cobraSeptember 29, 20101min00
စစ်အစိုးရကို တိုက်ခိုက်ဆဲ လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် စစ်ရေး စွမ်းရည် မြှင့်တင်ရန်နှင့် နအဖ စစ်တပ်မှ တိုက်ခိုက်လာပါက အချင်းချင်း ကူညီရန် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ […]


smytu1996September 29, 20101min01
ကြံ့ဖွံ့သန်းရွှေအုပ်စုဟာ နေရာတကာ လွှမ်းမိုးချင်ပါတယ်။ ပါးစပ်က ဘုရားဘုရား လက်ကကားယားကားယားဆိုတာ သူတို့ပဲ။ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိပေမယ့် သူတို့မတရားလုပ်တာကို ဒီမိုကရေစီအစစ်အမှန်လို့ ပြောနေပြန်ပြီ။ အနှစ် (၂၀) ကျော် ထင်သလိုအနိုင်ကျင့်ပြီး အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်မှာ ရွေးကောက်တင်မြှောက်တဲ့အစိုးရ ပေါ်ထွက်လာမယ်ဆိုတော့ တော်သေးတာပေါ့လို့ မြင်သူတွေလည်း ရှိတယ်။ ဒါပေမယ့် အခြေခံဥပဒေ အခန်း (၁) မှာ ဖော်ပြတဲ့ နိုင်ငံတော် အခြေခံမူတွေဟာ တခုနဲ့တခု ဆန့်ကျင်ဘက်ဖြစ်နေတာကို နိုင်ငံခြားအစိုးရတွေ သတိမထားမိကြဘူးထင်တယ်။ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ညီမျှမှုဆိုတဲ့ လောကပါလတရားများ ထွန်းကားရေးနဲ့ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ဦးဆောင်ရေးကို အစဉ်တစိုက်ဦးတည်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်လို့ အခြေခံမူမှာ ဖော်ပြထားတယ်။ စစ်တပ်ကြီးစိုးရေးနဲ့ လောကပါလတရား ထွန်းကားရေးဟာ ဆန့်ကျင်ဘက်အယူအဆ ဖြစ်နေတာကို […]


smytu1996September 29, 20101min00
ကြံ့ဖွံ့သန်းရွှေအုပ်စုဟာ နေရာတကာ လွှမ်းမိုးချင်ပါတယ်။ ပါးစပ်က ဘုရားဘုရား လက်ကကားယားကားယားဆိုတာ သူတို့ပဲ။ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိပေမယ့် သူတို့မတရားလုပ်တာကို ဒီမိုကရေစီအစစ်အမှန်လို့ ပြောနေပြန်ပြီ။ အနှစ် (၂၀) ကျော် ထင်သလိုအနိုင်ကျင့်ပြီး အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်မှာ ရွေးကောက်တင်မြှောက်တဲ့အစိုးရ ပေါ်ထွက်လာမယ်ဆိုတော့ တော်သေးတာပေါ့လို့ မြင်သူတွေလည်း ရှိတယ်။ ဒါပေမယ့် အခြေခံဥပဒေ အခန်း (၁) မှာ ဖော်ပြတဲ့ နိုင်ငံတော် အခြေခံမူတွေဟာ တခုနဲ့တခု ဆန့်ကျင်ဘက်ဖြစ်နေတာကို နိုင်ငံခြားအစိုးရတွေ သတိမထားမိကြဘူးထင်တယ်။ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ညီမျှမှုဆိုတဲ့ လောကပါလတရားများ ထွန်းကားရေးနဲ့ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ဦးဆောင်ရေးကို အစဉ်တစိုက်ဦးတည်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်လို့ အခြေခံမူမှာ ဖော်ပြထားတယ်။ စစ်တပ်ကြီးစိုးရေးနဲ့ လောကပါလတရား ထွန်းကားရေးဟာ ဆန့်ကျင်ဘက်အယူအဆ ဖြစ်နေတာကို […]


