ဆူးMarch 13, 20111min012
တနေ့မှာဥက ပေါက်စ ကြက် ပေါက်လေး က သူ့မိခင် ကြက်မကြီးကို မေးတယ်။ အမေ သားတို့ ဘယ်လို ဖြစ်လာကြတာလဲ။ ဒီတော့ မိခင် ကြက်မကြီးက.. နင့်တို့ အဖေ ပေါ့အေ.. တနေ့တနေ့ အရှက်မရှိ အိမ်ခေါင်ပေါ် တက်တက် အော်ပြီး ဥကြီးကြီးဥ ဆိုပြီး အော်တာ.. ငါလည်း ရှက်တာပေါ့.. တနေ့တနေ့ အော်နေတာ စိတ်ညစ်လိုက်တာလွန်ပါရော အဲလို ရှက်ရှက်နဲ့ သူကို အောက်ကနေ လှမ်းပြီးတော့ ပိရော ပိရော ဆိုပြီး ပြန်အော်တာပေါ့။ ဒီလိုနဲ့ မင်းတို့ အဖေ အော်လွန်းလို့ ငါ မင်းတို့ကို ဥထားတာ သားရဲ့။ ဒါကြောင့် မင်းတို့လည်း ဥက ပေါက်တာနဲ့ ကြားနေကြ စကား ဖြစ်တဲ့ […]


သူကြီး က အကူအညီတောင်းလို့  စဉ်းစားညဏ် ရင့်သန်လွန်းတဲ့ ရွာသူရွာသားများကို ပြန်အကူအညီတောင်းရတာပါ ရွာသူရွာသားတချို့နဲ့ သူကြီးတို့ မနှစ်က ဆော်ဒီ ကို အလည်အပတ်သွားကြပါတယ် အဲဒီတုန်းက ရုပ်အချောဆုံး အမျိုုးသမီး(၅)ဦး ကို အာရပ်တွေရဲ့ ဝတ်စုံဝတ်ပေးပြီး သူကြီးက ဓါတ်ပုံရိုက်ပေးပါတယ် ရိုက်တုန်းက သူဘဲရိုက်ပေးပြီး အခုကြ မမှတ်မိတော့လို့ တဲ့  သိသူများပြန်ပြောပေးကြပါဦး မှန်အောင်ပြောပေးနိုင်တဲ့သူကို ဆာကူရာတာဝါ အပေါ်ဆုံးထပ်မှာ ရေအဝတိုက်ပါမယ်တဲ့


bigbirdMarch 8, 20111min07
အင်္ဂလန်နိုင်ငံကထုတ်တဲ့ စာအုပ်တစ်ခုပါ။ စာအုပ်ရဲ ့နာမည်က ”’ယောက်ျားသားတို ့သည် sex မှလွဲ၍ တခြားဘာတွေများ တွေးပါသလဲ”’ စာအုပ်နာမည်နဲ ့မျက်နှာဖုံးက စိတ်ဝင်စား စရာကောင်းလို ့ ဝယ်ပြီးဖွင့်ကြည့်လိုက်တဲ့အခါ အထဲမှာ ဘာမှမရှိပါဘူးတဲ့။ အဓိပ္ပါယ်က–nothing..တခြားဘာမှ မတွေးပါဘူးတဲ့ Sheridan Simove ဆိုတဲ့စာအုပ်ပိုင်ရှင်က စာဖက်သူများကို သွယ်ဝိုက်ပြီး သတိပေးတဲ့သဘော လို ့ဆိုပါတယ်။ ဒါပေမယ့်Sheridan Simove သိမလားတော့ မသိဘူး ။ ဒီစာအုပ်ဟာ အင်္ဂလန်ကျွန်းမှာ ရောင်းကောင်းနေပါတယ်။ အကြောင်းကတော့–ကလေးငယ်များဟာ ဗာလာစာအုပ်အဖြစ် ဝယ်ယူနေကြလို ့ပါတဲ့..


