးတွေပါ …ပေး ပို့ တဲသူငယ်ချင်း တွေကို ကျေးဇူး ပါပဲ …….. ကူညီပါ့မယ် ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည် “အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။” “မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်” မတိုင်နဲ့လေ အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ဝင်လာပြီး ဆိုင်ရှင်ကို မကျေမနပ် ပြောသည်။ “မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလာထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။” “မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ ထင်တယ်။” နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ ကမ္ဘာ့အကောင်းဆုံး အိမ်သားသုံးစက္ကူ ပြိုင်ပွဲကျင်းပသည်။ အမေရိကန် ကိုယ်စားလှယ်က ခလုတ်ကို နှိပ်လိုက်သည်။ စက္ကူလိပ် အလိုအလျောက် လည်လာပြီး လိုသလောက် […]


Yin Nyine NwayJuly 18, 20101min02
ကောင်းမကောင်းတော့ မသိဘူး ယာဉ်ထိန်းရဲအရာရှိတစ်ဦးသည် တန်ဖိုးကြီးမားလှသော ဇိမ်ခံကားတစ်စီးကို ရပ်တန်.ဖမ်းဆီးလိုက်သည် ။ ထိုမော်တော်ကားမှာ ခေတ်မှီကိရိယာများတပ်ဆင်ထားပြီး မိုင်နှုန်းထိန်းသိမ်းပေးသည့် ရေဒါလည်း တပ်ဆင်ထားသည် ။ ဒီလို အဖမ်းခံရတော့ ကားပိုင်ရှင်လည်း စိတ်ဆိုးမာန်ဆိုးနဲ့ ကားပေါ်ကဆင်းလိုက်ပြီး ရေဒါကိရိယာကို ဆွဲဖြုတ်ရျ် မြေကြီးပေါ်ကို ပစ်ပေါက်လိုက်ပြီး ခြေထောက်နဲ့ဆောင့်နင်းကာ ဒေါပွပွနဲ့ ပြောလိုက်တယ် ။ ” ဒေါ်လာ ငါးရာပေးရပြီး အလကားပဲ ၊ ဘာမှ အသုံးမဝင်ဘူး ၊ တောက် ..” ” ခင်ဗျားရဲ့ ရေဒါ က ကောင်းမကောင်းတော့ ကျနော်မသိပါဘူး ။ ခု ကျနော်  ဖမ်းရတာက ခင်ဗျား ကားမှာ နံပါတ်ပြား တစ်ခုပဲ တပ်ထားလို.ပါ ” *************************** ဘာလိုသေးလဲ ဆရာဝန်ဖြစ်သူက […]


Yin Nyine NwayJuly 18, 20101min01
လူသုံးယောက်ကွယ်လွန်ပြီးနောက်ကောင်းကင်ဘုံကိုရောက်လာတယ်။ ဂိတ်ဝမှာစိန့်ပီတာ (ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။ ကောင်းပြီ အချက်အလက်ပြည့်စုံတယ်…မောင်မင်းတို့ို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။ တစ်ခုတော့မှာချင်တယ် ဒီမှာ”ဘဲ”တွေသိပ်ပေါများတယ်…ဒါပေမယ့်…”ဘဲ”တွေကို တက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။ ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်”ဘဲ”တွေကိုဖွေးဖွေးလှုပ်မြင်ရတာ အံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် “ဘဲ” တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။ အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး “ကဲ…ဘဲကိုတက်နင်းမိသူ မောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က ဒီအမျိုးသမီးနဲ့သံသရာတိုင်အောင်ပေါင်းသင်းနေထိုင် စေသတည်းတဲ့”။ ၁ဝမိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က “ဘဲ”ကို နင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ် ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့ အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့ မကွဲမကွာအနှီအမျိုးသမီးနဲ့ ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့ အတော်သွေးပျက်နေတယ်။ ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။”ဘဲ”မနင်းမိအောင်အရမ်းကို ဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့ ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကို ခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။ သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။ စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကို မေးလိုက်တယ်…”အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့် ထိုက်တန်ရပါသလဲ”။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်… “ရှင့်ကိစ္စကိုတော့မသိပါဘူး…ကျွန်မအပြစ်ကတော့တချက်ကလေး သတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ” ..လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။ […]


Yin Nyine NwayJuly 18, 20101min01
သူ့အတွေး ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် … သူ.သားက အရမ်းတော်လွန်း၊ ဉာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ … အဲဒါနဲ့ ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ … ကျောင်းအုပ်။ ။ ငါး .. ငါးလီ … ကလေး ။ ။ နှစ်ဆယ့်ငါး ကျောင်းအုပ်။ ။ သုံး .. သုံးလီ .. ကလေး ။ ။ ကိုး ကျောင်းအုပ်။ ။ ကိုး … ကိုးလီ .. ကလေး ။ ။ ရှစ်ဆယ့်တစ် ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. […]


Yin Nyine NwayJuly 18, 20101min02
နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ် တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။ ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့… ယောက်ျားလုပ်သူက… “မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။ ကိုယ်သွားတော့မယ်ကွာ… ” အဲဒီလိုပြောပြီး […]


