ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ – RNDP က ကျောက်တော်မြို့နယ် တိုင်းဒေသကြီးအမတ် ဦချမ်းငြိမ်းဟာ ဒီလ ၁၆ ရက်နေ့တုန်းက ပုလင်းနဲ့ထုခံရ. ၆ ချက်ချုပ်လိုက်ရတယ်လို့ ထိုင်းအခြေစိုက် VOA သတင်းထောက် (ကျနော့် သူငယ်ချင်း) က ပြောပါတယ်။ ဦးချမ်းငြိမ်းက လက်ဘက်ရည်ဆိုင်ဖွင့်ထားပါတယ်။ ၁၆ ရက်နေ့ကပဲ ဆိုင်နားမှာ လူငယ်တွေ သောင်းကြမ်းနေကြတာကို သူက သွားကြိမ်းတယ်တဲ့။ “ဟေ့ကောင်တွေ ငါအမတ်နော်. မင်းတို့ ရုတ်ရုတ်မလုပ်နဲ့”လို့ သူစိတ်ရှိသလို ပြောဆိုကြိမ်းမောင်းပြီးသကာလ နောက်လှည့်လိုက်တာနဲ့ ချာတိတ်တွေက ပုလင်းနဲ့ ဆော်လိုက်တာ. ၆ ချက် ချုပ်လိုက်ရတယ် ဆိုပါရောလား။ “ငါကွအမတ်၊ ယူထား ၆ ချက်” ဟ။ အားလုံးကိုလေးစားလျက် Good Idea
