sai saimgAugust 19, 20121min06
တောင်ကုတ်အကြမ်းဖက်သမားများလူသတ်မှုအားယနေထိအရေးမယူခဲ့ပါ၊ဘဲစုံစမ်းရေး ကော်မရှင်ဖွဲကာ ဆောင်ရွက်ခဲ့သော်လည်းယနေထိမည်သို့မှအရေးယူခြင်းမရှိသဖြင့်စိတ်ပျက် နေကြကြောင်းသံတမန်ရေးရာနှင့် နိုင်ငံတကာလေ့လာသူများမှပြောဆိုနေကြပါသည်။တရား ဥပဒေစိုးမိုးမှုမရှိခြင်း၊ဘက်လိုက်မှုရှိခြင်း၊ဘာသာရေးဖိနှိပ်မှုရှိခြင်းကိုထင်ဟတ်ဖေါ်ပြနေခြင်းဖြစ်ကြောင်း ပြောဆိုနေကြပါသည်။ တောင်ကုတ်လူသတ်အကြမ်းဖက်မှုကို စူံစမ်းရေးကော်မရှင်ဖွင့်လှစ်ကာဆောင်ရွက်ခဲ့သော် လည်း ယနေထိအရေးယူခြင်းမရှိခဲ့ ပါ၊ ယခုတဖန် နိုင်ငံတော်သမ္မတကြီးမှရခိုင်အရေးအခင်း စူံစမ်းရေး ကော်မရှင် ခန့်ထားစုံစမ်းခိုင်ပြန်ပြီဟုသိရှ်ိရပါသည်။ သို့သော်စုံစမ်းရေးကော်မရှင် တွင် ရခိုင်အရေးအခင်း ဖန်တီးသူဟု နိုင်ငံတဝန်းလုံးက ယူဆ နေသောပါတီဖြစ်သည့် RNDP ပါတီမှ အေးမောင် တို့အား ခန့်ထားလိုက်ခြင်းဖြင့် သူခိုးခေါင်းဆောင်တင်ကာ စူံစမ်းခိုင်းထားသလို့ဖြစ်နေသောကြောင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိုများစွာစိတ် ပျက်မိကြောင်း ဝါရင်နိုင်ငံရေးသမားများကပြောဆိုနေကြပါသည်။ စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာလေးကို ဖတ်ရုံမျှဖြင့် မြန်မာနိုင်ငံတရားဥပဒေစိုးမိုး ရေုးဖြစ်ပေါ်လာနိုင်ခြင်းမရှိကြောင်းတင်ပြလိုက်ရပါသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူ ပဋ္ဋိပက္ခ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အစိုးရက ၂၀၁၂ ခုနှစ် ဩဂတ်စ်လ ၁ရ ရက်နေ့တွင် ဖွဲ့စည်းပေးလိုက်ပြီ […]


Mr. MarGaAugust 19, 201211min0
. . . . . . . . . . . ကဗျာပြခန်း အမှတ် (၇) တစ်ခန်းပြီးတစ်ခန်း ဆက်လက်ချီတက်လာတာ အခန်း (၇) ကို ရောက်ပါပြီ ဒီပြခန်းမှာတော့ ကဗျာဆရာ ဆယ့်ခြောက်ယောက်က ကဗျာ စုစုပေါင်း ဆယ့်ခြောက်ပုဒ် ပါဝင်ပြသထားပါတယ်။ ပြခန်းများရဲ့ ထုံးစံအတိုင်း ကဗျာဆောင်းပါးနဲ့ စကြရအောင် ဒီဆောင်းပါးက အရင်ပြခန်းရဲ့ အဆက်ပါနော်.. ……………………………………….. (၂) ကဗျာသည် ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သည်။ ရွှေသံလျက်တော်ခေတ်၊ ဒေါင်းအလံ၊ ကြယ်ဖြူတစ်ပွင့်အလံ၊ တူတဇင်အလံ၊ ခွပ်ဒေါင်းအလံ၊ ပါလီမန် ဆယ်နှစ်ဆယ်မိုး အရင်းရှင်ခေတ်။ ယနေ့ကဗျာသည် အချိုးအကွေ့သို့ ရောက်နေသည်။ အဟောင်းနှင့်အသစ်တိုက်ပွဲ။ ကဗျာသည် အသစ်ကို တောင်းဆိုသည်။ အဟောင်းကို ဖျက်ဆီးသည်။ […]