Yin Nyine NwayJuly 17, 20101min01
ကျွန်တော်ရွာမှာနေရတာပျော်ပါတယ်။ကျွန်တော.်မှာသူငယ်ချင်းတွေအမျ ားကြီးရှိတယ်။ ယောက်ျားလေးတွေကော မိန်းကလေးတွေရောပေါ့။သူငယ်ချင်းတွေထဲမှာကျွန်တော်က အညံ့ဆုံးပါပဲ။အရွယ်ရောက်တဲ့အခါသူတို့တွေက တော်ကြတော့နိုင်ငံခြားမှာပညာသွား သင်ကြတယ်။ ကျွန်တော်တစ်ယောက်တည်းရွာမှာကျန်ခဲ့တာပေါ့။ သူတို့ဆီကစာလာတယ် သူတို့နဲ့ပြောချင်ရင်အင်တာနက်ကနေပြောလို့ရတယ်တဲ့ရေးထားတယ်။ နောက်ပြီးအင်တာ နက်ကအားကိုးရတယ်သိချင်တာမေးလို့ရတယ်လို့ရေးထားတယ်။ ကျွန်တော်သိတာ၃ရမင်း နတ်ပဲသိတာလေ။သူကအားကိုးရတယ်သိချင်တာမေးလို့ရတယ်ဆိုတော့နတ်မင်းတစ်ပါးလား မသိပါဘူး။သူတို့လိပ်စာပေးရင်အင်တာဆိုတဲ့နတ်ကဝင်ပူးပြီးပြောတာနေမယ်။ ရန်ကုန်မှာပေါ တယ်လို့လဲရေးထားသေးတယ်။ ရန်ကုန်မှာနတ်ပွဲတွေပေါပုံရတယ်။ကျွန်တော်လည်းရန်ကုန် ရောက်တော့စုံစမ်းတာထင်တားတာနဲ့လွဲနေတယ်လေ။အင်တာနက်ကဆိုင်ဖြစ်နေတယ်။ နိုင်ငံခြားကိုဖုန်းခေါ်လို့ရတယ်ဈေးပေါတယ်ဆိုတာနဲ့ သူတို့ပေးတဲ့ဖုန်းနံပါတ်နဲ့ အဲ့ဒီဆိုင်ကို သွားခဲ့တယ်။ဆိုင်နားမရောက်ခင်ကောင်မလေးနှစ်ယောက်ကဝက်ဆိုင်သွားကြည့်မယ် ဆိုပြီး ရှေ့ကအင်တာနက်ဆိုင်ထဲဝင်သွားတယ်။ ကျွန်တော်လည်းအဲ့ဒီဆိုင်ကဝက်တွေပါ ရောင်းတယ်ထင်နေတာ။ရွာမှာဆိုရင်ဝက်တွေကိုကြည့်မဲ့သူတောင်မရှိဘူး။ သူတို့မို့လို့တစ်ကူး တစ်ကသွားကြည့်ရတယ်လို့။ဆိုင်ထဲဝင်လိုက်တော့စောစောကကောင်မလေးနှစ်ယောက်က TVရှေ့မှာထိုင်ပြီးTVကြည့်နေတယ်။ သူ့အပြင်တခြားလူတွေလည်းTVကိုတစ်ယောက်တစ်လုံး ကြည့်နေကြတယ်။ ရွာမှာဆိုရင်TVတစ်လုံးကိုလူတွေဝိုင်းပြီးကြည့်တာလေ။ရန်ကုန်ဆိုတော့ ့ တစ်ယောက်တစ်လုံးကြည့်တာနေမယ်။ ဝက်တွေကိုအနောက်မှာထားတာနေမယ်။ ကျွန်တော်လည်း ဆိုင်ကကောင်လေးကိုနိုင်ငံခြားဖုန်းခေါ်ချင်တယ်ပြောတော့ကောင်လေးကနံပါတ်ယူပြီးTVရှေ့ကို သွားနေတယ်။ဖုန်းဆက်ပါမယ်ဆိုမှဒီကောင်လေးTVရှေ့သွားပြီးငါ့ကိုဂရုမစိုက်ဘူးပေါ့။အဲ့ဒီအချိန်မှာ နောက်နားဆီကနေအသံကြားရတယ်။ ဝက်ကမ်းပေးပါဆိုပြီးအော်ဝက်အရောင်းအဝယ်ဖြစ်သွားပြီနေ မယ်လို့။ကောင်လေးကရပြီအစ်ကိုဆိုပြီးဘီးကုတ်လိုဖော့တုန်းပါတဲ့ဟာနဲ့နားနားကိုလာကပ်ပေးတယ်။ ကျွန်တော်လည်းကြောက်အားလန့်အားနဲ့ဟယ်လိုခေါ်ကြည့်လိုက်တော့ သူငယ်ချင်းရဲ့အသံကြားရတယ်။ ကျွန်တော်လည်းအရမ်းဝမ်းသာသွားတယ်။ ဟာ.သူငယ်ချင်းနေကောင်းလား။အဆင်ပြေလား စသည်ဖြင့် သာကြောင်းမာကြောင်းရွာအကြောင်းပြောကြတာပေါ့။ငါရန်ကုန်ကအင်တာနက်ဆိုင်ကဆက်နေတာပေါ့ စကားတွေအများကြီးပြောပြီးမင်းအခုဘာလုပ်နေလဲလို့မေးလိုက်တယ်။သူကသူမအားဘူးလေEbookကို ဖတ်နေတယ်လို့ဖြေတယ်။သူ့စကားကြောင့်ကျွန်တော်တော်တော်နားရှက်သွားတယ်။ဒါပေမဲ့ဂုဏ်ယူပါ တယ်သူငယ်ချင်းလို့ပြောလိုက်တယ်။ရွာကသွားတဲ့အထဲမှာအီးဘုတ်လည်းပါသွားတယ်လေ။သူနဲ့အီးဘုတ် နဲ့ရည်းစားဖြစ်နေတာကိုငါ့ကိုကြွားတယ်ပေါ့။ကျွန်တော်လည်းနှုတ်ဆက်ပြီးဆိုင်ကထွက်လာခဲ့တယ်။ ဪ..သူတောင်အီးဘုတ်နဲ့ရည်းစားဖြစ်နေတယ်။ငါလည်းဘယ်ရမလဲရွာရောက်ရင်ရွာသူတစ်ယောက် ရအောင်ယူအုန်းမှပဲဆိုပြီးပြန်လာခဲ့လိုက်တယ်။ ကြိုးစားပါအုန်းမည်။


