မြသဲ ( 17082011 )January 14, 20142min052
မြန်မာလူမျိုးတွေရဲ့ ကျန်းမာရေးအတွက် Food Safety ဟာလဲ တထောင့်တနေရာ ကနေလိုအပ်တယ်လို့ထင်မိပါတယ်။ ကျွန်မတို့မြန်မာလူမျိုးတွေဟာ Food Safety လုပ်ရမယ်လို့ပြောလိုက်တာနဲ့လန့်သွားတတ်ကြပါတယ်။ အရမ်းလဲကုန်ကျစရိတ်များ မယ်လို့ပြောတဲ့သူကလဲပြောပါတယ်။ တကယ်ကတော့ Food Safety ဆိုတာ သေးသေးလေးကနေစရတာပါ။ ဒါပေမဲ့ ကြုံသလိုအသားကျနေတဲ့ နှမျောတတ်တဲ့ ကျွန်မတို့အဖို့ကတော့ အဲဒီသေးသေးလေးကိုတောင်လိုက်နာဖို့ခက်နေပါတယ်။ ကျွန် မကိုယ်တိုင်သင်တန်းတက်၊ သင်ကြားရေးတွေမှာပါဝင်နေပေမဲ့ ကိုယ်လဲလစ်ရင်လစ် သလိုချိုးဖောက်မိပါရဲ့။ အခုဒီပိုစ့်ကလေးကတော့ တနိုင်တပိုင် မိသားစုအတွက်ပဲဖြစ် ဖြစ်၊ ဆိုင်မှာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်စွာ အစားအသောက်ပြင်ဆင်နိုင်အောင် ဗဟုသုတရစေဖို့ရည်ရွယ်ပြီး သိသမျှအချက်အနည်းငယ်တင်ပြပေးလိုက်ပါတယ်။ ကျွန်မကိုယ်တိုင်လဲ အများကြီးမသိပေမဲ့ သိသလောက်ကလေးကိုတော့ အပိုင်းလိုက် ခွဲခြားတင်ပြပေးလိုက်ပါတယ်။ 1. Personal Hygiene ပထမဆုံးအနေနဲ့ကတော့ Personal Hygiene လို့ခေါ်တဲ့ တကိုယ်ရေသန့်ရှင်းမှု့ပါ။ ဒါကတော့ အားလုံးသိပြီးသားဖြစ်ပေမဲ့လဲ သူသတ်မှတ်ထားတဲ့ အဆင့်လေးတွေ တင်ပြပေးလိုက်ပါတယ်။ […]


Mr. MarGaJanuary 14, 20142min025
ရန်ကုန် ရန်ကုန်ဟာ မွှေးကြိုင်သင်းပျံ့တဲ့ ပန်းတွေနဲ့ နင်းချေကျိုးပဲ့နေတဲ့ ပန်းတွေကို ပန်တယ်။ ရန်ကုန်ဟာ နှစ်ပေါင်း ၂၅၀ဝ သက်တမ်းရှိပြီဖြစ်တဲ့ စင်ကြယ်မြင့်မြတ်ခြင်းကိုပြတဲ့ ရွှေတိဂုံစေတီတော်နဲ့ လွပ်လပ်စွာကိုးကွယ်ခွင့်ကို ပန်တယ်။ ရန်ကုန်ဟာ နိုင်ငံ့ရတနာ အနုပညာသမားပေါင်းများစွာနဲ့ သူတို့ရဲ့ ဖန်တီးမှုတွေကို ပန်တယ်။ ရန်ကုန်ဟာ ပင်လယ်လေ ကောင်းကင်ပြာနဲ့ စိတ်ထားကောင်း အမြဲဆင်ယင်ထားတဲ့ ပရဟိတဂေဟာ လူအိုရုံတွေကို ပန်တယ်။ ရန်ကုန်ဟာ ဒဏ်ရာတွေပြည့်နေတဲ့ ဖိနပ်ပေါင်းများစွာ လမ်းမတွေပေါ်ကျန်ရစ်ရတဲ့ အဖြစ်တွေကို ၁၉၆၂ က ယခုချိန်ထိ ပန်တယ်။ ရန်ကုန်ဟာ ပြည်သူ့အရေးအခင်းတွေကို သွေးခင်းလို့ ကျည်ဆံပေါက်တွေနဲ့ သင်္ကန်းကို ပန်တယ်။ ရန်ကုန်ဟာ နေ့စဉ်နေ့တိုင်း လမ်းလျှောက်ထွက်ပြီး ညစ်ပတ်နံစော်နေတဲ့ ကန်တော်ကြီးကို ပန်တယ်။ ရန်ကုန်ဟာ လူကျပ်၊ ကားကျပ်၊ အနေကျပ်နဲ့ လက်ဝါးရိုက်စားနေတဲ့ […]


