alinsettAugust 1, 20121min07
လှည့်ထွက်ခါနီးတွင် တစ်ယောက်က စိုးရက်ပ်ကိုခေါ်သည်။ ”သူနေပါစေ” ဟုအာစွပ်ပြောသည်။ အာစွပ်သွားဖြီးနေသည်။ ”သူကြည့် ပါစေ။ ကောင်လေးတွေအတွက် သင်ခန်းစာဟာ သိပ်ကောင်းတယ်” အစောင့်များထွက်သွားကြပြီ။ အာစွပ်သည် စိပ်ပုတီးကိုလက်မှချလိုက် ပြီ။ အနက်ရောင်ခါးပြတ်အကျႌအိတ်ထဲ လက်နှိုက်၍ဆွဲထုတ်လိုက်သောအရာကို ကျွန်တော် နည်းနည်းလေးမှ မအံ့ဩတော့ပါ။ စတီးအစစ်သံလက်သီး။ __________________________ သူ့ဆံပင်ဂျဲလ်လိမ်းထားသည်။ နှုတ်ခမ်းသားထူထူတို့၏အထက်မှ နှုတ် ခမ်းမွေးသည် မင်းသားကြီးကလပ်ဂေဘဲလ်၏ နှုတ်ခမ်းမွေးမျိုး။ ညိုမှောင်နေသော သူ့လည်ဂုတ်ပေါ်တွင် အလာဟ်ပုံရွှေချိန်းကြိုး။ ကျွန်တော့်ကိုစူးစူးဝါးဝါးကြည့်ကာ ဘာမှန်းမသိ တရစပ်ပြောသည်။ ကျွန်တော်နားမလည်။ အူရဒူဘာသာစကားဖြစ် နိုင်သည်။ မဆီမဆိုင် သူ့အသက်ဘယ်လောက်ရှိပြီလဲ မေးချင်နေသည်။ သူ့ ကြည့်ရသည်က ပြည်ပတီဗွီဇာတ်လမ်းတွဲထဲမှ ရုပ်ရှင်မင်းသားအတိုင်း သိပ်ကို ငယ်ရွယ်နုပျိုနေသည်။ သို့သော် … ကျွန်တော့်နှုတ်မှပွင့်အံထွက်နေသည်က … သူ့ကိုကျွန်တော် ကောင်းကောင်းတိုက်ခိုက်နိုင်ခဲ့ပြီထင်သည်။ အာစွပ်ကို ကျွန်တော်ကောင်းကောင်းပြန်တိုက်နိုင်ခဲ့သလား ကျွန်တော်မသိ။ […]


kaiAugust 1, 201230min05
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း – ၁၁) အခန်း (၁၁) ကျွန်မတို့တွေ အိမ်ထဲပြန်ဝင်သွားကြပါတယ်။ အဖိုးက နံနက်စာ ပြင်ဆင်ရင်း အလုပ်ရှုပ်နေတုန်းမှာပဲ အေးဂျင့် Miller က စကားကို ဆက်ပါတယ်။ “ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ တချို့ဖိုင်တွေက ထိပ်တန်းလျှို့ဝှက်ဖိုင်တွေ ဖြစ်နေတာကြောင့် ကျွန်တော့်လို အေးဂျင့်တယောက်အနေနဲ့ ဖတ်ရှုခွင့် မရှိပါဘူး။ ဒီလို classified files တွေကို ဖတ်ခွင့်ရှိတာ သမ္မတနဲ့ သူ့ရဲ့ ထိပ်တန်းအကြံပေး ပုဂိ္ဂုလ်တွေပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ် hackers တွေကမှလဲ ဒီဖိုင်တွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။ တချို့ဖိုင်တွေဟာ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပြီး၊ လက်ရေးနဲ့ ရေးထားတဲ့ စာတွေလဲ ပါဝင်ပါတယ်။ […]


