Mr.Bill Gate ထံသို့ အိတ်ဖွင့်ပေးစာ

etoneJuly 16, 20101min01

Mr.Bill Gate ထံသို့ အိတ်ဖွင့်ပေးစာ

သို့ Mr.Billgate

ကျွန်တော်တစ်နေ့က ကွန်ပြူတာတစ်လုံးဝယ်ယူခဲ့ပါသည်။ ပြသနာလေးတွေရှိနေသဖြင့်
စာရေးအကြောင်းခြင်းဖြစ်ပါသည်။
၁။ ကွန်ပြူတာဝယ်ပြီး အင်တာနက်ချိတ်လိုက်ပါသည်။ E-mail မှာ
ပြသနာဖြစ်ပါတော့သည်။ Password ဆိုတဲ့ နေရာမှာ ********
အဲဒါတွေပဲပေါ်နေတယ်။ တခြားနေရာမှာမဖြစ်ဘူး။ အဲဒီနေရာမှာပဲ။ ကွန်ပြူတာကို
စစ်ဆေးကြည့်လိုက်တော့လည်း အကုန်လုံးကောင်းပါသည်။ ဒါကြောင့် ဒီပြသနာကို
ကိုင်တွယ်ဖြေရှင်းပေးစေလိုပါသည်။
၂၊ နောက်တစ်ခုက turn off ခလုပ်ကို နှိပ်လိုက်လျှင် ကွန်ပြူတာက ဆက်ပြီး
အလုပ်မလုပ်တော့ပါ။ ပြီးတော့
start button ပဲပါသည်။ stop button လည်းမပါ။ အဲဒါလေးကိုလည်း တပ်ဆင်ပေးစေချင်ပါသည်။
၃၊ ကျွန်တော့်သူငယ်ချင်းတစ်ယောက် Run ဆိုတဲ့ ခလုပ်ကိုနှိပ်လိုက်လို့
ပြေးလိုက်ရတာ တခြားမြို့ကို ရောက်သွားရောဗျာ။ ဒါကြောင့်
ကျွန်တော်တောင်းဆိုချင်တာက Sit ဆိုတဲ့ ခလုတ်လေးတစ်ခုလောက်ကို
လည်းတပ်ဆင်ပေးချင်ပါသည်။ ဒါမှသာ ကျွန်တော်တို့ ထိုင်ပြီးမှ ကွန်ပြူတာကို
သုံးနိုင်မယ်မဟုတ်ပါလား။
၄။ ပီးတော့ ဟိုတစ်နေ့က ကျွန်တော့ မိန်းမ လက်စွပ်ပျောက်သွားလို့။ search
မှာ ရှာကြည့်တာ ရှာမတွေ့ပါ။
search button က ဟန်လုပ်ပြီးတပ်ထားတာများလား။
၅။ ကျွန်တော် ကွန်ပြူတာမှာ ဖဲရိုက်တုံးက နိုင်ထားတဲ့ ပိုက်ဆံတွေ
ဘယ်တော့လောက်ရမလဲဆိုတော့ သိပရစေ။
၆။ ကျွန်တော် ကလေးတွေကို Mircrosoft Word သင်ပြီးပါပီ။ သူတို့က Microsoft
sentence သင်ချင်နေကြပီ။
အဲဒါလေးလည်း ဘယ်တော့လောက်ထွက်မလဲ မသိဘူးနော်..

——————————————————————————————————-

forward မေးလ်တစ်ခုကရတာ.. သဘောကျလို့ ပြန် share လိုက်တယ်…

One comment

  • nyo me

    July 17, 2010 at 8:39 am

    မိုက်တယ်

    Reply

Leave a Reply

Your email address will not be published.