  မင်္ဂလာပါမြို့သူားအပေါင်းသူတော်ကောင်းတို့… ယနေ့ (၂၀၁၄ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့) သည်ကား တတိယအကြိမ်မြောက် မန်းဂဇက်ချစ်သူများစာပေဆု၊ ဂဇက်ကဗျာချစ်သူများကဗျာဆု ပေးပွဲနှင့် မြန်မာ့ဂဇက်မြို့သူားများတွေ့ဆုံပွဲကြီး ပျော်ပျော်ရွှင်ရွှင်နဲ့အောင်မြင်စွာကျင်းပပြီးခဲ့လေပြီ…. ကျုပ်ရဲ့ လေးလံနေသောရင်လည်းပေါ့ပါးသွားရလေပြီတကား… လူကလည်းထင်ထားသည်ထက်စုံညီခဲ့ကြပါ၏… နာမည်ကြီးကဗျာဆရာ ကိုစောဝေ (နန်းတော်ရာသူ၏ဦးလေး) က တူမတော်၏ဆုကို ကိုယ်စားတက်ယူပေးရင်း..“ရန်ကုန်” ဆိုသောကဗျာကို အသံနေအသံထားမှန်မှန်ဖြင့် ရွတ်ဆိုပြခဲ့ရာ…နားထောင်ရင်း..ကြက်သီးမွှေးညှင်းများပင်ထခဲ့ရေပေ၏တကား… အမှတ်တရဗွီနိုင်းတွင်လည်း“စာပေကို ကျယ်ပြောပြန့်ကားတယ်ဆိုတာသတ္တိပါ”..ဟု မှတ်ချက်ပေးခဲ့သည်…မြန်မာ့ဂဇက်ကိုလည်း စာပေကို ကျယ်ပြောပြန့်ကားစေသဖြင့် လေးစားဂုဏ်ယူကြောင်းပြောကြားခဲ့သေး၏…ထိုဆရာကြောင့်ပင်  တွေ့ဆုံပွဲနှင့်ဆုပေးပွဲမှာ ပို၍ခန်းနားသိုက်မြိုက်ခဲ့ရလေသည်မဟုတ်ပါလား… ဤရွေ့ ဤမျှဆိုလျှင်ပင် ပွဲ၏ရုပ်လုံးပေါ်လောက်ပေပြီ… ရှေ့ဆက်မည့်အနာဂါတ်ခရီးအတွက်လည်း…ဆက်လက်ဦးဆောင်ချီတက်မည့် မျိုးဆက်သစ်များကိုအားကိုးပြီး နောက်ပိုင်းမှတတ်အားသ၍ ကူညီဝိုုင်းဝန်းသွားလိုလှပါသည်။   ဓါတ်ပုံအချို့(မမပို့စ်တွင်မပါသေးသည်များ) တင်ပေးလိုက်ပါ၏…ကင်မရာ၏ နာရီတိုက်မထားမိခဲ့၍ အချိန်လွဲနေသည်ကိုတော့ ခွေးလွှတ်ကြပါကုန်… အားလုံးကိုလေးစားခင်မင်လျှက် ကြီးမိုက်။             […]