kaiAugust 17, 20122min03
နိုင်ငံသား ပါဝင်ပတ်သက်မှု နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နိဒါန်း နိုင်ငံသား ပါဝင်ပတ်သက်မှု (Citizen participation) ဆိုတာကို ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းရဲ့ သင်္ကေတ တခုအဖြစ် နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ သတ်မှတ်ထားကြပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုဘဝ ပြောင်းလဲရေး ဆောင်ရွက်ချက်တွေမှာ နိုင်ငံသား ပါဝင်ပတ်သက်မှုက မရှိမဖြစ် အရေးပါကြောင်းကိုလဲ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်တွေက ရေးသားပြောဆို ကြပါတယ်။ နိုင်ငံသားများ ပါဝင်ပတ်သက်မှု ဖြစ်စဉ်အဆင့်ဆင့်နဲ့ အကျိုးကျေးဇူးတွေကိုလဲ လူမှုသိပ္ပံ သုတေသန ပညာရှင်တွေက သုတေသနပြုထားကြပါတယ်။ အခု ဒီဆောင်းပါးမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းဆောင်တာတွေမှာ နိုင်ငံသားပါဝင်ပတ်သက်မှုရဲ့ အကျိုးကျေးဇူးများနဲ့ ပါဝင် ပတ်သက်မှု နည်းလမ်းကို ရေးသားတင်ပြမှာ ဖြစ်ပါတယ်။ နိုင်ငံသားပါဝင်ပတ်သက်မှု ဆိုရာဝယ် နိုင်ငံသားပါဝင်ပတ်သက်မှု […]


maungmoenyoAugust 17, 20121min055
အရပ်ထဲပြောကြတဲ့ “ရှေးရိုးစွဲ” ဆိုတဲ့ အယူသီးကြတဲ့ကိစ္စက နိုင်ငံတော်အဆင့်လူသိရှင်ကြားဖြစ်တဲ့အခြေအနေ အထိ ရောက်နေပါပြီ။ သမ္မတကြီးဦးသိန်းစိန်ရဲ့ပြည်ပခရီးစဉ်တခုမှာဝန်ခံပြောသွားတဲ့ နောက်ပိုင်း ပြန်သုံးသပ်သင့်တဲ့ အစိုးရပိုင်းကဏ္ဍကိုမြန်မာပြည်သူတွေနဲ့အတိုက်အခံက စတင်သတိပြုမိလာကြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီးနေရာမှာရှိနေပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မိမိပါတီတွင်းမှာရှိကြတဲ့ ရှေးရိုးစွဲဝါဒီများကို ဖြောင့်ဖြဆွေးနွေးရတဲ့ အဖြစ်တွေလည်းမဖုံးနိုင်မဖိနိုင်ကြားရ မြင်ရနေပါတယ်။ အမှန်ပြောရရင် ရှေးရိုးစွဲမိရိုးဖလာအယူဝါဒဟာ နိုင်ငံအုပ်ချုပ်ရေးသာမက၊ စီးပွားရေး နဲ့အထူးသဖြင့် လူမှုရေး၊ ဘာသာရေးနဲ့ မိသားစုရေးကိစ္စတွေမှာ အမြစ်တွယ်နေတာနှစ်ပရိစ္ဆေဒကြာပါပကော။ ကိုယ်တိုင်ဘယ်လောက်အယူသီးမှုရှိလဲဆိုတဲ့ မိမိကိုယ်ကိုပြန်သုံးသပ်မိတဲ့ဘဝက ကွန်ပျူတာရှေ့ထိုင်ပြီး ကမ္ဘာလောကကြီးရဲ့ ဖြစ်ပျက်နေတဲ့လောက internet ကို ဝင်ကြည့်ဘို့အစပြုရာက “ငါအတော်ခေတ်နောက်ကျနေပါလား” ဆိုတဲ့ မသိမသာ ဝန်ခံစိတ်ဝင်လာရတာပါဘဲ။  ထိုနည်းတူဘဲ သတင်းစာမျက်နှာဖုံးတွေမှာ နိုင်ငံထိပ်ပိုင်းအစိုးရလူကြီးမင်းတွေ အစည်းဝေးခန်းစားပွဲပေါ်ကိုယ်ရှေ့မှာရှိနေတဲ့ ကွန်ပြူတာတွေထိုင်ပြီး ဘာတွေလုပ်ကြမှာပါလိမ့်ဆိုတဲ့ “သို့လော”မေးခွန်းတွေ ပြည်သူတွေက သိချင်ကြမှာအမှန်ပါဘဲ။ ထိုနည်းတူစွာဘဲ အစိုးရရုံးတွင်းလုပ်ငန်းတွေမှာစတင်ချင်းနင်းဝင်ရောက်လာပြီဖြစ်တဲ့ networking စနစ်ကို ခတောင်းကြိုက်လိုက်နေကြရတဲ့ (တနည်း) […]


