ပုရိသနှင့်ဣတ္ထိယ လောကတွင်အဖို၊အမဟူ၍လိင်အရခွဲခြင်း၂မျိုးရှိသည်။ တိရိစ္ဆာန်များတွင်တော့ တီကောင်ကဲ့သို့လိင်အင်္ဂါ၂မျိုးတွဲနေသောသတ္တဝါတချို့ရှိသည်ဖတ်ဖူးပါသည်။ သတ္တဝါတခုတွင် ကျားမလိင်တွဲရှိနေပါလျှင် တိုးတက်ရာ၊စိတ်လှုပ်ရှားစရာ အားပြိုင်ညှိခြင်းရှိမည်မဟုတ်ပေ၊ လူသားတွင် မိန်းမအင်္ဂါ၊ ယောကျင်္ားအင်္ဂါမပါသူကို “နပုန်းပဏ္ဍုတ်”ခေါ်၍ ၂မျိုးလုံးပါသူကို “ဥဘတောဗျည်း”ဟုခေါ်လေသည်။ ကျားနှင့်မ ၂မျိုးသာရှိသည်တွင် လူ့သမိုင်းယဉ်ကျေးမှုတလျှောက်ကျားနှင့်မကိုခွဲခြားဆက်ဆံခြင်း ဖိနှိပ်ချုပ်ချယ်ခြင်းခေတ်များရှိခဲ့ဖူးသည်။ ရှိနေဆဲဟုလည်းဆိုနိုင်သည်။ ရောမခေတ်တွင် စစ်ထွက်ယောကျာ်းများသည် မိန်းမများကိုခွဲခြားဆက်ဆံကြသည်ဟု ဖတ်ဖူးသည်။ ကလေးမွေးပေးနိုင်သောသတ္တဝါတရပ်အထိပင်စံထားသူများလည်းရှိပေသည်။ ထို့ကြောင့် ယောကျာ်းအချင်းချင်း လိင်ဆက်ဆံခြင်းထွန်းကားဟန်ရှိကာ ကျွန်မင်းစပါတာကတ်နှင့်စစ်မင်းအလက်ဇန္ဒားတို့၏ဘဝမှတ်တမ်းများက ဤအချက်ကို မီးမောင်းထိုးပြသည်ဟုဆိုချင်သည်။ ထိုခေတ်၏”ဂေး”ဟူသည် ယခုခေတ်နှင့်တွေးမြင်စဉ်းစားပုံ လုံးဝခြားနားမည်ဟုယုံကြည်မိပါ၏။ ထိုမှသည်.. ဒုတိယကမ္ဘာစစ်ကြီးက စစ်ထဲသွားနေသောယောကျာ်းတို့၏အလုပ်နေရာများကို မိန်းမတို့လုပ်ဖြစ်သွားရန်အတွက်တွန်းပို့ခဲ့သည်။ စစ်ကြီးပြီးခေတ်တွင်တော့ စစ်ကြောင့်လျှော့သွားကျသွားသော ကျားများနေရာအတွက် အစားထိုးဖြည့်ရန် ကျားကလေးငယ်အများစုသာ မွေးထုတ်ပေးရသော မိခင်များအဖြစ်ရောက်စေခဲ့သည်။ မိခင်များကြောင့်ပင် အမျိုးသားတို့ဤဒွန္နယာ၌ဖြစ်တည်ရှိကြသည်မဟုတ်ပါလော။ ဘာသာရေး ကမ္ဘာ့ဘာသာကြီး၄ရပ်၏ ဥသျှောင်များတွင် ပုရိသများကိုသိပ်သည်းလျှက်တွေ့ရပေသည်။ ဘာသာကြီးတို့တည်ထောင်ရာ အစမူလနှစ်များတွင် စစ်နှင့်သူ၏ပဋိပက္ခများဖြင့်သာ ကစားရပေရာ အင်အားသုံးနိုင်သည့် […]