Ma MaJanuary 12, 20145min0101
အခမ်းအနား အပြင်အဆင်                     မျိုးဆက်သစ်တွေလည်း ပါတယ်။   ဆုပေး ဆုယူပုံတွေ https://www.facebook.com/maw.myintmyint/posts/404246009706782 မှာလည်း ရှိသေးတယ်။ 🙂       Group photo တော့ မရလိုက်ဘူး။ ဓာတ်ပုံရိုက်ထားကြတဲ့သူတွေ တင်ပေးကြပါအုံး။                    


  ဒီလမှာမြန်းဂဇက်ဆုပေးပွဲနဲ့တွေ့ဆုံပွဲရှိနေလို့ ဆန်ကာတင်ပို့စ်နဲ့ဆုရပို့စ်ကို စောစောသိချင်ကြမှာအမှန်ပါ။   တင်ပေးရမယ်လို့သိပြီးချိန်ကစလို့ ဒီပို့စ်နှစ်ပုဒ်ကို စောစောတင်နိုင်ဖို့စိတ်လောနေမိပါတယ်။   ဒီကြားထဲ ရွာ့ဖူးစာမင်္ဂလာပွဲကြောင့် ရွာသူားတော်တော်များများ အလုပ်များနေတာမို့   ဖတ်ရွေးအဖွဲ့မှတဆင့်၊ဥက္ကဌကြီးမှာတဆင့်၊အန်စာတုံးထံမှ မျှော်နေတဲ့ ဆန်ကာတင်၊ဆုရှင်ပို့စ်တွေက   အချိန်နီးကပ်မှရောက်လာတာမို့   အားလုံးကိုလည်ပင်းရှည်စေမှာအမှန်ပါ။   ဒါ့ကြောင့်မို့ အန်စာတုံးထံမှအဖြေတွေရောက်လာလာခြင်း ပို့စ်နှစ်ခုကို ၂ရက်ဆက်တင်ပေးလိုက်ရပါတယ်။   ဒီမနက်မှ ဆုရှင်အဖြေကို ရရခြင်း မနက်စောစောတင်လိုက်ချင်ပေမယ့်။လူက နေမကောင်းချင်သလိုလို။   အသက်၃ဝပြည့်ပြီးကတည်းက ကလီစာတွေလည်းမကောင်းချင်တော့ဘူးထင်ရဲ့။   တစ်ခုခုဆိုရင် ငါ့ကိုယ်တွင်း ဘယ်ကလီစာများ ဘာဖြစ်နေပါလိမ့်လို့ တွေးပူပြီး ငယ်ငယ်က ခပ်ပေပေနေခဲ့တာတွေနဲ့   အနာဂတ်မှာ ကျဆင်းလာတော့မယ့်ဇရာအတွက် ကြိုတင်မပြင်ဆင်ခဲ့မိတာတွေအတွက်နောင်တရချင်သလိုလိုဖြစ်မိတယ်။   နောင်တဆိုတော့လည်း နောင်မှရနေလို့အပိုမဟုတ်လား။ဒါကြောင့်မို့လည်း ယခုအရွယ်မှာတည်းက နောက်ထပ်ကျဆင်းလာ   ဦးမယ့်ဇရာအတွက် ကြိုတင်တွေးဆ […]