alinsettAugust 15, 20121min013
ဥရုဝေဠတော၏ အနီး ‘သေနာ’မည်သော နိဂုံး ရှိ၏။ ထိုနိဂုံးသဌေး၏ သမီးသည် ‘သုဇာတာ’ မည်၏။ ထိုသတို့သမီးသည် အပျိုဘဝတုန်းက ညောင်ပင်ကြီးသို့ ချဉ်းကပ်၍ ‘အမျိုးတူ သဌေးသားနှင့် လက်ထပ်ရအောင်, သားဦးရတနာရအောင် စောင်မပါ။ တောင့်တတိုင်း ပြည့်စုံလျှင် နှစ်စဉ် ပူဇော်ပါမည်’ဟု နတ်ကို တောင်းပန်ဖူး၏။ထို တောင့်တတိုင်း ပြည့်စုံသောကြောင့် ကဆုန်လပြည့်နေ့၌ ရုက္ခစိုးနတ်မင်းကို နှစ်စဉ် ပူဇော်မြဲ ဖြစ်၏။ ထိုနေ့၌ကား ကျွန်မတစ်ယောက်နှင့်အတူ နံနက်စောစော အပူဇော်လာသောအခါ ညောင်ပင်အောက်၌ ထိုင်နေတော်မူသော အလွန်သပ္ပာယ်လှပသော ဘုရားအလောင်းကိုပင် သူ့ကို စောင်မသော နတ်ဟု ထင်မှတ်၍ အလွန်ကြည်ညိုရကား နို့ဃနာဆွမ်းကို ရွှေခွက်ပါ လှူဒါန်း ဆက်ကပ်လေသည်။ (နို့ထမင်းပျစ်ပျစ်ကို ‘ဃနာနို့ထမင်း’ဟု ခေါ်၏။ ဃန = ပျစ်သော။)။ ။ […]