smytu1996September 29, 20101min02
တနေ့သ၌ မောင်ဘချစ်၏ဂေဟာသို့ မိတ်ဆွေရင်းဖြစ်သူ ဂျော်နီအာင်ဘု ရောက်ချလာသည်။ “အောင်ဘုရေလာထိုင်၊ ရေသန့်တော့ရှိတယ်။ ဘုံဘိုင်က ထည့်ထားတာ” “မင်းကလဲကွာ အတော်ကပ်စေးကုပ်တာပဲ၊ ဘာလို့ရေသန့်ဘူးတွေ မဝယ်ရတာလဲ” “ရေသန့်ဘူးဆိုတာ အဆောင်အယောင်ကွ၊ ဒီကရေဟာ သန့်နေပြီးသားပဲ။ မင်းလိုပေါ့၊ ဂျော်နီဆိုတာ မင်းတောက နာမည်မှ မဟုတ်တာပဲ၊ ဂျော်နီလို့လုပ်လိုက်တာနဲ့ အောင်ဘုဟာ ပြောင်းသွားတာမှ မဟုတ်ပဲ။ ဒါက ပညတ်တွေပါ” “ဟုတ်ပါတယ်။ စာတတ်ပေတတ် မောင်ဘချစ်ရယ်။ ဂျော်နီဆိုတာ ဒီကလူတွေ ခေါ်ရလွယ်အောင်လို့ပါ။ ငါ့ကိုရောက်ခါစက ကေယင်မလေးတွေ  ဘု .. ဘု လို့ခေါ်ရင် လူက ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ သူတို့ရဲ့ ဘု က ဘူး ဘူးလို့ အသံထွက်နေတယ်လေ ဟဲ ဟဲ” “ဒါကတော့ ကုန်ကိုမြင်ရင် အစုန်လား […]


kotoethetSeptember 29, 20101min02
မြန်မာ နိုင်ငံတွင်း နေထိုင်စဉ် က စာရေးခြင်း အသက်မွေး ဝမ်းကျောင်း ပြုက မြှားနတ်မောင် မဂ္ဂဇင်း ကို တည်ထောင် ထုတ်ဝေခဲ့သည့် ဒေါက်တာလွဏ်းဆွေ ၏ အင်တာနက် စာမျက်နှာ တစ်ခု ဖြစ်သည့် www.drlunswe.blogspot.com တွင် ဖော်ပြထား သည့် အဆစ် အမည်ရှိ ဆောင်းပါးရှင် တစ်ဦး ၏ မြန်မာ့နိုင်ငံရေး သုံးသပ် ချက် ဆောင်းပါးမှာ နိုင်ငံခြား သံတမန် များ ပင် ဘာသာပြန်ယူ၍ လေ့လာ ဖတ်ရှု နေရသည်ဟု စုံစမ်း သိရှိရသည်။ အက်ဆစ် ရေးသား ထားသည့် “ သမိုင်းမှာ ဘယ်လိုတန်ဖိုးတွေ နဲ ့ ကျန်ရစ်ကြမလဲနဲ ့” နှင့် “ အားလုံး […]


etoneSeptember 29, 20101min00
အချို့နိုင်ငံ၊ အချို့အရပ်ဒေသများတွင် ပြဌာန်းထားသော ဥပဒေအချို့သည် ကြားရသူတို့အတွက် အလွန်ပင် ကိုးရိုးကားရား နိုင်လှပေသည်။ ယင်းဥပဒေများသည် တရားဝင်ဆဲဖြစ်သော်လည်း အများစုမှာ ရုံးတင်ရလောက်သည်အထိ အရေးယူခြင်း မရှိကြတော့ပေ။ သို့သော်လည်း တာဝန်ရှိသူများမှ ပယ်ဖျက်ပစ်ရန်မေ့နေကြသလော၊ သို့မဟုတ် အခြားအကြောင်းအရင်းတစ်ခုကြောင့် လောမသိ ယနေ့တိုင် တရားဝင် နေကြဆဲဖြစ်ကြပေသည်။ အမေရိကန်နိုင်ငံမှ အူကြောင်ကြောင် ဥပဒေများ အလာဘားမားပြည်နယ်တွင်- မော်တော်ယာဉ်မောင်းနှင်ရာတွင် မျက်စိအား အဝတ်ဖြင့်ပိတ်ကာ မောင်းနှင်ခြင်းသည် တရားမဝင်။ (တိုက်မိမှာ စိုးလို့။) တနင်္ဂနွေနေ့တွင် ဒိုမီနိုကစားနည်း မကစားရ။ နှုတ်ခမ်းမွှေးအတုတတ်ကာ ဘုရားကျောင်းအတွင်း ဟာသလုပ်ခြင်းသည် တရားမဝင်။ ကယ်လီဖိုးနီးယားပြည်နယ်တွင်- နေရောင်ခြည်အား အများပိုင်ပစ္စည်းအဖြစ် သတ်မှတ်သည်။ (တော်သေးတာပေါ့ အခွန်မဆောင်ရတာ။) တည်းခိုဆောင်များ၊ ကျောင်းများ၊ သို့မဟုတ် ဝတ်ပြုဆုတောင်းရာနေရာများ၏ပတ်ဝန်းကျင် ပေ ၁၅၀ဝ အတွင်းတွင် တိရစ္ဆာန်များအား […]