“ရင်ခုန်ဖွယ်ရာ ဒီဇင်ဘာအတွက်”   ဒီဇင်ဘာလအတွက် ရင်ခုန်စရာဆန်ကာတင်နဲ့အကြိုက်ဆုံးစာချစ်သူစာမူဆုရှင်ကြေငြာပို့စ်ကို မျှော်နေပေမယ့် ကိုယ်တိုင်တင်ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ကိုယ်တိုင်စဉ်းစားနေမိတာတစ်ခုကလဲ ဇန်နဝါရီလမှာ တွေ့ဆုံပွဲနဲ့ဆုပေးပွဲရှိနေတဲ့အတွက်ကြောင့် ဒီဇင်ဘာလ ဆုစာရင်းကို စောစောကြေငြာကြမှာပဲဆိုတာလေးပါ။ စဉ်းစားနေမိတဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဥက္ကဌကြီးထံမှ ကြေငြာပို့စ်နှစ်ပုဒ်တင်ပေးရန် သဘောထားကိုမေးလာတယ်ဆိုတော့ မဆိုင်းမတွပဲ ခုဆိုခု အကြမ်းချရေး လိုက်မိတယ်။ ……………….. အတော်ပဲဖြစ်သွားတာတစ်ခုက အရင်လတွေတုန်းက ကွန်နက်ရှင်အရကော၊လျှပ်စစ်မီးကြောင့်ပါ ဖုန်းနဲ့သုံးလို့ သိပ်အဆင်မပြေတဲ့ ဂဇက်မှာ ပို့စ်တွေကို ပုံမှန်ဝင်မဖတ်နိုင်ခဲ့ဘူး။ ဒီလတော့ တစ်လလုံးနီးပါး တင်သမျှပို့စ်တွေကိုအားလုံးနီးပါး ဖတ်ဖြစ်၊မန့်ဖြစ်ခဲ့တာမို့ တော်တော်လေးဝမ်းသာသွားမိတယ်။ ဒါနဲ့ပဲ ဒေတာတွေယူဖို့ညွှန်ပြထားတဲ့ ပရော်ဖက်ဆာဒေါက်တာအံစာထံသို့ ကွန်တက်လိုက်တော့တာပေါ့။   “ဟဲလို အံစာတုံးလား”   “ယောက္ခမ ..ပြော…”   ထုံးစံအတိုင်း အိပ်ချင်မူးတူးအသံနဲ့ပြန်ထူးတာကိုကြားရပါပြီ။   “ဥက္ကဌကြီးကအွန်လိုက်လို့ ဖတ်ရွေးအဖွဲ့ကဆန်ကာတိုက်ပြီး တင်ကျန်ခဲ့တာလေးတွေ တစ်ဆိတ်လောက်” […]


၂၀၁၄ နှစ်သစ်မှာ ရွာသူရွာသားအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်ဝပြီး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်ဗျာ…. အင်း..ဘာလိုလိုနဲ့ အသက်က တစ်နေ့ထက်တစ်နေ့ ကြီးလာတော့…မှတ်ဉာဏ်တွေလည်းသိပ်မကောင်း အရေးထဲ..ပင်စင်ကမယူနိုင်သေးတော့ နေ့စဉ်အလုပ်ကလည်း မိုးလင်း၊မိုးချုပ်သွားနေရသေး….အသက်ကြီးမှအိမ်ထောင်ကျတော့ လူကအိုလှပြီ..သားသမီးတွေက ငယ်ငယ်လေးတွေ…(အူးကျောက်စ် တွေ့ရမဲ့ဒုက္ခတွေပေါ့) အတူတွဲသွားရင် မသိသူတချို့က မြေးအဖိုးတွေ လမ်းလျှောက်ကြတယ်ထင်တာ.. တစ်ခါကပေါ့..ကျုပ်ကားစုတ်လေး ဓါတ်ဆီသွားဖြည့်တော့…ကျုပ်ကကားပေါ်က.. သားက ဆီဆိုင်ရောက်တော့ ပိုက်ဆံလေးကိုင်၊ ကောင်တာပြေးပြီး ဆီဘောက်ချာသွားဖြတ်၊ ပီးတော့ပြန်ပြေးလာပြီး..ဘောက်ချာကို ပန့်ကိုင်ကိုပေး..ပေးရင်းနဲ့ သူကပြောလိုက်သေး.. `ဦး..ဆီပြည့်ပြည့် ထည့်နော်´ တဲ့…သားက ၃နှစ်ပဲရှိသေးတာ…အဲဒီတော့ ပန့်ကိုင်တဲ့ ဘိုးတော်(ကျုပ်လောက်ရှိပါတယ်ဗျာ)က..`ဟာ..အဘမြေးလေးကလိမ္မာလိုက်တာ´တဲ့… တောက်စ်..သေရော ကားဆီဖြည့်ပြီးလို့ သားကားပေါ်ပြန်တက်လာတော့…ရယ်ပြီးကျုပ်ကိုပြောတယ်… `ဖေကြီးကို ဒါကြောင့်ပြောတာ…ဆံပင်ဆေးဆိုးပါလို့´… ဟီး..ဟုတ်သားပဲ ကျုပ်ဆံပင်တွေကလည်း ၈၀%လောက်ဖြူနေပြီကိုး…`အေးပါသားရယ်´လို့ပဲ ကျုပ်ပြန်ပြောရင်း..ရယ်နေလိုက်တယ်….. အဲဒီလို အိုကြီးအိုမ မိသားစုအရေးနဲ့ အလုပ်ရှုပ်နေသူ ကျုပ်ဆိုတဲ့ `ကြီးမိုက်´ ကို […]


