တကယ်မြေမျိုတာပါဗျာ….

ဆူးMarch 4, 20111min013

”ကယ်ကြပါဦးရှင် ကျမသားလေးမြေမျိုနေလို့ပါ”“
ဒဂုံမြို့သစ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တာပါ… 2.3.2011နေ့ကပါ မနက် 9 နာရီအချိန် ကျွန်တော်တို့လမ်းထိပ်မှာ အုတ်အုတ်ကျက်ကျက်နဲ့ မိန်းမကြီးတစ်ယောက် အော်ဟစ်ငိုယိုကာ အကူအညီတောင်းနေရာက စတင်ခဲ့ပါတယ်… “ကယ်ကြပါဦးရှင် ကျမသားလေး မြေမျိုနေလို့ပါ”” ကျွန်တော်တို့ သူငယ်ချင်းတစ်စု မမြင်ဖူး မတွေ့ဖူးမို့ အခင်းဖြစ်ပွားရာနေရာကို အပြေးအလွားသွားကြည့်ခဲ့တာပါ.. မြေမျိုနေတဲ့ကလေးက 3နှစ်ခွဲသာရှိ ပါသေးတယ်…နားလည်တက်ကျွမ်းတဲ့ လူကြီးများက ကလေးကိုရေတိုက်ရန် ပြောသော်လည်း ကလေးမှာရေပင်မသောက်နှိင်တော့ဘဲ ငိုယိုနေပါတယ် နောက်ဆုံးဘယ်လိုမှမကယ်နိုင်တော့မှ နီးစပ်ရာဆေးရုံကို အရေးပေါ်ခေါ်ဆောင်သွားပါတယ် ဟုတ်ပါတယ်တကယ်မြေမျိုခဲ့တာပါဗျာ…. မြေကိုသူကမျိုခဲ့တာပါ…

ဖော်ဝပ်မေးက ရတာပါ.. ဖတ်ရတာ သဘောကျလို့ သူများ တင်တာ မတွေ့သေးလို့ တင်ပေးလိုက်ပါတယ်။

13 comments

  • bigbird

    March 4, 2011 at 3:10 pm

    တကယ်မှတ်နေတာ..တော်တော်နောက်တာပဲ.

    Reply

  • eros

    March 4, 2011 at 3:14 pm

    လျှပ်တပြက် ရိုက်ချက်ထက် ပိုသာနေပါလား ဟရို့ ။

    Reply

  • ဆူး

    March 4, 2011 at 3:15 pm

    ဟီးဟီး..
    တကယ် မှတ်လို့ ဖတ်လိုက်တာဘဲ.. နောက်ဆုံးမှ နောက်ထားမှန်း သိလို့… အားလုံး ပျော်ရအောင် တင်ပေးလိုက်တာ။

    Reply

  • unclegyi1974

    March 4, 2011 at 3:34 pm

    ဒါကြောင့်လည်းရှင်တော်ဘုရားကဟောတာပဲ
    လူတွေအားလုံးအရူးတွေချည်းပဲတဲ့

    Reply

  • ဆူး

    March 4, 2011 at 4:04 pm

    ပုထုဇန္နော ဥမ္မာတကော
    လူတိုင်းကတော့ အရူးများ ဖြစ်ကြပါ၏

    Reply

  • mihninlay

    March 4, 2011 at 4:23 pm

    အတော်နောက်တာပဲနော်
    တကယ်ထင်နေတာ

    Reply

  • meelay

    March 5, 2011 at 3:51 am

    နောက်နဲ့နော် …………. 😀

    Reply

  • Ju No

    March 5, 2011 at 7:07 am

    ဂယ်မှတ်လို ့စိတ်ဝင်တစ်စားဖတ်နေတာ

    ရယ်ရတယ်နော်……..

    Reply

  • dream

    March 7, 2011 at 8:50 am

    တကယ်မှတ်လို့ ရင်တထိတ်ထိတ်နဲ့ဖတ်လာတာ
    အောက်ဆုံးရောက်မှ ခံလိုက်ရမှန်းသိတယ် 🙂

    Reply

  • Gong Zhu

    March 7, 2011 at 3:03 pm

    ဟုတ်ပါ့ ဟုတ်ပါ့ … ဒီကလည်း သေသေချာချာမဖတ်ပဲနဲ့ … ဘယ်မြို့နယ်မှာလဲလို့မေးမလို့ .. ဟီးဟီး … တော်တော်နောက်တဲ့ မမဆူး

    Reply

Leave a Reply

Your email address will not be published.