bigbirdMarch 6, 20113min06
ညှစ်ထား ညှစ်ထား..ထွက်တော့မယ် သူကလဲတစ်မျိုး ကြောက်စရာကြီး ဖုံးပျက်သွားရင် မပြစ်လိုက်နဲ ့နော် လုပ်တက်တယ်နော် -သူက တော်တော်အငြိုးကြီးတာပဲနော် လိပ်ပြာလုံပါ့မလား? တစ်မျိုးတော့မထင်နဲ ့နော်..စားစရာမုန် ့ပါ။ငှက်ကြီးတော့စားမဝင်ပါဘူး။ သားသားကို ကယ်ပါဦး။ tiger girl ဆိုတာသူလားဟင်? ကြည့်ရတာ တော်တော်မူးသွားတယ်ထင်တယ်။ ဘယ်လိုများတိုက်ကြပါလိမ့်.. အနောက်မှာလဲ မျက်လုံးနဲ ့ဗျို ့ ကားတံခါးက မိုက်လှချည်လား အသည်းယားစရာကြီး၊ထိမိရင်တော့ဒုက္ခ


shwe niMarch 6, 20111min00
ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မဝင်စားမှန်းမသိဘဲ စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ? ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်.. စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှားလားခင်ဗျာ စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီကဘာအရောင်နဲ့များရသေးလို့ လဲ? ကောင်လေး။ ။ ကိုယ်မင်းလက်ကလေးကို ကိုင်ထားပါရစေ။ ကောင်မလေး။ ။ နေပါစေ ကျွန်မလက်က ဒီလောက်မလေးပါဘူး.. at http://kyawkyawthet.blogspot.com/


ဆူးMarch 4, 20111min013
”ကယ်ကြပါဦးရှင် ကျမသားလေးမြေမျိုနေလို့ပါ”“ ဒဂုံမြို့သစ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တာပါ… 2.3.2011နေ့ကပါ မနက် 9 နာရီအချိန် ကျွန်တော်တို့လမ်းထိပ်မှာ အုတ်အုတ်ကျက်ကျက်နဲ့ မိန်းမကြီးတစ်ယောက် အော်ဟစ်ငိုယိုကာ အကူအညီတောင်းနေရာက စတင်ခဲ့ပါတယ်… “ကယ်ကြပါဦးရှင် ကျမသားလေး မြေမျိုနေလို့ပါ”” ကျွန်တော်တို့ သူငယ်ချင်းတစ်စု မမြင်ဖူး မတွေ့ဖူးမို့ အခင်းဖြစ်ပွားရာနေရာကို အပြေးအလွားသွားကြည့်ခဲ့တာပါ.. မြေမျိုနေတဲ့ကလေးက 3နှစ်ခွဲသာရှိ ပါသေးတယ်…နားလည်တက်ကျွမ်းတဲ့ လူကြီးများက ကလေးကိုရေတိုက်ရန် ပြောသော်လည်း ကလေးမှာရေပင်မသောက်နှိင်တော့ဘဲ ငိုယိုနေပါတယ် နောက်ဆုံးဘယ်လိုမှမကယ်နိုင်တော့မှ နီးစပ်ရာဆေးရုံကို အရေးပေါ်ခေါ်ဆောင်သွားပါတယ် ဟုတ်ပါတယ်တကယ်မြေမျိုခဲ့တာပါဗျာ…. မြေကိုသူကမျိုခဲ့တာပါ… ဖော်ဝပ်မေးက ရတာပါ.. ဖတ်ရတာ သဘောကျလို့ သူများ တင်တာ မတွေ့သေးလို့ တင်ပေးလိုက်ပါတယ်။