kaiJanuary 5, 20141min012
နှစ်ကူးနှစ်ဦးနှုတ်ခွန်းဆက်လိုက်ပါသည်။ မြန်မာ့ဂဇက် ဖတ်သူကမ်းသူဝေသူယူသူအပေါင်း ကိုယ်စိတ်နှဖြာရွှင်လန်းချမ်းမြေ့ကြစေသတည်း။ နှစ်ဆယ်ဆယ့်သုံး သည် ၂၀၁၃သည် အမေရိကားတွင် မာတင်လူသာကင်း၏ “I have a Dream” နှစ်ငါးဆယ်မြောက်ကျင်းပသောနှစ်ဖြစ်၍ ထိုနှစ်တွင်ပင် နယ်ဆင်န်မန်ဒဲလား အသက် ၉၅နှစ် ကွယ်လွန်ခဲ့ပေသည်။ သူ၏အောက်မေ့ဖွယ်အခမ်းအနားသို့ ကမ္ဘာနိုင်ငံခေါင်းဆောင် ၉၁ယောက်ထက်မနည်းတက်ရောက်ခဲ့ပေရာ အာဖရိကတိုက်သမိုင်းတွင် မှတ်တမ်းဝင်သည့် ပထမဆုံးစုစည်းမှုဖြစ်ပါ၏။ အဆိုပါလူမည်း၂ဦးသည် လူသားတို့၏အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်မှုသမိုင်းတွင် အတောက်ပဆုံးသူ၂ဦးဖြစ်ခဲ့ကြသည်။ ပုပ်ရဟန်းမင်း( Pope Benedict XVI) အနားယူနှုတ်ထွက်၍ ရဟန်းမင်းနေရာကို Pope Francis လက်ခံရယူသည်။ နှစ်ပေါင်း ၅၉၈တွင် ပထမဆုံးအဖြစ်တခုဟုဆိုကြပေသည်။  ပုပ်ရဟန်းမင်းအသစ်သည် သန်းထောင်ချီသော ကက်သလစ်ဘာသာဝင်များနှင့် ကမ္ဘာ့နိုင်ငံရေးအပေါ်များစွာလွှမ်းမိုးမှုရှိလာမည်ဟု ခန့်မှန်းပါသည်။ ဘာသာရေးသည် နိုင်ငံရေးနှင့် အမြဲတစေ ဆက်သွယ်ချိတ်ဆက်နေပါသည်။ အာရပ်နွေဦးတော်လှန်ရေး၏ မဆုံးသေးသောစစ်ပွဲကြီးအဖြစ် လူ၁သိန်းကျော်သေကြေပြီး ၂သန်းကျော် ပြောင်းခိုသူဖြစ်ကြရသည့် […]