alinsettJuly 30, 20121min06
ထိုအမည်ကို ကျွန်တော်ထုတ်ဖော်မပြောလို။ ထုတ်ဖော်ပြောမိပါက ပဉ္စလက်ပြလိုက် သလို သူပေါ်လာမည်စိုးသည်။ သို့သော်သူရောက်နေပြီ။ ကိုယ်တိုင်ကိုယ်ကျရောက် နေပြီ။ နှစ်တွေသည်လောက်ကြာပြီးမှ ယခုကျွန်တော်နှင့်ဆယ်ပေမကွာသော နေရာ တွင် သူအမြိန့်သားထိုင်နေသည်။ ကျွန်တော့်နှုတ်ဖျားမှ သူ့အမည်လွတ်ထွက်သွား သည်။ _________________________________________ ကျွန်တော့်နှုတ်ဖျားမှ သူ့အမည်လွတ်ထွက်သွား သည်။ ”အာစွပ်” ”အေမား” ”မင်း ဒီမှာဘာလုပ်နေတာလဲ” ကျွန်တော့်မေးခွန်း လုံးလုံးသုံးမရမှန်း သိလျက် အခြားစကားလည်း စဉ်းစား၍မထွက်။ ”ငါက-” အာစွပ်၏မျက်ခုံးတစ်ဖက် ပင့်သွားသည်။ ”ငါက ငါ့ပိုင် နက်ထဲမှာလေ။ ဘာလုပ်နေတာလဲဆိုတာ ငါကမေးရမှာကွ” ”ငါပြောပြီးပြီ” ဟုဖြေလိုက်သော ကျွန်တော့်အသံတုန်နေသည်။ ”ကောင်လေးလား” ”ဟုတ်တယ်” ”ဘာကြောင့်လဲ” ”သူ့အတွက် ငါငွေပေးပါ့မယ်။ ငွေကိုကြေးနန်းနဲ့ပို့ခိုင်းမယ်” ”ငွေ … ဟုတ်လား” ဟု အာစွပ်ဆိုကာ ရယ်သွမ်းသွေးသည်။ ”ရော့ ကင်းဟမ်းကို […]


ဂ်စ္စူJuly 29, 20121min067
    အဟမ်း.အဟမ်း…အဟွတ်…ဟွတ်..ဘွတ်စ်..   (ချောင်းဟန် ့ရင်းအီးတစ်လုံး ထွက်သွားသည် ၂ခေါင်းပိတ်ထားပါ )   ရည်ရွယ်ချက်နှင့် အစီအစဉ် ဖြစ်ပေါ်လာပုံ .. လေးစားအပ်ပါသော စာရေးသူ၊ ဖတ်သူ ရွာသူရွာသား အကိုအမများ ခင်ဗျား.. မန္တလေး ဂေဇက်တွင် သင်တို ့နေ ့စဉ် ပုံမှန် ရေးသား၊ တင်ပြပေးလျက်ရှိသော – ဝတ္ထု တို /ရှည် ၊ သုတ ရသ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်း ဓာတ်ပုံများ စသဖြင့် မရိုးနိုင်အောင် အလွန်ကောင်းမွန်သော လက်ရာများဖြင့် စုံလင်လျက် ရှိနေသည် မဟုတ်ပါလား ခင်ဗျား ။   အဆိုပါ ကဏ္ဍ အသီးသီးရှိ လက်ရာကောင်းများစွာထဲမှ ဓာတ်ပုံ ဝါသနာရှင်များရဲ့ […]


marblecommetJuly 28, 20121min032
တစ်နေ့သောအခါ . . . ကောင်းကင်အမိုးပြာကြီးရဲ့ ကြယ်တာရာတွေ ကြားမှာ ရင်ခုန်သံ တုန်လှုပ်နေတဲ့ ရမ္မက် မီးသင်္ဘောလေး တစ်စင်း ခုတ်မောင်းနေပါတယ် . . .။ တစ်နေ့သောအခါ . . . တံတားအောက်က စီးဆင်းသွားတဲ့ မြစ်ရေတွေမှာ ပျိုမြစ်ခြင်းကို မောက်မာထားကြတယ် . . .။ တစ်နေ့သောအခါ . . . ကံတရားရဲ့ စစ်သည်တော်တွေဟာ အချစ်နဲ့ မူးမိုက်သမ်းဝေနေတဲ့ ကောင်လေး တစ်ယောက်ကို လောက ကမ်းပါးပေါ်က ပြစ်ဒဏ်ချမှတ်လိုက်တယ် . . . ။ တစ်နေ့သောအခါ . . . ခြောက်ကပ်နေတဲ့ မျက်နှာစုံညီ မိသားစု ထမင်းဝိုင်းပေါ်က မြော့မြော့လေး လွတ်ကျသွားတဲ့ […]