padonmarAugust 14, 201214min067
CJ ကြီး ကထူးဆန်းက ရံပုံငွေ အငြိမ့်ပွဲ မကြည့်လိုက်ရတဲ့သူတွေ အတွက် Link လေးပေးပါလို့ တောင်းဆိုထားလို့ မန်းဂေဇက် ချစ်သူများစာပေဆုပေးပွဲ (ဂျုလိုင်လ) http://myanmargazette.net/143974/creative-writing အချိန်-၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၃ရက် တနင်္ဂနွေနေ့ နံနက် ၈ နာရီ နေရာ-အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး၊နေပူတော် Air A.K.S Pazin ပိုင် Pazin One (Air Force One နှင့် တည်ဆောက်မှုပိုင်းတွင် ချွတ်စွပ်တူ၍ အမည်သာကွဲသော) လေယာဉ်ကြီး ဟာ မူလသတ်မှတ်ထားတဲ့ အချိန်အတိုင်း ဆိုက်ရောက်လာပါတယ်။ လေယာဉ်မှူးကြီး Mr.Cobra ဟာ လေယာဉ်မှူးခန်းမှ ထွက်ပြီး သူ့ရဲ့ဘော့စ်ဖြစ်တဲ့ A.K.S Group of Companies ရဲ့ ဥက္ကဋ္ဌကြီးMr.  Alexander […]


padonmarAugust 13, 20121min079
ကြက်သွေးရောင် ကတ္တီပါကားလိပ်ကြီး သည် လေပြေအဝေ့မှာ တလှုပ်လှုပ်လွန့်လူးလျက် ရွှေပွဲလာ ပရိသတ်ကြီးကို ဆွဲဆောင်နေပါသည်။ ကတ္တီပါကားလိပ်အထက်တွင်ကား မန်းဂေဇက် ချစ်သူများစာပေဆု ရံပုံငွေ အငြိမ့်သဘင် နှင့် ဆုပေးပွဲ အခမ်းအနား ဟူသော နဖူးစည်းကြီးက ခန့်ညားစွာ တည်နေပါသည်။ ဇာတ်ခုံရှေ့တွင် မြန်မာဆိုင်းဝိုင်းကြီး နှင့် စန္ဒယားတို့က တစ်ဖက်တစ်ချက်စီနေရာယူထားကြသည်။ ပွဲကြည့်ပရိသတ် များအတွက် ဆိုဖာထိုင်ခုံများမှာ ဇာတ်ခုံကို “ပ”ပုံ ဝိုင်း၍ ၃ တန်းခွဲ စီထားသည်။ အထူးအစီအစဉ်အဖြစ် အလယ်ခုံတန်းတွင် မိသားစုများ၊ဘယ်ဖက်ခုံတန်းတွင် ရွာသူအပျိုချောများ၊ညာဖက်ခုံတန်းတွင် ရွာသားလူပျိုမချောတချော၊မပြိုတပြိုများ ထိုင်ရန် စီစဉ်ထားသည်။ ရွာသားများမှာ အပျိုလေးတွေနားကပ်ထိုင်ခွင့်မရဟုသိရစဉ်က မကျေနပ်ကြသော်လည်း မေတ္တာလက်မှတ်များဖြစ်၍ ခန္တီစ သည်းခံနေကြရသည်။ သို့သော် ထိုင်ခုံများစီစဉ်ထားပုံမှာ ရွာ့အလှလေးများကို မစောင်းတစောင်းလေး မြင်နေရမှန်းသိသဖြင့် ကျေနပ်သွားကြသည်။ ပရိသတ်ကြီးမှာ တဖွဲဖွဲရောက်လာပြီး […]


alinsettAugust 12, 20122min014
  ”  မိအေး..။ ညည်း  ..နီတာလေးကို သွားချောင်းပြိီ  ….. ပြန်လာတာ မဟုတ်လား..”   မိအေးက  ..  ခေါင်းပေါ်မှ အကြော် ဗန်းကို   ဂွမ်းခနဲ ပစ်ချလိုက်ပြီး….   ”    အမေကလည်း..ကျွန်မ သမီးလေးကို  လွမ်း.လွန်းလို ့ပါ… ”  ဟု ပြန်ပြောသည် ။   ဒေါ်စိန်တင်က   သမီးဖြစ်သူ မိအေး၏   အပူသည်ရုပ်ကို ကြည့်ရင်း… ”  မိအေးရယ် ..။ ညည်းကိုလည်း..ငါ နေ့ ့တိုင်းကို ပြောနေရတာပဲ.  အေ…။  ဒီ ကလေးကို သံယောဇဉ်..ဖြတ်ပါတော့…ဆို ..။   ငါလည်း.ဒီကလေးကို ချစ်တာပဲ.။  ငါ့ မြေးမ လေးပဲ..။  ဒါပေမယ် ့  ဟိုအကောင့်  ကို […]


