လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ၊ ရွှေတိဂုံဘုရား နဲ့ ရင်ပြင်တော် တလျှောက်ကို ပြုပြင်မွန်းမံပြီး ခါစ ၊တပတ်တခါနီးပါး ဘုရားရောက်ဖြစ်ခဲ့ပါတယ် ။ ရောက်ဖြစ်တိုင်း ၊ ထူးခြားနေတဲ့ နတ်မင်းကြီးတွေမျက်နှာကို ဓါတ်ပုံရိုက်မယ်ကြံရွယ်ပြီးမ ရိုက်ဖြစ်ခဲ့ပါဘူး ။ ဘာသာရေး အယူဆတွေနဲ့ ပတ်သတ်လို့ လက်ရှောင်ခဲ့တာကြောင့် ဒီလို ဓါတ်ပုံတွေ ရိုက်ဖို့လည်း စိတ်ကူးသာ ရှိတာ လက်တွေ့မှာ မချင့်မရဲဖြစ်ခဲ့ပါတယ် ။ တခြားသော ဘာသာဝင်တွေ ထင်မြင်ယူဆချက် တစ်စုံတစ်ရာ ပေးဖို့ ဟိုက်လိုက်လုပ်သလို ဖြစ်နေမှာလည်းကြောက်တာကြောင့်ပါ ။ တပတ်တစ်ခါ ဘုရားရောက်တိုင်း ရိုက်ကောင်းနိုး ၊ မကောင်းနိုးနဲ့ စဉ်းစား လာလိုက်တာ ရင်ပြင်တော်တလျှောက် ပြုပြင်မွန်းမံ အပြီး သုံးလလောက်မှာ ၊ ဆက်မစဉ်းစားနိုင်ပဲ ၊ ဓါတ်ပုံရိုက်ယူထားခဲ့မိပါတယ် ။ […]
