ထားဝယ်မှ ပျံသန်းလာသည့် မြန်မာ့လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစီးသည် ရန်ကုန် လေဆိပ်တွင် ပြေးလမ်းချော်ပြီး လေယာဉ် ခြေထောက်ကျိုးမှု ဒီဇင်ဘာ ရ ရက် နံနက်က ဖြစ်ပွားခဲ့သည်။ ဒန်အိုး ဒန်ခွက်အဟောင်းများကို အရည်ကျိုပြီး အလူမီနီယမ် ကိုယ်ထည်ဟူ၍ လိမ်လည် ထုတ်လုပ်ကာ၊ သူများ နှာခေါင်း အငှားတောင်း ဆိုသကဲ့သို့ ပြင်သစ်နိုင်ငံလုပ် ATR လေယာဉ်စက်များ တပ်ဆင်ထားသော တရုတ်ပြည်ဖြစ် Xian MA 60 လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နံနက် ၁၁ နာရီခန့်က အဆင်းတွင် ခြေခေါက်ကာ ခြေထောက်ကျိုးခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရမှု မရှိဟု လေဆိပ်အာဏာပိုင်များက ပြောသည်။ ယခု အခါ ခြေထောက်ကျိုးသွားသော လေယာဉ်ကို တရုတ် အကြောပြင် ဆရာတစ်ဦးက တရုတ်တိုင်းရင်းဆေးဖြင့် […]


