ဆြာတော် – အိမ်း..မောင်ကြောင်၊ မတွေ့တာကြာပေါ့ကွဲ့။ ကျောင်းကို မျက်စိလည်လမ်းမှာရောက်လာသလား။ ကြောင် – မှန်လှပါ၊ ဆရာတော်အား တရားမေးလျောက်စရာရှိ၍ တမင်လာခြင်းဖြစ်ပါတယ် ဘုန်းတော်ကြီးမြတ် အရှင်ဘုရား။ ဆြာတော် – သာဓု သာဓု သာဓု.. ဆိုစမ်းပါအုံးကွဲ့၊ နင့်ဟာဘာတုံး.။ ကြောင် – မိတ်အင်ယူအက်စ်အေ ပါဘုရား။ ဆြာတော် – သိုးဆောင်းစကားနဲ့ မပြောနဲ့ဒကာ၊ ဘုန်းကြီးက စာတတ်ပေမဲ့ ဝံသာနုဘုန်းကြီး။ ကြောင် – သီးခံတော်မူပါ ဆရာတော်၊ ပြောချင်တာ တပည့်တော်၏ ရုပ်နာမ်နှစ်ပါးသည် အမေရိကန်နိုင်ငံလုပ် ဖြစ်သွားပါပြီ။ တပည့်တော်ကို ဆရာတော့်ရွာထဲက ထန်းရည်ငမူး အောင်ဘုနဲ့ တစားထဲ မြင်သွားမှာစိုးလို့ပါ။ မူးတာခြင်းတူပေမဲ့ တပည့်တော်က ပြင်သစ်ဝိုင်အရက်၊ ဘီယာနှပ် ဂျပန်ကိုဘေးနွားကင်နဲ့ အဆင့်မြင့်ပါဘုရား။ ဆြာတော် – […]