alinsettAugust 10, 20121min015
    ရောက်တတ်ရာရာ..ထွေရာလေးပါးမက  ပြောလာတာ…   အခုဆို   ဂ   ငယ်ဆီကို ရောက်လာပါပြီ။   ဂငယ်နဲ ့ ပက်သက်တာလေး… ရေးမယ် ဆိုတော့    ဂဃနဏ မသိပဲ..  ဝင် ဝင်ပြောတတ်သူတွေ အကြောင်း..   ရေးရင် ကောင်းမလား…ပေါ့  ။စဉ်းစားတယ် ။   ဒါပေမယ့်   မိမိ ကို  မိမိ  တိုက်ခိုက်  ပုတ်ခတ်တာတွေ မရေးချင်တာကြောင့်…..  အဲဒီ ခေါင်းစဉ်ကို…လက်ရှောင်လိုက်ရပါတယ် ။ နောက်ဆုံးတော့….. ကျွန်တော့်အတွေးထဲကို….   ဂိမ်း ကစားခြင်းမှာ…   တပ် ငြိ  နေတဲ ့ လူငယ်  တွေ အကြောင်း..ဝင်လာတော့လည်း…… ကဲ…. ဂိမ်း ကစားခြင်းကိုမှ ချစ်သလား…… လို ့…   စလိုက်ကြပါစို […]


ရွာသူရွာသားအပေါင်းတို့ခဗျာ… ကျန်းမာလို့ချမ်းသာကြပါစေ… 19 – 8-12 ရက်နေ့တွင် ရွှေတိဂုံ တွင် သွေးလျှုတန်းပွဲရှိပါသည်…စိတ်ပါဝင်စားသူများ မနက်စောစော ရောက်အောင်လာခဲ့ကြပါ…လျှုမည်ဆိုလျှင် ညအိပ်ရေးဝအောင်အိပ်ကြဖို့တော့လိုမယ်နော်… ဒါဗျဲ…


alinsettAugust 9, 20121min07
        အိပ်ပျော်စပြုပြီဟု ကျွန်တော်ထင်လိုက်ချိန်၌ သူ့ အသံအက်ကွဲထွက်လာသည်။ ”သားသိပ်မောတယ်” သူအိပ်ပျော်သွားချိန်ထိ ကျွန်တော်စောင့်သည်။ သူနှင့်ကျွန်တော့်ကြား တစ်ခုခုပျောက်ဆုံးနေခဲ့ပြီ။ စိုးရက်ပ် ကျွန်တော့်ကိုစကားပြောဖို့ နောင်တစ်နှစ် နီးပါးကြာအောင် စောင့်ရမည်ကို ကျွန်တော့်မသိဘဲ ကျွန်တော် ဆေးရုံခန်းမှ ခွာကာ ဟိုတယ်နောက်တစ်လုံးအရှာထွက်ရသည်။ …………………………………… နောက်ဆုံးတွင် စိုးရက်ပ်သည် ကျွန်တော့်ကမ်းလှမ်းချက်ဟူသမျှကို ခေါင်းမညိတ်ခေါင်းမခါ တုံဏှိဘာဝေလုပ်နေတော့သည်။ သို့သော် သူ့ပတ်တီး များကိုခွာချပြီးလျှင်၊ ဆေးရုံအဝတ်အစားကိုချွတ်ပြီးလျှင်၊ သူသည် နေအိမ်မဲ့ မိဘမဲ့ ဟာဇာရာကလေးတစ်ယောက်ဘဝကိုသာ ပြန်ရောက်ရတော့မည်ဟု သူသိ နေခဲ့သည်။ သူ့မှာ ဘာများရွေးချယ်ခွင့်ရှိဦးမည်နည်း။ သူ ဘယ်ကိုများသွား နိုင်ဦးမည်နည်း။ သို့ဖြစ်ရာ ကျွန်တော်ကသူ့ထံမှ ခေါင်းညိတ်မှုကိုတောင်းခံနေ လျှင် သူ၏လက်သင့်ခံခြင်းမဟုတ်ဘဲ အသံတိတ်အရှုံးပေးခြင်းသာ ဖြစ်နေလိမ့် မည်။ သူတမ်းတနာကျင်နေသည်က သူ့အရင်ဘဝ။ […]