kaiJanuary 3, 20148min030
သစ်ထူးလွင် သတင်းစုစည်းမှု Myanmar CNN News အခြေခံဥပဒေပြင်ရေး မှာ ပြည်သူတွေ ပါဝင် ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် များ ဆွေးနွေးပွဲ ဒီလ ၂ဝ ရက်နေ့စမည် ကျဆုံးနိုင်ငံရေး အကျဉ်းသားတွေ အတွက် အစိုးရ တောင်းပန်ဖို့ ဦးကိုကိုကြီး ပြော အကျဉ်းသားတွေ ကို ပြစ်ဒဏ်လျှော့ပေးဖို့ အစိုးရ ကြေညာ ရဲတပ်သား သတ်ဖြတ်ခံရမှု ဖမ်းဆီးစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြော အခြေခံဥပဒေပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန် ထုတ်ဖော်ပြောဆို ဖြစ်နိုင်တာထက် အလွန်အကျွံ မတောင်းဆိုကြဖို့ သမ္မတ သတိပေး ကျခံဆဲပြစ်ဒဏ် ၄ပုံ၁ပုံ လျှော့ပေါ့ လွတ်ငြိမ်းခွင့် ကြေညာ မြန်မာ့သန်းခေါင်စာရင်းကောက်ယူေရး တိုင်းရင်းသားတပ်ဖွဲ့များ လက်တွဲမှုလိုအပ်ဟု ဝန်ကြီးဦးခင်ရီပြော […]


padonmarJanuary 1, 20143min035
29-12-2013 နေ့ ဓမ္မဗျူဟာ USA မှ O.G Dr.ခင်နွယ်ဝင်း၏ ကျန်းမာရေးပညာပေး ဟောပြောပွဲ ကောက်နှုတ်ချက် `အသက်ရှည်ကျန်းမာချင်လျှင်၊စားသောက်နေမှုဘဝကိုပြင်´ Dr.ဒေါ်ခင်နွယ်ဝင်းဟာ ၁၉၇၁ ခုနှစ်က မြန်မာပြည်မှ M.B.,B.S ဘွဲ့ရခဲ့ပြီး ၁၉၇၄ မှာ အမေရိကားသို့ ထွက်ခွာ အခြေချခဲ့တဲ့ မီးယပ်သားဖွားပါရဂူ ဖြစ်ပါတယ်။၂၀၀ဝ ခုနှစ် အလုပ်က အနားယူပြီးချိန် ကစပြီး ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ပါတယ်။ အသက်နှင့် မလိုက်အောင် ကျန်းမာနုပျိုနေသူလည်း ဖြစ်ပါတယ်။ alternative medicine ခေါ်တဲ့ နွယ်မြက်သစ်ပင်တွေကနေ လူတွေအတွက် အကျိုးရှိ ကျန်းမာစေမယ့် နည်းပညာတွေကို အင်တာနက်က ရှာဖွေ ဖတ်ရှုလေ့လာ သုတေသနပြု ပြီး မိတ်ဆွေများကို မျှဝေပေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ လူတွေဟာ သွေးတိုး၊ ဆီးချို ၊လေငန်း၊ကင်ဆာ၊ဘီပိုးစီပိုး […]


– – – – – ================================ နှစ်ဟောင်း (၂၀၁၃) ကုန်လို့ နှစ်သစ် (၂၀၁၄) ကို ရောက်လို့ လာခဲ့ပါပြီ။ ဒီနှစ်သစ် ၂၀၁၄ ရဲ့ ဇန်နဝါရီ (၁၂) ရက်နေ့မှာ မြန်းဂဇက် ရွာသူ ရွာသားများ တွေ့ဆုံပွဲကို ကျင်းပတော့မည်။ နှစ်ဟောင်းကုန်လို့ နှစ်သစ် အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်းနဲ့ပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာ အတွင်းက ပို့စ်များကို စုစည်းတင်ပြလိုက်ရပါတယ် ခင်ဗျာ။ သန်းခရု … ဗဲရီးမက်ချ်ပါ။ ================================ ယနေ့ပို့စ် (ဒီဇင်ဘာ၊ ၂၀၁၃) ပို့စ်အမည် ရေးသူ ဖတ်ရှုရန် (လင့်ခ်) 31-12-2013 မိတ်ဆွေ့ဝတ္တရား •*¨နန်းတော်ရာသူ •*¨ Click […]

a5.jpg

– – – – – =============================== မြန်းဂဇက် အတွင်းမှ …. ကျွန်ုပ်၏ ချစ်စွာသော မိတ်သင်္ဂဟ အပေါင်းအား … ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော နှစ်သစ်အခါ သမယ ဖြစ်ပါစေကြောင်း …. ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ …။   Happy New Year !!!   =============================== ===============================