etoneJuly 16, 20101min00
ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။ “ဟေ့ကောင်ကြီး….အိမ်မှာဘယ်လို အခြေအနေရှိလဲ.. အေးဆေးပဲလား” “ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ” “ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…” “ကျွေးပါတယ်ဆရာရယ်…” “အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့ ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား” “မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ” “ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက” “ဆ..ဆရာ…စိတ်မဆိုးရဘူးနော်.. ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..” “အေးပါ…မြန်မြန်ပြောစမ်းပါ…” “ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..” “ဘာ….ငါ့မြင်းကြီး…ဟုတ်လား..” “ဟုတ်…ဟုတ်…သေသွားပြီဆရာ..” “ဟေ!!!!….” “သူကတော့ပင်ပန်းပြီးသေတာဆရာ” “ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..” “မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…” “ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ” “ဟို..ဟိုလေ….မီးလောင်လို့…” “ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..” “ဆရာ.အိမ်ပေါ့ဆရာရယ်” “ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်” “ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က” “…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်” “ဆရာ့အမေ….” “ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ” “ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့.. ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ် တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..” “ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ.. ..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်.”


etoneJuly 16, 20101min01
ကျွန်တော် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထားခြားတဲ့ ဈာပနချပွဲ အခမ်းနားတစ်ခုကိုတွေလိုက်တယ်။ ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅ဝ လောက် ကွာပြီး နောက်ထပ် အခေါင်းတစ်ခုက ကပ်ပါလာတယ်။ ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက် လမ်းလျှောက်ရင်းလိုက်လာတယ်။ အဲ့ဒီလူရဲ့နောက်မှာတော့ အမျိုးသား ၂၀ဝ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊ ကျွန်တော် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား အသာလေးကပ်သွားပြီး………။ “”မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။ ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန အခမ်းနားကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။ ဘယ့်သူ့ ရဲ့ ဈာပန […]


etoneJuly 16, 20101min01
Mr.Bill Gate ထံသို့ အိတ်ဖွင့်ပေးစာ သို့ Mr.Billgate ကျွန်တော်တစ်နေ့က ကွန်ပြူတာတစ်လုံးဝယ်ယူခဲ့ပါသည်။ ပြသနာလေးတွေရှိနေသဖြင့် စာရေးအကြောင်းခြင်းဖြစ်ပါသည်။ ၁။ ကွန်ပြူတာဝယ်ပြီး အင်တာနက်ချိတ်လိုက်ပါသည်။ E-mail မှာ ပြသနာဖြစ်ပါတော့သည်။ Password ဆိုတဲ့ နေရာမှာ ******** အဲဒါတွေပဲပေါ်နေတယ်။ တခြားနေရာမှာမဖြစ်ဘူး။ အဲဒီနေရာမှာပဲ။ ကွန်ပြူတာကို စစ်ဆေးကြည့်လိုက်တော့လည်း အကုန်လုံးကောင်းပါသည်။ ဒါကြောင့် ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းပေးစေလိုပါသည်။ ၂၊ နောက်တစ်ခုက turn off ခလုပ်ကို နှိပ်လိုက်လျှင် ကွန်ပြူတာက ဆက်ပြီး အလုပ်မလုပ်တော့ပါ။ ပြီးတော့ start button ပဲပါသည်။ stop button လည်းမပါ။ အဲဒါလေးကိုလည်း တပ်ဆင်ပေးစေချင်ပါသည်။ ၃၊ ကျွန်တော့်သူငယ်ချင်းတစ်ယောက် Run ဆိုတဲ့ ခလုပ်ကိုနှိပ်လိုက်လို့ ပြေးလိုက်ရတာ တခြားမြို့ကို ရောက်သွားရောဗျာ။ […]