ဦးစွာပထမ မိတ်ဆက်ရလျင် ကျွန်ုပ်သည် ခြေအငြိမ်မနေ၊လက်အငြိမ်မနေ၊ဦးနောက်လဲ အငြိမ်မနေတဲ့ မျောက်တစ်ကောင်ဖြစ်ပေသည်။ အကျွန်ုပ်အကြောင်း မသိသေးသော ရောင်းရင်းမိတ်ဆွေများ ကျုပ်ကိုလူလား မျောက်လား သိအောင် ငယ်စဉ်ကမျောက်ကျခဲ့တာလေးတွေ နဲ ့အရင် မိတ်ဆက်ပေးလိုက်ပါ့မယ်။ကျွန်ုပ်ဘဝ တစ်စိတ်တစ်ဒေသကို ဤရွာထဲတွင် မြှုပ်နှံ၍ လုပ်ကြံပြီးရေးရင်းဖြင့် အကျွန်ုပ်သည်လူစင်စစ်မှ မျောက်ဖြစ်ခဲ့ရလေပြီ။ 😛 ရှိစေတော့..ရှိစေတော့,,ငယ်စဉ်က မျောက်ကျခဲ့တာလေးတွေ..ရှုပါလော့.မိတ်ဆွေ။ မျောက်-၁ မှတ်မိပါသေးတယ်။ငယ်ငယ်က ကျုပ်အရမ်းလိုချင်တဲ့ Walk Man ဆိုလား ဘာလားမသိ။စက်ထဲက အသံတွေထက်တယ်လေ.. အင်း..အင်း.. အဲတာ လိုချင်လွန်းလို ့ ရွာထဲမှာ တောက်တိုမယ်ရလျှောက်လုပ် ၊ပြီး ရလာတဲ့ အသပြာလေးစုပြီး သကာလ တစ်လတစ်ခါ မြို ့တက်ပြီး ရှေားပင်း ထွက်တတ်တဲ့ ကာလသားကြီး ကိုရင်ကြောင့်ကို မှာလိုက်ပါရော။ကိုရင်ကြောင်လဲ ခြေကြွခဆိုပြီး ဝါးခကို ထက်ဝက်လောက်ပိုတောင်းပြီးသကာလ မြို […]