ကျုပ်နာမည်လား။ ကျုပ်နာမည်က ဒေါ်ကြီးလုံတဲ့။ ဒီရွာမှာနေတာတော့ နှစ် (၂၀) လောက်ရှိပြီ။ ရွာလယ်ပိုင်းမှာ တူမလေးနဲ့ နေတယ်လေ။ အောင်မယ်လေး…ရွာက ပျော်ဖို့ကောင်းတာတော့ မပြောနဲ့။ မှတ်မိသေးတယ်။ ဒီရွာကို ရောက်ခါစက ကျုပ်က ခပ်ငယ်ငယ်ရယ်။ ဘာမှလည်း ဟုတ်တိပတ်တိမသိ။ ဒီလိုပဲ ရွာလူကြီးတွေ စကားဝိုင်းထဲ ဝင်နားထောင်ရင်း နားထောင်ရင်းနဲ့ စာလေးဘာလေးတွေဖတ်၊ အဲဒီကနေ ကိုယ်ထင်တာလေးတွေ ဝင်ပြောကြည့်၊ လူကြီးတွေကလည်း မှားရင်ပြင်ပေးကြတယ်။ ဒီလိုနဲ့ ပြောရဲဆိုရဲက ရှိလာ၊ နေတာလည်းကြာတော့ ရွာထဲက အတော်များများနဲ့ သိပေါ့။ ဒါတောင် တစ်ချို့ အဝေးရောက်နေတဲ့ ရွာသားတွေ ပြန်လာရင် ကျုပ်က ကြောင်တောင်တောင်ကို ဖြစ်တတ်သေးတာ။ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ပေါ့။ ဒါနဲ့ … ပြောတာ ဘယ်ရောက်သွားပါလိမ့်။ အော်…ရွာက ပျော်စရာကောင်းတာ… ကျုပ်ဆို […]