alinsettJuly 28, 20122min05
”ကျုပ်က ဒီတာလီဘန်ကောင် ကို ကလေးတစ်ယောက်ပေးဖို့ငြင်းရင် သူကဆယ်ယောက်ယူလိမ့်မယ်။ ဒါကြောင့် တစ်ယောက်ပေးပြီး ကျန်ကလေးတွေကို အလာဟ်အရှင်စီမံတာစောင့်ရတယ်။ ကျုပ်ရဲ့ ဂုဏ်သိက္ခာကိုမျိုချပြီး သူစွန့်ကြဲတဲ့သောက်ပိုက်ဆံကို ယူရတယ်။ ဈေးသွားပြီး ကလေးတွေစားဖို့ ဝယ်ရခြမ်းရတယ်” ဖာရစ်ဒ် မျက်လွှာချထားသည်။ ”သူယူသွားတဲ့ကလေးတွေ ဘာဖြစ်ကုန်လဲ” ……………………… _________________________________ ”သူယူသွားတဲ့ကလေးတွေ ဘာဖြစ်ကုန်လဲ” ဟုကျွန်တော်မေးကြည့်သည်။ ဇာမင်သည် လက်ညှိုးလက်မဖြင့် မျက်လုံးကိုပွတ်ပြီး ”တစ်ခါတလေတော့လည်း ပြန်ရောက်လာတဲ့ကလေးရှိတယ်” ”ဒီကောင် ဘယ်သူလဲ။ ဒီကောင့်ကို ဘယ်လိုရှာရမလဲ” ”မနက်ဖြန် ဂါဇီအားကစားရုံကိုသွား။ ပထမပိုင်းအားလပ်ချိန်မှာ သူ့ကို တွေ့လိမ့်မယ်။ နေကာမျက်မှန်အမည်းရောင် တပ်ထားတဲ့တစ်ယောက်” ဟု ဇာမင် ဖြေပေးပြီး မျက်မှန်အကွဲကောက်ကိုင်ကာ လက်ထဲလှည့်နေသည်။ ”ဆပ်တို့ကို အခုပြန်စေချင်ပြီ။ ကလေးတွေ သိပ်ကြောက်နေပြီ” ဇာမင် ကျွန်တော်တို့ကိုလိုက်ပို့သည်။ ကားထွက်လာစဉ် ကားဘေးကြည့် မှန်မှတဆင့် […]


ကိုထူးဆန်းရဲ့ရခိုင်အလှူနောက်ဆက်တွဲကတော့ ကိုထွန်းဝင်းလတ်မော်လူး က စာသင်ကျောင်းဆောင်လှူဒါန်းရေးဖြစ်သွားပါတယ်။ ဒုတိယအလှူအတွက်ပေးငွေ 1061800ကျပ်ကို ကမ္ဘောဇဘဏ်ကနေကျနော်ဆီလွဲပေးလိုက်ပါတယ်။ အလှူအတွက်လိုအပ်တဲ့စာရင်းလဲပါလာပါတယ်။ ကိုပေက သွတ်ပြားဈေးတွေစုံစမ်းပါတယ်။ နောက်တော့ကိုပေနဲ့ကျနော်နှစ်ယောက်သွားဝယ်ပြီးမော်လူးလှည်းခေါင်းဆီပို့ပေးလိုက်ပါတယ်။ (27-7-2012)နေ့မှာကိုထွန်းဝင်းလတ်ဆီရောက်သွားပါတယ်.။ ဒီနေ့ ထိုင်ခုံဆယ်လုံးဝယ်ပြီး မော်လူးလှည်းခေါင်ထံအပ်ပေးလိုက်ပါတယ်။ ပိုငွေအားလုံးကို ကိုထွန်းဝင်းလတ်ထံလွှဲလိုက်ပါတယ်။ စာရင်းအသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ မော်လူး နောက်ဆက်တွဲအလှူငွေစာရင်းရှင်းတမ်း ကျပ် ကိုထူးဆန်းမှ ကမ္ဘောဇဘဏ်မှလွှဲငွေ       1,061,800 သွပ်ပြား+သွပ်မိူဝယ်       888,000 သွပ်ပြား တန်ဆာခ         85,000 ထိုင်ခုံဆယ်လုံး         42,000 တန်ဆာခ           6,000 စုစုပေါင်းကုန်ကျစားရိတ်       1,021,000 ကိုထွန်းဝင်းလတ်ထဲလွှဲပေးငွေ            40,800  


pwint pwintJuly 27, 20121min0147
မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ (မန်ဘာများ ကျေးဇူးပြုပြီး like မလုပ်ပဲ မှတ်ချက်ရေးပေးကြပါ)