ムラカミAugust 8, 20122min040
  တခါတခါ ဂွကျတယ် ….ခည … ကျနော်တို့ ရဲ့ မျိုးရိုး နာမည် မရှိမှု က …။ တရုတ်မှာလည်း ရှိတယ်… ကိုရီးယား ဂျပန်မှာလည်း ရှိတယ်..။ အနောက်တိုင်းမှာလည်း ရှိတယ် ဆိုတော့ကာ …။ ပြောရရင် ..ဥပမာ .. David Beckham ဗျာ..။ လူနာမည် David မျိုးရိုးနာမည် Beckham ဆိုပါတော့ …။ ယဉ်ကျေးမှုအရ .. ရင်းနှီးမှု မရှိရင် ..(ဝါ) ကာယကံရှင် ခွင့်ပြုချက် မရရင် .. Mr.Beckham ပေါ့ … အဲ .. ဘော်ဒါဘော်ကျွတ် ဖြစ်ပြီ ဆိုရင်တော့ ..ဟိတ်ကောင် David ခေါ်ခွင့်ရှိရဲ့ ဆိုပါတော့ … ။ ထားပါတော့ … […]


alinsettAugust 8, 20121min04
”ကလေးတွေနေတဲ့အိမ်ဆိုတာ ဘာလဲ။ မိဘမဲ့ဂေဟာလား” စိုးရက်ပ်၏အပြုံး မှိန်ကျသွားသည်။ ”ခဏလေးပဲနေရမှာ သားရဲ့” ”ဟင့်အင်း … ဟင့်အင်း … မလုပ်ပါနဲ့” ”စိုးရက်ပ်၊ ခဏလေးနေရမှာပါ။ ကာကာ ကတိပေးတယ်” ”အရင်တုန်းက ကာကာကတိပေးတော့ သားကိုဘယ်တော့မှ မိဘမဲ့ ဂေဟာ ပြန်မပို့ဘူးဆို ” …………………………………… ”အရင်တုန်းက ကာကာကတိပေးတော့ သားကိုဘယ်တော့မှ မိဘမဲ့ ဂေဟာ ပြန်မပို့ဘူးဆို” စိုးရက်ပ် အသံအက်ကွဲနေသည်။ မျက်လုံးထဲမျက်ရည်များ အိုင်ထွန်း နေသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျိန်းစပ်နေသည်။ ”ဒါကမတူဘူးကွ။ ဒီနေရာက အစ္စလမ္မာဘက်လေကွာ။ ကဘူး မဟုတ် ဘူး။ ကာကာက သားဆီတချိန်လုံးလာကြည့်မှာ။ သားကို အမေရိကားသွားဖို့ ခေါ်ထုတ်နိုင်တဲ့အချိန်ထိ ကာကာအမြဲလာကြည့်မှာ” ”ဟင့်အင်း … ဟင့်အင်း … မလုပ်ပါနဲ့၊ သားကြောက်တယ်။ […]