လင် ဆိုသည်မှာ

ၾကယ္ေလးNovember 22, 20101min08
အိမ်သူမယား နှလုံးသားလေး ကြည်လင်ပျော်နေစေဖို့

အမုန်း များလဲမထားရဘူး

အပြုံးများလဲ မခါးရဘူး

အာဘွား တွေလဲမနားတမ်းပေးဘူး သူမှ လင်တဲ့

အိမ်သူမယား စိတ်ထားလေး ကြည်လင်ပျော်နေစေဖို့

သူ့မိဘငါ့မိဘမခွဲခြား ရင်သွေးအပေါ်အကြင်နာထား

ဖဲရိုက် သောက်စား အပေါင်းသင်းမမှား

small လေးဆို အွန်လိုင်းမှာတောင်မထား မှ လင်တဲ့

အိမ်သူမယား ဦးဏှောက် ကြည်လင်ပျော်နေစေဖို့

ရိုးသား ကြိုးစား လစာဆို မဘုံးထား

မီးဖိုခြောင်လဲ လှပ အဝတ်တွေလဲမနွမ်းလျှ

လူလည်ခေါင်မှာ နွေးထွေးပြ အိပ်ရာဝင်ချိန်ယုယ

မေတ္တာတွေနဲ့အေးမြ အိမ်သူသာလျှင်ငါ့ဘဝ ဆိုတဲ့သူမှလင်တဲ့

လင်ဆိုတာအဲလိုလေး ဇနီးမယားရဲ့စိတ်ကို

ကြည်လင်အောင်ထားနိုင်လို့တင်စားခေါ်တာတဲ့(ဟုတ်လားမသိ)

မယားဆိုသည်မှာ? ကို ဖတ်ကြည့်ချင်ရင် ဒီမှာရေးထားပါတယ် :)

http://myanmargazette.net/34116/society-lifestyle/aha-jokes

8 comments

  • shwepyiaye

    November 22, 2010 at 7:59 pm

    ဟယ်…ရှက်စရာကြီး…..

    Reply

  • လင်းဝေကျော်

    November 23, 2010 at 2:48 am

    အာဘွားတွေမနားတမ်းပေးဆိုပါလား…
    အွန်လိုင်းပေါ်မှာတောင် စမောမထားဆိုပါလား….
    ခေတ်သစ်ချစ်မေတ္တာဘွဲ့ပဲ…

    Reply

  • moethidasoe

    November 23, 2010 at 6:30 am

    ကြယ်လေးရေ အာဘွား မနားတမ်း ဆိုတာ တစ်နာရီမှာ ဘယ်နှကြိမ်လဲ .. ဒါမှမဟုတ် တစ်ရက်မှာ ဘယ်နှကြိမ်လဲ .. အကန့်အသတ်လေး ရေးပေးပါ .. ဒါမှ စံချိန်တစ်ခုနဲ့ ချိန်ထိုးသတ်မှတ်နိုင်မှာ ..
    လူလယ်ခေါင်မှာ ဆိုတာက ဘယ်လောက်နွေးထွေးဖို့ လိုသလဲ .. နွေရာသီမှာ ဆိုရင်ကော ..

    Reply

  • hsu hsu

    November 23, 2010 at 8:23 am

    ဟုတ်တယ်…ဟုတ်တယ်

    Reply

  • ကြယ်လေး

    November 23, 2010 at 10:38 am

    @moethidasoe

    ရော် ~~ခက်ပြီ
    ဘာ ကန့်သတ်ချက်တွေစံချိန်စံညွှန်းတွေ ရာသီဥ တုတွေမ လိုဘူးလေ

    အဓိက က သူ ကြည်လင် ရင် သင် လင် ပီသပြီ

    Reply

  • unclegyi1974

    November 23, 2010 at 1:25 pm

    ကြယ်လေးပြောတဲ့လင် စာလုံးထဲကိုယ်တို့မပါတာသေ
    ချာတယ်

    Reply

  • kopauk mandalay

    November 23, 2010 at 3:03 pm

    ဟုတ်လားတော့ မသိဘူး စမ်းကြည့်လိုက်အုံးမှဘဲ။

    Reply

Leave a Reply

Your email address will not be published.