alinsettJuly 27, 20122min04
”ကျွန်တော့်အမေလည်း တက္ကသိုလ်မှာ စာပြခဲ့တယ်” ”ဟုတ်ပြီ … နာမည်ဘယ်လိုခေါ်လဲ” ”ဆိုဖီယာအခရာမီ” အဘိုးအို၏ အတွင်းတိမ်စွဲသောမျက်လုံး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။ ”ကန္တာပေါင်းပင်တွေဟာ ရှင်သန်လို့၊ နွေဦးရဲ့ ပန်းပွင့်ကလေးကတော့ ပွင့်ပြီး နွမ်းသွားတာပဲတဲ့။ ဒီလောက်ကျက်သရေရှိတဲ့ မိန်းကလေး … ဒီလောက်ဂုဏ် သိက္ခာရှိတဲ့မိန်းကလေး … ဒီလိုကြေကွဲစရာဖြစ်ခဲ့တယ်ကွယ်” ”အဘိုးက ကျွန်တော့်အမေကိုသိလား” အဘိုးကြီးရှေ့ ကျွန်တော်ဒူးထောက် ပြီးမေးရပြီ။ ”သိပ်သိတာပေါ့” ______________________________________ ”အဘိုးက ကျွန်တော့်အမေကိုသိလား” အဘိုးကြီးရှေ့ ကျွန်တော်ဒူးထောက် ပြီးမေးရပြီ။ ”သိပ်သိတာပေါ့” ဟု သူတောင်းစားအိုကြီးဆိုသည်။ ”အတန်းပြီးရင် အတူထိုင်စကားပြောနေကျကွဲ့။ နောက်ဆုံးစကားပြောကြတဲ့အခေါက်က မိုးတွေရွာ နေတယ်။ အတန်းတင်စာမေးပွဲအပြီးဆိုတော့ ဗာဒံစေ့ကိတ်မုန့်ရယ်၊ ပျားရည်ရယ်၊ လက်ဖက်ရည်ပူပူလေးရယ် အတူစားခဲ့ကြတာကွဲ့။ အဲဒီတုန်းက ဆိုဖီယာ ကိုယ်လေး လက်ဝန်နဲ့၊ အလှကြီးလှနေတဲ့အချိန်။ အဲဒီနေ့က ဆိုဖီယာပြောတဲ့စကား […]


padonmarJuly 26, 20121min079
ကိုဘလက်ချော စလိုက်တဲ့ ဇာတ်လမ်းလေးပါ။မှတ်မိကြမယ်ထင်ပါတယ်။ ဂေဇက်မှာ တစ်လတာ တင်တဲ့ ပို့စ်တွေထဲက အကြိုက်ဆုံးတစ်ပုဒ် ရွေးပြီး စာပေဆုလေးပေးကြမယ်ဆိုတဲ့ အစီအစဉ်လေးပါ။ ဂေဇက်မှာ လက်သွေးကြတဲ့ ကလောင်တွေအတွက် မြေတောင်မြှောက်(အားပေး)ချင်တဲ့ စေတနာလေးနဲ့ ကျမတို့စုပေါင်း အကောင်အထည်ဖော်ကြပါမယ်။ လောလောဆယ်မှာ အစပျိုးတဲ့ အနေနဲ့ ကျမတို့(သက်ကြီး)လူကြီးပိုင်းတွေက ကိုယ်ကြိုက်တဲ့ ပို့စ်လေးတွေ ရွေးပေးကြပါမယ်။ အခု ဖွဲ့ထားတဲ့အဖွဲ့လေးရဲ့ အဖွဲ့ဝင်တွေကတော့ ၁။ Foreign Resident ၂။ ဦးဦး ပါလေရာ ၃။ ကိုပေါက် (မန္တလေး) ၄။ ကိုကြီးမိုက် ၅။ ကိုထူးဆန်း ၆။ ကိုနိုဇိုးမိ ၇။ ကိုလင်းဝေ ၈။ ကိုအင်ဇာဂီ ၉။ ဘလက်ချော ၁၀။ အရီးခင်လတ် ၁၁။ မပဒုမ္မာ ၁၂။ မမ […]


