ဗမာ့စစ်တပ်ရဲ ့ စစ်ထောက်လှမ်းရေးအကြီးအကဲဘဝက အလွဲသုံးစားမှုနဲ့ အလုပ်ပြုတ်ထောင်ကျခဲ့တဲ့ ဗိုလ်ခင်ညွန့်ဟာ ထောင်ကထွက်လာပြိီးတော့ သင်္ကန်းဝတ်ခဲ့ပါတယ်။ဗမာတွေထောင်ကျပြီး ထောင်ကထွက်လာရင်သင်္ကန်းဝတ်ကြတာဟာ ထုံးစံတစ်ခုလိုပါပဲ။အကုသိုလ်တွေစင်သွားအောင်ဆိုတဲ့သဘောထင်ပါရဲ ့။ဦးဝင်းတင်တို့လိုလူမျိုးတွေကတော့ ခြွင်းချက်ပေါ့။သူတို့ကအကုသိုလ်လုပ်ခဲ့ဖူးသူတွေမဟုတ်ဘူးလို့ ကိုယ့်ဘာသာယုံကြည်စိတ်ချလို့ဖြစ်မှာပေါ့။ ဗိုလ်ခင်ညွန့်တို့ကတော့ ပြည်သူလူအများသံဃာတော်များပါမကျန် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တာဆိုတော့ အကုသိုလ်မရှိဘူးလို့ ကိုယ့်ဘာသာယုံကြည်လို့လဲမရ၊သူတပါးမသိအောင်ဖုံးကွယ်ပြောဆိုလို့လဲမရဘူးလေ။ဘာဘဲဖြစ်ဖြစ် သင်္ကန်းဝတ်တယ်ဆိုတာ သူတပါးကိုနှိပ်စက်တာမှ မဟုတ်ဘဲကလား။သာဓုတောင် ခုကြရမှာပေါ့။ဒါပေမယ့် သူဝတ်တဲ့သင်္ကန်းဟာ မုဆိုးကြီးသောနုတ္ထုရ်ပေးလိုက်တဲ့သင်္ကန်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းရပေမယ်။ ခုလို ခဏတဖြုတ်သင်္ကန်းဝတ်တာကို ဒုလ္လဘရဟန်းလို့ခေါ်လေ့ရှိတယ်မဟုတ်လား။ဒါကြောင့် ဆရာကြီးရွှေဥဒေါင်းဆွေးနွေးရေးသားဖူးတာလေးတပိုင်းတစကို သတိရလိုက်မိပါတယ်။ဆရာကြီးက “လုံနှမတန်းလန်းနဲ့၊ဥုံဖွမန်းပြီး၊ဒုလ္လဘရဟန်းဝတ်တယ်”ဆိုတာမျိုးကို သိပ်ပြီးသဘောမကျဘူးခင်ဗျ။ကမ္မဌာန်းထိုင်ရင်ဖြစ်ဖြစ်၊ပုတီးစိတ်ရင်ဖြစ်ဖြစ် လုံနှမတန်းလန်းနဲ့ဆိုတော့ နောက်ဆံငင်စရာတွေဖြစ်မှာပေါ့နော်။ခုလဲ ဗိုလ်ခင်ညွန့်ခမျာ ခဏဘဲ သင်္ကန်းဝတ်ရှာတာပါ။ခုပဲလူထွက်ပြီး တော့ “အမျိုးသားနိုင်ငံရေး”ဆိုတာကြီး လုပ်ဦးမလို့ ဆိုပါကလား။ထန်းရည်သမားလို အမူးပြေတော့ ထန်းပင်မော့ကြည့်ဆိုတာမျိုး ဖြစ်နေမလားဘဲနော်။ ခုလို “အမျိုးသားနိုင်ငံရေး”ဆိုတဲ့စကားမျိုးကြားရပြန်တော့ အများပြည်သူတွေက မျက်ခုံးလှုပ်ကြ မယ်ထင်မိတယ်ဗျ။ဒီစကားလုံးက သူတို့တီထွင်ဆန်းသစ်ဖန်တီးခဲ့တဲ့ စကားလုံးမဟုတ်လား။သူတို့အာဏာသိမ်းရတာကိုက “ပါတီနိုင်ငံရေးသမား”တွေ ပြသနာရှုပ်ကြလို့ ဆိုသလိုလိုဘာလိုလို။ဒါ့ကြောင့် ပါတီနိုင်ငံရေးနဲ့ဆန့်ကျင်တဲ့အနေနဲ့ […]