maungmoenyoSeptember 29, 20101min00
နိုင်ငံတကာဖိအားပေးနိုင်မှုအခြေအနေ ပြည်ပမှသတင်းနှင့်အကြံညဏ်အပါအဝင်ထောက်ပံ့ကူညီမှုများအားလုံးကစစ်အစိုးရကိုပြောင်းလည်းပစ်နိုင်မည့်အခြေအနေအလွန်အားနည်းပါသည်။ အနောက်နှင့်”အာဆီယံ”ကိုမြန်မာကလိုအပ်သည်ထက် အနောက်နှင့် ”အာဆီယံ”ကမြန်မာကိုလိုအပ်သည်ကထင်ရှားလှသည်။ ”အာဆီယံ”ဝင်နိုင်ငံများအားလုံးလိုလိုကလည်းကိုယ့် နိုင်ငံတွင်းမှာကိုယ့်ပြဿနာနှင့်ပင်။ မြန်မာထက်နှာတဇျားသာရုံသာရှိသည်။ ”အာဆီယံ”အဖွဲ့အစည်းကိုယ်၌ ကပင်လူမှုရေးအဖွဲ့လိုလို၊ယဉ်ကျေးမှုအဖွဲ့လိုလို forum အဖွဲံအစည်းသာဖြစ်သည်။ မြန်မာနိုင်ငံ၏နိုင်ငံခြား ရေးဝါဒအရိပ်အယောင်အပြောင်းအလဲကိုတရုတ်နှင့်အိန္ဒိယနိုင်ငံတို့၏ဆက်ဆံမှုပေါ်မူတည်၍သာမြင်နိုင်သည်။ ယင်းနိုင်ငံ(၂)ခုလုံး၏လွှမ်းမိုးမှုကအဓိကျသည်ဟုနိုင်ငံတကာကမြင်သော်လည်း၊ အမှန်စင်စစ်ယင်းနိုင်ငံတို့၏ ဖျောင့်ဖျမှု၊ကြားဝင်မှုအတော်များများတို့သည်လည်းအဟောသိကံဖြစ်ခဲ့ရသောအကြိမ်မှာမနည်းတော့ပြီဖြစ် သည်။ အမေရိကန်အပါအဝင်အနောက်နိုင်ငံများ၏စီးပွားရေးပိတ်ဆို့မှုတကယ်ထိရောက်မှု ရှိမရှိကို သိရန်အလွန်ခက်ခဲပါသည်။ စစ်ဗိုလ်ချုပ်နှင့်မိသားစုလက်အောက်ခံတို့နိုင်ငံတကာလှည့်ပြီူပင် shopping လုပ်နေကြသည်တို့ကိုကြည့်ပြီး စီးပွားရေးပိတ်ဆို့မှုလက်နက်၏ထိရောက်မှုကိုစာရေးသူကြီးစွာ သံသယ ဖြစ်မိသည်။


KyaemonSeptember 28, 20102min00
Wonderful speech. (Lesson: there are advantages from learning other languages, besides one’s own) Waihnin Pwint Thon Speaks for Burma and Political Prisoners at the UK Labour Party Conference http://enigmaimages.wordpress.com/2010/09/27/waihnin-pwint-thon-speaks-for-burma-and-political-prisoners-at-the-uk-labour-party-conference/ The issue of Political Prisoners and Burma has taken centre stage today at the annual British Labour Party conference being held in Manchester, UK. The short film […]


smytu1996September 28, 20101min00
ဒီမိုကရေစီ၏ အဓိပ္ပာယ် နှင့် ရရှိလာမည့် ကောင်းကျိုးများကို ပြည်သူလူထုတိုင်း နားလည်သဘောပေါက်လာကြလျှင် အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့် စိတ်ဓါတ်များ အလိုလိုပေါက်ဖွားရှင်သန်လာမည် ဖြစ်သည် ။


smytu1996September 28, 20101min00
အခြေခံဥပဒေကို ခြိမ်းခြောက်လာသည်ဟု စစ်ဗိုလ်ချုပ်များက ယုံကြည်လာပါက မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးအောက်ကို အချိန်မရွေး ပြန်လည် ရောက်ရှိသွားနိုင်ပါသည်။ 