alinsettJuly 25, 20122min04
”သူက ကျွန်တော့်ရဲ့ အဖေတူ အမေကွဲညီပါ။ တရားမဝင်အဖေတူအမေကွဲညီ” ဟု ဖြေလိုက်သည်။ ”ကျွန်တော် စပ်စုဖို့ မရည်ရွယ်ပါဘူး ဆပ်” ”ခင်ဗျားစပ်စုတာ မဟုတ်ပါဘူး” ”ဒီကလေးကို ဆပ်ဘာလုပ်မလဲ” ……………………… ……………………….. ___________________________________________ ”ဒီကလေးကို ဆပ်ဘာလုပ်မလဲ” ”ပက်ရှဝါကို ခေါ်သွားမယ်။ ဟိုမှာ ကလေးကိုဂရုစိုက်မယ့်လူတွေ ရှိတယ်” ဝါဟစ်သည် ကျွန်တော့်ကို ဓာတ်ပုံပြန်ပေးပြီး ကျွန်တော့်ပခုံးပေါ် သူ့ လက်တုတ်တုတ်ကြီးကို တင်ကာ ”ဂုဏ်သိက္ခာကြီးမြတ်လှပါပေတယ် ဆပ်။ ဒါမှ အာဖဂန်စစ်စစ်” ဟုပြောလိုက်ရာ ကျွန်တော့်မှာ ကြုံ့ဝင်သွားသည်။ ”ဆပ် ဒီအိမ်မှာလာတည်းတာ သိပ်ဂုဏ်ယူမိတယ်ဗျာ” ဟု ဝါဟစ်ဆိုသည်။ ကျွန်တော် ကျေးဇူးတင်စကားပြောပြီး ဖာရစ်ဒ်ကို လှမ်းကြည့်လိုက်ရာ ဖာရစ်ဒ်သည် ယခုတော့ ခေါင်းငုံ့ချထား၍ ကောက်ရိုးဖျာ၏ဖွာထွက်နေသော အနားစများကို လိမ်ယှက်နေသည်။ အတန်ကြာသော် […]


alinsettJuly 24, 20121min040
လူူတစ်ယောက်၏ တန်ဖိုးကို ကိုယ်ကျင့်တရား..ကောင်းခြင်း ၊ ဆိုးခြင်း … အပေါ် မူတည် ၍ အကဲဖြတ်တတ်သော ကျွန်တော်…..။ ကိုယ်တိုင်က ကိုယ်ကျင့်တရား ကောင်းမွန်အောင် စောင့်ထိန်းနေပါလျက်နှင့် ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို ထိပါး..စော်ကားခံ ရသော အခါ.. အလွန်ပင် ခံရ ခက်လှပါသည် ။ ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို…. ( သွယ်ဝိုက်သော နည်းဖြင့် ) စော်ကားလိုက်သော..ဖြစ်ရပ်တစ်ခု… မနေ့ ့ က ဖြစ်ပျက်သွားပါသည် ။ ( မနေ ့က ဘတ်စ် ကားပေါ် တွင် ကြုံတွေ ့လိုက်ရသော.. အဖြစ်သည်..ဤ စာသားများကို ချ မရေးဘဲ..မနေနိုင်လောက်အောင်.. တွန်းအားပေးခဲ့ပါသည် ။) ဘတ်စ် ကား ၏ […]


Kaung Myat HtutJuly 24, 20125min014
Data သူခိုးများ နေ့စဉ်နှင့်အမျှ online အပေါ်မှာ အလုပ်လုပ်နေရတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက် တွေကိုအခိုးခံရမှာကိုစိုးရိမ်ရပါတယ်။ မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ ယခုခေတ်မှာတော့ သင်တစ်ယောက်တည်းသာသိတဲ့ အချက်အလက်တွေမဟုတ်တော့ပါဘူး။ Facebook page မှာ Like လုပ် တဲ့အချိန်၊ Credit card လျှောက်ထားတဲ့အချိန်၊ ကြော်ငြာတစ်ခုကို click နှိပ်လိုက်တဲ့အချိန်၊ MP3 သီချင်း တစ်ပုဒ်ကို online မှာနားထောင်တဲ့အချိန်၊ YouTube video တစ်ခုကို comment လုပ်လိုက်တဲ့အချိန် စသည့်အချိန်တိုင်းမှာ သင်ဟာသင့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တိရစာ္ဆန်ကြီးတစ်ကောင်ကို ကျွေးလိုက်သလိုမျိုးဖြစ်နေတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။ သင့်အချက်အလက်များကို ပုံစံမျိုးစုံ ပြောင်းလဲပြီး ထပ်ဆင့်ရောင်းချနေတာကိုလည်း သင်သတိထားမိမှာမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာအချက်အလက် Personal data များကို ကြော်ငြာလုပ်ငန်းရှင်များ၊ ဈေးကွက်ရှာဖွေသူများ၊ social network တည်ထောင်သူများ၊ website […]