လူတိုင်း လူတိုင်း အချစ်နဲ ့မကင်းကြဘူးလို ့ဆိုပေမယ့် … ကိုယ်ချစ်တဲ့ သူတစ်ယောက် အတွက် ကျွန်မတို ့ဘယ်လောက်အထိ အနစ်နာခံနိုင်ကြသလဲ။ ဘာသာမတူ၊ ယဉ်ကျေးမှုမတူတဲ့ ကိုယ့်ချစ်သူ ရဲ ့ခံယူမှုတွေ ကို သူနဲ ့ထပ်တူတန်ဖိုးထားနိုင်သလား။ ကုစရာဆေးမရှိတဲ့ ရောဂါဆိုးတစ်ခု ကို ကိုယ်က နာနာကျင်ကျင်ခံစားနေရပြီး၊ သူ ့မျက်နှာလေးကို နောက်ဆုံးမြင်တွေ ့သွားဖို ့လိုအပ်နေချိန်မှာ ကိုယ့်ထက်ပိုအရေးပေးရမယ့်အရာတွေ၊ ငဲ့ညှာမှုတွေ ကြောင့် လာမတွေ ့နိုင်တဲ့ ချစ်သူကို နားလည်ပေးနိုင်လောက်တဲ့ ချစ်ခြင်းမေတ္ထာမျိုး ကျွန်မတို ့မှာ ရှိသလား။ ဟင့်အင်း..ကျွန်မကတော့ ကိုယ့်အနားမှာ အမြဲရှိနေပြီး၊ နားလည်မှုတွေ အပြန်အလှန် ပေးနိုင်တဲ့ ချစ်သူမျိုးကိုပဲ လိုချင်တယ်။ အတ္ထ ကြီးတယ်ပဲပြောပြော၊ နှိုင်းယှဉ်ရွေးချယ်စရာတွေ နဲ ့ ရင်ဆိုင်ရတဲ့အခါ […]