smytu1996September 28, 20101min00
၁၉၉ဝ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုဖြင့် အနိုင်ရရှိသကဲ့သို့ နိုင်ငံရေး ပါတီ တခုသည် ပြည်သူ့လွှတ်တော်နေရာ ၃၃ဝ ၏ အများစုကို အနိုင် ရရှိနိုင်ပါသည်။ သို့ရာတွင် ၎င်းတို့၏ သမ္မတလောင်းသည် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်နိုင်ရန် သေချာပေါက် မျှော်လင့်ထား၍ မရနိုင်ပါ။ အကြောင်းမှာ အခြေခံဥပဒေပုဒ်မ ၅၉ (ဃ) က သမ္မတ တဦး၏ အရည်အချင်းများတွင် စစ်ရေးတွင် အကျွမ်းတဝင်ရှိရမည် ဆိုသည့် အချက် ပါဝင်နေသည်။


cobraSeptember 28, 20101min03
အမှိုက်စုတ်တွေကို ထည့်ပြီးအသုံးပြုရန်အတွက်သာ လူတွေအလိုရှိသည့် နအဖစစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ဖတ်လိုက်သည်။ မောင်မိုးရှင်းဆိုသောဆောင်းပါးရှင်က အားလုံး စုံညီမဲပေးကြမည် ဆိုသည့်ဆောင်းပါးတပုဒ်ကို ရေးသားထားသည်ကို ဖတ်ကြည့်လိုက်သည်။ သူကတော့တကယ့် စစ်အစိုးရ အကြိုက် လိုက်ဖါးပြီး ရေးထားသည်မို့ ဟုတ်ပေ့ဖြစ်နေသည်။ သို့ပေမင့် ပြည်သူတွေမအကြပါ။ သို့အတူ ပြည်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား အလွန်တရာ ချစ်မြတ်နိုး ကြပါသည်။ ပြီးတော့နိုဘယ်ငြိမ်းချမ်းရေးဂုဏ်ထူးရှင်မို့ လေးစားချစ်ခင်ကြသလို သွားလေသူ ဗိုလ်ချုပ် အောင်ဆန်း၏ သမီး မို့လည်း ယုံကြည်မြတ်နိုးချစ်ခင်မူ အတိုင်းအတာတခု ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေမှာ မဲပေးခွင့်လည်း ရှိသလို မဲမပေးပိုင်ခွင့်လည်း ရှိသည့် အကြောင်းကို ပြောထားပါသည်။ ၂၀၁ဝ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးချင်သော ပြည်သူတွေမှာ ယခုတော့ရှင်းရှင်းလင်းလင်း နားလည်ထားကြ ပါပြီ။ ဤနေရာ၌ […]


Good IdeaSeptember 28, 20101min00
အခန်း (၁) အချိန်ကား ၂၀၀ရ ခုနှစ် စက်တင်ဘာလ ၁၉ ရက်။ မနက်စောစော ဗလီအော်သံကြားရပြီ။ အိမ်က ဗလီဘေးရှိ ရပ်ကွက်ထဲတွင် ဖြစ်နေတော့ ဗလီအော်သံက ကျနော်တို့အတွက် နံနက်ခင်း အိပ်ရာနိုးစက် ဖြစ်နေသည်။ မျက်လုံးဖွင့်လိုက်တာနှင့် ဈေးသွားရဦးမည့်အသိက ခေါင်းထဲရောက်လာသည်။ သို့နှင့် အိပ်ရာထ မျက်နှာသစ်ကာ ဈေးသွားဖို့ ပြင်ဆင်လိုက်သည်။ ပတ်ဝန်းကျင်ကား တိတ်ဆိတ် အိပ်မောကျနေဆဲ…။ အော် ကိုယ်လည်း သူတို့လို အိပ်ချင်သပေါ့။ ကံကြမ္မာက လတ်တလော အခြေအနေမှာ ဈေးသည်ဘဝ ပြဌာန်းထားလေတော့ သူများထက် ဝိရိယထား၊ စောစောဆိုင်ဖွင့် ဈေးရောင်းမှ ဝမ်းဝ ခါးလှမယ့် အခြေနေမို့ မအိပ်နိုင်ပါချေ။ “သားရေ ပြီးပြီလား။ ပိုက်ဆံအိတ်မေ့ကျန်နေမယ်နော်။ ဒီနေ့ ကုန်ဖိုးချေရမှာ” အစ်မဖြစ်သူက နေ့လည်စာ ထမင်းချိုင့်အတွက် […]