မောင်ဆန်းFebruary 21, 20111min09
ကျွန်တော်တို့ဘဝတွေမှာ နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ ပြီးခါနီးကျရင် မြန်မြန်လုပ်ပေးစမ်းပါ မပြီးသေးဘူးလားနဲ့ လောတတ်သူတွေနဲ့ ကြုံရတတ်တယ် ဒီနေ့လဲတစ်ခါကြုံလိုက်ရလို့ ကြားခဲ့ဘူးတဲ့ပုံပြင်လေးတစ်ခုကို သွားသတိယမိတယ် တစ်ခါတုန်းက ကမာ္ဘမြေက လူအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ (အဖွဲ့တစ်ခုရဲ့အသင်းဝင်ဖြစ်လို့) တစ်ခြားဂြိုလ်တစ်ခုကို သွားလေ့လာခွင့်ရတယ် အဲဒီဂြိုလ်ကိုရောက်တော့ ဂြိုလ်တာဝန်ရှိသူတွေက သူတို့ဂြိုလ်ရဲ့ခမ်းနားကြီးကျယ်ပုံ စက်ရုံတွေ ထုတ်ကုန်တွေကို လိုက်ရှင်းပြတယ် ဒါကတော့ ကျွန်တော်တို့ဆီက သိပ္ပံပညာရှင်တွေ အထူးတီထွင်ထားတဲ့ ပစ္စည်းတွေ၊ စက်ရုံတွေ၊ အမြန်လမ်းမကြီးတွေ ဆိုပြီးတော့ပေါ့ လူသားနှစ်ဦးလုံးကလည်း ဘာရေအားလျှပ်စစ်စက်ရုံ ဘာကျောက်မီးသွေးစက်ရုံ ဘာကြက်ဆူပင်မှမတွေ့ဘဲ မီးတွေထိန်ထိန်လင်းနေတာတွေ တွေ့တော့ တအံ့တဩနဲ့ပေါ့ နောက်ဆုံး စက်ရုံတစ်ခုကိုရောက်လာတော့ တာဝန်ရှိသူက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ သူတို့စက်ရုံအကြောင်းကို ရှင်းပြတယ် ဒါကတော့ ကျွန်တော်တို့ဂြိုလ်ကြီးတစ်ခုလုံးအတွက် အရမ်းအရေးကြီးတဲ့ စက်ရုံကြီးပါ ဒီဂြိုလ်အတွက်လိုအပ်တဲ့ သိပ္ပံပညာရှင်တွေ လုပ်သားတွေ အားလုံးကို ုဒီစက်ရုံကဘဲ ထုတ်လုပ်ပေးပါတယ် […]


nyimalayFebruary 20, 20111min05
အများသုံး အိမ်သာတစ်ခုထဲ ဝင်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။ “ဟေ့လူ. နေကောင်းလား…” ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့. “ကောင်းပါတယ်. ကျေးဇူး” အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။ “ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.” ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ…. စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။ “ခင်ဗျားလိုပဲပေါ့ဗျာ.” ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။ “ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား” ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. […]


nyimalayFebruary 20, 20111min05
လူကူးမျဉ်းကျားမှကူးပါ ရန်ကုန်တိုင်းမှာ အင်တိုက်အားတိုက်ကြော်ငြာထားတယ် ။ လူကူးမျဉ်းကျားအရေအတွက်ကတော့ လက်ချိုးရေလို့ရတယ်လေ ။ ကဲ …….မျဉ်းကျားမရှိတဲ့နေရာမှာ ယာဉ်ထိန်းရဲက ဒီတိုင်းကူးသွားတော့ လူတစ်ယောက်ကအော်ပြောတယ် ။ သူကလဲ နည်းနည်းဂေါက်တဲ့သူပါ။ ဟေးလူ လူကူးမျဉ်းကျားက ကူးလေ .ခင်ဗျားနိုင်ငံကြီးသားမပီသဘူး လား။ ကျုပ်တောင် မျဉ်းကျားရှာနေတာ ၃နာရီလောက်ရှိပြီ တဲ့လေ ………. ပီပြင်ပြီဆိုမှ ဥပဒေသတ်မှတ်တာကောင်းပါတယ်နော ။လမ်းတွေတော့ မပြင်ပဲ ယာဉ်တိုက်မှုကင်းမဲ့ဇုန်တို့ ၊ ညဘက် မီးမပေးနိုင်ပဲ မှုခင်းကင်းမဲ့ ဇုန်တို့ လုပ်ရက်တယ်ဗျာ ။ အမှန်ဆို ချိုင့်ခွက်ကင်းမဲ့ဇုန် ၊ မီးမပျက်ဇုန်တို့ အရင်လုပ်စေချင်ပါတယ်ဗျာ ။ အပြင်လူ မဝင်ရ စက်ရုံ ကြီးတွေ ၊ အစိုးရဌာနတွေ ၊ လုံခြုံရေးဆိုဒ်တွေ တံခါးမှာရေးထားတဲ့စာတန်းလေးပေါ့ ။ ရေးပါစေလေ ။ […]